ထိုင်ဝမ်မှာ ရှိတဲ့ BBQ အကင်ဆိုင်လေးဟာ လတ်တလော အွန်လိုင်းမှာ အရမ်း နာမည်ကြီးနေပြီး ပုရိသတွေကို ဆွဲဆောင်နေပါတယ်။
“ဘာဘီကျူး ဘုရင်မ” ဆိုတဲ့ အကောင့်နဲ့ လူမှုကွန်ယက်ကနေ တင်လိုက်တဲ့ ရုပ်သံဟာ တခဏအတွင်းမှာ လျှပ်စီးလက်သလို ပျံ့နှံ့ခဲ့ပါတယ်။
မတ်လ ၅ ရက်နေ့က တင်ခဲ့တဲ့ ရုပ်သံဟာ ကြည့်ရှုသူ ၂ သိန်းနီးပါး ရှိနေပြီး အစားအသောက်ထက် ဆိုင်ထဲမှာ လှုပ်ရှား သွားလာပြီး စားသုံးသူတွေကို အကင်နဲ့ ဧည့်ခံနေတဲ့ ဆိုင်ရှင် အမျိုးသမီးကို ပိုပြီး စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။
“ဘာဘီကျူး ဘုရင်မ” ရဲ့အမည်ရင်းက “Rou Yan” ဖြစ်ပြီး မော်ဒယ် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး သူမရဲ့ နှစ်လိုဖွယ်အပြုံးနဲ့ အမျိုးသမီး ပီသတဲ့ ရှိုက်ဖိုကြီးငယ်တို့က စားသုံးသူတွေကို အစာအိမ်တင်မဟုတ် မျက်စိပါအစာ ကျွေးနိုင်ပါတယ်လို့ ပျူငှာလိုက်တာ ဖြစ်ပါတယ်။
သူမရဲ့အကင်ဆိုင်ကတော့ ထိုင်ဝမ်မှာ ရှိတဲ့ အလီရှန် အဝေးပြေး လမ်းမကြီးရဲ့ နံဘေး လှပတဲ့ ရှုခင်းတွေ နောက်ခံပြီး ဖွင့်ထားပါတယ်။ ထိုင်ဝမ်ရောက်တဲ့အခါ လာလည်ကြပါဦးတဲ့။
Zawgyi
ထိုင္ဝမ္မွာ ရွိတဲ့ BBQ အကင္ဆိုင္ေလးဟာ လတ္တေလာ အြန္လိုင္းမွာ အရမ္း နာမည္ႀကီးေနၿပီး ပုရိသေတြကို ဆြဲေဆာင္ေနပါတယ္။
“ဘာဘီက်ဴး ဘုရင္မ” ဆိုတဲ့ အေကာင့္နဲ႔ လူမႈကြန္ယက္ကေန တင္လိုက္တဲ့ ႐ုပ္သံဟာ တခဏအတြင္းမွာ လွ်ပ္စီးလက္သလို ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
မတ္လ ၅ ရက္ေန႔က တင္ခဲ့တဲ့ ႐ုပ္သံဟာ ၾကည့္ရႈသူ ၂ သိန္းနီးပါး ရွိေနၿပီး အစားအေသာက္ထက္ ဆိုင္ထဲမွာ လႈပ္ရွား သြားလာၿပီး စားသုံးသူေတြကို အကင္နဲ႔ ဧည့္ခံေနတဲ့ ဆိုင္ရွင္ အမ်ိဳးသမီးကို ပိုၿပီး စိတ္ဝင္စားခဲ့ၾကတာ ျဖစ္ပါတယ္။
“ဘာဘီက်ဴး ဘုရင္မ” ရဲ႕အမည္ရင္းက “Rou Yan” ျဖစ္ၿပီး ေမာ္ဒယ္ လုပ္ခဲ့ဖူးသူ ျဖစ္ပါတယ္။
အသက္ ၃၆ ႏွစ္ ရွိၿပီျဖစ္ၿပီး သူမရဲ႕ ႏွစ္လိုဖြယ္အၿပဳံးနဲ႔ အမ်ိဳးသမီး ပီသတဲ့ ရႈိက္ဖိုႀကီးငယ္တို႔က စားသုံးသူေတြကို အစာအိမ္တင္မဟုတ္ မ်က္စိပါအစာ ေကြၽးႏိုင္ပါတယ္လို႔ ပ်ဴငွာလိုက္တာ ျဖစ္ပါတယ္။
သူမရဲ႕အကင္ဆိုင္ကေတာ့ ထိုင္ဝမ္မွာ ရွိတဲ့ အလီရွန္ အေဝးေျပး လမ္းမႀကီးရဲ႕ နံေဘး လွပတဲ့ ရႈခင္းေတြ ေနာက္ခံၿပီး ဖြင့္ထားပါတယ္။ ထိုင္ဝမ္ေရာက္တဲ့အခါ လာလည္ၾကပါဦးတဲ့။