ငါလာမှသီး ၊ငါလာမှကြီး တဲ့လားဖေဖေ ၊ သူ့ကျိန်စာကလည်း စိတ်ဝင်စားစရာကောင်းသလို .. ပေပင်လေးတွေကလည်း
နှစ်ရာထောင်ချီနေတာတောင် သုံးလေးပေက မတက်ဘူးနော်…၊ သူ့နတ်နန်းမှာ ဘာလို့ ဘီလူးမကြီးနဲ့ တွဲထားရတာလည်း ဖေဖေ ၊ ကြည့်ရတာ တမျိုးကြီးပဲ …
ဗိဿနိုးမြို့ထဲ ဝင်သွားချိန်ကစလို့တိတ်ဆိပ်ချောက်ချားစွာနဲ့ နေရာတစ်ခုချင်းဆီကို စိတ်ဝင်စားစွာ ကြည့်နေပေမယ့်
စိတ်အစဉ်ကတော့ ဟိုး နှစ်ပေါင်း နှစ်ထောင်ခန့်က စည်ကားခဲ့တဲ့ဗိဿနိုးမြို့ကြီးရယ် ၊သရေခေတ္တရာဆိုတဲ့ ဒွတ္တဘောင်တို့ရဲ့ ပြည်မြို့ကြီးရယ်.. ၊
အင်မတန်ချောမောလှပတယ်ဆိုတဲ့ ပန်ထွာဘုရင်မရယ် ..
ငယ်ငယ်ကအရမ်းသဘောကျခဲ့တဲ့ အတုလစည်တော်ကြီးနဲ့ စည်တီးရင် ရေကြီးတဲ့ ရန်ပယ်ချောင်းရယ် ..
ရဟန်းတုတွေက ဖျက်ဆီးခဲ့လို့ ပျက်ဆီးသွားတဲ့အတုလစည်အပေါက်ကြီးရယ် …
ရဟန်းတုတွေအပေါ် အခဲမကြေနိုင်ခဲ့ပဲ မဟာမြိုင်တောမှာ ခုချိန်ထိ လက်စားချေနေတာရယ်
သူလူပြန်ဖြစ်ပြီး ဒွတ္တဘောင်ဘုရင်ကို သူ့လက်နဲ့သတ်နိုင်ချိန်ကျမှ ပေပင်တွေ ရှင်သန်ကြီးထွားနိုင်အောင်
ငါလာမှသီး၊ငါလာမှကြီး လို့ကျိန်စာတိုက်ခဲ့တာဆိုရင် ..ခုချိန်ထိ မကျွတ်လွတ်နိုင်သေးဘူး ဆိုတာရယ် ..
အတွေးတွေ ဖြန့်ကျက်နေစဉ်မှာပဲ သမီးလေးမေးခွန်းကြောင့်အတွေးတွေ ရပ်သွားပါတယ် …
ဪ .. သမီးရယ်ပန်ထွာဧကရီဘုရင်မ ရဲ့ အမေဟာဘီလူးမကြီးလေ ၊စန္ဒမုခိ ဆိုတဲ့ ဘီလူးမကြီးပေါ့ ၊
အဲတာကြောင် သူ့နတ်နန်းမှာ အတူယှဉ်တွဲလို့ ပူဇော်ပေးထားတာပါ
ဟင် .. ဒါဆိုသူ့ရဲ့ ဖေဖေကရော ဘယ်သူလည်းဟင်
တောင်တွင်းကြီးမြို့က ပေပင်ကြီး
အင်း… ခက်ပီ ။တောင်တွင်းကြီးမြို့နဲ့ဆယ်မိုင်အကွာ ကတ္တရာလမ်းမကြီးဘေးမှာ မုဒ်ဦးကြီးနဲ့ အထင်ကရ ဗိဿနိုးမြို့ဟောင်းကြီးရယ်၊
နန်းတော်ဟောင်းတွေရယ် ရှိနေတာတောင် အဲဒီထီးနန်းက ဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးရဲ့ မိခင်ဖခင် ရာဇဝင်တွေကို မသိနိုင်ကြပဲ
အပျော်သဘောလာကြည့်ပြန်သူတွေ ဘယ်လောက်များနေကြပြီလည်းလို့ စိတ်မကောင်းဖြစ်မိပါတယ်
သူ့ဖေဖေက စူဠသမ္ဘဝလေ သမီးရဲ့ မဟာသမ္ဘဝ၊စူဠသမ္ဘဝ မျက်မမြင်ညီနောင်မင်းသားနှစ်ပါးဆိုရင် သမီးသိလား ဟား.. ကြားဖူးတယ် ဖေဖေ ..
အဲတာဆို သိတယ်တခါတခါမှာ သမိုင်းတွေက အံ့ဩစရာကောင်းသလို သူတို့ရဲ့ပဌာန်းဆက်တွေကလည်း အံ့ဩစရာကောင်းလွန်းတယ် သမီးရယ် ..
သမီး မပျင်းအောင် သူတို့ရဲ့ ဆက်စပ်မှုဘဝသမိုင်းလေးကို အတိုချုပ် ရှင်းပြပေးမယ်။
အံ့ဩစရာ တွေ့ဆုံမှုတွေပါ သမီးရေအချိန်ကာလက …မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးသာသနာသက္ကရာဇ် ၅၉ ခုနှစ်မှာပေါ့
တကောင်းဘုရင် သတိုးမဟာရာဇာနဲ့မိဖုရားကြီး ကိန္နရီဒေဝီမှာ သားတော်နှစ်ပါးထွန်းကားတယ် သားတော်နှစ်ပါးဟာမွေးကတည်းက မျက်စိမမြင်ဘူး။
ဖခင်က တခြားတိုင်းပြည်တွေ မသိခင် သတ်စေအမိန့်ချတယ်။မိခင်က မသတ်ရက်တော့ ဖွတ်ထားတယ်
အသက် ၁၉ နှစ်အရွယ်မှာ ဘုရင်ကြီးသိသွားတော့ မိဖုရားကြီးက မနေသာတော့ပဲ သားတော်နှစ်ပါးကို ဖောင်ပေါ်တင်ပြီး
မသိုးထမင်း၊မသိုးဟင်းတွေနဲ့အတူ ရင်နာနာနဲ့ ရေမှာ မျောစေခဲ့တယ်လမ်းခရီး ရေစပ်က စစ်ပင်ကြီးကိုင်းနေတဲ့နေရာမှာ
ဖောင်နဲ့ညှိနေတုံး ဘီလူးမလေးက ဖောင်ပေါ်တက်လိုက်လာတယ်ထမင်းတွေခိုးစားတယ်၊မိတယ်၊သတ်မယ်လုပ်တော့ တောင်းပန်ပြီး
