အသစ်ဖွင့်လှစ်တဲ့ရွှေဆိုင်များနှင့် သက်တမ်းတိုးခြင်းမရှိတဲ့ ဆိုင်များကိုပိတ်သိမ်းမည်
လိုင်စင်လျှောက်ထားခြင်းမရှိဘဲအရောင်းအဝယ်ပြုလုပ်နေတဲ့ရွှေဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
“ဈေးဝယ်စင်တာမှာအသစ်ဖွင့်လာတဲ့ရွှေဆိုင်တွေရောရွှေဆိုင်မှန်သမျှကိုလိုင်စင်လျှောက်ခိုင်းထားတယ်။ကျန်တာတော့ဌာနဆိုင်ရာကထိန်းကျောင်းမယ့်သဘောရှိပါတယ်။နောက်ပိုင်းဆိုင်ပိတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီးပြောထားတာတွေပါရှိတယ်။
ဌာနဆိုင်ရာကရွှေရောင်းတဲ့ စာရင်းဇယားလိုချင်တာရယ်အခွန်ဆောင်ဖို့ရယ်ဆိုတော့တစ်နှစ်တစ်ကြိမ်အခွန်ရှင်းခိုင်းတဲ့သဘောပါပဲ။အစိုးရလည်းအခွန်ရမယ်။လိုင်စင်လည်းအသစ်လဲပေးတဲ့သဘောမျိုးပေါ့။ မူဝါဒကဒီနှစ်ပိုင်းမှလာတော့သက်တမ်းတိုးတာနဲ့ဆိုင်အသစ်လိုင်စင်လျှောက်တာများတယ်။
ဆိုင် ၁၀၀ ကျော်လောက်တော့ရှိပြီ”လို့ ဦးမျိုးမြင့်ကပြောပါတယ်။ရွှေလုပ်ငန်းတွေအနေနဲ့ ရွှေ ၅ ပိဿာအောက် ရောင်းချတဲ့ဆိုင်တွေကိုလုပ်ငန်းအသေး၊ ၅ ပိဿာအထက်ရောင်းချနေတဲ့ဆိုင်တွေကိုလုပ်ငန်းအလတ်နဲ့ ၁၀ ပိဿာအထက် ရောင်းချနေတဲ့ဆိုင်တွေကိုလုပ်ငန်းအကြီးဆိုပြီးခွဲခြားသတ်မှတ်ကာ
အခွန်အခကိုလည်းလုပ်ငန်းအကြီးအသေးပေါ်လိုက်ပြီး ပေးဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။“လက်ရှိ ရွှေဈေးကွက်ကတော့လက်ဝတ်တန်ဆာအရောင်းများတယ်။အဝယ်နည်းတယ်။ဟိုတလောကကောလဟာလတက်လာတော့အဲ့အပေါ်လိုက်ပြီး
ဝယ်ပေမယ့်နောက်ရက်မှာပဲကောလဟာလပြန်ငြိမ်သွားပါတယ်။ ဒီဖေ့စ်ဘုတ်တွေမှာပဲဈေးအမျိုးမျိုးဖြစ်နေကြတာအပြင်မှာတော့အရောင်းအဝယ်အဲ့လိုလုပ်ကြပါဘူး။နောက်လတွေမှာတွင်းတွေကရွှေများများထွက်လာဖို့လည်းရှိပါတယ်”လို့ ဦးမျိုးမြင့်ကပြောပါတယ်။
လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာရွှေဆိုင်လုပ်ငန်းပေါင်းတစ်သောင်းကျော်ရှိပြီးလုပ်ငန်းအားလုံးနီးပါး လိုင်စင်ရှိသလိုဈေးဝယ်စင်တာတွေမှာ အသစ်ထပ်မံတိုးချဲ့လာတဲ့ရွှေဆိုင် ၁၀ ဆိုင်ခန့်ရှိတယ်လို့လည်းသိရပါတယ်။
ရွှေဆိုင်လိုင်စင်သက်တမ်းတိုးတာနဲ့ရွှေတုံးရွှေခဲလိုင်စင်လျှောက်ထားရာမှာလုပ်ငန်းအမျိုးအစားခွဲခြားဖော်ပြရမယ်လို့ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါ တယ်။
