လူသိနည်းသော ရတနာ တစ်ပါး (သို့မဟုတ်) ရှားပါး ခရုအုန်း အမြုတေ..
မြန်မာနိုင်ငံ တောင်ဘက် တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းမှ မြို့များဖြစ်သည့် ကော့သောင်းမြို့ ဘုတ်ပြင်းမြို့နှင့် မြိတ်မြို့တို့သည် သဘာဝ ရတနာတစ်ပါး ဖြစ်သည့် အဖိုးတန် ကမ်ဘာကျော် ပုလဲရတနာထွက်ရှိသောကြောင့် လူသိများသည်။
ပုလဲရတနာကို ပင်လယ် သတ္တဝါ ခရုခုံးကောင် မျိုးနွယ်တစ်မျိုး ဖြစ်သည့် မုတ်ကောင်မှ သဘာဝအတိုင်း သို့မဟုတ် မုတ်ကောင်များကို လူသားတို့က မွေးမြူကာ ပုလဲ ထုတ်လုပ် ဖန်တီးကြသည်။ အဆိုပါ ပုလဲရတနာသည် မုတ်ကောင် အတွင်းမှ ဖြစ်တည်လာသည့် ရတနာတန်းဝင် လူသားတို့ တန်ဖိုးထားရာ အမြုတေ တစ်ပါးပင် ဖြစ်သည်။
စာရေးသူတို့ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပုလဲနှင့် အသွင်သဏ္ဌာန် တူ၍ အဖိုးထိုက်တန်သည့်ပင်လယ် ငါးဖမ်းလှေများတွင် ဖမ်းယူ ရရှိသည့် ခရုအုန်း (ခေါ်) အုန်းခရု တစ်မျိုးအတွင်းမှ ရရှိတတ်သည့် တန်ဖိုးကြီးမားသည့် ခရုအုန်း အမြုတေ ရတနာတစ်ပါး အကြောင်းကိုကား သိသူ နည်းပေသည်။
ကမ္ဘာအရပ်ရပ်၌ ခရုမျိုးစိတ်ပေါင်း ၆၅ဝဝဝ ကျော်ခန့်ရှိရာ (၁) ဂစ္စထရိပဒါ၊ (၂) လီဗရန် ကီးယား၊ (၃) ဆယ်ဖလော်ပဒါ၊ (၄) အမ်ဖီနျူရာ၊ (၅) စကက်ဖိုပဒါဟူ၍ ခရုအမျိုးအစား ငါးမျိုးရှိရာ ခရုအုန်း သို့မဟုတ် အုန်းခရုသည် ဂစ္စထရိပဒါ အမျိုးအစားတွင် ပါဝင်သည်။
ဂစ်စထရိပဒါဟူသော ဝေါဟာရမှာ ဝမ်းဗိုက်ဖြင့် သွားလာသော သတ္တဝါမျိုးဟု အဓိပ္ပာယ်ရပေရာ ပက်ကျိနှင့် ရေချိုရေငန်အပြင် ကုန်းပေါ်၌ တွေ့ရတတ်သည့် ခရု အမျိုးမျိုး ပါဝင်သည်။ အဆိုပါ ခရု အမျိုးအစားများသည် မိမိဝမ်းဗိုက် အရေပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားတတ်ကြသည်။
ခရုအုန်း သို့မဟုတ် အုန်းခရုသည် ပင်လယ်ကြမ်းပြင်တွင် ကျက်စား နေထိုင်သည့် ခရုတစ်မျိုး ဖြစ်သည်။ အဆိုပါခရုသည် အခွံခွာထားသည့် အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း သို့မဟုတ် အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် အခွံမာပြီး အခွံပေါ်တွင် အစက်ပြောက်များ အနည်းငယ်ရှိသည်။ လုံးပတ်အချင်း ၈ လက်မမှ ၁၉ လက်မအထိ အသက်အရွယ်လိုက်၍ အရွယ်အစား အမျိုးမျိုးရှိသည်။
အခွံအတွင်း အသားမှာ အစင်းများ ပါရှိပြီး အသားကို စားသုံးရန် အဓိကထားကြသည်။ ငါးဖမ်းပိုက်လှေများတွင် အခါ အားလျော်စွာ ဖမ်းဆီးရမိသည့် အခြားငါးများနှင့်အတူ ပင်လယ်ကြမ်းပြင်မှတစ်ဆင့် ပိုက်အတွင်း ဖမ်းဆီးရမိတတ်ကြသည်။ အသားကို ရေနွေးဖြင့် ပြုတ်၍ ပါးပါးလှီးကာ သုပ်စားလေ့ရှိသည်။
