မဟာဗောဓိမြိုင်ဆရာတော်် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း
ဆရာတော် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း…
အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြား ရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။
ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။
မိဘနဲ့ သားသမီး ဆရာ နဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။
“ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေ လည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။
သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မ ဆက်ဆံချင်ဖြစ်ပြီ သားတို့ သမီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။
လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများ ကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။
လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ “အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။
ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။
ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။
သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။ သူတို့ကူမှ စီးပွားတက်တာ သူတို့ ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။
သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေ ရဲ့။ သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ အိမ်ထောင်ရေး အခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။
အဲ့ သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။ သားတို့ သမီးတို့ အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးကွဲ့။ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင် စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။
အချို့အိမ် ဆန်အိုး ဆန်မလျှော့ ဆီအိုး ဆီမဘောလျှာ့ ဖြစ် တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။ တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။
အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရေ စတတ်တယ်။ နတ်မတယ် ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။
အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများ တတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။ အိပ်ခန်းထဲက စုတ်ထိုး လျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။
အိမ်မြှောင်ဆိုတာ စျာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူ့(နတ်)လာတာ မြင်ရ သိရသတဲ့။ ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ် တို့ရဲ့ဆက်သွယ်ရေး အချက်ပြသင်္ကေတသဖွယ်လည်း ရှိပါတယ်။
လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ ဘက်ကကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်
Zawgyi
မဟာေဗာဓိၿမိဳင္ဆရာေတာ္္ ဘုရားႀကီးေျပာျပတဲ့ အိမ္ေျမႇာင္ စုတ္ထိုး ရတဲ့ အေၾကာင္းအရင္း
ဆရာေတာ္ ဘုရားႀကီးေျပာျပတဲ့ အိမ္ေျမႇာင္ စုတ္ထိုး ရတဲ့ အေၾကာင္းအရင္း…
အိမ္ရွိလွ်င္ အိမ္ေျမႇာင္ဆိုတာ ရွိတတ္စၿမဲ။ သူ႔ စုတ္ထိုးသံ ၾကား ရတတ္စၿမဲ။ အိမ္ေျမႇာင္စုတ္ထိုးသံကိုလည္း လူေတြ အတိတ္ေကာက္ၾကေလ့ ရွိတတ္ၾကရဲ႕။
