ရန်ကုန်−မန္တလေးအမြန်လမ်းတွင် ညအိပ်ရပ်နားချိန်ပြောင်းလဲသတ်မှတ်ပြီး သတ်မှတ်ထားသောနေရာတွင်သာအိပ်ရမည်
ရန်ကုန်-မန္တလေး အမြန်လမ်းအသုံးပြုတွေ သတ်မှတ်ထားတဲ့ နေရာတွေမှာ ညအိပ်ရပ်နားရတော့မယ်လို့ ထုတ်ပြန်ထားကြောင်း အဝေးပြေးလိုင်းအချို့ရဲ့ပြောကြားချက်အရသိရပါတယ်။
ယင်းတို့ရဲ့ပြောကြားချက်တွေအရအမြန်လမ်းအသုံးပြုသူတွေအနေဖြင့်ယာဉ်ရပ်နား စခန်းတွေဖြစ်တဲ့ ၃၉ မိုင်၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နဲ့ ၂၈၅ မိုင်တွေမှာသာညအိပ်ရပ်နားရမယ်လို့ထုတ်ပြန်ထားလို့ဆိုပါတယ်။“တစ်ချို့လမ်းပိုင်းနေရာတွေမှာ ည ၁၂ နာရီ ဖြတ်သန်းခွင့်ပေးထားတာမျိုးတွေရှိတယ်။
အခု မရတော့ဘူး။ ည ၁၀ အထိပဲ ပေးဖြတ်တော့တယ်” လို့ ယင်းတို့ကပြောပါတယ်။ယင်းအပြင်အမြန်လမ်းအသုံးပြုသူတွေကိုတိုးဂိတ် ဧရိယာနှင့် အမြန်လမ်းမကြီးဘေး တွေမှာညအိပ်ရပ်နားတာတွေ ပြုလုပ်ခွင့်မပေးတော့ဘူးလို့လည်းသိရပါတယ်။
Zawgyi