ခရုအုန်း အသားသုပ်၏ အနေအထားနှင့် အရသာမှာ ဝက်နားရွက်သုပ်နှင့် ဆင်တူသည်။ ဟိုတယ်များတွင် ခရုအုန်း အသုပ်တစ်ပွဲလျှင် ငွေကျပ် သောင်းကျော်ခန့် ပေးရတတ်သည်။
ခရုအုန်း သို့မဟုတ် အုန်းခရုအခွံကို ကနုကမာ နည်းပညာဖြင့် လက်ဝတ်ရတနာ သိမ်းဆည်းသည့်ဘူး၊ ဆေးလိပ်ဘူး၊ ဆေးလိပ်ပြာခံခွက်နှင့် အခြားအနုပညာမြောက် ပစ္စည်းပေါင်းများစွာ ဖန်တီးထုတ်လုပ်ကြသည်။ အတွင်းအသားထဲတွင် မုတ်ကောင်အတွင်း ပုလဲဖြစ်တည်သည့် ဖြစ်စဉ်ကဲ့သို့ သဘာဝအလျောက် ဖြစ်တည်နေသည့် ခရုအုန်း အမြုတေကို ရရှိတတ်သည်။
ဒေသခံများက ခရုအုန်း ပုလဲ ဟုခေါ်ကြသည်။ ပုလဲ ပုံသဏ္ဌာန်မှာ လုံးဝန်းသည့် သဏ္ဌာန်နှင့် ကြက်ဥ ပုံသဏ္ဌာန် အတွေ့ရများသည်။ အရွယ်အစား အမျိုးမျိုး တွေ့ရတတ်သည်။ အထူးသဖြင့် မုတ်ကောင်မှ ရသည့် သဘာဝ ပုလဲ၏ အရွယ်အစားဖြင့် ရရှိလေ့ရှိသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ရွှေအိုရောင် အဆင်းကဲ့သို့ရှိပြီး ပုလဲ မျက်နှာပြင်ပေါ်တွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် အစင်းများ၊ အရစ်များ ပုံသဏ္ဌာန် အမျိုးမျိုး ကျစ်လျစ် သိပ်သည်းစွာ ဖြစ်တည် နေလေ့ရှိသည်။
ခရုအုန်း ပုလဲကို ခရုအုန်း အကောင်တိုင်းတွင် တွေ့ရလေ့ မရှိဘဲ တစ်ခါ တစ်ရံမှသာ ရရှိတတ်သည့် ရှားပါး စာရင်းဝင် ရတနာ တစ်ပါးဖြစ်ရာ အရောင်အသွေးနှင့် အလေးချိန်ကို လိုက်၍ ငွေကြေး တတ်နိုင်သူများ သိန်းရာချီပေး ဝယ်ယူတတ်ကြသည်။
အရှေ့အလယ်ပိုင်း ဒေသများမှ သူဌေးသူကြွယ်များ၊ ဥရောပနှင့် အမေရိကမှ ရတနာကုန်သည်များ ဈေးကြီးပေးဝယ်တတ်ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဂုဏ်သရေရှိ သူဌေးသူကြွယ်များ အဆောင်လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြောင်း သိရသည်။
အဆိုပါ ခရုအုန်း ပုလဲ ရတနာ အမြုတေသည် မြန်မာပြည်တောင်ဘက်ပိုင်း ပင်လယ်ရေနေ သတ္တဝါအတွင်းမှ သဘာဝအလျောက် ရရှိတတ်သည့် အဖိုးတန် ရှားပါးရတနာအကြောင်းအား စာဖတ်သူများ ဗဟုသုတ အဖြစ် သိရှိနိုင်ကြစေရန် လေ့လာ ရေးသား လိုက်ရပါသည်။ ကျော်စိုး (ကော့သောင်း)
အပေါ်ပုံမှာ ၂၀၁၇ ခုနှစ်က ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ကော်မယ်အနောက်ကျေးရွာတွင် နေထိုင်သူ ကိုရိုက်ခေါင်း (ခ) ကိုထက်နိုင်ဝင်းသည် ပင်လယ်ထဲပိုက်ဆွဲရာမှ ရရှိလာသော ခရုအုန်းအား ဟင်းချက်ရန် ခွဲထုတ်ရာမှာ ရွှေရောင်သန်းလျက်ရှိသော အမြုတေတစ်လုံး ရရှိခဲ့ပါသည်။ ယခုပို့စ်ပါ ပုံများမှာ အဆိုပါ အမြူတေရရှိခဲ့စဉ်က ပုံများ ဖြစ်ပါသည်။
မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Zawgyi
လူသိနည္းေသာ ရတနာ တစ္ပါး (သို႔မဟုတ္) ရွားပါး ခ႐ုအုန္း အျမဳေတ..
