ဘဝမှာ တခါမှ အသက် ၄၀ ဝန်းကျင် ယောကျာ်းကြီး တင်ပါးကို ပြစ်ပြစ်နှစ်နှစ် ထောက် ရလိမ့်မယ်လို့ မတွေးမိဖူးဘူး။ ဖြစ်ပုံက အပြန် ybs 65 ကားပေါ်မှာ ရုံးဆင်းချိန်မို့ လူတွေကြပ်တာကို အခွင့်ကောင်းယူပီး သကောင့်သားက ပလေကပ်ပုဆိုးနဲ့ အရှေ့က ကောင်မလေးကို အနောက်ကလိုက်ထောက်နေတာ။
ကားက ကြပ်တာဆိုပေမယ့် အရမ်းကြီးလိုက်ထောက်နေတာ သိသာလွန်းတယ် ။ ကောင်မလေးကနေရာရွှေ့ရင် သူပါလိုက်ရွှေပီးကပ်လိုက် ကောင်မလေး ခေါင်းကိုမသိမသာနမ်းလိုက်နဲ့ ကြားထဲက ကိုယ်က ဒေါသဖြစ်တယ်။
ကိုလည်းမျက်စိရှေ့မာမြင်နေရတာ ဘယ်လိုကူညီရမယ်မသိဘူး ။ သွားပြောလို့ ရှက်ရမ်းရမ်းပီး ဒါးတွေဘာတွေ ပါလားမပါလားကမသိ ။ ခေတ်ကာလကလည်းမကောင်းတော့ သွားလည်းမပြောရဲဘူး။
ဒီတော့ ဖြစ်ချင်ရာဖြစ်ကွာဆိုပီး မင်းတောင် ထောက်သေးတာပဲ။ ငါလည်းမင်းကို ပြန်ထောက်မယ်ဆိုပီး အနောက်ကနေ အာ့ပလေကပ်ကို ပြန်ထောက်တာ။ စ စ ချင်းတော့ သူ့ဟာသူမွှန်နေတော့မသိဘူး ။ မြေနီကုန်းကနေ လှည်းတန်းထိရောက်လာတော့ စသတိထားမိလာတယ်ထင်တယ် ။ အနောက်ကိုလှည့်လှည့်ကြည့်လာတယ်။
ကိုလည်း နားကြပ်လေးတပ်ပီး မသိချင်ယောင်ဆောင်ပီး ဆက်ထောက်နေတာ ။ သူကတင်ပါးနေရာရွှေ့ဖို့ကြိုးစားလိုက် ကိုယ်ကလည်းသူ့ကိုပြန်ထောက်လိုက်နဲ့ တကယ့်ထောက်လှမ်းရေးပွဲ ။ နဂိုအရှေ့က ကောင်မလေးတောင် အာ့ပလေကပ် ဂရုစိုက်မအားတော့ဘူး ။ သူ့အဖြစ်က တိုက်စစ်ထက် ခံစစ်မပေါက်အောင် ပိတ်ကန်နေရတဲ့အသင်းလိုမျိုး ။
ဘူတာရုံလမ်းနားရောက်တော့ ကျနော့် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ ဖုန်းက လာကော။ ဆိုင်းလန့်မုဒ် ပဲလုပ်ထားတော့ ဗိုင်ဘရိတ် ထဖြစ်တာ အာ့တော့မှ ဟိုဘဲက အတင်း ဆင်းမယ် ဆင်းမယ်နဲ့ ဒီကောင်ထောက်ရုံတင်မကဘူး ဗိုင်ဘရေတာ တွေပါ သုံးကုန်ပီဆိုပီး ထင်သွားပုံရတယ် ။ အတင်းတိုးပီးပြေးဆင်းတာ။
အာ့တော့မှ ဘေးနားက လူတွေကပြုံးစိစိနဲ့ တိုးတိုးလေးပြောနေတာတောင်ကြားလိုက်သေးတယ် တော်သေးတယ် အိတ်အနီနဲ့ကောင်လေး ေ၈း နေလို့ဆိုလားပဲ ။ ငါ့မှာ ကယ်လည်းကယ်ရသေးတယ်။ ငါ့နှယ် တတ်သည့်ပညာမနေသာလိုက်တာ (အရင်တုန်းကအဖြစ်လေးပြန်တင်ခြင်းသာ) (Min Thike Tun)
မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Zawgyi
