လမ်းသွားလမ်းလာတွေအတွက် ရေချမ်းစင်လေးနှင့်အတူဗိုက်ဆာရင်စားဖို့ ငှက်ပျောခိုင်လေးပါရှိနေတဲ့နေရာ

လမ်းသွားလမ်းလာတွေအတွက် ရေချမ်းစင်လေးနှင့်အတူဗိုက်ဆာရင်စားဖို့ ငှက်ပျောခိုင်လေးပါရှိနေတဲ့နေရာမြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဓါတရား

အရမ်းကို ထက်သန်ကြတဲ့သူတွေဖြစ်ကြပါတယ်။ အလှူရေစက်လက်နှင့်မကွာပြုလုပ်တတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ အလှူလေးတွေထဲမှာ ရေချမ်းစင် အလှူလေးလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

လမ်းသွားလမ်းလာတွေအမောပြေ သောက်ဖို့ရာ စေတနာ သဒ္ဓါတရား ထက်သန်စွာ ပြုလုပ်ပေးထားတဲ့ ရေချမ်းစင်ကုသိုလ်လေးတွေထဲမှာ အခုတစ်ခေါက် ဖော်ပြပေးမယ့် ရေချမ်းစင်လေးကလည်း တော်တော်ကို ကြည်နူးစရာကောင်းလှပါတယ်။ဒီ ရေချမ်းစင်လေးကို လမ်းသွားလမ်းလာ တစ်ယောက်က တွေ့ရင်း

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားတာပဲ ဖြစ်ပါတယ်။ ရေချမ်းစင်လေးရဲ့ တည်နေရာက စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာ ကြားကနေရာလေးမှာ တည်ရှိပါတယ်။

ရေချမ်းစင်လေးမှာ အမြဲမပျက် ငှက်ပျောခိုင်လေး ချိတ်ထားပြီး ဗိုက်ဆာနေသောခရီးသွားများ ဆာလောင်မှုသက်သာစေရန်ရည်ရွယ်ချက်ဖြင့် အလှူရှင်က ကုသိုလ်လေးပြုလုပ်ထားတာဖြစ်ပါတယ်။

ရေချမ်းစင်လေးအပြင် ငှက်ပျောခိုင်လေးကလည်း စဉ်ဆက်မပျက်တည်ရှိနေတာကြောင့် လမ်းသွားလမ်းလာ ခရီးသွားများ မောမောနဲ့လာရင် အမောပြေ ရေအေးအေးလေးသောက် ငှက်ပျောသီးလေး ဖြုတ်စားနဲ့ တော်တော်လေးကို အဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်။ အလှူရှင်ရဲ့

စေတနာတွေကို မြင်တွေ့ရတဲ့ ရေချမ်းစင်လေးပါ။ ကြုံကြိုက်လို့များ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာကြားက ရေချမ်းစင်နေရာလေးကို ရောက်ခဲ့ရင် အလှူရှင်ရဲ့ ပါရမီကို ဖြည့်ပေးရလေအောင် ရေအေးလေးနှင့် ငှက်ပျောသီးလေး ဝင်ရောက်သုံးဆောင်ခဲ့ကြပါဦးနော် ။

Zawgyi

လမ္းသြားလမ္းလာေတြအတြက္ ေရခ်မ္းစင္ေလးႏွင့္အတူဗိုက္ဆာရင္စားဖို႔ ငွက္ေပ်ာခိုင္ေလးပါရွိေနတဲ့ေနရာျမန္မာလူမ်ိဳးေတြဟာ ေစတနာ သဒၶါတရား

အရမ္းကို ထက္သန္ၾကတဲ့သူေတြျဖစ္ၾကပါတယ္။ အလႉေရစက္လက္ႏွင့္မကြာျပဳလုပ္တတ္ၾကတဲ့ ျမန္မာလူမ်ိဳးေတြရဲ႕ အလႉေလးေတြထဲမွာ ေရခ်မ္းစင္ အလႉေလးလည္း တစ္ခုအပါအဝင္ပဲျဖစ္ပါတယ္။

လမ္းသြားလမ္းလာေတြအေမာေျပ ေသာက္ဖို႔ရာ ေစတနာ သဒၶါတရား ထက္သန္စြာ ျပဳလုပ္ေပးထားတဲ့ ေရခ်မ္းစင္ကုသိုလ္ေလးေတြထဲမွာ အခုတစ္ေခါက္ ေဖာ္ျပေပးမယ့္ ေရခ်မ္းစင္ေလးကလည္း ေတာ္ေတာ္ကို ၾကည္ႏူးစရာေကာင္းလွပါတယ္။ဒီ ေရခ်မ္းစင္ေလးကို လမ္းသြားလမ္းလာ တစ္ေယာက္က ေတြ႕ရင္း

လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရးတင္ထားတာပဲ ျဖစ္ပါတယ္။ ေရခ်မ္းစင္ေလးရဲ႕ တည္ေနရာက စစ္ကိုင္းတိုင္းေဒသႀကီး ၊ ကေလးဝၿမိဳ႕နယ္ ၊ ေခါမ႐ြာႏွင့္ ေဟာင္ႏြဲ႐ြာ ၾကားကေနရာေလးမွာ တည္ရွိပါတယ္။

ေရခ်မ္းစင္ေလးမွာ အၿမဲမပ်က္ ငွက္ေပ်ာခိုင္ေလး ခ်ိတ္ထားၿပီး ဗိုက္ဆာေနေသာခရီးသြားမ်ား ဆာေလာင္မႈသက္သာေစရန္ရည္႐ြယ္ခ်က္ျဖင့္ အလႉရွင္က ကုသိုလ္ေလးျပဳလုပ္ထားတာျဖစ္ပါတယ္။

ေရခ်မ္းစင္ေလးအျပင္ ငွက္ေပ်ာခိုင္ေလးကလည္း စဥ္ဆက္မပ်က္တည္ရွိေနတာေၾကာင့္ လမ္းသြားလမ္းလာ ခရီးသြားမ်ား ေမာေမာနဲ႔လာရင္ အေမာေျပ ေရေအးေအးေလးေသာက္ ငွက္ေပ်ာသီးေလး ျဖဳတ္စားနဲ႔ ေတာ္ေတာ္ေလးကို အဆင္ေျပတဲ့ေနရာေလးျဖစ္ပါတယ္။ အလႉရွင္ရဲ႕

ေစတနာေတြကို ျမင္ေတြ႕ရတဲ့ ေရခ်မ္းစင္ေလးပါ။ ႀကဳံႀကိဳက္လို႔မ်ား စစ္ကိုင္းတိုင္းေဒသႀကီး ၊ ကေလးဝၿမိဳ႕နယ္ ၊ ေခါမ႐ြာႏွင့္ ေဟာင္ႏြဲ႐ြာၾကားက ေရခ်မ္းစင္ေနရာေလးကို ေရာက္ခဲ့ရင္ အလႉရွင္ရဲ႕ ပါရမီကို ျဖည့္ေပးရေလေအာင္ ေရေအးေလးႏွင့္ ငွက္ေပ်ာသီးေလး ဝင္ေရာက္သုံးေဆာင္ခဲ့ၾကပါဦးေနာ္ ။

Leave a Comment