မျက်စိကုပေးလိုက်တော့ မင်းသားနှစ်ပါး မျက်စိပြန်မြင်သွားတယ်။
မင်းသားအငယ် စူဠသမ္ဘဝနဲ့ စန္ဒမုခိဘီလူးမလေး ညားတယ်ပန်ထွာကို မွေးတယ်ပေါ့ ။
စစ်ပင်ကြီး ကိုင်းနေတဲ့နေရာဆိုတာ စစ်ကိုင်းမြို့ဖြစ်လာမယ့် နေရာပါ
ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေ
ဆက်လက်မျောပါရင်း … သရေခေတ္တရာ ပြည် ရောက်တယ်။မင်းကြီးတောင်ခြေမှာ ဗူးပေါက်ကျဉ်းကျဉ်းနဲ့ရေခတ်နေတဲ့ မဘေဒါကို တွေ့တယ် ။
သဘောကျတယ်။ဗူးပေါက်ကို သံလျက်နဲ့ ချဲ့ပေးတယ်ဘေဒါရီ ရင်ခုံသွားလိမ့်မယ် ။
အဲတာနဲ့မဟာသမ္ဘဝနဲ့ မဘေဒါနဲ့ ညားတယ် ဒွတ္တဘောင်မင်းသားကို မွေးတယ်
ဒါကြောင့် ပန်ထွာမင်းသမီးနဲ့ သူ့ကို စစ်ခင်းသိမ်းပိုက်ခဲ့တဲ့ သူအင်မတန်မုန်းတီးတဲ့ ဒွတ္တဘောင်ဘုရင်ဆိုတာ သူ့ကိုကို တစ်ဝမ်းကွဲပါ သမီးရေ …
မဟာသမ္ဘဝရဲ့သား ဒွတ္တဘောင်နဲ့ စူဠသမ္ဘဝရဲ့သမီး ပန်ထွာဆိုတာ မောင်နှမ တစ်ဝမ်းကွဲတွေပါကွယ် …
ဘေဒါရီမင်းသမီးကလည်း သူစိမ်းမဟုတ်ပြန်ဘူး။ ဘေဒါရီရဲ့ မေမေကသမင်မကလေးပေါ့ ။
ရသေ့ကြီးရဲ့မင်းကြီးတောင်က ကျောင်းသက်န်းမှာ အစာစားရင်း၊ရသေ့ကြီးရဲ့ကြင်ငယ်ရေ သောက်မိရာက သမင်မလေးမှာ ကိုယ်ဝန်ရှိပြီး
ဘေဒါရီကို မွေးတာသမီးရဲ့ ။ရသေ့ကြီးက အဓိဌာန်နဲ့ လက်ညှိုးကနေ နို့ထွက်စေပြီး မွေးစားခဲ့တာပါ
ရသေ့ကြီးရဲ့ နာမည်က ခေပဒူပတဲ့ သမီးရဲ့တကောင်းဘုရင် သတိုးမဟာရာဇာရဲ့ ညီအရင်းပါ။တကောင်းပြည်ရဲ့ အိမ်ရှေ့မင်းသားပါ ။
တကောင်းပြည်မှာ သောင်းကျန်းနေတဲ့ ဝက်ကြီးကို လိုက်လံနှိမ်နင်းရင်း .. လိုက်ရင်း .လိုက်ရင်းနဲ့ သရေခေတ္တရာကို ရောက်ခဲ့တာပါ။
ဝက်ကြီးကို နှိမ်နင်းနိုင်ပေမယ့် သတိသံဝေဂရပြီး တကောင်း ပြည်မပြန်တော့ပဲ မင်းကြီးတောင်မှာရသေ့ဝတ်နေတာပါ ။
လောကီဈန်လောက်တော့ ရနေတဲ့ ထူးခြားတဲ့ ရသေ့ကြီး တစ်ပါးဖြစ်နေချိန်မှာ ပေါ့
ဘေဒါရီက မဟာသမ္ဘဝတို့ကို ရသေ့ကြီးကျောင်းသက်န်းကို ခေါ်လာပြီးဆွေမျိုးစပ်တော့ တူအရင်းတွေ ဖြစ်နေတာပေါ့
ဒါကြောင့် ရသေ့မြို့ဆိုပြီး မြို့တည်ပေးတယ်။မဟာသမ္ဘဝကဘုရင်၊စူဠသမ္ဘဝက အိမ်ရှေ့မင်းပေါ့သမီးရယ်
ဒီလောက်ဆိုရင် သူတို့ရဲ့စိတ်ဝင်စားဖွယ် ဆုံစည်းမှုလေးတွေကို မှတ်မိပြီနော် …။
မဟာသန္ဘဝနဲ့ ဘေဒါရီဟာလည်း မောင်နှမ တစ်ဝမ်းကွဲပဲဆိုတာ မှတ်ထားပါ သမီးရေ ..အဲတာကြောင့် ပြန်ကောက်ရရင် …
ဘီလူးမရဲ့ သမီးဖြစ်လို့ ပန်ထွာမင်းသမီးဟာ အရပ်ရှည်တယ်၊ အသားဖြူတယ် ၊မျက်လုံးမျက်ဖန်အရမ်းလှတယ်တဲ့
ရှေးဟောင်းဌာနက ဒီဗိဿနိုးက ကုန်းတွေကို ၁၉၅၉ခုနှစ်လောက်ကတည်းက ပြန်လည်တူးဖော်နေတာ
အခုဆို ကုန်းပေါင်း၆၀ လောက် တူးဖော်ပြီးခဲ့ပါပြီ ။ကမ္ဘာ့အမွေအနှစ်စာရင်းလည်း ဝင်ခဲ့ပါပြီ
ရှေးဟောင်းကုန်းတွေ တူးဖော်ရင်းမကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မရဲ့ ဝိညဉ်ကို တွေ့ဖူးကြောင်း၊
ဘုရင်မဟာ ဝတ်ရုံအဖြူကိုဝတ်ထားကြောင်းအရပ်က ၇ ပေခန့်ရှိကြောင်း၊ အသားက ဖြူစပ်စပ်ဖြစ်ကြောင်း၊
အရမ်းချောကြောင်း၊မျက်လုံးပြူးပြီး လှပကြောင်း ၊ရုပ်ရည်ဟာ တည်လွန်းကြောင်း ဖတ်ခဲ့ရဖူးပါတယ်
ဗိဿနိုးမြို့ဦးက ပန်ထွာဘုရင်မတည်ထားခဲ့တဲ့ ရွှေရောင်တော်ဘုရားမှာ မကြာခဏ အင်ကြင်းပန်းတွေလာလှူကြောင်း၊
အင်ကြင်းနံ့များပေးကြောင်း ..ဘုရားစောင်းတန်းက မုန့်ရောင်းတဲ့ ဦးလေးကြီးက ရှင်းပြပါတယ် ။
