လူသားများ ဖူးမျှော်ခွင့် မရတဲ့ စေတီထူး (၃)ဆူ

လူသားများ မဖူးရတဲ့ စေတီထူး ၃ဆူ

ဆိုတာရှိပါတယ် …

(၁) စူဠာမဏိ စေတီတော်၊

(၂) ဒုဿ စေတီတော်၊

(၃) မဟေသရ စေတီတော် တို့ဖြစ်ကြတယ်။

(၁) စူဠာမဏိ စေတီတော်ဆိုတာ တာဝတိံသာ နတ်ပြည်မှာ သိကြားမင်း တည်ထားတဲ့ စေတီ ဖြစ်တယ်။

သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်း ကို စီးပြီး မောင်ဇန် နှင့် အတူ တောထွက်ကြရာမှာ (အနော်မာ)မြစ် ကိုရောက်သောအခါ ကဏ္ဍကမြင်းနှင့် မောင်ဇန် ကို ပြန်လွှတ်၍ အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော်

” ငါသည် အကယ်စင်စစ် ဘုရား ဖြစ်မည်ဆိုပါက ဤ ဆံတော်သည် ကောင်းကင်၌ တည်စေသတည်း၊ အကယ်၍ ဘုရားမဖြစ်ပါက မြေ၌ကျစေသတည်း ” ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့် တကွသော ဆံထုံးတော်သည် အထက်သို့ တစ်ယူဇနာတိုင်တိုင် တက်၍ ကောင်းကင်၌ တည်၏။

ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာ ပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ပြည် ၌ စူဠာမဏိ စေတီတော် ကို တည်ထား ကိုးကွယ်လေ၏။

(၂) ဒုဿ စေတီတော်ကတော့

သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကို ပယ်ပြီးနောက် ယခု ငါဝတ်ထားတဲ့အဝတ်တွေဟာ ရဟန်းများနှင့် မလျောက်ပတ်ဘူး သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿဖဘုရားရှင်လက်ထက်တော်က မိတ်ဆွေ ဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူသတဲ့။

အလောင်းတော်က ထို ပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို မြှောက်ပစ်လိုက်တယ် ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းက ဆောင်ယူပြီး ၊ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှာ စေတီတည်ထားတယ် ဒီစေတီဟာ ၁၂ – ယူဇနာ မြင့်တယ်လို့ ဗုဒ္ဓဝံသ အဋ္ဌကထာ ၃၃၃ – မှာ ဆိုပါတယ်။

(၃) မဟေသရစေတီတော် ကတော့

ဟိမဝန္တာတောင်အတွင်းမှာ မန္ဒာဂီရိ အမည်ရှိတဲ့ တောင်မှာ မဟေသရ အမည်ရှိတဲ့ တန်ခိုးကြီးသော နတ်တစ်ပါး ရှိတယ်။ အခါတစ်ပါး ဘုရားရှင်သည် ဟိမဝန္တာအရပ် နံ့သာတောကြွပြီး နေ့သန့်သတဲ့၊ ဒီအခါ မဟေသရ နတ်မင်းက လာရောက်ပြီး ဘုရားရှင်နှင့် ယှဉ်ပြိုင် ကစားလိုပါတယ်လို့လျှောက်သတဲ့။

ဒီအခါ ဘုရားရှင်က ဒီနတ်ဘီလူးဟာ တန်ခိုးကြီးသူဖြစ်တယ် သာသနာတော်ကို ကြည်ညိုလာလျှင် များစွာ အကျိုးရှိလိမ့်မယ်။

ဒါကြောင့် သူ့အလိုကို လိုက်ဦးမှလို့ ” အချင်းနတ်မင်း ငါနှင့် ဘယ်လို ကစားချင်သလဲလို့ ” မေးသတဲ့။

မဟေသရနတ်က ရွာသူသားငယ်များကဲ့သို့ တူတူပုန်းတမ်း ကစားချင်ပါတယ်လို့ လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့် သင်က ဦးစွာပုန်းပါ၊ ငါက ဖော်ပါ့မယ်လို့ ပြောသတဲ့၊ ဒီလိုဆိုလျှင် မျက်စိကို ပိတ်ထားပါ ကျွန်ုပ် ပုန်းကွယ်ပါမည်လျှောက်ထားပြီး မဟေသရ နတ်မင်းဟာ သူကိုယ်ကို ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ အသံပြုလိုက်သတဲ့။

ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှာများကို ယက်ချကာ အချင်း မဟေသရ ထလော့လို့ ဆိုသတဲ့။

ဒီအခါ မဟေသရက အမှန်မှာ ရှင်ကြီးဂေါတမဟာ ငါ့ကို မမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့၊ ဒီအခါဘုရားရှင်က အချင်း မဟေသရ ဒီလို မကြံနှင့်၊ ငါဟာ သင်ရဲ့ ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက အူခွေများထိအောင်မြင်တယ်လို့ မိန့်တော်မူမှ ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ အမှန်တကယ် တန်ခိုးကြီးပါတယ်၊

သို့သော် အရှင် ပုန်းပါဦး၊ အရှင့်ကို ကျွန်ုပ် ရှာပါဦးမယ်လို့ ပြောသတဲ့၊ မြတ်စွာဘုရားက ငါ ပုန်းရမည်ဆိုသော် သင်၏ မျက်လုံးများကို လက်နှင့် ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို ပရမာဏု မြူမျှလောက် ဖန်ဆင်းပြီး နတ်မင်းရဲ့ မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူပြီး ကောင်းကင်က အသံပေးလိုက်တယ်။

မဟေသရနတ်လည်း မျက်နှာကိုဖွင့်၊ ထက်ဝန်းကျင် ကြည့်သော်လည်း ဘုရားရှင်ကို မမြင်ဘူးတဲ့၊ ဒါကြောင့် ရေမြေတောတောင် သမုဒ္ဒရာ မကျန်အောင် ဘယ်လို ရှာဖွေလို့မျှ မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရသတဲ့၊ အဲဒီအခါမှ ဘုရားရှင်က မဟေသရ နတ်မင်းရဲ့ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသတဲ့။

ဘုရားရှင်ရဲ့ တန်ခိုးတော်များ မြင်ရမှ မဟေသရနတ်မင်းဟာ ဘုရားရှင်အား ကြည်ညိုကာ ဘုရားရှင်ထံ သရဏဂုံယူကာ ဥပသကာအဖြစ် ခံယူပြီးနောက်၊ မြတ်စွာဘုရားရှင်ဟာ လူသားဖြစ်သော်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ပေဘူး ဒါကြောင့် မန္ဒာဂိရီတောင်မှာ အမြဲ သီတင်းသုံးပါ နတ်ဆွမ်း/ကွမ်းများကို အမြဲဆက်ကပ်ပါမယ်လို့ လျှောက်ထားသတဲ့။

ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဍာန်တော်ကို ကိုးကွယ်ခွင့် ပေးတော်မူပါလို့ လျှောက်ထားသတဲ့၊ ဘုရားရှင်က အခွင့်ပေးတဲ့အခါ မန္ဒာဂီရိတောင်မှာ ရတနာခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းတော်ကြီးကို ဆောက်တယ်။

ထိုကျောင်းတော်ကြီးအတွင်းမှာ ဂန္ဓကုဋီတိုက်ကို ဖန်းဆင်းတယ် ဂန္ဓကုဋီတိုက်အတွင်းမှာ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက်မင်းတစ်ကောင်ကို အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင် ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။ ဒါက မဟေသရ စေတီတော်ပါ။

စေတီဆိုတာ ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီ ရယ်လို့ ၄ ဆူ ရှိတယ်။

စေတီလို့ ဆိုလိုက်လျှင် ရွှေတိဂုံစေတီလို စေတီကိုပဲ မြင်တတ်တယ်၊ အမှန်ကတော့ မဟာမြတ်မုနိလို ရုပ်ပွားတော်ဟာလည်း စေတီပါပဲ။ အခု စေတီသုံးမျိုးမှာ မဟေသရ စေတီဟာ ရုပ်ပွားတော် စေတီဖြစ်ပါတယ်။

