ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကိုဖွင့်လှစ်သင်ကြားပေးတော့မည်

ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကိုဖွင့်လှစ်သင်ကြားပေးတော့မည်

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏နောက်ဆုံးအတန်းဖြစ်သော Grade-12 ကိုဖွင့်လှစ် သင်ကြားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောပါတယ်။ ယင်းက “ လာမည့် ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏နောက်ဆုံးအတန်းဖြစ်သော

Grade-12 ကိုဖွင့်လှစ်သင်ကြားတော့မှာဖြစ်သလို ခရိုင် ၅၀ တွင်စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကိုဖွင့်လှစ်သွားမယ်” လို့ ပြောပါတယ်။လက်ရှိတွင် Grade-9 အောင်မြင်ပြီးသည့်ကျောင်းသားကျောင်းသူများအနေဖြင့်

စိုက်ပျိုးရေး၊မွေးမြူရေး၊ စက်မှုစသည်ဖြင့် မိမိတို့ဝါသနာပါရာကိုအထူးပြုတက်ရောက်သင်ကြားနိုင်မယ်လို့လည်းပြောပါတယ်။ယင်းအပြင်နိုင်ငံသားတိုင်းအနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း

ပညာရေးဝန်ကြီးဌာန မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအသုတ်) ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပညာရေးကဏ္ဍအကောင်အထည်ဖော်ရာတွင် အရည်အချင်းပြည့်ဝသည့်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည်အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်ပြီးစီမံခန့်ခွဲမှုသည်လည်းအလွန်အရေးကြီးသည်ဟုပြောသည်။

“လုပ်ငန်းတိုင်းမှာစနစ်ကျတဲ့စီမံခန့်ခွဲမှုကောင်းမွန်မှသာပညာရေးလုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ် ဒါ့ကြောင့်ပညာရေးမှာတာဝန်ယူရတဲ့ဆရာကြီး၊ဆရာမကြီးတွေအနေနဲ့ပညာရေးဥပဒေနဲ့မူဝါဒတွေကိုသိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးကူညီပေးကြရပါမယ်”ဟု

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကပြောသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ဒု-ဝန်ကြီးဦးဇော်ဝင်း၊အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှတာဝန်ရှိသူများ၊မြို့နယ်ပညာရေးမှူး(၁၂၈)ဦးနှင့်လက်ထောက်ညွှန်ကြားရေးမှူး(၂၇)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Zawgyi

ပညာေရးစနစ္၏ ေနာက္ဆုံးအတန္းျဖစ္ေသာ Grade-12 ကိုဖြင့္လွစ္သင္ၾကားေပးေတာ့မည္

လာမည့္ပညာသင္ႏွစ္တြင္ KG+12 ပညာေရးစနစ္၏ေနာက္ဆုံးအတန္းျဖစ္ေသာ Grade-12 ကိုဖြင့္လွစ္ သင္ၾကားမယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖကေျပာပါတယ္။ ယင္းက “ လာမည့္ ပညာသင္ႏွစ္တြင္ KG+12 ပညာေရးစနစ္၏ေနာက္ဆုံးအတန္းျဖစ္ေသာ

Grade-12 ကိုဖြင့္လွစ္သင္ၾကားေတာ့မွာျဖစ္သလို ခ႐ိုင္ ၅၀ တြင္စက္မႈ-စိုက္ပ်ိဳး-ေမြးျမဴေရးအထက္တန္းေက်ာင္း ၅၀ ကိုဖြင့္လွစ္သြားမယ္” လို႔ ေျပာပါတယ္။လက္ရွိတြင္ Grade-9 ေအာင္ျမင္ၿပီးသည့္ေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္

စိုက္ပ်ိဳးေရး၊ေမြးျမဴေရး၊ စက္မႈစသည္ျဖင့္ မိမိတို႔ဝါသနာပါရာကိုအထူးျပဳတက္ေရာက္သင္ၾကားႏိုင္မယ္လို႔လည္းေျပာပါတယ္။ယင္းအျပင္ႏိုင္ငံသားတိုင္းအနည္းဆုံး KG+9 ၿပီးဆုံးသည္အထိ အခမဲ့ပညာသင္ယူႏိုင္ေရးမူဝါဒကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတယ္လို႔လည္း

ပညာေရးဝန္ႀကီးဌာန ၿမိဳ႕နယ္ပညာေရးမႉးမ်ား၊ လက္ေထာက္ၫႊန္ၾကားေရးမႉးမ်ား စီမံခန႔္ခြဲမႈစြမ္းေဆာင္ရည္ ျမင့္မားေရးအလုပ္႐ုံေဆြးေႏြးပြဲ (ဒုတိယအသုတ္) ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ပညာေရးက႑အေကာင္အထည္ေဖာ္ရာတြင္ အရည္အခ်င္းျပည့္ဝသည့္လူ႔စြမ္းအားအရင္းအျမစ္မ်ား ျပဳစုပ်ိဳးေထာင္ေပးျခင္းသည္အေရးႀကီးသည့္လုပ္ငန္းစဥ္ျဖစ္ၿပီးစီမံခန႔္ခြဲမႈသည္လည္းအလြန္အေရးႀကီးသည္ဟုေျပာသည္။

“လုပ္ငန္းတိုင္းမွာစနစ္က်တဲ့စီမံခန႔္ခြဲမႈေကာင္းမြန္မွသာပညာေရးလုပ္ငန္းေတြေအာင္ျမင္မွာျဖစ္ပါတယ္ ဒါ့ေၾကာင့္ပညာေရးမွာတာဝန္ယူရတဲ့ဆရာႀကီး၊ဆရာမႀကီးေတြအေနနဲ႔ပညာေရးဥပေဒနဲ႔မူဝါဒေတြကိုသိၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ဖို႔ ပံ့ပိုးကူညီေပးၾကရပါမယ္”ဟု

ျပည္ေထာင္စုဝန္ႀကီးေဒါက္တာၫႊန္႔ေဖကေျပာသည္။အလုပ္႐ုံေဆြးေႏြးပြဲသို႔ ဒု-ဝန္ႀကီးဦးေဇာ္ဝင္း၊အၿမဲ တမ္းအတြင္းဝန္ ေဒါက္တာစိုးဝင္း၊ ဦးစီးဌာနမ်ားမွတာဝန္ရွိသူမ်ား၊ၿမိဳ႕နယ္ပညာေရးမႉး(၁၂၈)ဦးႏွင့္လက္ေထာက္ၫႊန္ၾကားေရးမႉး(၂၇)ဦးတို႔ တက္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

Leave a Comment