ရွှေရောင်တော်ဘုရားပေါ်မှာ နတ်နန်းအဟောင်းရှိပြီးဘုရား ပရဝဏ်အနောက်တောင်ဖက်မှာ နတ်နန်းအသစ် ရှိပါတယ် ။
အင်ကြင်းပန်းတွေ ဘုရားပေါ်မှာ မကြာခဏ တွေ့ရကြောင်း ရှင်းပြပါတယ်
ပန်ထွာဘုရင်မနဲ့ ပေပင်တွေရဲ့ ပတ်သက်မှုကကော ဖေဖေပေပင်လေးတွေက မြေကြီးကနေကပ်ပြီး
အဖူးတွေတော့ ထွက်ပါရဲ့အသီးမတင်ပဲ သေသွားကြတာပဲတဲ့၊
ဟိုအပင်လေးလည်း အဖူးလေးနဲ့ပဲဖေဖေ “” ပေပင်တွေကို ဘာလို့ကြိမ်ခဲ့တာလည်း ဖေဖေရယ် …
ဟိုး … ကဿပဘုရားရှင်လက်ထက်မှာပေါ့ သမီးရယ် … မိုးကခေါင်ပြီး အလွန်ပူအိုက်တဲ့အချိန်မှာလက်ယ်ျာတော်ရံမထေရ်ကြီးကို
ပေရွက်နဲ့ ယပ်တောင်လုပ်ပြီးလှူဌာန်းခဲ့တဲ့ ကုသိုလ်ကြောင့် ဒီဘဝမှာ အဲဒီအကျိုး ခံစားခဲ့ရတာပါ …
မကျွတ်လွတ်သေးတဲ့ဗိဿနိုးဘုရင်မ ပန်ထွာ ရဲ့အမုန်းကျိန်စာနဲ့ ပေပင်လေးတွေ
အပိုင်း ၂ နိဂုံး
ပန်ထွာဘုရင်မ ဖြစ်လာမည့် ဤမိန်းမငယ်သည် .. ကဿပဘုရားရှင်လက်ထက်က လက်ယာရံကိုယ်တော်မြတ်ကြီးကို
ဤကဲ့သို့ အလွန်ပူအိုက်သောကာလ၌ ပေရွက်ကို ယပ်ထိုးပြီးလှူဌာန်းခဲ့သော စေတနာကံကြောင့်ဖြစ်လေရာဘဝ၌
မစိုက်မပျိုးရပဲသက်သက်သော ပေပင်တို့ ခြံရံလျက်ကနက် ထီးနန်းနဲ့ မင်းခမ်းကျင်းပ၍
ဘဝထိုထို အလိုရှိတိုင်း ပြည့်စုံစေသတည်း…” လို့ မိန့်ကြားခံခဲ့ရသူလေး ဖြစ်ပါတယ် သမီးရေ
ဒီတော့သမီးရယ် ..ဗိဿနိုး၊တောင်တွင်းကြီးဒေသတွေဟာ အဲဒီကာလတုန်းက ပေပင်တွေဘယ်လောက်ပေါများလိုက်မလဲဆိုတာ
ခုခေတ် ပုဂံ၊ညောငိဦး၊ကျောက်ပန်းတောင်းနယ်က ထန်းပင်တွေလိုလူခုန်ကူးနိုင်တဲ့အဆင့် ဖြစ်ခဲ့မှာပေါ့
ပေရွက်တွေနဲ့ ပေစာတွေဟာ သာသနာမှာ တစ်ထောင့်တစ်နေရာကနေလွန်စွာမှ အကျိုးပြုနိုင်ခဲ့တယ်
ဒွတ္တဘောင်တို့ ပန်ထွာတို့ခေတ်မှာ ပေရွက်ပေါ်မှာတင် စာတင်နိုင်ခဲ့ကြတာ မဟုတ်ဘူး သမီးရဲ့ ။
ရွှေပေလွှာပေါ်အထိ စာရေးနိုင်နေကြပါပြီပြည်မှော်စာက ဦးခင်ဘရဲ့ကုန်းကို တူးဖော်ရာကနေပြီး
ရွှေပြားစစ်စစ်ပေါ်မှာ ဘုရားစာ ပျူစာ တွေကို ရေးထားတာကို တွေ့ရှိခဲ့ပြီး တန်ဖိုးမဖြတ်နိုင်တဲ့
ပျူတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ဘာသာသာသနာ ကိုးကွယ်မှုအနေအထားကို ခန့်မှန်းနိုင်ခဲ့ကြတယ် …
ပန်ထွာဘုရင်မလေးလည်း ရွှေခါးပတ်၊ရွှေကြိုး၊ရွှေသရဖူတွေ ဝတ်ဆင်ခဲ့မှာပေါ့နော် ဖေဖေ
ဘုရင်တွေတင်မက မှူးမတ်တွေပါဝတ်ဆင်ခဲ့ကြတာမို့ အနီးနားက ရွာတွေမှာ ရွှေစလွယ်တွေ၊ရွှေနားတောင်းတွေ၊
ရွှေအိုးလေးတွေ မကြာခဏတူးဖော်ရရှိတဲ့ သတင်းတွေ ကြားနေရတာပေါ့ သမီးရယ်
ပန်ထွာမင်းသမီးက ဘီလူးအနွယ်မို့အရပ်ရှည်တယ်၊ သူ့ဝိညဉ်ကို မြင်ဖူးသူတွေပြောစကားအရ အရပ် ၇ ပေလောက်ရှိတယ်တဲ့၊
မိန်းမဖြစ်ပြီး အဲဒီလောက် ရှည်ပါ့မလား ဖေဖေ
အင်း … ဗိဿနိုးမြို့ဟောင်းရဲ့ တူးဖော်မှု တစ်ခုမှာ အရပ် ၇ ပေလောက်ရှိတဲ့ ရှားပါးမိန်းမ အရိုးစု တစ်ခုကိုတူးဖော်မိခဲ့ကြတယ်၊
နယူးဂျာစီ အကူအညီနဲ့ စမ်းသပ်ကြည့်ရာမှာ နှစ်ပေါင်း နှစ်ထောင်နီးပါး ရှိနေပီလို့ အဖြေပေးတယ်
မီးသင့်ထားတဲ့ဘုရင်မအဆောက်အဦးက မီးသွေးတွေကို အမေရိကန်နိုင်ငံသား မစ္စတာပီးကော့ရဲ့အကူအညီနဲ့
စမ်းသပ်စစ်ဆေးရာမှာလဲ နှစ်ပေါင်း ၁၈ဝဝနဲ့ ၂၃၀၀ ကြားခန့်မှန်းပေးတာကို သုံးသပ်ရင် ပျူဘုရင်မကြီးရဲ့အရိုးစုများလားဆိုတာရယ်၊
ဘုရင်မရဲ့ နန်းတော်အစစ်ပါလားဆိုတာရယ်တွေးပြီး … လွမ်းမောစရာကြီးပေါ့သမီးရယ်..
