ရာနှင့်ချီတဲ့အကောင်ပေါက်လေးတွေကို ဘေးကင်းစေရန် ကျောပြင်ပေါ်၌သယ်ဆောင်ရင်း သွားလာလှုပ်ရှားနေတဲ့ မိကျောင်းဖခင်ကြီးတစ်ကောင်
အိန္ဒိယနိုင်ငံ၊ Chambal Gharial အမျိုးသား တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ မိကျောင်းများရဲ့ပုံရိပ်ကို မှတ်တမ်းယူရန် ခရီးထွက်ခဲ့တဲ့
ဓာတ်ပုံဆရာ Dhritiman Mukherjee ဟာ ဤမယုံနိုင်စရာမြင်ကွင်းတစ်ခုကို အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။
သူဟာ ဤကမ္ဘာတစ်ဝှမ်းသို့ပျံ့နှံ့သွားမည့်စိတ်ခံစားမှုဆိုင်ရာမြင်ကွင်းတစ်ခုကိုရှာတွေ့လိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမကူးကြည့်ခဲ့ဖူးပါဘူး။
သူရိုက်ကူးမိခဲ့တဲ့ ဒီ gharial crocodile ဆိုတဲ့တွားသွားသတ္တဝါမိကျောင်းမျိုးစိတ်ဟာ မျိုးသုန်းတော့မဲ့အနေအထားမှာရှိနေပြီး
ဤမိကျောင်းဖခင်ဟာ ထူးခြားစေတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာများရှိပြီး၎င်း၏နှာခေါင်းအရှည်ဖြင့်ငါးများကိုဖမ်းစားနိုင်တဲ့
မယုံနိုင်စရာစွမ်းရည်ဟာတွားသွားသတ္တဝါချစ်သူများအားလုံးရဲ့အာရုံကိုဆွဲဆောင်နေခဲ့ပါတယ်။
ထို့ပြင် ဓာတ်ပုံဆရာဟာ ဓာတ်ပုံထဲက ဒီခမ်းနားထည်ဝါတဲ့တိရိစ္ဆာန်ရဲ့ဘဝအကြောင်းကိုသူ့ရဲ့လူမှုမီဒီယာအကောင့်မှတဆင့်
“မဟုတ်ဘူး၊အဲဒါက မိကျောင်းကို ဖုံးအုပ်ထားတဲ့ရေညှိတွေ မဟုတ်ပါဘူး၊
အဲဒါက Daddy မိကျောင်းရဲ့ကျောပေါ်မှာ လိုက်ပါနေတဲ့မိကျောင်းငယ်လေးတွေပါ ”
ဟု ၎င်းထူးခြားရှားပါးတဲ့မြင်ကွင်းဓာတ်ပုံနှင့်အတူ ရေးသားဖော်ပြခဲ့ပါတယ်။
Dhritinman က မိကျောင်းအများစုဟာ မိကျောင်းပေါက်တွေကို ၎င်းတို့၏ပါးစပ်ထဲသို့သယ်ဆောင်နေကြပေမဲ့
ဒီ gharial မိကျောင်းရဲ့နှာခေါင်းကပုံမှန်ပုံသဏ္ဍာန်မဟုတ်တာကြောင့် အကောင်ပေါက်များက မြစ်ကိုဘေးကင်းစွာဖြတ်ကူးနိုင်စေရန်
ဖခင်ရဲ့ဦးခေါင်းနှင့်နောက်ကျောပေါ်မှာ တက်နေကြရပြီး ၎င်းဟာ အထူးဆက်သွယ်မှုနှင့်အကာအကွယ်ကိုဖန်တီးပေးကြောင်း ပြောပြခဲ့ပါတယ်။
Dhritinman ဟာ၎င်းရဲ့သားစဉ်မြေးဆက်တွေကိုပြုစုစောင့်ရှောက်နေတဲ့မိကျောင်းဖခင်ကြီးကိုတစ်ပတ်နီးပါးကြာစောင့်ကြည့်ခဲ့ပြီး
