အသက်(၂၄)နှစ်အရွယ်မှာ သားသမီးရင်းချာ(၂၂)ယောက် ရနေပြီဖြစ်တဲ့ ရုရှားသူ

အသက်(၂၄)နှစ်အရွယ်မှာ သားသမီးရင်းချာ(၂၂)ယောက် ရနေပြီဖြစ်တဲ့ ရုရှားသူ

ရုရှားမိန်းကလေးတစ်ယောက်ဟာ အသက်ကသာ (၂၄)နှစ်ပဲ ရှိသေးပေမယ့် အသက်နဲ့အမျှနီးပါး သားသမီးများနေလို့ အရမ်းနာမည်ကြီးနေပါတယ်။

သူဟာအသက် (၅၇)အရွယ် သန်းကြွယ်သူဋ္ဌေးခင်ပွန်းနဲ့သားသ မီးပေါင်းအယောက် (၂ဝ)ကျော်ရထားတာဖြစ်ပါတယ်။

ထူးဆန်းတာက စုစုပေါင်းသားသမီးရင်းချာ(၂၂)ယောက်ထဲမှာ(၂၁)ယောက်ကို တစ်နှစ် ကျော်လေးအတွင်းမှာရတာဖြစ်ပါတယ်။

အငှားကိုယ်ဝန်ဆောင်တွေကို သုံးပြီး သူတို့ကအချိန်တိုအတွင်းမှာ အဲဒီလောက်သားသမီးတွေအများကြီး ယူလိုက်တာဖြစ်ပါတယ်။ ကလေးထိန်း (၁၆)ယောက်ခေါ်ထားပြီး တစ်နှစ်ကို

ကလေးထိန်းချည်းပဲ ပေါင် (၆ရရဝဝ)သုံးပေမယ့် သူကိုယ် တိုင်ကလည်း ကလေးတွေကို သေသေချာချာထိန်းတယ်လို့ အသက် (၂၄) နှစ်အရွယ် သူဋ္ဌေးကတော်လေး ခရစ္စတီနာက ဆိုပါတယ်။

ဒီခင် ပွန်း နဲ့ သားသမီးပေါင်း (၁ဝ၅)ယောက်အထိလိုချင်တယ်လို့ သူကပြော ထားဖူးပါတယ်။ သူဟာ ကလေးတစ်ယောက်အမေဘဝမှာဂျော်ဂျီယာက ဘက်တူမီဆိုတဲ့ကမ်းခြေမြို့လေးမှာအပန်းသွားဖြေတုန်း အဲဒီခင်ပွန်းလောင်းလုပ်ငန်းရှင်သူဋ္ဌေးကြီးနဲ့ ဖူးစာဆုံခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီး မောင်နှံဟာ အငှားကိုယ်ဝန်ဆောင်ခချည်းပဲပေါင် (၁၄၂ဝဝဝ)သုံးထားပါတယ်။

လက်ရှိခင်ပွန်းနဲ့ရတဲ့သားသမီး (၂၁)ယောက်အပြင် သူ့မှာအရင်ယောက်ျားနဲ့ရတဲ့ သမီးလေးတစ်ယောက်လည်းရှိသေးတယ်လေ။ ဗစ်ကာဆိုတဲ့ အဲဒီသမီးလေးဟာ အခုဆိုရင် အသက်ခြောက်နှစ်ရှိနေပါပြီ။သူတို့မိသားစုကြီးဟာ လက်ရှိမှာတော့ အထပ်သုံးထပ်ရှိတဲ့ စံအိမ်ကြီးမှာ တစုတစည်းတည်း အတူနေကြပါတယ်။ တတ်နိုင်သမျှ မြန်မြန်ကလေး အများကြီးလိုချင်တဲ့အတွက် အငှားကိုယ်ဝန်ဆောင်တွေကိုငှားလိုက်ရတာလို့

သူတို့ဇနီးမောင်နှံက ဆိုပါတယ်။သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံး ရင်သွေးလေးဟာ ၂ဝ၂ဝ ခုနှစ် မတ်လ (၁ဝ)ရက်မှာ လူ့လောကထဲစရောက်လာပြီး (၂၁)ယောက်မြောက် ရင် သွေးလေးကတော့ အခုမှအသက်လေးလပဲရှိပါသေးတယ်။