ပေပင်တွေကို ဘာလို့ကြိမ်စာတိုက်ခဲ့တာလဲ ဖေဖေ၊နောက်မှ လွမ်းပါ၊အဲ့တာလေး အရင် ဖြေပါဦး …
လွမ်းဖို့ပြင်နေဆဲမှာပဲ သမီးငယ်ရဲ့ စိတ်မရှည်သံကြောင့် အတွေးတွေရပ်ပြီး အတိုချုပ်ဖြေလိုက်ရပါတယ်
ဒီလို သမီးရဲ့ ဗိဿနိုးဇာတ်လမ်းကတော့ သမီးတို့သိပြီးသားပဲလေ ၊ သရေခေတ္တရာဘုရင် ဒွတ္တဘောင်ဟာ
ညီမဝမ်းကွဲလေးမို့ရောအတိတ်က မိန်းမတော်ခဲ့ဖူးတဲ့ ပဌာန်းဆက်ကြောင့်ကောဗိဿနိုးဘုရင်မ ပန်ထွာမင်းသမီးကို
အရမ်းကို ချစ်မြတ်နိုးတော်မူသတဲ့ပန်ထွာမင်းသမီးလေးကတော့ ဒွတ္တဘောင်ဆိုတဲ့ ဘုရင်အကိုတော်ကို
အသံကြားတာနဲ့တင် ခါးခါးသည်းသည်း မုန်းတယ်တဲ့ဒါကလည်း
သူ့ရဲ့ အတိတ်ဘဝ ပွေးမလေးဘဝ က ဆုတောင်းကြောင့် ခါးခါးသည်းသည်း မုန်းနေခဲ့ရတာပါ ။
ဆု’ဆိုတာ လွယ်လွယ်မတောင်းမိကြဖို့ အရေးကြီးတယ် သမီးရေ
ပွေးမလေးက ဘယ်လိုဆုတောင်းခဲ့လို့ ဒီဘဝမှာ ခါးခါးသည်းသည်းမုန်းရတာလေး ပြောပြဦးနော် ဒီလိုပါ သမီးရယ်
ခုပဲပြောပြပါ့မယ် ဇာတ်လမ်းတွေကိုဆက်စပ်မိအောင်ပါ၊ အချို့တွေက ဇာတ်လမ်းတစ်ခုချင်းစီတော့ သိကြပါတယ်၊
ဒါပေမယ့် ဇာတ်လမ်းတစ်ပုဒ်ထဲ ဆိုတာတော့ မသိခဲ့ကြတာ များတယ်ဒွတ္တဘောင်နဲ့ ပန်ထွာတို့ဟာ
ဒီဂေါတမဘုရားလက်ထက်မှာပဲ ပြည်မြို့ရဲ့တစ်ဖက်ကမ်းက ‘ ဖိုးဦးတောင်’မှာ ပွေးဖိုနဲ့ပွေးမအဖြစ် ချစ်ခင်စွာ နေခဲ့ကြဖူးတယ်
ဘုရားရှင်ဟာ ၁၀၃ ခုနှစ်မှာ ဖိုးဦးတောင်ကို ကြွလာတယ် ဘုရားရှင်ကြွလာမှာ ကြိုသိနေကြတဲ့
သူတို့မောင်နှံဟာ ကတိတစ်ခု ထားခဲ့ကြသတဲ့ ဘုရားရှင်ကြွလာရင် ဘယ်သူအရင်တွေ့တွေ့ တစ်ယောက်ကို တစ်ယောက် လာခေါ်ကြဖို့ပေါ့
ဒါပေမယ့် ဘုရားရှင် တကယ်ကြွလာတဲ့အခါမှာတော့ ပွေးဖိုက အရင်ဘုရားကို ဖူးမျှော်ရပြီး
ပွေးမလေးကအစာရှာလွန်နေလို့ ရှာလို့မတွေ့ခဲ့ဘူးတဲ့ သမီးရယ်၊သူတကယ် ရှာလောက်ပါတယ်
ပွေးမလေး ပြန်ရောက်ချိန်မှာ ဘုရားရှင်ကို မြေကျစ်ဆုပ်ပြီး လှူဌာန်းခဲ့ကြောင်း သာဓုခေါ်ဖို့ ပြောပေမယ့်
မိန်းမဆိုတာ မိန်းမပဲပေါ့ သမီးရယ် ၊ဖေဖေလည်း ရှင်းမပြတတ်ပါဘူးပေါက်ကွဲတယ်ပေါ့ ယုတ်မာတယ်ပေါ့၊ ရိုင်းတယ်ပေါ့ ။
တစ်ကိုယ်ကောင်း ဆန်တယ်ပေါ့ ။လုံးဝ လုံးဝ မကြေနပ်ဘူးပေါ့သူမလည်း အားကျမခံ မြေကျစ်ဆုပ်လေးကိုင်ပြီး
ဘုရားရှင်ဆီ အမှီလိုက် ဟောဟဲဆိုက်စွာနဲ့ ဆုတောင်းတယ်ပေါ့ဖြစ်လေရာဘဝမှာ ဟောဒီပွေးဖိုနဲ့လုံးဝ မတွေ့ဆုံရပါစေနဲ့ အရှင်ဘုရား ပေါ့
ပွေးဖိုကလည်း အားကျမခံပြန်ဆုတောင်းတယ်၊ သူပြုသမျှ ကုသိုလ်ကံကြောင့် ပွေးမလေးနဲ့ ဘဝဆက်တိုင်း ပေါင်းဆုံပါရစေ ဘုရား ပေါ့
ဒီဆုတောင်းတွေကြောင့်ပဲ ချစ်သူ၊မုန်းသူ ၊ အခဲမကြေသူတွေ အဖြစ်လူ့ဘဝမှာ ပြန်လည်ဆုံတွေ့ကြပေမယ့်
တစ်ယောက်က အချစ်ကြီး ချစ်သူ၊တစိယောက်က အမုန်းကြီးမုန်းသူ ဖြစ်နေရတာပါ သမီးရေ …
ထားပါတော့ သမီးရယ် … ပေပင်တွေအကြောင်း ဆက်ပြောပါ့မယ်…၊ဒွတ္တဘောင်မင်းက ဘုန်းအာဏာ ကြီးမားတော့
အနီးမြို့တွေက အခွန်ဆက်သရတယ်ပန်ထွာဘုရင်မက မဆက်သဘူး၊ အရမ်းမုန်းတာရော၊
ရန်ပါယ်ချောင်းက ရေတံခါးတွေနဲ့ သူ့တပ်အင်အားကို ယုံကြည်တာရော ပါမှာပေါ့
အဲတော့ ဒွတ္တဘောင်မင်းက လာတိုက်တယ်၊ပန်ထွာဘုရင်မက ရန်သူတပ်တွေလာတာမြင်ရင် စည်တီးတယ်စည်တီးတော့ ရေကြီးတယ်ပေါ့
ရန်ပါယ်ချောင်းက ရေလုံးကြီးတွေဟာ ကြောက်မက်ဖွယ်ရာ အော်သံကြီးတွေပေးပြီး ရန်သူတပ်တွေကိုဝါးမြိုသွားတယ်၊
ဒွတ္တဘောင်တပ်တွေဟာ တပ်ပျက်ပြီး ပြန်ပြေးရတယ်ရေတံခါးတွေဟာ အတုလစည်တော်အပေါ် တည်မှီနေကြောင်း
သိတဲ့အခါသာသနာပြုမင်းသမီးမှန်း သိတဲ့အတွက်
ဘုန်းကြီးအတုလွှတ်ပြီး စည်းရုံးလို့ စည်ကြီးကို ဖောက်စေခဲ့တယ်။သရေခေတ္တရာတပ်တွေ ချီလာချိန်မှာ
