ဓမ္ပဒီပတိုင်း ပုဂံပြည့်ရှင် အနော်ရထာမင်း သည် သူနတ်ရွာမစံမီ (၇) ရက်အလိုတွင် ထူးဆန်းသောအိမ် မက်ကြီးသုံးခုကို မက်လေသည်။
ပထမအိမ်မက် – အနော်ရထာမင်း ၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီးထိုမီးတောက်ထဲမှ ရဲမက် တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းကို ပြန် ထောင်လေသည်။
ဒုတိယအိမ်မက် – အနော်ရထာမင်း၏ နန်းတော်သည် လည်းပြိုကျလေသည်။ထိုအခါ နန်းတော် အနောက်တွင် ရှိသော မီးဖိုထဲ မှ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည်တည်ဆောက်ပေးလေသည်။
တတိယအိမ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရားတည်ရှိနေပြီးမြေကြီးပေါ်တွင် နန်းတော်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ရေကြည်တို့သည်လည်း မီးနှင့်ရောထွေးကာ နန်းတော်အပြင်ထိသို့ပါ လျှံကာထွက်လေသည်။
ထိုမီးအလျှံ ရေအလျှံတို့သည် အနော်ရထာမင်းအားမြုပ်ပြီးနောက် ထိုထဲမှ လူသားတစ်ပါးထွက်လာကာ မြတ်စွာဘုရားရှင်အားဦးတိုက်ရှိခိုးလေသည်။နောက်နေ့မနက်တွင် အနော်ရထာမင်းသည် ပုရောဟိတ်ပုဏ္ဍား အား သူ၏ အိမ်မက် (၃) ခုမေးလေသည်။
ပုရောဟိတ် လည်းထိုအိမ်မက် (၃) ခုအား သေချာဆင်ခြင်ပြီး တွက်ဆကာ အနော်ရထာမင်းအား သံတော်ဦးတင်လေသည်။
အရှင်မင်းကြီး “ပထမ “အိမ်မက်သည် နောင်သောကာလ ၌ ပုဂံပြည်ကြီးသည် ပျက်စီးယိုယွင်း ပြီးနောက် အရှင်မင်းကြီးတည်ထောင်စုစည်းထားသော ပြည်သည် တကွဲတပြားဖြစ်လိမ့်မည်။ ထိုတကွဲတပြား ဖြစ်သောပြည်အား အရှင်မင်းကဲ့သို့ သောဘုန်းကံရှိသော မင်းတစ်ပါးမှ ပြန်လည်စုစည်း တည်ထောင်လိမ့်မယ်။
“ဒုတိယ” အိမ်မက်သည် ဤပြည်ထောင်သည် မညီညွတ်မှု့ များစွာ ရှိလာပြီး အရပ်လေးမျက်နှာကွဲနေသောပြည်ထောင်အား သူတစ်လူငါတစ်မင်း အုပ်ချုပ်လတ္တံ။ထိုအခါ မညီညွတ်သော ပြည်ထောင်အား ပြန်လည်စုစည်းမည့် ဒုတိယ မင်းတစ်ပါးပေါ်ပေါက်လာမည်ဖြစ်သည်။
တတိယအိမ်မက် – အရှင်မင်းကြီး တတိယအိမ်မက်သည်ကား အလွန်ထူးမြတ်လေသည်။ဤပြည်ထောင်သည်မပြိုမကွဲ မပျက်စီးသောကာလဝယ် အရှင်မင်းကြီးကဲ့ သို့သော ဘုန်းကံကြီးသော သာသနာပြုမင်းတစ်ပါးပေါ်လိမ့်မယ်။မြတ်ဗုဒ္ဓအားကြည်ညိုသော ထိုမင်းသည် မြတ်ဗုဒ္ဓ သာသနာအား ဤပြည်ထောင်သာမကပဲ ဇမ္မူတခွင်ဖြန့်လိမ့်မယ်အရှင်မင်းကြီးဘုရား။