၎င်းရဲ့ကလေးများအသက်ရှင်စေရန် ဇွဲလုံ့လဝီရိယရှိရှိ မိကျောင်းဖခင်ကြီးက တတ်နိုင်သမျှလုပ်ဆောင်နေခဲ့ပေမဲ့လည်း
၎င်းရဲ့ကလေးရာပေါင်းများစွာကိုကာကွယ်ရန်မှာလွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်နေခဲ့ပါဘူး။
အဆိုပါမိကျောင်းဖခင်ကြီးဟာ အခြားဖခင်ကောင်းများကဲ့သို့ပင် ၎င်းရဲ့ကလေးများကောင်းမွန်စွာရှိနေတာကိုအာမခံရဲတဲ့အထိ
အနားမယူဘဲ စောင့်ရှောက်ပေးနေခဲ့ပုံကို Dhritinman က “တစ်စုံတစ်ယောက်က သူတို့ကို ချဉ်းကပ်လာရင် သူက အရမ်းအကာအကွယ်ရှိပြီး
ရန်လိုတာတွေ့ရတယ်၊ အဲ့ဒီမိကျောင်းထီးက ကလေးများနှင့် ၂၄ နာရီလုံးလုံး နီးကပ်စွာရှိနေခဲ့တယ် ၊
တစ်ခါတလေ ကလေးတွေက အဖေရဲ့ ကျောပေါ်မှာ လှဲအိပ်နေတတ်ကြသေးတယ်” ဟု လည်းထပ်မံပြောပြခဲ့ပါတယ်။
Dhritiman ရဲ့ကြီးကျယ်ခမ်းနားတဲ့ ဓာတ်ပုံများဟာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်တွင် ၎င်းတို့ရဲ့တည်ရှိမှုသေချာစေဖို့
တတ်နိုင်သမျှ လုပ်ဆောင်ရန်ဆန္ဒရှိသည့် ထိန်းသိမ်းရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများနှင့် တိရိစ္ဆာန်ချစ်သူများကို အလွန်ပင်လှုံ့ဆော်သွားစေခဲ့ပါတယ်။
Credit
Zawgyi
ရာႏွင့္ခ်ီတဲ့အေကာင္ေပါက္ေလးေတြကို ေဘးကင္းေစရန္ ေက်ာျပင္ေပၚ၌သယ္ေဆာင္ရင္း သြားလာလႈပ္ရွားေနတဲ့ မိေက်ာင္းဖခင္ႀကီးတစ္ေကာင္
အိႏၵိယႏိုင္ငံ၊ Chambal Gharial အမ်ိဳးသား ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာသို႔ မိေက်ာင္းမ်ားရဲ႕ပုံရိပ္ကို မွတ္တမ္းယူရန္ ခရီးထြက္ခဲ့တဲ့
ဓာတ္ပုံဆရာ Dhritiman Mukherjee ဟာ ဤမယုံႏိုင္စရာျမင္ကြင္းတစ္ခုကို အမိအရဖမ္းယူႏိုင္ခဲ့ပါတယ္။
သူဟာ ဤကမာၻတစ္ဝွမ္းသို႔ပ်ံ႕ႏွံ႔သြားမည့္စိတ္ခံစားမႈဆိုင္ရာျမင္ကြင္းတစ္ခုကိုရွာေတြ႕လိမ့္မယ္လို႔ တစ္ခါမွ စိတ္ကူးမကူးၾကည့္ခဲ့ဖူးပါဘူး။
သူ႐ိုက္ကူးမိခဲ့တဲ့ ဒီ gharial crocodile ဆိုတဲ့တြားသြားသတၱဝါမိေက်ာင္းမ်ိဳးစိတ္ဟာ မ်ိဳးသုန္းေတာ့မဲ့အေနအထားမွာရွိေနၿပီး
ဤမိေက်ာင္းဖခင္ဟာ ထူးျခားေစတဲ့႐ုပ္ပိုင္းဆိုင္ရာလကၡဏာမ်ားရွိၿပီး၎၏ႏွာေခါင္းအရွည္ျဖင့္ငါးမ်ားကိုဖမ္းစားႏိုင္တဲ့