စည်အပေါက်ကြီးကြည့်လို့ပန်ထွာဘုရင်မဟာ အရှုံးကြီး ရှုံးလို့အမုန်းကြီးမုန်းခဲ့ရပြီလေ…ထီးကျိုးစည်ပေါက်၊
မီးလောင်ဖျက်ဆီးခံရတဲ့မြို့ပျက်ကြီးကို ကြည့်ပြီး ပန်ထွာရဲ့ရင်မှာ ဘယ်လောက်နာကျည်းမုန်းတီးလိုက်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်သမီးရယ်
ကြီးကျယ်ခန်းနားတဲ့ နေပြည်တော်ကြီးဆီကို ပြောင်းရွေ့စံမြန်းစေလိုတဲ့စေတနာ၊မေတ္တာအပြည့်နဲ့ ပင်ပမ်းခက်ခဲစွာ ကြွချီလာခဲ့ရတာပါ
အမတော် ဆိုပြီး လက်ကမ်းပေမယ့် အံ့ကြိတ်လို့သာ လိုက်ပါသွားခဲ့ရပါတယ်
စည်တီးလို့ ရေကြီးတယ်ဆိုတာက နတ်တွေက လုပ်ပေးတာမဟုတ်ပါဘူးသမီးရဲ့ ခုခေတ်သဘော ပြောရရင်
တယ်လီဖုန်းပေါ့ပင်မစည်တော်ကြီးကို တီးခတ် လိုက်ချိန်မှာ စည်သံကြားနိုင်မယ့် အကွာအဝေး အဆက်ဆက်မှာရှိတဲ့
ရေတံခါးတွေ အဆက်ဆက်က ကြားပြီး ရေတံခါးတွေ ဖွင့်ချနိုင်ခဲ့တာပါ
ရေတံခါးတိုင်းမှာ စည်တော်တွေတပ်ထားလို့ စည်သံကြားနိုင်မယ့် အကွာအဝေးတိုင်းမှာ စည်သံကြားတာနဲ့
ရေတံခါးဖွင့်နောက်တံခါးတစ်ခု ကြားအောင် စည်ဆက်တီးနဲ့ အချက်ပေးခဲ့ကြတာပါ မျက်စိထဲ မြင်တယ်မို့လား သမီးရယ်
အဲဒီခေတ် တယ်လီဖုန်းပေါ့..တော်လိုက်တာအဲဒီခေတ် ကတည်းက ဆည်ရေကိုသိုလှောင်ထိန်းသိမ်း အသုံးချတတ်ခဲ့တာပေါ့နော်
ဖေဖေ မှန်တယ် သမီးဖေဖေပေးချင်တဲ့ မက်ဆေ့က အဲတာပါ သမီးရယ်
ဒေါသတွေနဲ့အခဲမကြေတဲ့ မင်းသမီးဟာ မင်းကြီးကိုလုပ်ကြံဖို့ပဲအမြဲ ကြိုးစားနေခဲ့တယ် ၊
အခွင့်သာချိန်မှာ မသန့်ရှင်းတဲ့ တဘက်ကို ဆက်ကပ်ပြီး ဘုန်းတံခိုးကျဆင်းအောင် လုပ်ခဲ့တယ်
ဒါပေမယ့် အတိတ်ဘဝကစလို့ ခုချိန်ထိချစ်ခဲ့ရသူပီပီ စိတ်မနာပဲ ဆက်ချစ်နေခဲ့တယ် တတိယမျက်လုံးခေါ်တဲ့ မျက်ရှင်တော်ကွယ်ပြီး
ဘုန်းကံလည်း နိမ့်ကျသွားခဲ့တယ် ပတ်ဝန်းကျင်မြို့တွေက အခွန်မဆက်ကြတော့ဘူး
ဘုရင်ကြီး ကိုယ်တိုင်လည်း အခွန်မဆက်သတဲ့ မြို့တွေကို လှည့်လည်ရင်း ပုသိမ်မြစ်ဝမှာ ဖောင်တော်မှောက်ပြီး နတ်ရွာ စံခဲ့ရတယ် သမီးရေ …
တနေ့ပေါ့ ချုပ်ပီးပြောရရင် အအေးထဲမှာ အဆိပ်ခတ်ထားတာကို မင်းကြီး သိသွားပြီး နှမတော် အရင် သောက်ပြပါလို့ တောင်းဆိုသတဲ့
ပန်ထွာရဲ့ နောက်ဆုံးအချိန် ရောက်သွားခဲ့ပြီ သမီးရေ၊ သူသေရတော့မယ် ဆိုတာ သိသွားပီ၊ အဆိပ်ခွက်ကိုင်ပြီး ဆုတောင်းပြီပေါ့
အဲဒီကာလမ တိုင်ခင်တုန်းက..ပန်ထွာမင်းသမီးရဲ့ ဗိဿနိုးမြို့က ပေပင်တွေကို ပေစာအ တွက်ရော၊
သာသနာအတွက်ပါ ဒွတ္တဘောင်မင်းကြီးက အသုံးချနေခဲ့တာကို ပန်ထွာက မကြေနပ်ဖူး သမီးရယ်
ဗိဿနိုးဟာ သရေခေတ္တရာရဲ့ စာအုပ်စက်ရုံကြီးပေါ့ တားဆီးလို့ မတတ်သာလို့သာ ရင်နာနာနဲ့
သူ့ပေပင် တောအုပ်ကြီးကိုအသုံးချခံခဲ့ရတာပါ ပေသီးတွေနဲ့ ပုတီးတွေ၊ နားတောင်းတွေ ၊
ဆွဲကြိုးတွေ လုပ်နေတာကို ရင်နာနာနဲ့ ကြည့်နေခဲ့ရတာပါ ပေပင်ဟာ သာသနာရဲ့ အသက်၊
သာသနာရဲ့ ပုံရိပ် ၊နိမိတ်အပင်အဖြစ် အဲဒီအချိန်က ရွှေနဲ့ထပ်တူ တန်ဖိုးထားခဲ့ကြတာပါ
တောင်တွင်းကြီးမှာ ပေပင်လေးပင်တ ပြိုင်နက်ပေါက်လာတာကို ပေလေးပင် ရှင်လေးပါး ပေါ်လိမ့်မယ်လို့ အတိတ်နိမိတ်ကောက်ခဲ့ကြတာ ဖတ်ဖူးတယ်မို့လား
သမီးရယ် သူ့ဘုန်းကံကြောင့် ပေါ်ပေါက်လာတဲ့ ပေပင်တွေနဲ့ ပေသီးတွေကို သူအလွန်မုန်းတီးတဲ့ ဘုရင်က အဆင်သင့်သုံးစွဲနေတာကို သူမကြေနပ်ဘူး
ကျွန်မသည် ဒွတ္တဘောင်ဘုရင်အားဒီဘဝမှာဖြင့် မသတ်နိုင်တော့ပြီ နောင်ဘဝ အဆက်ဆက် လက်စားချေခွင့် ရရှိရပါလို၏ ဘုရား၊
ကျွန်တော်မျိုးမ၏ ကိုယ်ပွားများဖြစ်ကြသော ပေပင်များအားလုံးသည်လည်း
ကျွန်တော်မျိုးမ လူပြန်ဖြစ်ချိန်ရောက်မှသာ အပင်များကြီးပါစေ၊ အသီးများလည်း သီးပါ စေသတည်းလို့