“ကျွန်မရဲ့တစ် နေ့တာကတော့ ဘယ်တော့မှကို ငြီးငွေ့ပျင်းရိစရာမကောင်းဘူး။ တစ်ရက်နဲ့တစ်ရက်က လုံးဝမတူဘူး။ ဝန်ထမ်းတွေ အထူးသဖြင့် ကလေးထိန်းတွေအတွက်တာဝန်တွေရေးဆွဲပေးရတာကအစအိမ်မှာလိုအပ်သမျှတွေအတွက် ဈေးထွက်ဝယ်ရတာအဆုံး တစ်ရက်နဲ့တစ်ရက်ရိုးကိုမရိုးရဘူး” လို့ အသက် (၂၄) နှစ်အရွယ် သူဋ္ဌေးကတော်လေးက ပြောပါတယ်။ က လေးကအရမ်းများတော့တစ်ပတ်ကို ကလေးတွေရဲ့ နို့မှုန့်ဖိုးနဲ့အသုံးအ ဆောင်ဖိုးတွေချည်းပဲ ပေါင် (၄ဝဝဝ)ကုန်ပါသတဲ့။ ဒါ့အပြင် ကလေးပေါင်း အယောက် (၂ဝ)ကျော်နဲ့ဆိုတော့ သူ့မှာဒေါင်ချာကိုစိုင်းနေတာပေါ့။

သူက သူနဲ့သူ့ကလေးတွေ အကြောင်း၊ သူလုပ်ရတဲ့ အလုပ်တွေအကြောင်းကို သူ့အင်စတက်ဂရမ်အကောင့်မှာ တင်လေ့ရှိပါတယ်။ အဲဒီမှာ သူဟာပရိ သတ်ပေါင်း (၁၆၂ဝဝဝ)တောင်ရနေပါပြီ။

ကလေးတွေကို အစာခွံ့ကျွေးနေတဲ့ပုံတွေ၊ ကလေးတွေ တပြုံတမကြီးနဲ့ အပြင်ထွက်တဲ့ပုံတွေကိုလည်း သူက တင်ထားပါသေးတယ်။ လိုချင်တာကတော့

ကလေးပေါင်းအယောက်တစ်ရာကျော် ဆိုပေမယ့် ဘယ်လောက်အထိယူဖြစ်မလဲဆိုတာ သေသေချာချာ မသိသေးဘူးလို့ စုစုပေါင်း ကလေး (၂၂)ယောက်ရှိနေပြီဖြစ်တဲ့ရုရှားသူက ပြောပါတယ်။
Credit..White Sone

Zawgyi

အသက္(၂၄)ႏွစ္အ႐ြယ္မွာ သားသမီးရင္းခ်ာ(၂၂)ေယာက္ ရေနၿပီျဖစ္တဲ့ ႐ုရွားသူ

႐ုရွားမိန္းကေလးတစ္ေယာက္ဟာ အသက္ကသာ (၂၄)ႏွစ္ပဲ ရွိေသးေပမယ့္ အသက္နဲ႔အမွ်နီးပါး သားသမီးမ်ားေနလို႔ အရမ္းနာမည္ႀကီးေနပါတယ္။

သူဟာအသက္ (၅၇)အ႐ြယ္ သန္းႂကြယ္သူေ႒းခင္ပြန္းနဲ႔သားသ မီးေပါင္းအေယာက္ (၂ဝ)ေက်ာ္ရထားတာျဖစ္ပါတယ္။

ထူးဆန္းတာက စုစုေပါင္းသားသမီးရင္းခ်ာ(၂၂)ေယာက္ထဲမွာ(၂၁)ေယာက္ကို တစ္ႏွစ္ ေက်ာ္ေလးအတြင္းမွာရတာျဖစ္ပါတယ္။

အငွားကိုယ္ဝန္ေဆာင္ေတြကို သုံးၿပီး သူတို႔ကအခ်ိန္တိုအတြင္းမွာ အဲဒီေလာက္သားသမီးေတြအမ်ားႀကီး ယူလိုက္တာျဖစ္ပါတယ္။ ကေလးထိန္း (၁၆)ေယာက္ေခၚထားၿပီး တစ္ႏွစ္ကို

ကေလးထိန္းခ်ည္းပဲ ေပါင္ (၆ရရဝဝ)သုံးေပမယ့္ သူကိုယ္ တိုင္ကလည္း ကေလးေတြကို ေသေသခ်ာခ်ာထိန္းတယ္လို႔ အသက္ (၂၄) ႏွစ္အ႐ြယ္ သူေ႒းကေတာ္ေလး ခရစၥတီနာက ဆိုပါတယ္။

ဒီခင္ ပြန္း နဲ႔ သားသမီးေပါင္း (၁ဝ၅)ေယာက္အထိလိုခ်င္တယ္လို႔ သူကေျပာ ထားဖူးပါတယ္။ သူဟာ ကေလးတစ္ေယာက္အေမဘဝမွာေဂ်ာ္ဂ်ီယာက ဘက္တူမီဆိုတဲ့ကမ္းေျခၿမိဳ႕ေလးမွာအပန္းသြားေျဖတုန္း အဲဒီခင္ပြန္းေလာင္းလုပ္ငန္းရွင္သူေ႒းႀကီးနဲ႔ ဖူးစာဆုံခဲ့တာျဖစ္ပါတယ္။ သူတို႔ဇနီး ေမာင္ႏွံဟာ အငွားကိုယ္ဝန္ေဆာင္ခခ်ည္းပဲေပါင္ (၁၄၂ဝဝဝ)သုံးထားပါတယ္။

