တချိန်က မြန်မာပြည်မှာ နာမည်ကြီးသွားတဲ့ လူစကားပြောတတ်တဲ့ ကြောင်လေးအကြောင်း….
မြန်မာပြည်က နာမည်ကြီးသွားတဲ့ လူစကားပြောတတ်တဲ့ ကြောင်လေးအကြောင်း
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်ခန့်က မြန်မာတပြည်လုံး နာမည်ကြီးခဲ့တဲ့ လူစကားပြောတတ်တဲ့ ကြောင်လေတကောင် ရှိခဲ့ပါတယ်။မြန်မာပြည်မှာ ကြောင်ကလူစကားပြောတတ်တယ်ဆိုပြီး ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာ တော်တော်ခေတ်စားခဲ့ဖူးတယ်။
ရုပ်သံလိုင်းကတောင် သွားတွေ့ပြီး တီဗီက လွှင့်ခဲ့ဘူးတယ်လို့ ကြားဖူးပါတယ် မှီလိုက်တွေ့လိုက်သူများ ပြောပြပေးကြပါဦးနော်။‌လူတော်တော်များများ ကြည့်ဖူးကြပါတယ်။ သားနာမည် ဘယ်သူလဲမေးတာ ရန်အောင် ရန်အောင်လို့ပြောတယ်။
သူ့သခင်ကိုလည်း အမေအိမ်ပြန်မယ် အိမ်ပြန်မယ်နဲ့ လူတွေဝိုင်းကြည့်လို့လေ။ သားမိန်းမက ဘယ်သူလည်းမေးတာ မေသန်းနုတဲ့ သိပ်တော့မပီဘူး ကိုယ်ကကြောင်းချစ်တတ်တဲ့သူမို့ မှတ်မိနေတာ။
မန္တလေး ရွှေကြက်ယက်မှာပါ။ ငယ်ငယ်က စကားပြောတဲ့ကြောင်ဆိုလို့ သွားကြည့်တာ။ ဘေးနားက supporting တွေ အရမ်းကောင်းပါတယ်။ ဒါကြောင့် နာမည်ကြီးတာပါ။ ကက်ဆက်ခွေတောင် ရောင်းလိုက်သေးတယ်။ လူဆိုတာ အထူးအဆန်းကို ကြိုက်တဲ့စိတ်က အလိုလိုရှိပါတယ်။
ဒါကြောင့် အတင်းယုံကြတာ။ ငယ်ငယ်ကတည်းက မယုံဘူး။ အခုပြန်စဉ်းစားကြည့်တော့ လည်ပင်းမှာ ပြဿနာ တစ်ခုခုရှိတဲ့ ကြောင်ဖြစ်ပါလိမ့်မယ်။ တချို့ကြောင်တွေလည်း တခါတခါ ဖြစ်တတ်ကြပါတယ်။
MWD က စောကလျာဦးက သွားမေးလို့ ရေဒီယိုကနေ နားထောင်လိုက်ရတာပါ။ ကြောင်ဆိုတော့ ကြောင်သံလေးနဲ့ ပြန်ဖြေတာပါ။ သူဖြေတာကို လူတွေနားလည်တယ်။ စိတ်ညစ်လို့ စောစောစီးစီး ဆုံးသွားတာ နောက် feed back တွေက ကြောင်ပြ ပိုက်ဆံရှာတယ်ဆိုလား မြတ်ကြေးမုံမှာ ဟိုးဟိုးကျော်။
နောက်တကောင်ကတော့ တာမွေကကြောင်လေးပါ။ သူက တီဗီကြည့်တာကြိုက်တယ်။ သူအော်တဲ့အသံ မီညောင်ဆိုတဲ့ အသံက ရန်အောင်လို့ ဆင်တူယိုးမှားထွက်လို့ လူစကားပြောတယ်ဆိုပြီးနာမည်ကြီးတာပါ။
တကယ်မပြောတတ်ပါဘူးဗျ။ ဂျင်းပါ။ ငယ်ငယ်က ကိုယ်တွေ့ပါ။ အဲ့အိမ်ရှေ့ကဖြတ်တိုင်း အဲ့ကြောင်ကိုဝင်ကြည့်နေကြ။သူ့နာမည်ကို ရန်အောင်လို့ဖြေတယ် ပိုက်ဆံပေါ်က ဗိုလ်ချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းလို့ ဖြေတယ်။
လေးဆယ့်ငါးကျပ် လို့လဲပြောတယ် ကိုးဆယ်လို့လဲပြောတယ်။ သူ့မိန်းမကို မေသန်းနု လို့ဖြေတယ် အဲ့အသံကို ကြောင်အသံနဲ့ ပြောတာပါ။Credit
Zawgyi
Leave a Comment