ဘုရားရှေ့မှာ ဆုတောင်းတယ်သူ့ရဲ့မြို့ဖက်ကို လက်ညှိုးထို့လို့ မာန်ပါပါနဲ့ ငါလာမှသီး ၊ငါလာမှကြီး လို့အော်ဟစ်ဆုတောင်းတယ်၊
နောက် အဆိပ်ရေအအေးခွက်ကို သောက်ပြီး သူချစ်တဲ့ ဗိဿနိုးမြို့လေးကို ခွဲခွာသွားလိုက်တာ ဒီနေ့အထိပါပဲ …
ပေပင်တွေ မကြီးသေးသလို သူလည်း လူ့ဘဝကို ပြန်ရောက် မလာသေးဘူးပေါ့ သမီးရယ်
အမုန်းဆိုတာ မကောင်းပါဘူး သမီးရယ် ၊ကိုယ့်အတွက်ရော တပါးသူအတွက်ပါ ပူလောင်ကြရပါတယ် ။
ဆုတောင်းဆိုတာကလည်း လွဲမှားရင်ကြောက်စရာကြီးမို့ လွယ်လွယ် ဆုတောင်းတာတွေ မလုပ်မိပါစေနဲ့ သမီးရေ
စေတနာအမှားဆိုတာလည်း ရှိတတ်တာမို့ အဆုံးစွန်မတိုင်ခင်ထိ စိတ်ရှည်သည်းခံကြရမယ်။
အထင်လွဲမှားမှုတွေနဲ့ တည်ဆောက်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့ ဘဝဟာ ကြည်နူးပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်း လို့ နိဂုံးချုပ်သင့်ပေမယ်လည်း
ဆုတောင်းမှားခဲ့ကြလို့ နိဂုံးမလှဖြစ်ခဲ့ကြရတာပါ သမီးရေ …
ကျွန်တော်တို့ ဗိဿနိုးမြို့ဟောင်းကြီးက ထွက်လာတော့ ညနေ မှောင်ရီရီဖြစ်နေပါပြီ
မုဒ်ဦးကြီးအထွက်မှာ လွမ်းဆွတ်စွာနဲ့နောက်လှည့်ကြည့်လိုက်မိတယ်
ဝတ်ရုံဖြုနဲ့ ပန်ထွာမင်းသမီးလေးကကျွန်တော်တို့ကို မျက်နှာငယ်လေးနဲ့ထွက်ပြီး နှုတ်ဆက်နေသယောင် …၊
လေအသင့်မှာ ဝတ်ရုံဖြူလေးနဲ့ ဆံစလေးတွေက တလွင့်လွင့် နေခဲ့ပေဦးတော့ ဗိဿနိုးရေ
Credit
Zawgyi
ငါလာမွသီး ၊ငါလာမွႀကီး တဲ့လားေဖေဖ ၊ သူ႔က်ိန္စာကလည္း စိတ္ဝင္စားစရာေကာင္းသလို .. ေပပင္ေလးေတြကလည္း
ႏွစ္ရာေထာင္ခ်ီေနတာေတာင္ သုံးေလးေပက မတက္ဘူးေနာ္…၊ သူ႔နတ္နန္းမွာ ဘာလို႔ ဘီလူးမႀကီးနဲ႔ တြဲထားရတာလည္း ေဖေဖ ၊ ၾကည့္ရတာ တမ်ိဳးႀကီးပဲ …
ဗိႆႏိုးၿမိဳ႕ထဲ ဝင္သြားခ်ိန္ကစလို႔တိတ္ဆိပ္ေခ်ာက္ခ်ားစြာနဲ႔ ေနရာတစ္ခုခ်င္းဆီကို စိတ္ဝင္စားစြာ ၾကည့္ေနေပမယ့္
စိတ္အစဥ္ကေတာ့ ဟိုး ႏွစ္ေပါင္း ႏွစ္ေထာင္ခန႔္က စည္ကားခဲ့တဲ့ဗိႆႏိုးၿမိဳ႕ႀကီးရယ္ ၊သေရေခတၱရာဆိုတဲ့ ဒြတၱေဘာင္တို႔ရဲ႕ ျပည္ၿမိဳ႕ႀကီးရယ္.. ၊
အင္မတန္ေခ်ာေမာလွပတယ္ဆိုတဲ့ ပန္ထြာဘုရင္မရယ္ ..
ငယ္ငယ္ကအရမ္းသေဘာက်ခဲ့တဲ့ အတုလစည္ေတာ္ႀကီးနဲ႔ စည္တီးရင္ ေရႀကီးတဲ့ ရန္ပယ္ေခ်ာင္းရယ္ ..
ရဟန္းတုေတြက ဖ်က္ဆီးခဲ့လို႔ ပ်က္ဆီးသြားတဲ့အတုလစည္အေပါက္ႀကီးရယ္ …
ရဟန္းတုေတြအေပၚ အခဲမေၾကႏိုင္ခဲ့ပဲ မဟာၿမိဳင္ေတာမွာ ခုခ်ိန္ထိ လက္စားေခ်ေနတာရယ္
သူလူျပန္ျဖစ္ၿပီး ဒြတၱေဘာင္ဘုရင္ကို သူ႔လက္နဲ႔သတ္ႏိုင္ခ်ိန္က်မွ ေပပင္ေတြ ရွင္သန္ႀကီးထြားႏိုင္ေအာင္
ငါလာမွသီး၊ငါလာမွႀကီး လို႔က်ိန္စာတိုက္ခဲ့တာဆိုရင္ ..ခုခ်ိန္ထိ မကြၽတ္လြတ္ႏိုင္ေသးဘူး ဆိုတာရယ္ ..
အေတြးေတြ ျဖန႔္က်က္ေနစဥ္မွာပဲ သမီးေလးေမးခြန္းေၾကာင့္အေတြးေတြ ရပ္သြားပါတယ္ …
ဪ .. သမီးရယ္ပန္ထြာဧကရီဘုရင္မ ရဲ႕ အေမဟာဘီလူးမႀကီးေလ ၊စႏၵမုခိ ဆိုတဲ့ ဘီလူးမႀကီးေပါ့ ၊
အဲတာေၾကာင္ သူ႔နတ္နန္းမွာ အတူယွဥ္တြဲလို႔ ပူေဇာ္ေပးထားတာပါ
ဟင္ .. ဒါဆိုသူ႔ရဲ႕ ေဖေဖကေရာ ဘယ္သူလည္းဟင္
ေတာင္တြင္းႀကီးၿမိဳ႕က ေပပင္ႀကီး
အင္း… ခက္ပီ ။ေတာင္တြင္းႀကီးၿမိဳ႕နဲ႔ဆယ္မိုင္အကြာ ကတၱရာလမ္းမႀကီးေဘးမွာ မုဒ္ဦးႀကီးနဲ႔ အထင္ကရ ဗိႆႏိုးၿမိဳ႕ေဟာင္းႀကီးရယ္၊
နန္းေတာ္ေဟာင္းေတြရယ္ ရွိေနတာေတာင္ အဲဒီထီးနန္းက ဗိႆႏိုးဘုရင္မ ပန္ထြာမင္းသမီးရဲ႕ မိခင္ဖခင္ ရာဇဝင္ေတြကို မသိႏိုင္ၾကပဲ
အေပ်ာ္သေဘာလာၾကည့္ျပန္သူေတြ ဘယ္ေလာက္မ်ားေနၾကၿပီလည္းလို႔ စိတ္မေကာင္းျဖစ္မိပါတယ္
သူ႔ေဖေဖက စူဠသမၻဝေလ သမီးရဲ႕ မဟာသမၻဝ၊စူဠသမၻဝ မ်က္မျမင္ညီေနာင္မင္းသားႏွစ္ပါးဆိုရင္ သမီးသိလား ဟား.. ၾကားဖူးတယ္ ေဖေဖ ..
