ဘောင်ချာမှာ ဈေးကတစ်မျိုး၊ တကယ်ရှင်းခိုင်းတော့ ဈေးတစ်မျိုးနဲ့ နာမည်ကြီး ရွှေဆိုင်တွေရဲ့ ဝယ်သူတွေအပေါ် နားလည်ပါးရိုက်လုပ်ကွက်တွေ…
ဒီနေ့မန္တလေးမြို့ရဲ့နာမည်အကြီးဆုံး ရွှေဆိုင်မှာရွှေသွားဝယ်ပါတယ်။ဈေးကျတယ် ၂၅သိန်းအောက်ဆိုလို့ အပြေးအလွှားသွားခဲ့တာ။ဟိုရောက်တော့ဝန်ထမ်းကောင်မလေးကို ရွှေအတုံးလေး၁ကျပ်သားတတုံး တမတ်သားတတုံးပေးပါဆိုတော့…
ကောင်မလေးကအမရေခဏလေးနော် အမကိုဈေးလေးပြန်တွက်ပြပီးရှင်းပြအုံးမယ်တဲ့…ညီမလေးတို့ပိုစ့်တင်ထားတာ၂၄သိန်း၇သောင်းကအခုတက်သွားလို့လားဟင်ဆိုတော့…မတက်ဘူးအမတဲ့ ဒါဆိုရှင်းမပြတော့နဲ့ယူမယ် အမအချိန်မရလို့ဆိုတော့…
ဘောင်ချာဖွင့်တဲ့ဈေးနဲ့ ရောင်းဈေးနဲ့ကမတူလို့တဲ့.. ဟဲ့….ဘယ်လိုမတူတာလဲဆိုတော့ ဘောင်ချာမှာ ၂၄ သိန်း၇သောင်းဖွင့်ပေးမှာတဲ့…အမက ၂၅သိန်း၉သောင်းရှင်းပေးရမှာတဲ့…အမလေးဘယ်လိုတွေတောင်လူ လည်လုပ်သလဲဆိုတာလေ….
ရွှေဆိုင်တွေအရမ်းနစ်နာနေအုံးမယ်နော်။ကျမတို့ကရွှေဈေးကျလည်းခံတက်လည်းခံ အမြဲရှုံး။ရှင်တို့ကတော့ မြတ်ပီးရင်းမြတ်အရှုံးကို မရှိဘူးပေါ့လေလို့ပြောခဲ့လိုက်တယ်။သူတို့က၂၆သိန်းကျော်နေရင်တော့ ဘောင်ချာအမှန်ဖွင့်ရောင်းတယ်။
၂၅သိန်းအောက်များကျသွားရင် ဘောင်ချာအမှန်မဖွင့်တော့ဘူး။ပြောသေးတယ် ဟိုနေ့ကရွှေအသင်းက၂၅ သိန်းဈေးထက်ပိုရင်စာထုတ်ထားလို့ပါတဲ့..ရယ်ရတယ်သူတို့အသာတွေချည်းပဲ ငါတို့ပြည်သူတွေကတော့အခံဘက်ကချည်းပဲ..ခံနိုင်သမျှတော့ခံအုံးပေါ့ဟယ်…
Credit
Zawgyi
ေဘာင္ခ်ာမွာ ေဈးကတစ္မ်ိဳး၊ တကယ္ရွင္းခိုင္းေတာ့ ေဈးတစ္မ်ိဳးနဲ႕ နာမည္ႀကီး ေ႐ႊဆိုင္ေတြရဲ႕ ဝယ္သူေတြအေပၚ နားလည္ပါးရိုက္လုပ္ကြက္ေတြ…
ဒီေန႕မႏၲေလးၿမိဳ႕ရဲ႕နာမည္အႀကီးဆုံး ေ႐ႊဆိုင္မွာေ႐ႊသြားဝယ္ပါတယ္။ေဈးက်တယ္ ၂၅သိန္းေအာက္ဆိုလို႔ အေျပးအလႊားသြားခဲ့တာ။ဟိုေရာက္ေတာ့ဝန္ထမ္းေကာင္မေလးကို ေ႐ႊအတုံးေလး၁က်ပ္သားတတုံး တမတ္သားတတုံးေပးပါဆိုေတာ့…
ေကာင္မေလးကအမေရခဏေလးေနာ္ အမကိုေဈးေလးျပန္တြက္ျပပီးရွင္းျပအုံးမယ္တဲ့…ညီမေလးတို႔ပိုစ့္တင္ထားတာ၂၄သိန္း၇ေသာင္းကအခုတက္သြားလို႔လားဟင္ဆိုေတာ့…မတက္ဘူးအမတဲ့ ဒါဆိုရွင္းမျပေတာ့နဲ႕ယူမယ္ အမအခ်ိန္မရလို႔ဆိုေတာ့…
ေဘာင္ခ်ာဖြင့္တဲ့ေဈးနဲ႕ ေရာင္းေဈးနဲ႕ကမတူလို႔တဲ့.. ဟဲ့….ဘယ္လိုမတူတာလဲဆိုေတာ့ ေဘာင္ခ်ာမွာ ၂၄ သိန္း၇ေသာင္းဖြင့္ေပးမွာတဲ့…အမက ၂၅သိန္း၉ေသာင္းရွင္းေပးရမွာတဲ့…အမေလးဘယ္လိုေတြေတာင္လူ လည္လုပ္သလဲဆိုတာေလ….
ေ႐ႊဆိုင္ေတြအရမ္းနစ္နာေနအုံးမယ္ေနာ္။က်မတို႔ကေ႐ႊေဈးက်လည္းခံတက္လည္းခံ အၿမဲရႈံး။ရွင္တို႔ကေတာ့ ျမတ္ပီးရင္းျမတ္အရႈံးကို မရွိဘူးေပါ့ေလလို႔ေျပာခဲ့လိုက္တယ္။သူတို႔က၂၆သိန္းေက်ာ္ေနရင္ေတာ့ ေဘာင္ခ်ာအမွန္ဖြင့္ေရာင္းတယ္။
၂၅သိန္းေအာက္မ်ားက်သြားရင္ ေဘာင္ခ်ာအမွန္မဖြင့္ေတာ့ဘူး။ေျပာေသးတယ္ ဟိုေန႕ကေ႐ႊအသင္းက၂၅ သိန္းေဈးထက္ပိုရင္စာထုတ္ထားလို႔ပါတဲ့..ရယ္ရတယ္သူတို႔အသာေတြခ်ည္းပဲ ငါတို႔ျပည္သူေတြကေတာ့အခံဘက္ကခ်ည္းပဲ..ခံနိုင္သမွ်ေတာ့ခံအုံးေပါ့ဟယ္…
Credit