တစ်လီတာကို ကျပ် ၂၀၀၀ကျော်သို့ ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်းစက်သုံးဆီစျေး

တစ်လီတာကို ကျပ် ၂၀၀၀ကျော်သို့ ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်းစက်သုံးဆီဈေး

စက်သုံးဆီဈေးနှုန်းများအနည်းငယ်ပြန်တက်လာခဲ့ပြီးအောက်တိုဘာ ၃၀ ရက်(ယနေ့)တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ် 95 Ron တစ်လီတာ ၂၀၉၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများအရသိရသည်။မန္တလေး၊နေပြည်တော်၊မကွေး၊ပဲခူး၊ပုသိမ်၊ထား ဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊

စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်လည်း 92 Ron တစ်လီတာလျင်၂၀၀၀ ကျပ်ကျော်နှင့် 95 Ron တစ်လီတာကို ၂၁၀၀ ကျော်ဖြင့် ယနေ့ရောင်းချလျက်ရှိသည်။ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရရန်ကုန်တိုင်းအတွင်း၌ လက်လီဈေးအဖြစ် 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်၊

95 Ron တစ်လီတာလျင် ၂၀၉၀ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၆၉၀ ကျပ်သတ်မှတ်ခဲ့သည်။အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၇၇၅ ကျပ်အဖြစ်စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းများအဖြစ်သတ်မှတ်ခဲ့သည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားဈေးနှုန်းမှာလည်းရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၉၀၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၈၈ ကျပ်၊HSD(500 ppm) တစ်လီတာလျင် ၂၅၈၁ ကျပ်၊

HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၆၅၂ ကျပ်တို့ဖြစ်သည်။အဆိုပါ ဈေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။

Credit

Zawgyi








Credit

Leave a Comment