သူများက မလိုချင်လို့ လွှင့်ပစ်ထားခဲ့သည့် ဝက်ဝံရုပ်ကြီးကို သမီးလေးအတွက် လက်ဆောင်ပေးချင်လို့ အမှိုက်ပုံမှ သွားကောက်ယူလာခဲ့သည့် ဖခင်၏သမီးအပေါ်ထားရှိသော မေတ္တာ
မိဘတိုင်းကတော့ သူတို့၏ သားသမီးလေးတွေကို လိုလေသေးမရှိဘဲ အရာရာပြည့်စုံစွာဖြင့် ထားရှိချင်ကြတာဖြစ်ပါတယ်။သို့သော်လည်း အချို့မိဘများသည် ငွေကြေးမပြေလည်ဘဲ ရုန်းကန်နေရသည့်အချိန်တွင် အရာရာဖြည့်ဆည့်ပေးရန်ထက် သားသမီးတို့ထမင်းမငတ်စေဖို့ ကြိုးစားနေကြရရှာပါတယ်။
ယခုတွင်လည်း မလေးရှားနိုင်ငံ Putrajayaတွင် မိသားစုစားဝတ်နေရေးအတွက် အလုပ်မျိုးစုံကို ပင်ပန်းစွာလုပ်ကိုင်နေရသော ဖခင်တစ်ဦးသည် သမီးလေးအတွက် ကစားစရာအရုပ်တွေဝယ်ပေးရန်အတွက် ခက်ခဲနေခဲ့ပါတယ်။
ထိုစဉ် အမှိုက်ပုံ၌ အခြားသူတစ်ယောက်က လွှင့်ပစ်ထားသော ဝက်ဝံရုပ်ကြီးကို တွေ့လိုက်ရချိန်မှာတော့ သမီးလေးအတွက် လက်ဆောင်ပေးချင်တာကြောင့် အခြားသူတွေကဲ့ရဲ့မှာကို မစိုးရိမ်ဘဲ သွားရောက်ကောက်ယူလာခဲ့ပါတယ်။
ဒါတွေကို အမိအရ မှတ်တမ်းတင်ခဲ့သူကတော့ ဒီလိုမှတ်တမ်းတင်ရတာဟာ ကာယကံရှင်ကို သိက္ခာကျစေလိုတဲ့ စိတ်မျိုးနဲ့မဟုတ်ဘဲ
“အရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သားသမီးအတွက် ဘယ်လိုပျော်ရွှင်မှုမျိုးဖန်တီးပေးရမလဲ . . .ဆိုတဲ့
ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ စိတ်ကူးကို ဖော်ပြလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်. . .
ဘယ်လိုပင် ဟောင်းနွမ်းနေပေမယ့်လဲ မဝယ်နိုင်သူအတွက်ကတော့ တန်ဖိုးရှိသလို
တခါမှ မရဖူးတဲ့ သမီးလေးအတွက်ကတော့ အတိုင်းမသိ ပျော်ရွှင်မှုမျိုးကို ရရှိစေမယ့် လက်ဆောင်တစ်ခု ဖြစ်ပါတယ်
ဒီလိုအရုပ်ကို သယ်လာတဲ့ ဖခင်တစ်ယောက်ရဲ့ ပုံကို လူမှုကွန်ယက်မှာ တင်လိုက်ချိန်မှာတော့ တင်တဲ့သူကို ဝေဖန်တဲ့သူတချို့ရှိပေမယ့်
အများစုကတော့ ခက်ခဲနေချိန်မှာတောင် သမီးလေးကို ပျော်ရွှင်စေဖို့ အမြဲစဉ်းစားနေတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်
Shoon (Cele Daily)
