လက်ဆောင်ပေးဖို့ဝယ်လာတဲ့ဒူးရင်းသီး(၆)သောင်းဖိုးကိုအိမ်ရောက်မှခွဲကြည့်လိုက်တဲ့အခါ

လက်ဆောင်ပေးဖို့ဝယ်လာတဲ့ဒူးရင်းသီး(၆)သောင်းဖိုးကိုအိမ်ရောက်မှခွဲကြည့်လိုက်တဲ့အခါ

အဖြစ်ကဒီလိုပါ ကျွန်တော်တို့မောင်နှမတွေရန်ကုန်ကိုဘုရားဖူးပြီး ညနေ၃နာရီထွက်သောဂျပန်ရထားခေါ်သောထိုရထားနဲ့လိုက်ခဲ့ပါသည်။

ပဲခူးဘူတာသို့ညနေ၆နာရီ၃၀တွင်ရောက်ပါသည် လိုရင်းကိုခနနေဆက်ပါမည်ဘူတာတိုင်းတွင်ဈေးသည်များနှင့်ဈေးဆိုင်များမရှိတော့ပါ။

ဘူတာထဲဈေးမရောင်းရလို့စည်းကမ်းထုတ်ထားတယ် ထင်သည်ဟုတွေးရင်းဈေးသည်လေးများဘာလုပ်စားကြပါလ်မ့်လို့ စဉ်းစားပြီးသနားမိသည်။

သို့သော် ဘူတာတိုင်းမှာသန့်ရှင်းသွားတာကိုတော့ကြိုဆိုပါသည် လိုရင်းကိုဆက်ပါမည် ပဲခူးဘူတာတွင် ၃မိနစ်ရပ်နားပါသည် ရထားပေါ်သို့ဒူးရင်းသီးများရောင်းသော ဈေးသည်များတက်လာပါသည်။

အလာတုန်းကလဲ အချိန်လုပြီးလာရပါသဖြင့်မန်းတလေးမှမိတ်ဆွေများအတွက် လက်ဆောင်မပါသဖြင့် အတော်ပဲဟုစဉ်းစားပြီး ဈေးနှုန်းများကိုမေးကြည့်သောအခါ ၃လုံးတစ်တွဲ အသေးဆိုရင်၄ထောင်ကျပ် အကြီးလုံးဆိုရင် ၇ထောင်ကျပ်ဟုပြောပါသည်။

နောက်ဆုံးအကြီး၃လုံးတစ်တွဲကို၅ထောင်ကျပ်ပဲပေးပါဟုပြောပါသည် မန်းလေးမှာတစ်လုံးကို ၅ထောင်ကျပ် လောက်ရှိတာတန်လှချည်လားဟု လက်ဆောင်ပေးချင်တဲ့စိတ်ရယ်ရထားကလည်း၃မိနစ်ပြည့်လို ထွက်ဖို့ခရာသံကြားတာရယ်ကြောင့် မြန်မြန်လေးဝယ်လိုက်ပါသည်။

နံနက်အိမ်ကိုရောက်ပီး လက်ဆောင်တွေလည်းပေးလိုက်ပါသည် အမတွေရဲ့အိမ်ဘက်ကို ပစ္စည်းတခုမေ့ကျန်နေ၍သွားယူသောအခါ အမမှ မင်းဒူးရင်းသီးတွေခွဲပြီးပြီလားဟုမေးပါသည်

လက်ဆောင်တော့ပေးပြီးပြီ ကိုယ့်စားဖို့တော့ နေ့လည်မှခွဲစားတော့မည်ဟုပြောသောအခါအမကရီပါတော့သည် ငါ့မောင်ရေ မခွဲနဲ့တော့အကုန်လွှတ်ပစ်လိုက်တော့ဟုပြောပါသည်။

ဘာဖစ်လို့လဲဟုမေးသောအခါ ဒူးရင်းသီးတွေကအခွံနွှာပြီးသားတွေကို စားပြီးသားအစေ့တွေနဲ့ပုတ်နေတဲံအသားတွေထည့်ထားတာ ငါတော့အကုန်လွှတ်ပစ်လိုက်ရသည်ဟုပြောပါသည်။