အဲတာဆို သိတယ္တခါတခါမွာ သမိုင္းေတြက အံ့ဩစရာေကာင္းသလို သူတို႔ရဲ႕ပဌာန္းဆက္ေတြကလည္း အံ့ဩစရာေကာင္းလြန္းတယ္ သမီးရယ္ ..
သမီး မပ်င္းေအာင္ သူတို႔ရဲ႕ ဆက္စပ္မႈဘဝသမိုင္းေလးကို အတိုခ်ဳပ္ ရွင္းျပေပးမယ္။
အံ့ဩစရာ ေတြ႕ဆုံမႈေတြပါ သမီးေရအခ်ိန္ကာလက …ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံဝင္ၿပီးသာသနာသကၠရာဇ္ ၅၉ ခုႏွစ္မွာေပါ့
တေကာင္းဘုရင္ သတိုးမဟာရာဇာနဲ႔မိဖုရားႀကီး ကိႏၷရီေဒဝီမွာ သားေတာ္ႏွစ္ပါးထြန္းကားတယ္ သားေတာ္ႏွစ္ပါးဟာေမြးကတည္းက မ်က္စိမျမင္ဘူး။
ဖခင္က တျခားတိုင္းျပည္ေတြ မသိခင္ သတ္ေစအမိန႔္ခ်တယ္။မိခင္က မသတ္ရက္ေတာ့ ဖြတ္ထားတယ္
အသက္ ၁၉ ႏွစ္အ႐ြယ္မွာ ဘုရင္ႀကီးသိသြားေတာ့ မိဖုရားႀကီးက မေနသာေတာ့ပဲ သားေတာ္ႏွစ္ပါးကို ေဖာင္ေပၚတင္ၿပီး
မသိုးထမင္း၊မသိုးဟင္းေတြနဲ႔အတူ ရင္နာနာနဲ႔ ေရမွာ ေမ်ာေစခဲ့တယ္လမ္းခရီး ေရစပ္က စစ္ပင္ႀကီးကိုင္းေနတဲ့ေနရာမွာ
ေဖာင္နဲ႔ညႇိေနတုံး ဘီလူးမေလးက ေဖာင္ေပၚတက္လိုက္လာတယ္ထမင္းေတြခိုးစားတယ္၊မိတယ္၊သတ္မယ္လုပ္ေတာ့ ေတာင္းပန္ၿပီး
မ်က္စိကုေပးလိုက္ေတာ့ မင္းသားႏွစ္ပါး မ်က္စိျပန္ျမင္သြားတယ္။
မင္းသားအငယ္ စူဠသမၻဝနဲ႔ စႏၵမုခိဘီလူးမေလး ညားတယ္ပန္ထြာကို ေမြးတယ္ေပါ့ ။
စစ္ပင္ႀကီး ကိုင္းေနတဲ့ေနရာဆိုတာ စစ္ကိုင္းၿမိဳ႕ျဖစ္လာမယ့္ ေနရာပါ
ဗိႆႏိုးၿမိဳ႕ေဟာင္းထဲက ေပပင္ေတြ
ဆက္လက္ေမ်ာပါရင္း … သေရေခတၱရာ ျပည္ ေရာက္တယ္။မင္းႀကီးေတာင္ေျခမွာ ဗူးေပါက္က်ဥ္းက်ဥ္းနဲ႔ေရခတ္ေနတဲ့ မေဘဒါကို ေတြ႕တယ္ ။
သေဘာက်တယ္။ဗူးေပါက္ကို သံလ်က္နဲ႔ ခ်ဲ႕ေပးတယ္ေဘဒါရီ ရင္ခုံသြားလိမ့္မယ္ ။
အဲတာနဲ႔မဟာသမၻဝနဲ႔ မေဘဒါနဲ႔ ညားတယ္ ဒြတၱေဘာင္မင္းသားကို ေမြးတယ္
ဒါေၾကာင့္ ပန္ထြာမင္းသမီးနဲ႔ သူ႔ကို စစ္ခင္းသိမ္းပိုက္ခဲ့တဲ့ သူအင္မတန္မုန္းတီးတဲ့ ဒြတၱေဘာင္ဘုရင္ဆိုတာ သူ႔ကိုကို တစ္ဝမ္းကြဲပါ သမီးေရ …
မဟာသမၻဝရဲ႕သား ဒြတၱေဘာင္နဲ႔ စူဠသမၻဝရဲ႕သမီး ပန္ထြာဆိုတာ ေမာင္ႏွမ တစ္ဝမ္းကြဲေတြပါကြယ္ …
ေဘဒါရီမင္းသမီးကလည္း သူစိမ္းမဟုတ္ျပန္ဘူး။ ေဘဒါရီရဲ႕ ေမေမကသမင္မကေလးေပါ့ ။
ရေသ့ႀကီးရဲ႕မင္းႀကီးေတာင္က ေက်ာင္းသက္န္းမွာ အစာစားရင္း၊ရေသ့ႀကီးရဲ႕ၾကင္ငယ္ေရ ေသာက္မိရာက သမင္မေလးမွာ ကိုယ္ဝန္ရွိၿပီး
ေဘဒါရီကို ေမြးတာသမီးရဲ႕ ။ရေသ့ႀကီးက အဓိဌာန္နဲ႔ လက္ညႇိဳးကေန ႏို႔ထြက္ေစၿပီး ေမြးစားခဲ့တာပါ
ရေသ့ႀကီးရဲ႕ နာမည္က ေခပဒူပတဲ့ သမီးရဲ႕တေကာင္းဘုရင္ သတိုးမဟာရာဇာရဲ႕ ညီအရင္းပါ။တေကာင္းျပည္ရဲ႕ အိမ္ေရွ႕မင္းသားပါ ။
တေကာင္းျပည္မွာ ေသာင္းက်န္းေနတဲ့ ဝက္ႀကီးကို လိုက္လံႏွိမ္နင္းရင္း .. လိုက္ရင္း .လိုက္ရင္းနဲ႔ သေရေခတၱရာကို ေရာက္ခဲ့တာပါ။
ဝက္ႀကီးကို ႏွိမ္နင္းႏိုင္ေပမယ့္ သတိသံေဝဂရၿပီး တေကာင္း ျပည္မျပန္ေတာ့ပဲ မင္းႀကီးေတာင္မွာရေသ့ဝတ္ေနတာပါ ။