ထိုအခါ အနော်ရထာမင်းကြီးလည်း ကောင်းလေစွ ကောင်းလေစွ ပုရောဟိတ်ကြီး ငါကြည်ညိုတော်မူသော ….မြတ်ဗုဒ္ဓ၏ စစ်မှန်သောတရား တော်ကို ဇမ္မူတခွင်အထိပါဖြန့်မယ့် မင်း တစ်ပါးပေါ်ထွန်းလာဦးမှာကို ငါကိုယ်တော်မြတ် အတိုင်းမသိဝမ်းသာတော်မူတယ်။ အနော်ရထာမင်းလည်း နှစ်သက်တော်မူသဖြင့် ပုရောဟိတ်အား ရွေတပြည် /ဆင် ခုနှစ်ကောင်/ မြင်းရှစ်ဆယ် အားချီးမြင့်ကာ သထုံမြို့မှ ရှိသော အကောက်ခွန်တို့အား အပိုင်စားစေသည်။
နောက်နေ့မနက်တွင်ကား အနော်ရထာမင်းကြီးမှ သူ၏လေသာဆောင်သို့ ပုရောဟိတ်အား ဆင့်ခေါ်ကာ သာသနာပြုမင်း အကြောင်းအားမေးလေသည်။မနေ့ကနန်းဆောင်တွင် မှုးမတ် စစ်သည်ဗိုလ်ပါ တို့ရှိ ၍ ရာဇ အိနြေ္ဒဆောင်ကာမမေးမြန်းပဲ ဒီနေ့တွင်သာ လေသာဆောင်တွင်မေးလေသည်။
ဟဲ့ ပုရောဟိတ်ကြီး သာသနာပြုမင်းက ငါကိုယ်တော်မြတ်မရှိသည့်နောက်ပိုင်း ဘယ်ခေတ်မှာ ပေါ်မလဲကွဲ့။
မှန်ပါအရှင်မင်းကြီး ဘုရားသာသနာ ငါးထောင်ရှိတွင် ဝိမုတ္တိယုသ ခေတ် ၂ ခေတ်ရှိပါတယ်။သာသနာနှစ် ၂၅၀၀ တွင် ခေတ်ငါးခေတ် ရှိပြီး တစ်ခေတ်တွင် နှစ်ငါးရာရှိပါတယ်။
မြတ်စွာဘုရား ပွင့်ထွန်းသောကာလနဲ့နောက်ပိုင်း ပထမ ဝိမုတ္တ္တိယုသ ခေတ် နှစ်ငါးရာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့် သာသနာ ၂၅၀၀ ကျော်ရင် ဒုတိယ ဝိမုတ္တိယုသခေတ် နှစ်ငါးရာ ပြန်စပါမယ်ဘုရား။ဒုတိယ ဝိမုတ္တိယုသခေတ် မှာ သာသနာပြုမင်းပေါ်ပါမယ် အရှင်မင်းကြီး ။
ဒါဆို သာသနာပြုမင်းကမြတ်စွာဘုရားရဲ့ သာသနာ ၂၅၀၀ နဲ့ ၂၆၀၀ ကြားပေါ်မှာလား ပုရောဟိတ်ကြီး။
မှန်ပါဘုရား နက္ခတာယာ လမ်းကြောင်းအရ အဝိဇ္ဇာကင်းစင်သော သာသနာနှစ် ၂၆၀၀ နားနီးမှာပေါ်မှာပါဘုရား။ထိုမင်းလက်တွင် ဤပြည်သည် တစ်ရာ့တစ်ပါးသော တိုင်းနိူင်ငံတို့တွင် ထင်ရှားဧကန် ဘုန်းမီးနေလတောက်ပလိမ့်ဖြစ်ပါလိမ့်မည်။
ဘုရင်အနော်ရထာသည် ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပေးခဲ့သူ တစ်ဦးအဖြစ်နှင့်သာမကဘဲ ဗုဒ္ဓသာသနာကို အခြေခံ ထားသည့် ပုဂံယဉ်ကျေးမှုတစ်ရပ်ကိုပါထူထောင်ပေး ခဲ့သူဖြစ်သည်။