ဘာေၾကာင့္ အိမ္ေျမႇာင္စုတ္ထိုးပါသလဲ။ အိမ္ေျမႇာင္ စုတ္ထိုးျခင္းဟာ နတ္ေတြနဲ႔ ပတ္သက္ေနတတ္ေၾကာင္းဆရာေတာ္ဘုရားႀကီးက ဒီလိုရွင္းျပထားပါတယ္။
မိဘနဲ႔ သားသမီး ဆရာ နဲ႔ တပည့္ လင္နဲ႔မယား ဆက္ဆံေရးမွာ လိုက္ေလ်ာမႈ မရွိခဲ့လွ်င္ တက်က္က်က္ျဖစ္ၿပီး က်က္သေရမဂၤလာလည္း ပ်က္တတ္တယ္ ဆိုပါတယ္။
“ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ေတြ နားမခံသာ။ ကံထိန္းနတ္ ဥစၥာေစာင့္နတ္ေတြ လည္း နားမခံသာ။ နတ္တို႔ နားမခံသာလို႔ေရွာင္သြားမည္။
သို႔မဟုတ္ လက္ပိုက္ၾကည့္ေနမည္ ဆိုပါက အဲဒီအိမ္ စီးပြားမတတ္ ေနသမွ် လူစိတ္မေအးရ လာသမွ် ဧည့္မ ဆက္ဆံခ်င္ျဖစ္ၿပီ သားတို႔ သမီးတို႔ လူေတြအေပၚ လူအုပ္ခ်ဳပ္ေရး ရွိသလို နတ္ေတြအေပၚ နတ္အုပ္ခ်ဳပ္ေရးလည္း ရွိေသး။
လူလူခ်င္း အုပ္ခ်ဳပ္တဲ့ လူမင္းကိုေတာ့ ေလာကနတ္ ေခၚရတယ္။ လူ အုပ္ခ်ဳပ္တဲ့ နတ္မင္းမ်ား ကိုေတာ့ သမၼဳတိနတ္ ေခၚရတယ္။
ေလာကသုံးပါး ေရွ႕ေဆာင္ လမ္းျပေတာ္မူတဲ့ ဘုရားရွင္ကိုေတာ့ “ဝိသုဒၶိနတ္” ေခၚရတယ္။ အဲဒီ သမၼဳတိနတ္မ်ိဳးထဲမွာ “ကိုယ္ေစာင့္နတ္” က ရပ္ကြက္အုပ္ခ်ဳပ္ေရးမင္းနဲ႔ တူတယ္။ “အိမ္ေစာင့္နတ္” က အိမ္ေထာင္ဦးစီး မိဘမ်ားနဲ႔ တူတယ္။
ကံထိန္း (မိမိ ဘဝရဲ႕ ေကာင္းကံ ဆိုးကံ မိမိေစတနာ ဖန္းတီးထားတိုင္းကို တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က အလုပ္ရွင္နဲ႔ တူတယ္။
ဥစၥာေစာင့္ (မိမိရဲ႕ လက္ရွိပစၥည္း အတိတ္က ျမႇဳပ္ႏွံပစၥည္းမ်ားကို ေစာင့္ေရွာက္ၿပီး ေပးသင့္ခ်ိန္ သိမ္းသင့္ခ်ိန္ တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က ထိုအလုပ္ရွင္ရဲ႕ ဇနီးနဲ႔ တူတယ္။
သားတို႔ သမီးတို႔က လုပ္သားေတြနဲ႔ တူတယ္။ သူတို႔ကူမွ စီးပြားတက္တာ သူတို႔ ကူလွ်င္ စီးပြားက်ေစဦးေတာ့ ေခြးက် မက်တတ္။
သူတို႔ကို ယုံလည္း ယုံမယ္ ႐ိုေသလည္း ႐ိုေသမယ္ ဆိုလွ်င္ သူတို႔ေပ်ာ္ေလ ရဲ႕။ သူတို႔ ေပ်ာ္လို႔ သားတို႔အေပၚေစတနာ သက္ေရာက္လာလွ်င္ စီးပြားေရး အဆင္ေျပ အိမ္ေထာင္ေရး အေျခလွ လူမႈေရးေတြမွာ မ်က္ႏွာပန္းလွေရာ။
အဲ့ သူတို႔ေႏွာက္ယွက္လွ်င္ေတာ့ အရွက္တကြဲ အက်ိဳးနည္းပဲ။ သားတို႔ သမီးတို႔ အိမ္တစ္အိမ္မွာ ညေန ေနဝင္ခါနီးကြဲ႕။ မီးဖိုေခ်ာင္ စီးပြားသိုေလွာင္ရာ အရပ္တို႔က အိမ္ေျမႇာင္ စုတ္ထိုးသံၾကားလွ်င္ အဲ့ဒါ သူတို႔က သားတို႔အတြက္ စားသုံးဖို႔ ပစၥည္းလာထားတာတဲ့။
အခ်ိဳ႕အိမ္ ဆန္အိုး ဆန္မေလွ်ာ့ ဆီအိုး ဆီမေဘာလွ်ာ့ ျဖစ္ တတ္တယ္။ နေမာ္နမဲ့မို႔ မသိၾကတာ။ တစ္ခါတစ္ရံသူ ထားသလို ကိုယ္ထားသလိုလိုနဲ႔ ေငြမ်ားလည္း ရတတ္တယ္။
အမွတ္မထင္ ေ႐ႊစ ေက်ာက္မ်က္စေလးမ်ားလည္း ေကာက္ေရ စတတ္တယ္။ နတ္မတယ္ ဆိုတာ နားကင္းႀကီးနဲ႔ ေရာ့ အင့္ မ်ိဳး မဟုတ္ဘူး။
အိမ္ေရွ႕ခန္းက စုတ္ထိုးလွ်င္ မင္းမႈစိုးမႈမ်ားနဲ႔ စကားမ်ား တတ္သတဲ့။ အိမ္လယ္ခန္းက စုတ္ထိုးလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတတ္သတဲ့။ အိပ္ခန္းထဲက စုတ္ထိုး လွ်င္ေတာ့ လင္မယားခ်င္းရန္ျဖစ္ၾကကေရာ။
အိမ္ေျမႇာင္ဆိုတာ စ်ာန္ကြက္ (ကသိုဏ္းကြက္) ဝင္ေနတဲ့ မ်က္လုံးရွင္ဆိုေတာ့ သူ႔(နတ္)လာတာ ျမင္ရ သိရသတဲ့။ ဒါေၾကာင့္အိမ္ေျမႇာင္စုတ္ထိုးသံ ဆိုတာ လူႏွင့္ နတ္ တို႔ရဲ႕ဆက္သြယ္ေရး အခ်က္ျပသေကၤတသဖြယ္လည္း ရွိပါတယ္။
လူခ်မ္းသာ နတ္ခ်မ္းသာ ဆိုတာလည္း အျပန္အလွန္ ဆက္သြယ္ေနတာမို႔ လူတို႔ ဘက္ကေကာင္းေအာင္ေနျပဖို႔ အေရးႀကီးတယ္လို႔ ဆိုသင့္လွပါတယ္။
မဟာေဗာဓိၿမိဳင္ဆရာေတာ္