Zawgyi
သူမ်ားက မလိုခ်င္လို႔ လႊင့္ပစ္ထားခဲ့သည့္ ဝက္ဝံ႐ုပ္ႀကီးကို သမီးေလးအတြက္ လက္ေဆာင္ေပးခ်င္လို႔ အမႈိက္ပုံမွ သြားေကာက္ယူလာခဲ့သည့္ ဖခင္၏သမီးအေပၚထားရွိေသာ ေမတၱာ
မိဘတိုင္းကေတာ့ သူတို႔၏ သားသမီးေလးေတြကို လိုေလေသးမရွိဘဲ အရာရာျပည့္စုံစြာျဖင့္ ထားရွိခ်င္ၾကတာျဖစ္ပါတယ္။သို႔ေသာ္လည္း အခ်ိဳ႕မိဘမ်ားသည္ ေငြေၾကးမေျပလည္ဘဲ ႐ုန္းကန္ေနရသည့္အခ်ိန္တြင္ အရာရာျဖည့္ဆည့္ေပးရန္ထက္ သားသမီးတို႔ထမင္းမငတ္ေစဖို႔ ႀကိဳးစားေနၾကရရွာပါတယ္။
ယခုတြင္လည္း မေလးရွားႏိုင္ငံ Putrajayaတြင္ မိသားစုစားဝတ္ေနေရးအတြက္ အလုပ္မ်ိဳးစုံကို ပင္ပန္းစြာလုပ္ကိုင္ေနရေသာ ဖခင္တစ္ဦးသည္ သမီးေလးအတြက္ ကစားစရာအ႐ုပ္ေတြဝယ္ေပးရန္အတြက္ ခက္ခဲေနခဲ့ပါတယ္။
ထိုစဥ္ အမႈိက္ပုံ၌ အျခားသူတစ္ေယာက္က လႊင့္ပစ္ထားေသာ ဝက္ဝံ႐ုပ္ႀကီးကို ေတြ႕လိုက္ရခ်ိန္မွာေတာ့ သမီးေလးအတြက္ လက္ေဆာင္ေပးခ်င္တာေၾကာင့္ အျခားသူေတြကဲ့ရဲ႕မွာကို မစိုးရိမ္ဘဲ သြားေရာက္ေကာက္ယူလာခဲ့ပါတယ္။
ဒါေတြကို အမိအရ မွတ္တမ္းတင္ခဲ့သူကေတာ့ ဒီလိုမွတ္တမ္းတင္ရတာဟာ ကာယကံရွင္ကို သိကၡာက်ေစလိုတဲ့ စိတ္မ်ိဳးနဲ႔မဟုတ္ဘဲ
“အရမ္းခက္ခဲတဲ့ အေျခအေနမ်ိဳးမွာ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ သားသမီးအတြက္ ဘယ္လိုေပ်ာ္႐ႊင္မႈမ်ိဳးဖန္တီးေပးရမလဲ . . .ဆိုတဲ့
ဖခင္တစ္ေယာက္ရဲ႕ ေမတၱာနဲ႔ စိတ္ကူးကို ေဖာ္ျပလိုျခင္းျဖစ္တယ္လို႔ ဆိုပါတယ္. . .
ဘယ္လိုပင္ ေဟာင္းႏြမ္းေနေပမယ့္လဲ မဝယ္ႏိုင္သူအတြက္ကေတာ့ တန္ဖိုးရွိသလို
တခါမွ မရဖူးတဲ့ သမီးေလးအတြက္ကေတာ့ အတိုင္းမသိ ေပ်ာ္႐ႊင္မႈမ်ိဳးကို ရရွိေစမယ့္ လက္ေဆာင္တစ္ခု ျဖစ္ပါတယ္
ဒီလိုအ႐ုပ္ကို သယ္လာတဲ့ ဖခင္တစ္ေယာက္ရဲ႕ ပုံကို လူမႈကြန္ယက္မွာ တင္လိုက္ခ်ိန္မွာေတာ့ တင္တဲ့သူကို ေဝဖန္တဲ့သူတခ်ိဳ႕ရွိေပမယ့္
အမ်ားစုကေတာ့ ခက္ခဲေနခ်ိန္မွာေတာင္ သမီးေလးကို ေပ်ာ္႐ႊင္ေစဖို႔ အၿမဲစဥ္းစားေနတဲ့ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကို ဝိုင္းဝန္းခ်ီးက်ဴးေနၾကပါတယ္
Shoon (Cele Daily)