ရေးသားသူ-ဦးမြင့်ခိုင်
Zawgyi
ဓမၸဒီပတိုင္း ပုဂံျပည့္ရွင္ အေနာ္ရထာမင္း သည္ သူနတ္႐ြာမစံမီ (၇) ရက္အလိုတြင္ ထူးဆန္းေသာအိမ္ မက္ႀကီးသုံးခုကို မက္ေလသည္။
ပထမအိမ္မက္ – အေနာ္ရထာမင္း ၏ နန္းေတာ္အုတ္တံတိုင္းတို႔သည္ ၿပိဳက်ကုန္ၿပီးေနာက္ နန္းေတာ္ထဲတြင္ မီးေတာက္တစ္ခု ေပၚလာၿပီးထိုမီးေတာက္ထဲမွ ရဲမက္ တစ္ေယာက္က ၿပိဳက်ေသာ အုတ္တံတိုင္းကို ျပန္ ေထာင္ေလသည္။
ဒုတိယအိမ္မက္ – အေနာ္ရထာမင္း၏ နန္းေတာ္သည္ လည္းၿပိဳက်ေလသည္။ထိုအခါ နန္းေတာ္ အေနာက္တြင္ ရွိေသာ မီးဖိုထဲ မွ မီးလွ်ံမ်ားထဲမွ လူတစ္ေယာက္က နန္းေတာ္ကို ျပန္လည္တည္ေဆာက္ေပးေလသည္။
တတိယအိမ္မက္ – အေနာ္ရထာမင္းသည္ နန္းေတာ္ေရွ႕သို႔ ထြက္လာေသာအခါ ေကာင္းကင္ယံ၌ ျမတ္စြာဘုရားတည္ရွိေနၿပီးေျမႀကီးေပၚတြင္ နန္းေတာ္ျပင္တစ္ခုလုံး မီးဟုန္းဟုန္းေတာက္ကာ ေရၾကည္တို႔သည္လည္း မီးႏွင့္ေရာေထြးကာ နန္းေတာ္အျပင္ထိသို႔ပါ လွ်ံကာထြက္ေလသည္။
ထိုမီးအလွ်ံ ေရအလွ်ံတို႔သည္ အေနာ္ရထာမင္းအားျမဳပ္ၿပီးေနာက္ ထိုထဲမွ လူသားတစ္ပါးထြက္လာကာ ျမတ္စြာဘုရားရွင္အားဦးတိုက္ရွိခိုးေလသည္။ေနာက္ေန႔မနက္တြင္ အေနာ္ရထာမင္းသည္ ပုေရာဟိတ္ပု႑ား အား သူ၏ အိမ္မက္ (၃) ခုေမးေလသည္။
ပုေရာဟိတ္ လည္းထိုအိမ္မက္ (၃) ခုအား ေသခ်ာဆင္ျခင္ၿပီး တြက္ဆကာ အေနာ္ရထာမင္းအား သံေတာ္ဦးတင္ေလသည္။
အရွင္မင္းႀကီး “ပထမ “အိမ္မက္သည္ ေနာင္ေသာကာလ ၌ ပုဂံျပည္ႀကီးသည္ ပ်က္စီးယိုယြင္း ၿပီးေနာက္ အရွင္မင္းႀကီးတည္ေထာင္စုစည္းထားေသာ ျပည္သည္ တကြဲတျပားျဖစ္လိမ့္မည္။ ထိုတကြဲတျပား ျဖစ္ေသာျပည္အား အရွင္မင္းကဲ့သို႔ ေသာဘုန္းကံရွိေသာ မင္းတစ္ပါးမွ ျပန္လည္စုစည္း တည္ေထာင္လိမ့္မယ္။
“ဒုတိယ” အိမ္မက္သည္ ဤျပည္ေထာင္သည္ မညီၫြတ္မႈ႕ မ်ားစြာ ရွိလာၿပီး အရပ္ေလးမ်က္ႏွာကြဲေနေသာျပည္ေထာင္အား သူတစ္လူငါတစ္မင္း အုပ္ခ်ဳပ္လတၱံ။ထိုအခါ မညီၫြတ္ေသာ ျပည္ေထာင္အား ျပန္လည္စုစည္းမည့္ ဒုတိယ မင္းတစ္ပါးေပၚေပါက္လာမည္ျဖစ္သည္။
တတိယအိမ္မက္ – အရွင္မင္းႀကီး တတိယအိမ္မက္သည္ကား အလြန္ထူးျမတ္ေလသည္။ဤျပည္ေထာင္သည္မၿပိဳမကြဲ မပ်က္စီးေသာကာလဝယ္ အရွင္မင္းႀကီးကဲ့ သို႔ေသာ ဘုန္းကံႀကီးေသာ သာသနာျပဳမင္းတစ္ပါးေပၚလိမ့္မယ္။ျမတ္ဗုဒၶအားၾကည္ညိဳေသာ ထိုမင္းသည္ ျမတ္ဗုဒၶ သာသနာအား ဤျပည္ေထာင္သာမကပဲ ဇမၼဴတခြင္ျဖန႔္လိမ့္မယ္အရွင္မင္းႀကီးဘုရား။