လက္ရွိခင္ပြန္းနဲ႔ရတဲ့သားသမီး (၂၁)ေယာက္အျပင္ သူ႔မွာအရင္ေယာက္်ားနဲ႔ရတဲ့ သမီးေလးတစ္ေယာက္လည္းရွိေသးတယ္ေလ။ ဗစ္ကာဆိုတဲ့ အဲဒီသမီးေလးဟာ အခုဆိုရင္ အသက္ေျခာက္ႏွစ္ရွိေနပါၿပီ။သူတို႔မိသားစုႀကီးဟာ လက္ရွိမွာေတာ့ အထပ္သုံးထပ္ရွိတဲ့ စံအိမ္ႀကီးမွာ တစုတစည္းတည္း အတူေနၾကပါတယ္။ တတ္ႏိုင္သမွ် ျမန္ျမန္ကေလး အမ်ားႀကီးလိုခ်င္တဲ့အတြက္ အငွားကိုယ္ဝန္ေဆာင္ေတြကိုငွားလိုက္ရတာလို႔

သူတို႔ဇနီးေမာင္ႏွံက ဆိုပါတယ္။သူတို႔ႏွစ္ေယာက္ရဲ႕ ပထမဦးဆုံး ရင္ေသြးေလးဟာ ၂ဝ၂ဝ ခုႏွစ္ မတ္လ (၁ဝ)ရက္မွာ လူ႔ေလာကထဲစေရာက္လာၿပီး (၂၁)ေယာက္ေျမာက္ ရင္ ေသြးေလးကေတာ့ အခုမွအသက္ေလးလပဲရွိပါေသးတယ္။

“ကြၽန္မရဲ႕တစ္ ေန႔တာကေတာ့ ဘယ္ေတာ့မွကို ၿငီးေငြ႕ပ်င္းရိစရာမေကာင္းဘူး။ တစ္ရက္နဲ႔တစ္ရက္က လုံးဝမတူဘူး။ ဝန္ထမ္းေတြ အထူးသျဖင့္ ကေလးထိန္းေတြအတြက္တာဝန္ေတြေရးဆြဲေပးရတာကအစအိမ္မွာလိုအပ္သမွ်ေတြအတြက္ ေဈးထြက္ဝယ္ရတာအဆုံး တစ္ရက္နဲ႔တစ္ရက္႐ိုးကိုမ႐ိုးရဘူး” လို႔ အသက္ (၂၄) ႏွစ္အ႐ြယ္ သူေ႒းကေတာ္ေလးက ေျပာပါတယ္။ က ေလးကအရမ္းမ်ားေတာ့တစ္ပတ္ကို ကေလးေတြရဲ႕ ႏို႔မႈန႔္ဖိုးနဲ႔အသုံးအ ေဆာင္ဖိုးေတြခ်ည္းပဲ ေပါင္ (၄ဝဝဝ)ကုန္ပါသတဲ့။ ဒါ့အျပင္ ကေလးေပါင္း အေယာက္ (၂ဝ)ေက်ာ္နဲ႔ဆိုေတာ့ သူ႔မွာေဒါင္ခ်ာကိုစိုင္းေနတာေပါ့။

သူက သူနဲ႔သူ႔ကေလးေတြ အေၾကာင္း၊ သူလုပ္ရတဲ့ အလုပ္ေတြအေၾကာင္းကို သူ႔အင္စတက္ဂရမ္အေကာင့္မွာ တင္ေလ့ရွိပါတယ္။ အဲဒီမွာ သူဟာပရိ သတ္ေပါင္း (၁၆၂ဝဝဝ)ေတာင္ရေနပါၿပီ။

ကေလးေတြကို အစာခြံ႕ေကြၽးေနတဲ့ပုံေတြ၊ ကေလးေတြ တၿပဳံတမႀကီးနဲ႔ အျပင္ထြက္တဲ့ပုံေတြကိုလည္း သူက တင္ထားပါေသးတယ္။ လိုခ်င္တာကေတာ့

ကေလးေပါင္းအေယာက္တစ္ရာေက်ာ္ ဆိုေပမယ့္ ဘယ္ေလာက္အထိယူျဖစ္မလဲဆိုတာ ေသေသခ်ာခ်ာ မသိေသးဘူးလို႔ စုစုေပါင္း ကေလး (၂၂)ေယာက္ရွိေနၿပီျဖစ္တဲ့႐ုရွားသူက ေျပာပါတယ္။
Credit..White Sone

Leave a Comment