အကျဈေးဖြင့် ရပ်တည်နေတဲ့ ယနေ့ ပြည်တွင်းရွှေဈေးကွက် အခြေအနေ
ပြီးခဲ့သည့်ရက်ပိုင်းကအနည်းငယ်တက်ရိပ်ပြခဲ့သည့် ပြည်တွင်းရွှေဈေးကွက်အတွင်းရှိအခေါက်ရွှေ ဈေးနှုန်းသည်ယနေ့ အောက်တိုဘာ (၂၆) ရက်ဈေးကွက်ဖွင့်ချိန်တွင်ထပ်မံကျဆင်းခဲ့ပြီး (၂၆) သိန်း ဝန်းကျင်၌ရပ်တည်နေကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင်အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျင် ၂၆၁၀၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ကာအရောင်းအဝယ်ပြုလုပ်ကြောင်းပြည်တွင်း ရွှေဈေးကွက်အတွင်းမှသိရသည်။ယမန်နေ့က ၂၆၆၀၀၀၀ ကျပ်ဝန်းကျင်ဖြင့်ဈေးကွက်ပိတ်ခဲ့ခြင်းဖြစ်ပြီး
ယနေ့ နံနက်ပိုင်းတွင်တစ်ကျပ်သားလျင် ၅၀၀၀၀ ဝန်းကျင်ဈေးကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။” ဒီနေ့ နည်းနည်းထပ်ကျတယ်။ ၂၆ သိန်း ဝန်းကျင်ပေါ့ ။ ၅၀၀၀၀ လောက်ကျတယ် ” ဟုရန်ကုန် ရွှေဈေးကွက်အတွင်းမှလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အဆိုပါဈေးနှုန်းမှ အဝယ်ဈေးနှုန်းဖြစ်ပြီးရောင်းဈေးနှင့် အနည်းငယ်ကွာဟနိုင်သည့်အပြင်ရွှေအရောင်းဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်ဈေးနှုန်းကွာဟမှု ရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။ပြီးခဲ့သည့် တစ်ပတ် ဈေးကွက်ပိတ်ချိန်တွင် ၂၅ သိန်းခွဲဝန်းကျင်ဖြင့်ဈေးပိတ်ခဲ့သော်လည်း
ဒေါ်လာဈေးမတည်မငြိမ်ဖြစ်မှုကြောင့်အနည်းငယ်အတက်ပြခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်မှသိရသည်။ယနေ့အောက်တိုဘာ (၂၆) ရက်ရန်ကုန်ရွှေအသင်း၏ရည်ညွှန်းဈေးနှုန်းမှာအခေါက်ရွှေတစ်ကျပ်သားလျင်၁၉၆၈၀၀၀ ကျပ်ဖြင့်ဈေးပိတ်ခဲ့ပြီး
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၆၇၁ ဒေါ်လာ ဖြစ်ကြောင်းသိရသည်။
Zawgyi
အက်ေစ်းျဖင့္ ရပ္တည္ေနတဲ့ ယေန႔ ျပည္တြင္းေ႐ႊေစ်းကြက္ အေျခအေန
ၿပီးခဲ့သည့္ရက္ပိုင္းကအနည္းငယ္တက္ရိပ္ျပခဲ့သည့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္းရွိအေခါက္ေ႐ႊ ေဈးႏႈန္းသည္ယေန႔ ေအာက္တိုဘာ (၂၆) ရက္ေဈးကြက္ဖြင့္ခ်ိန္တြင္ထပ္မံက်ဆင္းခဲ့ၿပီး (၂၆) သိန္း ဝန္းက်င္၌ရပ္တည္ေနေၾကာင္းသိရသည္။
ယေန႔ နံနက္ပိုင္း ေဈးကြက္ဖြင့္ခ်ိန္တြင္အကယ္ဒမီ မီးလင္းေ႐ႊတစ္က်ပ္သားလ်င္ ၂၆၁၀၀၀၀ က်ပ္ျဖင့္ ေဈးဖြင့္ကာအေရာင္းအဝယ္ျပဳလုပ္ေၾကာင္းျပည္တြင္း ေ႐ႊေဈးကြက္အတြင္းမွသိရသည္။ယမန္ေန႔က ၂၆၆၀၀၀၀ က်ပ္ဝန္းက်င္ျဖင့္ေဈးကြက္ပိတ္ခဲ့ျခင္းျဖစ္ၿပီး
ယေန႔ နံနက္ပိုင္းတြင္တစ္က်ပ္သားလ်င္ ၅၀၀၀၀ ဝန္းက်င္ေဈးက်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။” ဒီေန႔ နည္းနည္းထပ္က်တယ္။ ၂၆ သိန္း ဝန္းက်င္ေပါ့ ။ ၅၀၀၀၀ ေလာက္က်တယ္ ” ဟုရန္ကုန္ ေ႐ႊေဈးကြက္အတြင္းမွလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
အဆိုပါေဈးႏႈန္းမွ အဝယ္ေဈးႏႈန္းျဖစ္ၿပီးေရာင္းေဈးႏွင့္ အနည္းငယ္ကြာဟႏိုင္သည့္အျပင္ေ႐ႊအေရာင္းဆိုင္တစ္ဆိုင္ႏွင့္တစ္ဆိုင္ေဈးႏႈန္းကြာဟမႈ ရွိႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။ၿပီးခဲ့သည့္ တစ္ပတ္ ေဈးကြက္ပိတ္ခ်ိန္တြင္ ၂၅ သိန္းခြဲဝန္းက်င္ျဖင့္ေဈးပိတ္ခဲ့ေသာ္လည္း
ေဒၚလာေဈးမတည္မၿငိမ္ျဖစ္မႈေၾကာင့္အနည္းငယ္အတက္ျပခဲ့ေၾကာင္း ျပည္တြင္းေ႐ႊေဈးကြက္မွသိရသည္။ယေန႔ေအာက္တိုဘာ (၂၆) ရက္ရန္ကုန္ေ႐ႊအသင္း၏ရည္ၫႊန္းေဈးႏႈန္းမွာအေခါက္ေ႐ႊတစ္က်ပ္သားလ်င္၁၉၆၈၀၀၀ က်ပ္ျဖင့္ေစ်းပိတ္ခဲ့ၿပီး
ကမာၻ႔ေ႐ႊေဈးႏႈန္းမွာ တစ္ေအာင္စလ်င္ အေမရိကန္ေဒၚလာ ၁၆၇၁ ေဒၚလာ ျဖစ္ေၾကာင္းသိရသည္။