ဂျပန် ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးသွားမည်
နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊သွားနှင့်ခံတွင်းရော ဂါအထူးကုဆေးရုံရှိ ခွဲစိတ်ကုသဆောင်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် Japan Heart အဖွဲ့တို့ပူးပေါင်း၍သွားနှင့်ခံတွင်းအထူးကုဆရာဝန်များက နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအား
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းအခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ ၄ ဦးအားယင်းဆေးရုံကြီး၌အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးခဲ့ကြကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးဒေါက်တာခင်မောင်ဦးဆောင်သည့် သွားနှင့်ခံတွင်းဆရာဝန် ၁၄ ဦး၊ Japan Heart အ ဖွဲ့မှမျက်နှာ၊မေးရိုး၊ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI တို့ကခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနနှင့်နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးထားသည် Japan Heart အဖွဲ့သည် ၂၀၀၄ ခုနှစ်မှစ၍ ဆေးပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
၂၀၁၉ ခုနှစ်မှစတင်၍ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်သည့် ဂျပန်နိုင်ငံမှ မျက်နှာ၊မေးရိုး၊ခံတွင်းခွဲစိတ်ဆရာဝန်များနှင့်မြန်မာနိုင်ငံမှသွားနှင့်ခံတွင်းဆရာဝန်များပူးပေါင်း၍မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ ၃၀၀ ဦးခန့်အား အခမဲ့ခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Credit
Zawgyi
ဂ်ပန္ က်န္းမာေရးအဖြဲ႕ႏွင့္ပူးေပါင္းၿပီး ေမြးရာပါႏႈတ္ခမ္းကြဲ၊အာေခါင္ကြဲလူနာမ်ားအား အခမဲ့ခြဲစိတ္ကုသေပးသြားမည္
ေနျပည္ေတာ္၊ပုဗၺသီရိၿမိဳ႕နယ္၊သြားႏွင့္ခံတြင္းေရာ ဂါအထူးကုေဆး႐ုံရွိ ခြဲစိတ္ကုသေဆာင္တြင္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ Japan Heart အဖြဲ႕တို႔ပူးေပါင္း၍သြားႏွင့္ခံတြင္းအထူးကုဆရာဝန္မ်ားက ႏႈတ္ခမ္းကြဲ၊အာေခါင္ကြဲလူနာမ်ားအား
အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္းအခမဲ့ခြဲစိတ္ကုသေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ေအာက္တိုဘာ ၂၆ ရက္ႏွင့္ ၂၇ ရက္တို႔တြင္ႏႈတ္ခမ္းကြဲ၊အာေခါင္ကြဲလူနာ ၄ ဦးအားယင္းေဆး႐ုံႀကီး၌ေအာင္ျမင္စြာအခမဲ့ခြဲစိတ္ကုသေပးခဲ့ၾကေၾကာင္းသိရသည္။
က်န္းမာေရးဝန္ႀကီးဌာန၊သြားႏွင့္ခံတြင္းအထူးကုဆရာဝန္ႀကီးေဒါက္တာခင္ေမာင္ဦးေဆာင္သည့္ သြားႏွင့္ခံတြင္းဆရာဝန္ ၁၄ ဦး၊ Japan Heart အ ဖြဲ႕မွမ်က္ႏွာ၊ေမး႐ိုး၊ခံတြင္းခြဲစိတ္ဆရာဝန္ Dr. Naoko KISHI တို႔ကခြဲစိတ္ကုသေပးခဲ့ၾကျခင္းျဖစ္သည္။
က်န္းမာေရးဝန္ႀကီးဌာန၊ကုသေရးဦးစီးဌာနႏွင့္နားလည္မႈစာခြၽန္လႊာ(MOU)လက္မွတ္ေရးထိုးထားသည္ Japan Heart အဖြဲ႕သည္ ၂၀၀၄ ခုႏွစ္မွစ၍ ေဆးပညာဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့သည္။
၂၀၁၉ ခုႏွစ္မွစတင္၍ ပါေမာကၡ Dr. Mikihik KOGO ဦးေဆာင္သည့္ ဂ်ပန္ႏိုင္ငံမွ မ်က္ႏွာ၊ေမး႐ိုး၊ခံတြင္းခြဲစိတ္ဆရာဝန္မ်ားႏွင့္ျမန္မာႏိုင္ငံမွသြားႏွင့္ခံတြင္းဆရာဝန္မ်ားပူးေပါင္း၍ေမြးရာပါႏႈတ္ခမ္းကြဲ၊အာေခါင္ကြဲလူနာ ၃၀၀ ဦးခန႔္အား အခမဲ့ခြဲစိတ္ကုသမႈမ်ားျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။
Credit