ရုပ်ရှင်လက်မှတ်ဝယ်ရင် ပေါက်ပေါက်ဆုပ်အခမဲ့ဆိုလို့ ပုံးတွေ၊ ခွက်တွေ၊ ဇလားတွေနဲ့ ချီတက်လာတဲ့ ဗီယက်နမ်ပြည်သူတွေ

မကြာသေးမီတုန်းက ဗီယက်နမ်နိုင်ငံက ရုပ်ရှင်ရုံကြီးတစ်ခုမှာ ရုပ်ရှင်လက်မှတ်ဝယ်ယူတဲ့ ပရိုမိုးရှင်းတစ်ခုပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရုပ်ရှင်ရုံက လက်မှတ်ဝယ်ယူ ရင် အပျင်းပြေစားစရာ ပေါက်ပေါက်ဆုပ်ကို အခမဲ့ကြိုက်သလောက်ယူနိုင်တယ်ဆိုပြီးတော့ ကြေညာပေးခဲ့တာပါ။

အဲ့ဒီပရိုမိုးရှင်းအလုပ်ကောင်းတာက အင်တာနက်စာမျက်နှာပေါ်အထိ သတင်းတွေရောက်လာတဲ့အထိပါပဲ။ပုံမှာမြင်တွေ့ရသလို ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တွေက လက်မှတ်တစ်စောင်ဝယ်ယူပြီး အခမဲ့ပေးတဲ့ ပေါက်ပေါက်ဆုပ်တွေကို လာယူကြတာက ပိုင်ရှင်တောင် အရှုံးပေါ်သွားနိုင် လောက်တဲ့အထိပါပဲ။

ပေါက်ပေါက်ဆုပ်တွေ အများကြီး ဝင်ဆန့်တဲ့ ပလက်စတစ်အိတ်တွေ၊ ကြီးမားတဲ့စက္ကူအိတ်တွေ၊ အိုးခွက်တွေ၊ ရေပုံးတွေ၊ ဆွဲပုံးတွေ၊ ဆီပုံးတွေ၊ ကော်ဘူးတွေ အစရှိ သဖြင့်နဲ့ ချီတက်လာခဲ့ကြ တာဖြစ်ပါတယ်။

ဒီမြင်ကွင်းကို ဆိုရှယ်မီဒီယာအသုံးပြုသူတွေကော သတင်းစာမျက်နှာဖတ်ရှုသူတွေပါ အံ့အားသင့်ရယ်မောရလောက်တဲ့အထိပဲ ဖြစ်ပါတယ်။ရုပ်ရှင်ရုံက ပေါက် ပေါက်ဆုပ်အခမဲ့ပေးတယ်ဆိုတဲ့ အစီအစဉ်ဟာ နိုဝင် ဘာလအကုန်ထိ ဖြစ်တာကြောင့် လူငယ်၊ လူရွယ်တွေအများအပြားက ဒီအခွင့်အရေးကို အရယူဖို့ ကြိုးပမ်းနေကြ တာကိုလည်း တွေ့ရပါတယ်။

ငယ်ရွယ်တဲ့ လူငယ်တွေတင်မဟုတ် ကလေးသူငယ်တွေ၊ အိမ်က လူကြီးတွေအထိတောင် အဲ့ဒီ ပေါက် ပေါက်ဆုပ် အခမဲ့ပေးတဲ့ ပရိုမိုးရှင်းမှာ ရှိသမျှ အိုးခွက်အစုံကို ယူပြီး လာရောက်တန်းစီနေ ကြတာကို တွေ့ရပါတယ်။အဲ့ဒီလို ပုံမှန် မဟုတ်တဲ့ အထူးအဆန်းနဲ့ အလွန်ရယ်မောစရာကောင်းတဲ့ ဓာတ်ပုံတွေများစွာက လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ပျံ့နှံ့သွားပြီး အင်တာနက်အသုံးပြုသူတွေကြားထဲ လူပြောများနေခဲ့ ပါတယ်။

Credit

Zawgyi






Credit

Leave a Comment