Credit
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Zawgyi

လူသားမ်ား မဖူးရတဲ့ ေစတီထူး ၃ဆူ

ဆိုတာရွိပါတယ္ …

(၁) စူဠာမဏိ ေစတီေတာ္၊

(၂) ဒုႆ ေစတီေတာ္၊

(၃) မေဟသရ ေစတီေတာ္ တို႔ျဖစ္ၾကတယ္။

(၁) စူဠာမဏိ ေစတီေတာ္ဆိုတာ တာဝတႎသာ နတ္ျပည္မွာ သိၾကားမင္း တည္ထားတဲ့ ေစတီ ျဖစ္တယ္။

သိဒၶတၳမင္းသားဟာ က႑ကျမင္း ကို စီးၿပီး ေမာင္ဇန္ ႏွင့္ အတူ ေတာထြက္ၾကရာမွာ (အေနာ္မာ)ျမစ္ ကိုေရာက္ေသာအခါ က႑ကျမင္းႏွင့္ ေမာင္ဇန္ ကို ျပန္လႊတ္၍ အေလာင္းေတာ္သည္ ဆံေတာ္ကိုျဖတ္ၿပီးေသာ္

” ငါသည္ အကယ္စင္စစ္ ဘုရား ျဖစ္မည္ဆိုပါက ဤ ဆံေတာ္သည္ ေကာင္းကင္၌ တည္ေစသတည္း၊ အကယ္၍ ဘုရားမျဖစ္ပါက ေျမ၌က်ေစသတည္း ” ဟု အဓိ႒ာန္ျပဳ၍ ေကာင္းကင္သို႔ ေျမႇာက္ပစ္လိုက္ရာ မကိုဋ္ႏွင့္ တကြေသာ ဆံထုံးေတာ္သည္ အထက္သို႔ တစ္ယူဇနာတိုင္တိုင္ တက္၍ ေကာင္းကင္၌ တည္၏။

ထိုအခါ သိၾကားမင္းသည္ ဆံေတာ္ကိုျမင္၍ ရတနာ ပန္းေတာင္းျဖင့္ ခံယူၿပီးလွ်င္ မိမိေနရာ တာဝတႎသာ နတ္ျပည္ ၌ စူဠာမဏိ ေစတီေတာ္ ကို တည္ထား ကိုးကြယ္ေလ၏။

(၂) ဒုႆ ေစတီေတာ္ကေတာ့

သိဒၶတၳမင္းသား ဘုရားအေလာင္းေတာ္ဟာ ဆံေတာ္ကို ပယ္ၿပီးေနာက္ ယခု ငါဝတ္ထားတဲ့အဝတ္ေတြဟာ ရဟန္းမ်ားႏွင့္ မေလ်ာက္ပတ္ဘူး သူတို႔ကိုလည္း ပယ္စြန္႔မွ ေတာ္မယ္လို႔ ႀကံစည္ေတာ္မူသတဲ့၊ အဲဒီအခါ ကႆဖဘုရားရွင္လက္ထက္ေတာ္က မိတ္ေဆြ ျဖစ္ခဲ့ဖူးတဲ့ ဃဋိကာရျဗဟၼာႀကီးဟာ ကမာၻဦးက နိမိတ္အျဖစ္ ေပၚထြန္းလာတဲ့ ၾကာ႐ုံအတြင္း ၾကာတစ္ပြင့္မွ ပရိကၡရာရွစ္ပါးကို ထိန္းသိမ္းထားရာက အေလာင္းေတာ္ထံ လာေရာက္ ကပ္လႉသတဲ့။

အေလာင္းေတာ္က ထို ပရိကၡရာကို ဆင္ျမန္းၿပီး ဝတ္လဲေတာ္ကို ေျမႇာက္ပစ္လိုက္တယ္ ဒီဝတ္လဲေတာ္ကို ျဗဟၼာမင္းက ေဆာင္ယူၿပီး ၊ သုဒၶါဝါသ ျဗဟၼာဘုံမွာ ေစတီတည္ထားတယ္ ဒီေစတီဟာ ၁၂ – ယူဇနာ ျမင့္တယ္လို႔ ဗုဒၶဝံသ အ႒ကထာ ၃၃၃ – မွာ ဆိုပါတယ္။