ျမန္မာႏိုင္ငံ ေတာင္ဘက္ တနသၤာရီ ပင္လယ္ ကမ္း႐ိုးတန္းမွ ၿမိဳ႕မ်ားျဖစ္သည့္ ေကာ့ေသာင္းၿမိဳ႕ ဘုတ္ျပင္းၿမိဳ႕ႏွင့္ ၿမိတ္ၿမိဳ႕တို႔သည္ သဘာဝ ရတနာတစ္ပါး ျဖစ္သည့္ အဖိုးတန္ ကမ္ဘာေက်ာ္ ပုလဲရတနာထြက္ရွိေသာေၾကာင့္ လူသိမ်ားသည္။
ပုလဲရတနာကို ပင္လယ္ သတၱဝါ ခ႐ုခုံးေကာင္ မ်ိဳးႏြယ္တစ္မ်ိဳး ျဖစ္သည့္ မုတ္ေကာင္မွ သဘာဝအတိုင္း သို႔မဟုတ္ မုတ္ေကာင္မ်ားကို လူသားတို႔က ေမြးျမဴကာ ပုလဲ ထုတ္လုပ္ ဖန္တီးၾကသည္။ အဆိုပါ ပုလဲရတနာသည္ မုတ္ေကာင္ အတြင္းမွ ျဖစ္တည္လာသည့္ ရတနာတန္းဝင္ လူသားတို႔ တန္ဖိုးထားရာ အျမဳေတ တစ္ပါးပင္ ျဖစ္သည္။
စာေရးသူတို႔ တနသၤာရီတိုင္း ေဒသႀကီးအတြင္း ပုလဲႏွင့္ အသြင္သဏၭာန္ တူ၍ အဖိုးထိုက္တန္သည့္ပင္လယ္ ငါးဖမ္းေလွမ်ားတြင္ ဖမ္းယူ ရရွိသည့္ ခ႐ုအုန္း (ေခၚ) အုန္းခ႐ု တစ္မ်ိဳးအတြင္းမွ ရရွိတတ္သည့္ တန္ဖိုးႀကီးမားသည့္ ခ႐ုအုန္း အျမဳေတ ရတနာတစ္ပါး အေၾကာင္းကိုကား သိသူ နည္းေပသည္။
ကမာၻအရပ္ရပ္၌ ခ႐ုမ်ိဳးစိတ္ေပါင္း ၆၅ဝဝဝ ေက်ာ္ခန႔္ရွိရာ (၁) ဂစၥထရိပဒါ၊ (၂) လီဗရန္ ကီးယား၊ (၃) ဆယ္ဖေလာ္ပဒါ၊ (၄) အမ္ဖီန်ဴရာ၊ (၅) စကက္ဖိုပဒါဟူ၍ ခ႐ုအမ်ိဳးအစား ငါးမ်ိဳးရွိရာ ခ႐ုအုန္း သို႔မဟုတ္ အုန္းခ႐ုသည္ ဂစၥထရိပဒါ အမ်ိဳးအစားတြင္ ပါဝင္သည္။
ဂစ္စထရိပဒါဟူေသာ ေဝါဟာရမွာ ဝမ္းဗိုက္ျဖင့္ သြားလာေသာ သတၱဝါမ်ိဳးဟု အဓိပၸာယ္ရေပရာ ပက္က်ိႏွင့္ ေရခ်ိဳေရငန္အျပင္ ကုန္းေပၚ၌ ေတြ႕ရတတ္သည့္ ခ႐ု အမ်ိဳးမ်ိဳး ပါဝင္သည္။ အဆိုပါ ခ႐ု အမ်ိဳးအစားမ်ားသည္ မိမိဝမ္းဗိုက္ အေရျပားကို ေျမေပၚ၌ တြန႔္၍ တြန႔္၍ တစ္ေနရာမွ တစ္ေနရာသို႔ တြားသြားတတ္ၾကသည္။