ရွှေကုန်သည်နဲ့ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားတာ၊သက်တမ်းတိုး လိုင်စင်လျှောက်ထားတာ၊ ရွှေတုံး ရွှေခဲလိုင်စင်လျှောက်ထားရာတို့မှာလုပ်ငန်းအကြီး၊အလတ်၊ အသေး အမျိုးအစားခွဲခြားဖော်ပြပြီး
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းကို လျှောက်ထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။လိုင်စင်သက်တမ်းတိုးတာကိုတော့တစ်နှစ်တစ်ကြိမ်ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရှိရပါသည်။
လက်ရှိမှာတော့ လိုင်စင်လျှောက်ထားလာတဲ့လုပ်ငန်းတွေကိုရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ကထောက်ခံချက်ပေးပြီးတော့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာဆက်လက် ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ ရန်ကုန်တိုင်းရွှေအသင်းကထုတ်ပြန်တဲ့ရွှေရည်ညွှန်းဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၁၉၆၁၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပရွှေဈေးကတော့ ကျပ် ၂၅ သိန်းမှ ၂၆ သိန်းဝန်းကျင်ကြားမှာရှိတယ်လို့ရွှေဆိုင်တွေဆီကသိရပါတယ်။
Zawgyi
အသစ္ဖြင့္လွစ္တဲ့ေ႐ႊဆိုင္မ်ားႏွင့္ သက္တမ္းတိုးျခင္းမရွိတဲ့ ဆိုင္မ်ားကိုပိတ္သိမ္းမည္
လိုင္စင္ေလွ်ာက္ထားျခင္းမရွိဘဲအေရာင္းအဝယ္ျပဳလုပ္ေနတဲ့ေ႐ႊဆိုင္ေတြကို ပိတ္သိမ္းတဲ့အထိ အေရးယူမႈေတြရွိလာႏိုင္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။
“ေဈးဝယ္စင္တာမွာအသစ္ဖြင့္လာတဲ့ေ႐ႊဆိုင္ေတြေရာေ႐ႊဆိုင္မွန္သမွ်ကိုလိုင္စင္ေလွ်ာက္ခိုင္းထားတယ္။က်န္တာေတာ့ဌာနဆိုင္ရာကထိန္းေက်ာင္းမယ့္သေဘာရွိပါတယ္။ေနာက္ပိုင္းဆိုင္ပိတ္တဲ့အထိ အေရးယူေဆာင္႐ြက္သြားမယ္ဆိုၿပီးေျပာထားတာေတြပါရွိတယ္။
ဌာနဆိုင္ရာကေ႐ႊေရာင္းတဲ့ စာရင္းဇယားလိုခ်င္တာရယ္အခြန္ေဆာင္ဖို႔ရယ္ဆိုေတာ့တစ္ႏွစ္တစ္ႀကိမ္အခြန္ရွင္းခိုင္းတဲ့သေဘာပါပဲ။အစိုးရလည္းအခြန္ရမယ္။လိုင္စင္လည္းအသစ္လဲေပးတဲ့သေဘာမ်ိဳးေပါ့။ မူဝါဒကဒီႏွစ္ပိုင္းမွလာေတာ့သက္တမ္းတိုးတာနဲ႔ဆိုင္အသစ္လိုင္စင္ေလွ်ာက္တာမ်ားတယ္။