ဟာ ငါတော့ဒုက္ခပဲ လက်ဆောင်တွေလည်းပေးပြီးပြီ အိမ်မြန်မြန်ပြန်ပြီးကျန်တဲံအလုံးတွေကို ကြည့်အုံးမှာပဲဆိုပီး အလုံးများကိုခုံပေါ်တင်ပီး တစ်လုံးချင်း ကျွတ်ကျွတ်အိတ်ကြိုးကိုဖြည်လိုက်သောအခါ ခွဲစရာမလိုတော့ပါ အမပြောသလို ပုံပါအတိုင်းဖြစ်သွားပါသည်။

ဒါကြောင့် ကျွတ်ကျွတ်အိတ်အထပ်ထပ်ချည်ထားခြင်းဖြစ်ပါသည် ကျွန်တော်တို့မောင်နှမ ၆သောင်းဖိုးအလိမ်ခံလိုက်ရပါသည် ပြောချင်တာက ပဲခူးဘူတာရောက်လျှင် ကျွန်တော်တို့လိုမခံရအောင်ဒူးရင်းသီးများမဝယ်ကြဖို့ပြောပြပါရစေ

နောက်ပီးဒီကိစ္စကို ဘူတာမှာတာဝန်ရှိတာလားဘူတာမှာစောင့်သောပြင်သူရဲများမှာလား ခင်ဗျားးးနောက်လူတွေမခံရအောင်သေချာစစ်ဆေးပြီးအရေးယူသင့်ပါကြောင်း တင်ပြအပ်ပါသည်

Creditမူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi

လက္ေဆာင္ေပးဖို႔ဝယ္လာတဲ့ဒူးရင္းသီး(၆)ေသာင္းဖိုးကိုအိမ္ေရာက္မွခြဲၾကည့္လိုက္တဲ့အခါ

အျဖစ္ကဒီလိုပါ ကြၽန္ေတာ္တို႔ေမာင္ႏွမေတြရန္ကုန္ကိုဘုရားဖူးၿပီး ညေန၃နာရီထြက္ေသာဂ်ပန္ရထားေခၚေသာထိုရထားနဲ႔လိုက္ခဲ့ပါသည္။

ပဲခူးဘူတာသို႔ညေန၆နာရီ၃၀တြင္ေရာက္ပါသည္ လိုရင္းကိုခနေနဆက္ပါမည္ဘူတာတိုင္းတြင္ေဈးသည္မ်ားႏွင့္ေဈးဆိုင္မ်ားမရွိေတာ့ပါ။

ဘူတာထဲေဈးမေရာင္းရလို႔စည္းကမ္းထုတ္ထားတယ္ ထင္သည္ဟုေတြးရင္းေဈးသည္ေလးမ်ားဘာလုပ္စားၾကပါလ္မ့္လို႔ စဥ္းစားၿပီးသနားမိသည္။

သို႔ေသာ္ ဘူတာတိုင္းမွာသန႔္ရွင္းသြားတာကိုေတာ့ႀကိဳဆိုပါသည္ လိုရင္းကိုဆက္ပါမည္ ပဲခူးဘူတာတြင္ ၃မိနစ္ရပ္နားပါသည္ ရထားေပၚသို႔ဒူးရင္းသီးမ်ားေရာင္းေသာ ေဈးသည္မ်ားတက္လာပါသည္။

အလာတုန္းကလဲ အခ်ိန္လုၿပီးလာရပါသျဖင့္မန္းတေလးမွမိတ္ေဆြမ်ားအတြက္ လက္ေဆာင္မပါသျဖင့္ အေတာ္ပဲဟုစဥ္းစားၿပီး ေဈးႏႈန္းမ်ားကိုေမးၾကည့္ေသာအခါ ၃လုံးတစ္တြဲ အေသးဆိုရင္၄ေထာင္က်ပ္ အႀကီးလုံးဆိုရင္ ၇ေထာင္က်ပ္ဟုေျပာပါသည္။