ထိုအခါ အေနာ္ရထာမင္းႀကီးလည္း ေကာင္းေလစြ ေကာင္းေလစြ ပုေရာဟိတ္ႀကီး ငါၾကည္ညိဳေတာ္မူေသာ ….ျမတ္ဗုဒၶ၏ စစ္မွန္ေသာတရား ေတာ္ကို ဇမၼဴတခြင္အထိပါျဖန႔္မယ့္ မင္း တစ္ပါးေပၚထြန္းလာဦးမွာကို ငါကိုယ္ေတာ္ျမတ္ အတိုင္းမသိဝမ္းသာေတာ္မူတယ္။ အေနာ္ရထာမင္းလည္း ႏွစ္သက္ေတာ္မူသျဖင့္ ပုေရာဟိတ္အား ေ႐ြတျပည္ /ဆင္ ခုႏွစ္ေကာင္/ ျမင္းရွစ္ဆယ္ အားခ်ီးျမင့္ကာ သထုံၿမိဳ႕မွ ရွိေသာ အေကာက္ခြန္တို႔အား အပိုင္စားေစသည္။
ေနာက္ေန႔မနက္တြင္ကား အေနာ္ရထာမင္းႀကီးမွ သူ၏ေလသာေဆာင္သို႔ ပုေရာဟိတ္အား ဆင့္ေခၚကာ သာသနာျပဳမင္း အေၾကာင္းအားေမးေလသည္။မေန႔ကနန္းေဆာင္တြင္ မႈးမတ္ စစ္သည္ဗိုလ္ပါ တို႔ရွိ ၍ ရာဇ အိေျႏၵေဆာင္ကာမေမးျမန္းပဲ ဒီေန႔တြင္သာ ေလသာေဆာင္တြင္ေမးေလသည္။
ဟဲ့ ပုေရာဟိတ္ႀကီး သာသနာျပဳမင္းက ငါကိုယ္ေတာ္ျမတ္မရွိသည့္ေနာက္ပိုင္း ဘယ္ေခတ္မွာ ေပၚမလဲကြဲ႕။
မွန္ပါအရွင္မင္းႀကီး ဘုရားသာသနာ ငါးေထာင္ရွိတြင္ ဝိမုတၱိယုသ ေခတ္ ၂ ေခတ္ရွိပါတယ္။သာသနာႏွစ္ ၂၅၀၀ တြင္ ေခတ္ငါးေခတ္ ရွိၿပီး တစ္ေခတ္တြင္ ႏွစ္ငါးရာရွိပါတယ္။
ျမတ္စြာဘုရား ပြင့္ထြန္းေသာကာလနဲ႔ေနာက္ပိုင္း ပထမ ဝိမုတၱၱိယုသ ေခတ္ ႏွစ္ငါးရာ ၿပီးဆုံးခဲ့ၿပီျဖစ္ပါတယ္။ဒါေၾကာင့္ သာသနာ ၂၅၀၀ ေက်ာ္ရင္ ဒုတိယ ဝိမုတၱိယုသေခတ္ ႏွစ္ငါးရာ ျပန္စပါမယ္ဘုရား။ဒုတိယ ဝိမုတၱိယုသေခတ္ မွာ သာသနာျပဳမင္းေပၚပါမယ္ အရွင္မင္းႀကီး ။
ဒါဆို သာသနာျပဳမင္းကျမတ္စြာဘုရားရဲ႕ သာသနာ ၂၅၀၀ နဲ႔ ၂၆၀၀ ၾကားေပၚမွာလား ပုေရာဟိတ္ႀကီး။
မွန္ပါဘုရား နကၡတာယာ လမ္းေၾကာင္းအရ အဝိဇၨာကင္းစင္ေသာ သာသနာႏွစ္ ၂၆၀၀ နားနီးမွာေပၚမွာပါဘုရား။ထိုမင္းလက္တြင္ ဤျပည္သည္ တစ္ရာ့တစ္ပါးေသာ တိုင္းႏိူင္ငံတို႔တြင္ ထင္ရွားဧကန္ ဘုန္းမီးေနလေတာက္ပလိမ့္ျဖစ္ပါလိမ့္မည္။
ဘုရင္အေနာ္ရထာသည္ ပထမျမန္မာႏိုင္ငံေတာ္ႀကီးကို တည္ေထာင္ေပးခဲ့သူ တစ္ဦးအျဖစ္ႏွင့္သာမကဘဲ ဗုဒၶသာသနာကို အေျခခံ ထားသည့္ ပုဂံယဥ္ေက်းမႈတစ္ရပ္ကိုပါထူေထာင္ေပး ခဲ့သူျဖစ္သည္။
ေရးသားသူ-ဦးျမင့္ခိုင္