ခ႐ုအုန္း သို႔မဟုတ္ အုန္းခ႐ုသည္ ပင္လယ္ၾကမ္းျပင္တြင္ က်က္စား ေနထိုင္သည့္ ခ႐ုတစ္မ်ိဳး ျဖစ္သည္။ အဆိုပါခ႐ုသည္ အခြံခြာထားသည့္ အုန္းသီး သဏၭာန္ရွိ၍ ခ႐ုအုန္း သို႔မဟုတ္ အုန္းခ႐ုဟု ေဒသခံမ်ားေခၚၾကသည္။ အေရာင္အဆင္းမွာ ဝါၾကန႔္ၾကန႔္ အခြံမာၿပီး အခြံေပၚတြင္ အစက္ေျပာက္မ်ား အနည္းငယ္ရွိသည္။ လုံးပတ္အခ်င္း ၈ လက္မမွ ၁၉ လက္မအထိ အသက္အ႐ြယ္လိုက္၍ အ႐ြယ္အစား အမ်ိဳးမ်ိဳးရွိသည္။
အခြံအတြင္း အသားမွာ အစင္းမ်ား ပါရွိၿပီး အသားကို စားသုံးရန္ အဓိကထားၾကသည္။ ငါးဖမ္းပိုက္ေလွမ်ားတြင္ အခါ အားေလ်ာ္စြာ ဖမ္းဆီးရမိသည့္ အျခားငါးမ်ားႏွင့္အတူ ပင္လယ္ၾကမ္းျပင္မွတစ္ဆင့္ ပိုက္အတြင္း ဖမ္းဆီးရမိတတ္ၾကသည္။ အသားကို ေရေႏြးျဖင့္ ျပဳတ္၍ ပါးပါးလွီးကာ သုပ္စားေလ့ရွိသည္။
ခ႐ုအုန္း အသားသုပ္၏ အေနအထားႏွင့္ အရသာမွာ ဝက္နား႐ြက္သုပ္ႏွင့္ ဆင္တူသည္။ ဟိုတယ္မ်ားတြင္ ခ႐ုအုန္း အသုပ္တစ္ပြဲလွ်င္ ေငြက်ပ္ ေသာင္းေက်ာ္ခန႔္ ေပးရတတ္သည္။
ခ႐ုအုန္း သို႔မဟုတ္ အုန္းခ႐ုအခြံကို ကႏုကမာ နည္းပညာျဖင့္ လက္ဝတ္ရတနာ သိမ္းဆည္းသည့္ဘူး၊ ေဆးလိပ္ဘူး၊ ေဆးလိပ္ျပာခံခြက္ႏွင့္ အျခားအႏုပညာေျမာက္ ပစၥည္းေပါင္းမ်ားစြာ ဖန္တီးထုတ္လုပ္ၾကသည္။ အတြင္းအသားထဲတြင္ မုတ္ေကာင္အတြင္း ပုလဲျဖစ္တည္သည့္ ျဖစ္စဥ္ကဲ့သို႔ သဘာဝအေလ်ာက္ ျဖစ္တည္ေနသည့္ ခ႐ုအုန္း အျမဳေတကို ရရွိတတ္သည္။
ေဒသခံမ်ားက ခ႐ုအုန္း ပုလဲ ဟုေခၚၾကသည္။ ပုလဲ ပုံသဏၭာန္မွာ လုံးဝန္းသည့္ သဏၭာန္ႏွင့္ ၾကက္ဥ ပုံသဏၭာန္ အေတြ႕ရမ်ားသည္။ အ႐ြယ္အစား အမ်ိဳးမ်ိဳး ေတြ႕ရတတ္သည္။ အထူးသျဖင့္ မုတ္ေကာင္မွ ရသည့္ သဘာဝ ပုလဲ၏ အ႐ြယ္အစားျဖင့္ ရရွိေလ့ရွိသည္။ အေရာင္အဆင္းမွာ ဝါၾကန႔္ၾကန႔္ ေ႐ႊအိုေရာင္ အဆင္းကဲ့သို႔ရွိၿပီး ပုလဲ မ်က္ႏွာျပင္ေပၚတြင္ သဘာဝ အေလ်ာက္ ျဖစ္ေပၚေနသည့္ အစင္းမ်ား၊ အရစ္မ်ား ပုံသဏၭာန္ အမ်ိဳးမ်ိဳး က်စ္လ်စ္ သိပ္သည္းစြာ ျဖစ္တည္ ေနေလ့ရွိသည္။