ဘဝမွာ တခါမွ အသက္ ၄၀ ဝန္းက်င္ ေယာက်ာ္းႀကီး တင္ပါးကို ျပစ္ျပစ္ႏွစ္ႏွစ္ ေထာက္ ရလိမ့္မယ္လို႔ မေတြးမိဖူးဘူး။ ျဖစ္ပုံက အျပန္ ybs 65 ကားေပၚမွာ ႐ုံးဆင္းခ်ိန္မို႔ လူေတြၾကပ္တာကို အခြင့္ေကာင္းယူပီး သေကာင့္သားက ပေလကပ္ပုဆိုးနဲ႔ အေရွ႕က ေကာင္မေလးကို အေနာက္ကလိုက္ေထာက္ေနတာ။
ကားက ၾကပ္တာဆိုေပမယ့္ အရမ္းႀကီးလိုက္ေထာက္ေနတာ သိသာလြန္းတယ္ ။ ေကာင္မေလးကေနရာေ႐ႊ႕ရင္ သူပါလိုက္ေ႐ႊပီးကပ္လိုက္ ေကာင္မေလး ေခါင္းကိုမသိမသာနမ္းလိုက္နဲ႔ ၾကားထဲက ကိုယ္က ေဒါသျဖစ္တယ္။
ကိုလည္းမ်က္စိေရွ႕မာျမင္ေနရတာ ဘယ္လိုကူညီရမယ္မသိဘူး ။ သြားေျပာလို႔ ရွက္ရမ္းရမ္းပီး ဒါးေတြဘာေတြ ပါလားမပါလားကမသိ ။ ေခတ္ကာလကလည္းမေကာင္းေတာ့ သြားလည္းမေျပာရဲဘူး။
ဒီေတာ့ ျဖစ္ခ်င္ရာျဖစ္ကြာဆိုပီး မင္းေတာင္ ေထာက္ေသးတာပဲ။ ငါလည္းမင္းကို ျပန္ေထာက္မယ္ဆိုပီး အေနာက္ကေန အာ့ပေလကပ္ကို ျပန္ေထာက္တာ။ စ စ ခ်င္းေတာ့ သူ႔ဟာသူမႊန္ေနေတာ့မသိဘူး ။ ေျမနီကုန္းကေန လွည္းတန္းထိေရာက္လာေတာ့ စသတိထားမိလာတယ္ထင္တယ္ ။ အေနာက္ကိုလွည့္လွည့္ၾကည့္လာတယ္။
ကိုလည္း နားၾကပ္ေလးတပ္ပီး မသိခ်င္ေယာင္ေဆာင္ပီး ဆက္ေထာက္ေနတာ ။ သူကတင္ပါးေနရာေ႐ႊ႕ဖို႔ႀကိဳးစားလိုက္ ကိုယ္ကလည္းသူ႔ကိုျပန္ေထာက္လိုက္နဲ႔ တကယ့္ေထာက္လွမ္းေရးပြဲ ။ နဂိုအေရွ႕က ေကာင္မေလးေတာင္ အာ့ပေလကပ္ ဂ႐ုစိုက္မအားေတာ့ဘူး ။ သူ႔အျဖစ္က တိုက္စစ္ထက္ ခံစစ္မေပါက္ေအာင္ ပိတ္ကန္ေနရတဲ့အသင္းလိုမ်ိဳး ။
ဘူတာ႐ုံလမ္းနားေရာက္ေတာ့ က်ေနာ့္ ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားတဲ့ ဖုန္းက လာေကာ။ ဆိုင္းလန႔္မုဒ္ ပဲလုပ္ထားေတာ့ ဗိုင္ဘရိတ္ ထျဖစ္တာ အာ့ေတာ့မွ ဟိုဘဲက အတင္း ဆင္းမယ္ ဆင္းမယ္နဲ႔ ဒီေကာင္ေထာက္႐ုံတင္မကဘူး ဗိုင္ဘေရတာ ေတြပါ သုံးကုန္ပီဆိုပီး ထင္သြားပုံရတယ္ ။ အတင္းတိုးပီးေျပးဆင္းတာ။
အာ့ေတာ့မွ ေဘးနားက လူေတြကၿပဳံးစိစိနဲ႔ တိုးတိုးေလးေျပာေနတာေတာင္ၾကားလိုက္ေသးတယ္ ေတာ္ေသးတယ္ အိတ္အနီနဲ႔ေကာင္ေလး ေ၈း ေနလို႔ဆိုလားပဲ ။ ငါ့မွာ ကယ္လည္းကယ္ရေသးတယ္။ ငါ့ႏွယ္ တတ္သည့္ပညာမေနသာလိုက္တာ (အရင္တုန္းကအျဖစ္ေလးျပန္တင္ျခင္းသာ) (Min Thike Tun)
ေမတၱာျဖင့္ ျပန္လည္ မွ်ေ၀ပါသည္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။