စားအုံးဆီတင်သွင်းရောင်းချသူတွေကို အမေရိကန် တစ်ဒေါ်လာ (၂၄၀၃)ကျပ်ဖြင့်သတ်မှတ်

စားအုံးဆီတင်သွင်းရောင်းချသူတွေကို အမေရိကန် တစ်ဒေါ်လာ (၂၄၀၃)ကျပ်ဖြင့်သတ်မှတ်

စီးပွား/ကူးသန်းဝန်ကြီးဌာနလက်အောက်ရှိစားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့အပတ်စဉ် ရည်ညွှန်းဈေးနှုန်းဖော်ပြချက်အတွင်း အမေရိကန်ဒေါ်လာပျမ်းမျှငွေလဲနှုန်းကို (၂,၄၀၃) ကျပ်သတ်မှတ်ပေးထားတာကိုတွေ့ရှိရပါတယ်။

ဗဟိုဘဏ်ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် (၃,၀၀၀) ပတ်ချာလည်ဖြစ်ပေါ်နေချိန် စီးပွား/ကူးသန်းကကျပ် (၂,၄၀၀) ဝန်းကျင်နဲ့ဈေးဖြတ်ပေးထားပြီးစားအုန်းဆီတင်သွင်းသူတွေအနေနဲ့ ကျပ် (၆၀၀) နီးပါးလျော့နည်းတဲ့ပေါက်ဈေးနဲ့ဝယ်ယူခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။

အဆိုပါ ငွေလဲနှုန်းနဲ့ တွက်ချက်ထားတဲ့စားအုန်းဆီ တစ်ပိဿာအရင်းဈေးကစရိတ်၊ထပ်ဆောင်းအရောင်းကုန်သွယ်အခွန်တို့ အပါအဝင် ကျပ်(၄,၀၉၃) ဖြစ်ပြီးအောက်တိုဘာ ၃၀ ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးကိုတော့တစ်ပိဿာ ကျပ် (၄၁၇၅)အဖြစ်သတ်မှတ်ထားကာ

ဒီပမာဏကပြီးခဲ့တဲ့သီတင်းပတ်ကသတ်မှတ်ဈေးထက် (၂၁၅) ကျပ်မြင့်တက်လာပါတယ်။သို့ပေမယ့် လက်လီဈေးကွက်အတွင်းမှာတော့ စီးပွား/ကူးသန်း သတ်မှတ်ပေးတဲ့ လက်ကားရည်ညွှန်းဈေးထက် ထက်ဝက်နီးပါးအထိပိုမိုပေးချေကာဝယ်ယူနေပြီး

နေရာဒေသပေါ်မူတည်ကစားအုန်းဆီတစ်ပိဿာ ကျပ် (၇,၀၀၀) မှ(၉,၀၀၀) အထိဈေးရှိနေပါတယ်။စီးပွား/ကူးသန်းအနေနဲ့ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုနဲ့အညီ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်လာစေရေးထိန်းကျောင်းဆောင်ရွက်နေပြီး

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများကိုထည့်သွင်းတွက်ချက်ပြီး လက်ကားရည်ညွှန်းဈေးကိုထုတ်ပြန်ပေးနေတယ်လို့ဆိုထားပါတယ်။

Zawgyi

စားအုံးဆီတင္သြင္းေရာင္းခ်သူေတြကို အေမရိကန္ တစ္ေဒၚလာ (၂၄၀၃)က်ပ္ျဖင့္သတ္မွတ္

စီးပြား/ကူးသန္းဝန္ႀကီးဌာနလက္ေအာက္ရွိစားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္မႈေကာ္မတီရဲ႕အပတ္စဥ္ ရည္ၫႊန္းေဈးႏႈန္းေဖာ္ျပခ်က္အတြင္း အေမရိကန္ေဒၚလာပ်မ္းမွ်ေငြလဲႏႈန္းကို (၂,၄၀၃) က်ပ္သတ္မွတ္ေပးထားတာကိုေတြ႕ရွိရပါတယ္။

ဗဟိုဘဏ္ျပင္ပေပါက္ေဈး တစ္ေဒၚလာ က်ပ္ (၃,၀၀၀) ပတ္ခ်ာလည္ျဖစ္ေပၚေနခ်ိန္ စီးပြား/ကူးသန္းကက်ပ္ (၂,၄၀၀) ဝန္းက်င္နဲ႔ေဈးျဖတ္ေပးထားၿပီးစားအုန္းဆီတင္သြင္းသူေတြအေနနဲ႔ က်ပ္ (၆၀၀) နီးပါးေလ်ာ့နည္းတဲ့ေပါက္ေဈးနဲ႔ဝယ္ယူခြင့္ရရွိေနတာလည္းျဖစ္ပါတယ္။

အဆိုပါ ေငြလဲႏႈန္းနဲ႔ တြက္ခ်က္ထားတဲ့စားအုန္းဆီ တစ္ပိႆာအရင္းေဈးကစရိတ္၊ထပ္ေဆာင္းအေရာင္းကုန္သြယ္အခြန္တို႔ အပါအဝင္ က်ပ္(၄,၀၉၃) ျဖစ္ၿပီးေအာက္တိုဘာ ၃၀ ရက္ေန႔အထိ လက္ကားရည္ၫႊန္းေဈးကိုေတာ့တစ္ပိႆာ က်ပ္ (၄၁၇၅)အျဖစ္သတ္မွတ္ထားကာ

ဒီပမာဏကၿပီးခဲ့တဲ့သီတင္းပတ္ကသတ္မွတ္ေဈးထက္ (၂၁၅) က်ပ္ျမင့္တက္လာပါတယ္။သို႔ေပမယ့္ လက္လီေဈးကြက္အတြင္းမွာေတာ့ စီးပြား/ကူးသန္း သတ္မွတ္ေပးတဲ့ လက္ကားရည္ၫႊန္းေဈးထက္ ထက္ဝက္နီးပါးအထိပိုမိုေပးေခ်ကာဝယ္ယူေနၿပီး

ေနရာေဒသေပၚမူတည္ကစားအုန္းဆီတစ္ပိႆာ က်ပ္ (၇,၀၀၀) မွ(၉,၀၀၀) အထိေဈးရွိေနပါတယ္။စီးပြား/ကူးသန္းအေနနဲ႔ကမာၻ႔ေဈးႏႈန္းေျပာင္းလဲမႈနဲ႔အညီ ျပည္တြင္းမွာ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ေဈးႏႈန္းေတြ ျဖစ္ေပၚလာေစေရးထိန္းေက်ာင္းေဆာင္႐ြက္ေနၿပီး

မေလးရွားနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြမွာျဖစ္ေပၚေနတဲ့ FOB ေဈးႏႈန္းေတြကို ေန႔စဥ္ေစာင့္ၾကည့္ကာ သယ္ယူပို႔ေဆာင္ခကုန္က်စရိတ္မ်ား၊ဘဏ္စရိတ္မ်ား၊အခြန္အခမ်ားကိုထည့္သြင္းတြက္ခ်က္ၿပီး လက္ကားရည္ၫႊန္းေဈးကိုထုတ္ျပန္ေပးေနတယ္လို႔ဆိုထားပါတယ္။

Leave a Comment