ေနာက္ဆုံးအႀကီး၃လုံးတစ္တြဲကို၅ေထာင္က်ပ္ပဲေပးပါဟုေျပာပါသည္ မန္းေလးမွာတစ္လုံးကို ၅ေထာင္က်ပ္ ေလာက္ရွိတာတန္လွခ်ည္လားဟု လက္ေဆာင္ေပးခ်င္တဲ့စိတ္ရယ္ရထားကလည္း၃မိနစ္ျပည့္လို ထြက္ဖို႔ခရာသံၾကားတာရယ္ေၾကာင့္ ျမန္ျမန္ေလးဝယ္လိုက္ပါသည္။

နံနက္အိမ္ကိုေရာက္ပီး လက္ေဆာင္ေတြလည္းေပးလိုက္ပါသည္ အမေတြရဲ႕အိမ္ဘက္ကို ပစၥည္းတခုေမ့က်န္ေန၍သြားယူေသာအခါ အမမွ မင္းဒူးရင္းသီးေတြခြဲၿပီးၿပီလားဟုေမးပါသည္

လက္ေဆာင္ေတာ့ေပးၿပီးၿပီ ကိုယ့္စားဖို႔ေတာ့ ေန႔လည္မွခြဲစားေတာ့မည္ဟုေျပာေသာအခါအမကရီပါေတာ့သည္ ငါ့ေမာင္ေရ မခြဲနဲ႔ေတာ့အကုန္လႊတ္ပစ္လိုက္ေတာ့ဟုေျပာပါသည္။

ဘာဖစ္လို႔လဲဟုေမးေသာအခါ ဒူးရင္းသီးေတြကအခြံႏႊာၿပီးသားေတြကို စားၿပီးသားအေစ့ေတြနဲ႔ပုတ္ေနတဲံအသားေတြထည့္ထားတာ ငါေတာ့အကုန္လႊတ္ပစ္လိုက္ရသည္ဟုေျပာပါသည္။

ဟာ ငါေတာ့ဒုကၡပဲ လက္ေဆာင္ေတြလည္းေပးၿပီးၿပီ အိမ္ျမန္ျမန္ျပန္ၿပီးက်န္တဲံအလုံးေတြကို ၾကည့္အုံးမွာပဲဆိုပီး အလုံးမ်ားကိုခုံေပၚတင္ပီး တစ္လုံးခ်င္း ကြၽတ္ကြၽတ္အိတ္ႀကိဳးကိုျဖည္လိုက္ေသာအခါ ခြဲစရာမလိုေတာ့ပါ အမေျပာသလို ပုံပါအတိုင္းျဖစ္သြားပါသည္။

ဒါေၾကာင့္ ကြၽတ္ကြၽတ္အိတ္အထပ္ထပ္ခ်ည္ထားျခင္းျဖစ္ပါသည္ ကြၽန္ေတာ္တို႔ေမာင္ႏွမ ၆ေသာင္းဖိုးအလိမ္ခံလိုက္ရပါသည္ ေျပာခ်င္တာက ပဲခူးဘူတာေရာက္လွ်င္ ကြၽန္ေတာ္တို႔လိုမခံရေအာင္ဒူးရင္းသီးမ်ားမဝယ္ၾကဖို႔ေျပာျပပါရေစ

ေနာက္ပီးဒီကိစၥကို ဘူတာမွာတာဝန္ရွိတာလားဘူတာမွာေစာင့္ေသာျပင္သူရဲမ်ားမွာလား ခင္ဗ်ားးးေနာက္လူေတြမခံရေအာင္ေသခ်ာစစ္ေဆးၿပီးအေရးယူသင့္ပါေၾကာင္း တင္ျပအပ္ပါသည္

Creditမူရင္းေရးသားသူအားေလးစားစြာျဖင့္

Leave a Comment