မယုံႏိုင္စရာစြမ္းရည္ဟာတြားသြားသတၱဝါခ်စ္သူမ်ားအားလုံးရဲ႕အာ႐ုံကိုဆြဲေဆာင္ေနခဲ့ပါတယ္။
ထို႔ျပင္ ဓာတ္ပုံဆရာဟာ ဓာတ္ပုံထဲက ဒီခမ္းနားထည္ဝါတဲ့တိရိစာၦန္ရဲ႕ဘဝအေၾကာင္းကိုသူ႔ရဲ႕လူမႈမီဒီယာအေကာင့္မွတဆင့္
“မဟုတ္ဘူး၊အဲဒါက မိေက်ာင္းကို ဖုံးအုပ္ထားတဲ့ေရညႇိေတြ မဟုတ္ပါဘူး၊
အဲဒါက Daddy မိေက်ာင္းရဲ႕ေက်ာေပၚမွာ လိုက္ပါေနတဲ့မိေက်ာင္းငယ္ေလးေတြပါ ”
ဟု ၎ထူးျခားရွားပါးတဲ့ျမင္ကြင္းဓာတ္ပုံႏွင့္အတူ ေရးသားေဖာ္ျပခဲ့ပါတယ္။
Dhritinman က မိေက်ာင္းအမ်ားစုဟာ မိေက်ာင္းေပါက္ေတြကို ၎တို႔၏ပါးစပ္ထဲသို႔သယ္ေဆာင္ေနၾကေပမဲ့
ဒီ gharial မိေက်ာင္းရဲ႕ႏွာေခါင္းကပုံမွန္ပုံသ႑ာန္မဟုတ္တာေၾကာင့္ အေကာင္ေပါက္မ်ားက ျမစ္ကိုေဘးကင္းစြာျဖတ္ကူးႏိုင္ေစရန္
ဖခင္ရဲ႕ဦးေခါင္းႏွင့္ေနာက္ေက်ာေပၚမွာ တက္ေနၾကရၿပီး ၎ဟာ အထူးဆက္သြယ္မႈႏွင့္အကာအကြယ္ကိုဖန္တီးေပးေၾကာင္း ေျပာျပခဲ့ပါတယ္။
Dhritinman ဟာ၎ရဲ႕သားစဥ္ေျမးဆက္ေတြကိုျပဳစုေစာင့္ေရွာက္ေနတဲ့မိေက်ာင္းဖခင္ႀကီးကိုတစ္ပတ္နီးပါးၾကာေစာင့္ၾကည့္ခဲ့ၿပီး
၎ရဲ႕ကေလးမ်ားအသက္ရွင္ေစရန္ ဇြဲလုံ႔လဝီရိယရွိရွိ မိေက်ာင္းဖခင္ႀကီးက တတ္ႏိုင္သမွ်လုပ္ေဆာင္ေနခဲ့ေပမဲ့လည္း
၎ရဲ႕ကေလးရာေပါင္းမ်ားစြာကိုကာကြယ္ရန္မွာလြယ္ကူတဲ့အလုပ္တစ္ခုမဟုတ္ေနခဲ့ပါဘူး။
အဆိုပါမိေက်ာင္းဖခင္ႀကီးဟာ အျခားဖခင္ေကာင္းမ်ားကဲ့သို႔ပင္ ၎ရဲ႕ကေလးမ်ားေကာင္းမြန္စြာရွိေနတာကိုအာမခံရဲတဲ့အထိ
အနားမယူဘဲ ေစာင့္ေရွာက္ေပးေနခဲ့ပုံကို Dhritinman က “တစ္စုံတစ္ေယာက္က သူတို႔ကို ခ်ဥ္းကပ္လာရင္ သူက အရမ္းအကာအကြယ္ရွိၿပီး
ရန္လိုတာေတြ႕ရတယ္၊ အဲ့ဒီမိေက်ာင္းထီးက ကေလးမ်ားႏွင့္ ၂၄ နာရီလုံးလုံး နီးကပ္စြာရွိေနခဲ့တယ္ ၊
တစ္ခါတေလ ကေလးေတြက အေဖရဲ႕ ေက်ာေပၚမွာ လွဲအိပ္ေနတတ္ၾကေသးတယ္” ဟု လည္းထပ္မံေျပာျပခဲ့ပါတယ္။
Dhritiman ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့ ဓာတ္ပုံမ်ားဟာ ကြၽႏ္ုပ္တို႔ကမာၻေျမေပၚတြင္ ၎တို႔ရဲ႕တည္ရွိမႈေသခ်ာေစဖို႔
တတ္ႏိုင္သမွ် လုပ္ေဆာင္ရန္ဆႏၵရွိသည့္ ထိန္းသိမ္းေရးသမားမ်ား ၊ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ တိရိစာၦန္ခ်စ္သူမ်ားကို အလြန္ပင္လႈံ႕ေဆာ္သြားေစခဲ့ပါတယ္။
Credit