ဆိုင္ ၁၀၀ ေက်ာ္ေလာက္ေတာ့ရွိၿပီ”လို႔ ဦးမ်ိဳးျမင့္ကေျပာပါတယ္။ေ႐ႊလုပ္ငန္းေတြအေနနဲ႔ ေ႐ႊ ၅ ပိႆာေအာက္ ေရာင္းခ်တဲ့ဆိုင္ေတြကိုလုပ္ငန္းအေသး၊ ၅ ပိႆာအထက္ေရာင္းခ်ေနတဲ့ဆိုင္ေတြကိုလုပ္ငန္းအလတ္နဲ႔ ၁၀ ပိႆာအထက္ ေရာင္းခ်ေနတဲ့ဆိုင္ေတြကိုလုပ္ငန္းအႀကီးဆိုၿပီးခြဲျခားသတ္မွတ္ကာ
အခြန္အခကိုလည္းလုပ္ငန္းအႀကီးအေသးေပၚလိုက္ၿပီး ေပးေဆာင္ရမွာျဖစ္တယ္လို႔သိရပါတယ္။“လက္ရွိ ေ႐ႊေဈးကြက္ကေတာ့လက္ဝတ္တန္ဆာအေရာင္းမ်ားတယ္။အဝယ္နည္းတယ္။ဟိုတေလာကေကာလဟာလတက္လာေတာ့အဲ့အေပၚလိုက္ၿပီး
ဝယ္ေပမယ့္ေနာက္ရက္မွာပဲေကာလဟာလျပန္ၿငိမ္သြားပါတယ္။ ဒီေဖ့စ္ဘုတ္ေတြမွာပဲေဈးအမ်ိဳးမ်ိဳးျဖစ္ေနၾကတာအျပင္မွာေတာ့အေရာင္းအဝယ္အဲ့လိုလုပ္ၾကပါဘူး။ေနာက္လေတြမွာတြင္းေတြကေ႐ႊမ်ားမ်ားထြက္လာဖို႔လည္းရွိပါတယ္”လို႔ ဦးမ်ိဳးျမင့္ကေျပာပါတယ္။
လက္ရွိရန္ကုန္တိုင္းေဒသႀကီးမွာေ႐ႊဆိုင္လုပ္ငန္းေပါင္းတစ္ေသာင္းေက်ာ္ရွိၿပီးလုပ္ငန္းအားလုံးနီးပါး လိုင္စင္ရွိသလိုေဈးဝယ္စင္တာေတြမွာ အသစ္ထပ္မံတိုးခ်ဲ႕လာတဲ့ေ႐ႊဆိုင္ ၁၀ ဆိုင္ခန႔္ရွိတယ္လို႔လည္းသိရပါတယ္။
ေ႐ႊဆိုင္လိုင္စင္သက္တမ္းတိုးတာနဲ႔ေ႐ႊတုံးေ႐ႊခဲလိုင္စင္ေလွ်ာက္ထားရာမွာလုပ္ငန္းအမ်ိဳးအစားခြဲျခားေဖာ္ျပရမယ္လို႔ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာပါ တယ္။
ေ႐ႊကုန္သည္နဲ႔ေ႐ႊဆိုင္ပိုင္ရွင္ေတြအေနနဲ႔လုပ္ငန္းလိုင္စင္အသစ္ေလွ်ာက္ထားတာ၊သက္တမ္းတိုး လိုင္စင္ေလွ်ာက္ထားတာ၊ ေ႐ႊတုံး ေ႐ႊခဲလိုင္စင္ေလွ်ာက္ထားရာတို႔မွာလုပ္ငန္းအႀကီး၊အလတ္၊ အေသး အမ်ိဳးအစားခြဲျခားေဖာ္ျပၿပီး
ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းကို ေလွ်ာက္ထားရမွာ ျဖစ္တယ္လို႔ဆိုပါတယ္။လိုင္စင္သက္တမ္းတိုးတာကိုေတာ့တစ္ႏွစ္တစ္ႀကိမ္ေဆာင္႐ြက္ရမွာျဖစ္တယ္လို႔သိရွိရပါသည္။
လက္ရွိမွာေတာ့ လိုင္စင္ေလွ်ာက္ထားလာတဲ့လုပ္ငန္းေတြကိုရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ား အသင္း ကေထာက္ခံခ်က္ေပးၿပီးေတာ့ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွာဆက္လက္ ေပးပို႔ေလွ်ာက္ထားရမွာျဖစ္တယ္လို႔သိရပါတယ္။
ေအာက္တိုဘာ ၂၇ ရက္ေန႔ ရန္ကုန္တိုင္းေ႐ႊအသင္းကထုတ္ျပန္တဲ့ေ႐ႊရည္ၫႊန္းေဈးကေတာ့ မီးလင္းေ႐ႊတစ္က်ပ္သားကို ၁၉၆၁၀၀၀ က်ပ္ျဖစ္ၿပီး ျပင္ပေ႐ႊေဈးကေတာ့ က်ပ္ ၂၅ သိန္းမွ ၂၆ သိန္းဝန္းက်င္ၾကားမွာရွိတယ္လို႔ေ႐ႊဆိုင္ေတြဆီကသိရပါတယ္။