တကယ်နမ်းနေရသကဲ့လို အထိအတွေ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မယ့် စက်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တီထွင်
တကယ်နမ်းနေရသလို အထိအတွေ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မယ့် device တစ်မျိုးကို သိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးလိုက်ပါပြီ။
အဆင့်မြင့် နည်းပညာကို အသုံးပြုထားတဲ့ စကားပြောခွက်က ဒီလိုခံစားချက်ကို ပေးစွမ်းမှာပါ။
ဒါပေမယ့် ဒီစကားပြောခွက်ကို Kissenger ဆိုတဲ့ဆော့ဖ်ဝဲလ်(application)တစ်မျိုးနဲ့တွဲဖက်အသုံးပြုပေးဖို့လိုအပ်ပြီး၊
ဒါဟာ ကမ္ဘာ့ပထမဆုံးmobilekissmessenger(application)ဖြစ်ပါတယ်။ Kissenger App ကို ဖုန်းထဲထည့်ပြီ
ဒီစကားပြောခွက်နဲ့ချိတ်ဆက်တွဲဖက် အသုံးပြုမယ် ဆိုရင်တော့ ဝေးကွာသူလူနှစ်ဦး အကြား
တစ်ဦးနဲ့ တစ်ဦး တကယ်အကြင်နာအနမ်းပေးနေသလို အထိအတွေ့မျိုးကို ခံစားရစေမှာဖြစ်ပါတယ်။
Facetimes(သို့) Skype တို့နဲ့သာ တစ်ဦးနဲ့တစ်ဦး စကားပြောဆိုနေရတဲ့ ဝေးကွာနေတဲ့ ချစ်သူတွေအတွက်တော့ တကယ့်ကို အသုံးဝင်မယ့် ပစ္စည်းမျိုးဖြစ်ပါတယ်။
နှုတ်ခမ်းကိုvirtualkissingdeviceပေါ်မှာတည့်ပေးလိုက်ရင်တော့အဆိုပါdeviceကနှုတ်ခမ်းရဲ့ဖိအားကို အာရုံခံပေးနိုင်မှာဖြစ်ပါတယ်။
ပြီးရင်တော့ တစ်ဖက်မှာ ရှိတဲ့ အသုံးပြုသူ ရဲ့ နှုတ်ခမ်းဆီကို တစ်ချိန်တည်းမှာပဲ ပို့လွှတ်ပေးမှာဖြစ်ပြီး၊
device ထဲမှာပါတဲ့ ပလတ်စတစ်နှုတ်ခမ်းကလှုပ်ရှားမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ ပလတ်စတစ်နှုတ်ခမ်းရဲ့လှုပ်ရှားမှုတွေအတွက်
လိုအပ်တဲ့တွန်းအားကိုတော့ စက်ထဲမှာပါတဲ့ အသေးစားအာရုံခံကိရိယာ (၆)မျိုးက ပံ့ပိုးပေးတာပါ။
ဖုန်းအချင်းချင်းချိတ်ဆက်ပြီးအကြင်နာပေးရမယ့်သူမရှိသူတွေအတွက်ကတော့စီလီကွန်နှုတ်ခမ်းကိုဖန်တီးပေးထားပြီး၊
စွမ်းဆောင်ရည်ကတော့အတူတူပါပဲ။ဒါကြောင့်ချစ်သူမရှိသူတွေလည်းအသုံးပြုလို့ရပါတယ်။ချစ်သူရှိသူတွေကလည်း
ကိုယ့်ချစ်သူအနားမှာရှိနေသလိုခံစားချင်သေးတယ်ဆိုရင်တော့ သူ(သို့)သူမ အမြဲသုံးနေကျရေမွှေးကို device ပေါ်မှာစွတ်ပေးလို့ ရပါတယ်။
နောက်ပိုင်းမှာတော့ စိတ်ကူးယဉ်ဇာတ်ကောင်တွေ၊sex robots တွေနဲ့လည်း နမ်းလို့ရအောင် စီစဉ်ပေးသွားဖို့ အထိရှိပါတယ်။
ဥပမာ-Lara Croft ဇာတ်ကောင်ကို ကြိုက်သူတွေအတွက် Lara Croft နဲ့တကယ်နမ်းနေရတယ်လို့ခံစားရအောင် ပြုလုပ်ပေးသွားမှာမျိုးပါ။
မိုဘိုင်းဖုန်း App နဲ့ချိတ်ဆက်အသုံးပြုရတဲ့ ဒီနည်းပညာနဲ့တွဲဖက်ပြီး တကယ့်ကို အပြည့်အဝအကြင်နာအနမ်းပေးတယ်ဆိုတဲ့ ခံစားမှုမျိုး ရအောင်
ဆီလီကွန်နဲ့လုပ်ထားတဲ့ စက်ရုပ်ခေါင်းကိုပါ ဖန်တီးပေးချင် တယ်လို့ virtual kissing device ဖန်တီးသူတွေက ပြောခဲ့ပါတယ်။ Credit
Zawgyi
Leave a Comment