ခ႐ုအုန္း ပုလဲကို ခ႐ုအုန္း အေကာင္တိုင္းတြင္ ေတြ႕ရေလ့ မရွိဘဲ တစ္ခါ တစ္ရံမွသာ ရရွိတတ္သည့္ ရွားပါး စာရင္းဝင္ ရတနာ တစ္ပါးျဖစ္ရာ အေရာင္အေသြးႏွင့္ အေလးခ်ိန္ကို လိုက္၍ ေငြေၾကး တတ္ႏိုင္သူမ်ား သိန္းရာခ်ီေပး ဝယ္ယူတတ္ၾကသည္။
အေရွ႕အလယ္ပိုင္း ေဒသမ်ားမွ သူေဌးသူႂကြယ္မ်ား၊ ဥေရာပႏွင့္ အေမရိကမွ ရတနာကုန္သည္မ်ား ေဈးႀကီးေပးဝယ္တတ္ၾကသည္။ အထူးသျဖင့္ ထိုင္းႏိုင္ငံႏွင့္ မေလးရွားႏိုင္ငံတို႔မွ ဂုဏ္သေရရွိ သူေဌးသူႂကြယ္မ်ား အေဆာင္လက္စြပ္အျဖစ္ ဆင္ျမန္းေလ့ရွိေၾကာင္း သိရသည္။
အဆိုပါ ခ႐ုအုန္း ပုလဲ ရတနာ အျမဳေတသည္ ျမန္မာျပည္ေတာင္ဘက္ပိုင္း ပင္လယ္ေရေန သတၱဝါအတြင္းမွ သဘာဝအေလ်ာက္ ရရွိတတ္သည့္ အဖိုးတန္ ရွားပါးရတနာအေၾကာင္းအား စာဖတ္သူမ်ား ဗဟုသုတ အျဖစ္ သိရွိႏိုင္ၾကေစရန္ ေလ့လာ ေရးသား လိုက္ရပါသည္။ ေက်ာ္စိုး (ေကာ့ေသာင္း)
အေပၚပုံမွာ ၂၀၁၇ ခုႏွစ္က ကြၽန္းစုၿမိဳ႕နယ္ ကံေမာ္ေက်း႐ြာအုပ္စု ေကာ္မယ္အေနာက္ေက်း႐ြာတြင္ ေနထိုင္သူ ကို႐ိုက္ေခါင္း (ခ) ကိုထက္ႏိုင္ဝင္းသည္ ပင္လယ္ထဲပိုက္ဆြဲရာမွ ရရွိလာေသာ ခ႐ုအုန္းအား ဟင္းခ်က္ရန္ ခြဲထုတ္ရာမွာ ေ႐ႊေရာင္သန္းလ်က္ရွိေသာ အျမဳေတတစ္လုံး ရရွိခဲ့ပါသည္။ ယခုပို႔စ္ပါ ပုံမ်ားမွာ အဆိုပါ အျမဴေတရရွိခဲ့စဥ္က ပုံမ်ား ျဖစ္ပါသည္။
ေမတၱာျဖင့္ ျပန္လည္ မွ်ေ၀ပါသည္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။