(၃) မေဟသရေစတီေတာ္ ကေတာ့

ဟိမဝႏၲာေတာင္အတြင္းမွာ မႏၵာဂီရိ အမည္ရွိတဲ့ ေတာင္မွာ မေဟသရ အမည္ရွိတဲ့ တန္ခိုးႀကီးေသာ နတ္တစ္ပါး ရွိတယ္။ အခါတစ္ပါး ဘုရားရွင္သည္ ဟိမဝႏၲာအရပ္ နံ႔သာေတာႂကြၿပီး ေန႔သန္႔သတဲ့၊ ဒီအခါ မေဟသရ နတ္မင္းက လာေရာက္ၿပီး ဘုရားရွင္ႏွင့္ ယွဥ္ၿပိဳင္ ကစားလိုပါတယ္လို႔ေလွ်ာက္သတဲ့။

ဒီအခါ ဘုရားရွင္က ဒီနတ္ဘီလူးဟာ တန္ခိုးႀကီးသူျဖစ္တယ္ သာသနာေတာ္ကို ၾကည္ညိဳလာလွ်င္ မ်ားစြာ အက်ိဳးရွိလိမ့္မယ္။

ဒါေၾကာင့္ သူ႔အလိုကို လိုက္ဦးမွလို႔ ” အခ်င္းနတ္မင္း ငါႏွင့္ ဘယ္လို ကစားခ်င္သလဲလို႔ ” ေမးသတဲ့။

မေဟသရနတ္က ႐ြာသူသားငယ္မ်ားကဲ့သို႔ တူတူပုန္းတမ္း ကစားခ်င္ပါတယ္လို႔ ေလွ်ာက္ထားေတာ့ ဘုရားရွင္က ဒါျဖင့္ သင္က ဦးစြာပုန္းပါ၊ ငါက ေဖာ္ပါ့မယ္လို႔ ေျပာသတဲ့၊ ဒီလိုဆိုလွ်င္ မ်က္စိကို ပိတ္ထားပါ ကြၽႏ္ုပ္ ပုန္းကြယ္ပါမည္ေလွ်ာက္ထားၿပီး မေဟသရ နတ္မင္းဟာ သူကိုယ္ကို ကြယ္ကာ ေျမႀကီးအတြင္း ေပ်ာက္ကြယ္ေစၿပီးမွ ေဖာ္ပါလို႔ အသံျပဳလိုက္သတဲ့။

ဘုရားရွင္လည္း သူပုန္းေနတဲ့ ေျမလႊာကိုယူ လက္ဝဲလက္ဝါးေပၚတင္ၿပီးမွ အျခားေျမလႊာမ်ားကို ယက္ခ်ကာ အခ်င္း မေဟသရ ထေလာ့လို႔ ဆိုသတဲ့။

ဒီအခါ မေဟသရက အမွန္မွာ ရွင္ႀကီးေဂါတမဟာ ငါ့ကို မျမင္ဘဲ ရမ္းေျပာတာ ျဖစ္မယ္လို႔ အႀကံျဖစ္ၿပီး မထဘဲ ေနေသးသတဲ့၊ ဒီအခါဘုရားရွင္က အခ်င္း မေဟသရ ဒီလို မႀကံႏွင့္၊ ငါဟာ သင္ရဲ႕ ကိုယ္ခႏၶာကိုမွ်မက ဝမ္းတြင္းက အူေခြမ်ားထိေအာင္ျမင္တယ္လို႔ မိန္႔ေတာ္မူမွ ပုန္းရာက ထၿပီး အရွင္ေဂါတမ အရွင္ဟာ အမွန္တကယ္ တန္ခိုးႀကီးပါတယ္၊

သို႔ေသာ္ အရွင္ ပုန္းပါဦး၊ အရွင့္ကို ကြၽႏ္ုပ္ ရွာပါဦးမယ္လို႔ ေျပာသတဲ့၊ ျမတ္စြာဘုရားက ငါ ပုန္းရမည္ဆိုေသာ္ သင္၏ မ်က္လုံးမ်ားကို လက္ႏွင့္ ဖုံးအုပ္ထားပါလို႔ မိန္႔ေတာ္မူၿပီး ကိုယ္ေတာ္ကို ပရမာဏု ျမဴမွ်ေလာက္ ဖန္ဆင္းၿပီး နတ္မင္းရဲ႕ မ်က္စိႏွစ္ဖက္ၾကားမွာ ပုန္းေတာ္မူၿပီး ေကာင္းကင္က အသံေပးလိုက္တယ္။

