နှစ်ပေါင်း ၅၀ ကျော် ရေမချိုးခဲ့တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသား ရွာသားတွေ ရေဝိုင်းချိုးခိုင်းပြီး လပိုင်းအကြာတွင် ကွယ်လွန်….

နှစ် ၅၀ ကျော် ရေမချိုးခဲ့တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး လူသား ရေချိုးပြီး လပိုင်းအကြာမှာ ကွယ်လွန်

နှစ် ၅၀ ကျော် ရေမချိုးခဲ့လို့ ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ ခေါ်ဆိုခံခဲ့ရတဲ့ အီရန်နိုင်ငံသား အမူဟာဂျီဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ လူပျိုကြီး အမူဟာဂျီဟာ ဖျားနာမှာ စိုးရိမ်လို့ ရေမချိုးရင်းနဲ့ ရေကြောက်သွားခဲ့တာလို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ အမူဟာဂျီရဲ့အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတို The Strange Life of Amou Haji ထွက်ရှိခဲ့ပါသေးတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်မှာတော့ ရွာသားတွေစုပြီး အမူဟာဂျီကို ရေချိုးခန်းခေါ်သွားကာ ရေချိုးခိုင်းခဲ့ကြတာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ အီရန်နိုင်ငံတောင်ပိုင်း ဖာ့စ်ပြည်နယ် ဒီဂျာရွာမှာ အမူဟာဂျီ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

crd(ရိုးရာလေး)

Zawgyi

ႏွစ္ ၅၀ ေက်ာ္ ေရမခ်ိဳးခဲ့တဲ့ ကမာၻ႔အညစ္ပတ္ဆုံး လူသား ေရခ်ိဳးၿပီး လပိုင္းအၾကာမွာ ကြယ္လြန္

ႏွစ္ ၅၀ ေက်ာ္ ေရမခ်ိဳးခဲ့လို႔ ကမာၻ႔အညစ္ပတ္ဆုံးလူသားလို႔ ေခၚဆိုခံခဲ့ရတဲ့ အီရန္ႏိုင္ငံသား အမူဟာဂ်ီဟာ အသက္ ၉၄ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါၿပီ။ လူပ်ိဳႀကီး အမူဟာဂ်ီဟာ ဖ်ားနာမွာ စိုးရိမ္လို႔ ေရမခ်ိဳးရင္းနဲ႔ ေရေၾကာက္သြားခဲ့တာလို႔ ေဒသခံအရာရွိေတြက ဆိုပါတယ္။

၂၀၁၃ ခုႏွစ္မွာ အမူဟာဂ်ီရဲ႕အေၾကာင္း ႐ိုက္ကူးထားတဲ့ ျဖစ္ရပ္မွန္ ႐ုပ္သံမွတ္တမ္းတို The Strange Life of Amou Haji ထြက္ရွိခဲ့ပါေသးတယ္။

ဒါေပမဲ့ လြန္ခဲ့တဲ့ လအနည္းငယ္မွာေတာ့ ႐ြာသားေတြစုၿပီး အမူဟာဂ်ီကို ေရခ်ိဳးခန္းေခၚသြားကာ ေရခ်ိဳးခိုင္းခဲ့ၾကတာပါ။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာေတာ့ အီရန္ႏိုင္ငံေတာင္ပိုင္း ဖာ့စ္ျပည္နယ္ ဒီဂ်ာ႐ြာမွာ အမူဟာဂ်ီ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

 

crd(႐ိုးရာေလး)

Leave a Comment