မေဟသရနတ္လည္း မ်က္ႏွာကိုဖြင့္၊ ထက္ဝန္းက်င္ ၾကည့္ေသာ္လည္း ဘုရားရွင္ကို မျမင္ဘူးတဲ့၊ ဒါေၾကာင့္ ေရေျမေတာေတာင္ သမုဒၵရာ မက်န္ေအာင္ ဘယ္လို ရွာေဖြလို႔မွ် မေတြ႕ေတာ့မွ ဘုရားရွင္ကို ပန္းေပးရသတဲ့၊ အဲဒီအခါမွ ဘုရားရွင္က မေဟသရ နတ္မင္းရဲ႕ မ်က္ေမွာက္အၾကားက ဆင္းသက္ေတာ္မူလာသတဲ့။

ဘုရားရွင္ရဲ႕ တန္ခိုးေတာ္မ်ား ျမင္ရမွ မေဟသရနတ္မင္းဟာ ဘုရားရွင္အား ၾကည္ညိဳကာ ဘုရားရွင္ထံ သရဏဂုံယူကာ ဥပသကာအျဖစ္ ခံယူၿပီးေနာက္၊ ျမတ္စြာဘုရားရွင္ဟာ လူသားျဖစ္ေသာ္လည္း လူတို႔စားေသာ ဆြမ္းကြမ္းမ်ားႏွင့္ မတန္ေပဘူး ဒါေၾကာင့္ မႏၵာဂိရီေတာင္မွာ အၿမဲ သီတင္းသုံးပါ နတ္ဆြမ္း/ကြမ္းမ်ားကို အၿမဲဆက္ကပ္ပါမယ္လို႔ ေလွ်ာက္ထားသတဲ့။

ဘုရားရွင္က ခြင့္မေပးတဲ့အတြက္ ဘုရားရွင္ရဲ႕ ႐ုပ္ပြားသ႑ာန္ေတာ္ကို ကိုးကြယ္ခြင့္ ေပးေတာ္မူပါလို႔ ေလွ်ာက္ထားသတဲ့၊ ဘုရားရွင္က အခြင့္ေပးတဲ့အခါ မႏၵာဂီရိေတာင္မွာ ရတနာခုႏွစ္ပါးတို႔ႏွင့္ ဆန္းၾကယ္တဲ့ ေက်ာင္းေတာ္ႀကီးကို ေဆာက္တယ္။

ထိုေက်ာင္းေတာ္ႀကီးအတြင္းမွာ ဂႏၶကုဋီတိုက္ကို ဖန္းဆင္းတယ္ ဂႏၶကုဋီတိုက္အတြင္းမွာ လကၡဏာေတာ္ႀကီးငယ္တို႔ျဖင့္ တင့္တယ္တဲ့ ဘုရားရွင္ရဲ႕ ႐ုပ္တုေတာ္ကို ျပဳလုပ္ၿပီး ေမ်ာက္မင္းတစ္ေကာင္ကို အၿခံအရံႏွင့္တကြ ေက်ာင္းပရိေဘာဂကို ျပဳျပင္ ေဆာင္႐ြက္ဖို႔ အပ္ႏွံထားသတဲ့။ ဒါက မေဟသရ ေစတီေတာ္ပါ။

ေစတီဆိုတာ ဓာတုေစတီ၊ ဥဒၵိႆေစတီ၊ ပရိေဘာဂေစတီ၊ ဓမၼေစတီ ရယ္လို႔ ၄ ဆူ ရွိတယ္။

ေစတီလို႔ ဆိုလိုက္လွ်င္ ေ႐ႊတိဂုံေစတီလို ေစတီကိုပဲ ျမင္တတ္တယ္၊ အမွန္ကေတာ့ မဟာျမတ္မုနိလို ႐ုပ္ပြားေတာ္ဟာလည္း ေစတီပါပဲ။ အခု ေစတီသုံးမ်ိဳးမွာ မေဟသရ ေစတီဟာ ႐ုပ္ပြားေတာ္ ေစတီျဖစ္ပါတယ္။

Credit
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Leave a Comment