ေလာကီဈန္ေလာက္ေတာ့ ရေနတဲ့ ထူးျခားတဲ့ ရေသ့ႀကီး တစ္ပါးျဖစ္ေနခ်ိန္မွာ ေပါ့
ေဘဒါရီက မဟာသမၻဝတို႔ကို ရေသ့ႀကီးေက်ာင္းသက္န္းကို ေခၚလာၿပီးေဆြမ်ိဳးစပ္ေတာ့ တူအရင္းေတြ ျဖစ္ေနတာေပါ့
ဒါေၾကာင့္ ရေသ့ၿမိဳ႕ဆိုၿပီး ၿမိဳ႕တည္ေပးတယ္။မဟာသမၻဝကဘုရင္၊စူဠသမၻဝက အိမ္ေရွ႕မင္းေပါ့သမီးရယ္
ဒီေလာက္ဆိုရင္ သူတို႔ရဲ႕စိတ္ဝင္စားဖြယ္ ဆုံစည္းမႈေလးေတြကို မွတ္မိၿပီေနာ္ …။
မဟာသႏၻဝနဲ႔ ေဘဒါရီဟာလည္း ေမာင္ႏွမ တစ္ဝမ္းကြဲပဲဆိုတာ မွတ္ထားပါ သမီးေရ ..အဲတာေၾကာင့္ ျပန္ေကာက္ရရင္ …
ဘီလူးမရဲ႕ သမီးျဖစ္လို႔ ပန္ထြာမင္းသမီးဟာ အရပ္ရွည္တယ္၊ အသားျဖဴတယ္ ၊မ်က္လုံးမ်က္ဖန္အရမ္းလွတယ္တဲ့
ေရွးေဟာင္းဌာနက ဒီဗိႆႏိုးက ကုန္းေတြကို ၁၉၅၉ခုႏွစ္ေလာက္ကတည္းက ျပန္လည္တူးေဖာ္ေနတာ
အခုဆို ကုန္းေပါင္း၆၀ ေလာက္ တူးေဖာ္ၿပီးခဲ့ပါၿပီ ။ကမာၻ႔အေမြအႏွစ္စာရင္းလည္း ဝင္ခဲ့ပါၿပီ
ေရွးေဟာင္းကုန္းေတြ တူးေဖာ္ရင္းမကြၽတ္လြတ္ေသးတဲ့ ပန္ထြာဘုရင္မရဲ႕ ဝိညဥ္ကို ေတြ႕ဖူးေၾကာင္း၊
ဘုရင္မဟာ ဝတ္႐ုံအျဖဴကိုဝတ္ထားေၾကာင္းအရပ္က ၇ ေပခန႔္ရွိေၾကာင္း၊ အသားက ျဖဴစပ္စပ္ျဖစ္ေၾကာင္း၊
အရမ္းေခ်ာေၾကာင္း၊မ်က္လုံးျပဴးၿပီး လွပေၾကာင္း ၊႐ုပ္ရည္ဟာ တည္လြန္းေၾကာင္း ဖတ္ခဲ့ရဖူးပါတယ္
ဗိႆႏိုးၿမိဳ႕ဦးက ပန္ထြာဘုရင္မတည္ထားခဲ့တဲ့ ေ႐ႊေရာင္ေတာ္ဘုရားမွာ မၾကာခဏ အင္ၾကင္းပန္းေတြလာလႉေၾကာင္း၊
အင္ၾကင္းနံ႔မ်ားေပးေၾကာင္း ..ဘုရားေစာင္းတန္းက မုန႔္ေရာင္းတဲ့ ဦးေလးႀကီးက ရွင္းျပပါတယ္ ။
ေ႐ႊေရာင္ေတာ္ဘုရားေပၚမွာ နတ္နန္းအေဟာင္းရွိၿပီးဘုရား ပရဝဏ္အေနာက္ေတာင္ဖက္မွာ နတ္နန္းအသစ္ ရွိပါတယ္ ။
အင္ၾကင္းပန္းေတြ ဘုရားေပၚမွာ မၾကာခဏ ေတြ႕ရေၾကာင္း ရွင္းျပပါတယ္
ပန္ထြာဘုရင္မနဲ႔ ေပပင္ေတြရဲ႕ ပတ္သက္မႈကေကာ ေဖေဖေပပင္ေလးေတြက ေျမႀကီးကေနကပ္ၿပီး
အဖူးေတြေတာ့ ထြက္ပါရဲ႕အသီးမတင္ပဲ ေသသြားၾကတာပဲတဲ့၊
ဟိုအပင္ေလးလည္း အဖူးေလးနဲ႔ပဲေဖေဖ “” ေပပင္ေတြကို ဘာလို႔ႀကိမ္ခဲ့တာလည္း ေဖေဖရယ္ …
ဟိုး … ကႆပဘုရားရွင္လက္ထက္မွာေပါ့ သမီးရယ္ … မိုးကေခါင္ၿပီး အလြန္ပူအိုက္တဲ့အခ်ိန္မွာလက္ယ္်ာေတာ္ရံမေထရ္ႀကီးကို
ေပ႐ြက္နဲ႔ ယပ္ေတာင္လုပ္ၿပီးလႉဌာန္းခဲ့တဲ့ ကုသိုလ္ေၾကာင့္ ဒီဘဝမွာ အဲဒီအက်ိဳး ခံစားခဲ့ရတာပါ …
မကြၽတ္လြတ္ေသးတဲ့ဗိႆႏိုးဘုရင္မ ပန္ထြာ ရဲ႕အမုန္းက်ိန္စာနဲ႔ ေပပင္ေလးေတြ
အပိုင္း ၂ နိဂုံး
ပန္ထြာဘုရင္မ ျဖစ္လာမည့္ ဤမိန္းမငယ္သည္ .. ကႆပဘုရားရွင္လက္ထက္က လက္ယာရံကိုယ္ေတာ္ျမတ္ႀကီးကို
ဤကဲ့သို႔ အလြန္ပူအိုက္ေသာကာလ၌ ေပ႐ြက္ကို ယပ္ထိုးၿပီးလႉဌာန္းခဲ့ေသာ ေစတနာကံေၾကာင့္ျဖစ္ေလရာဘဝ၌
မစိုက္မပ်ိဳးရပဲသက္သက္ေသာ ေပပင္တို႔ ၿခံရံလ်က္ကနက္ ထီးနန္းနဲ႔ မင္းခမ္းက်င္းပ၍
ဘဝထိုထို အလိုရွိတိုင္း ျပည့္စုံေစသတည္း…” လို႔ မိန႔္ၾကားခံခဲ့ရသူေလး ျဖစ္ပါတယ္ သမီးေရ
ဒီေတာ့သမီးရယ္ ..ဗိႆႏိုး၊ေတာင္တြင္းႀကီးေဒသေတြဟာ အဲဒီကာလတုန္းက ေပပင္ေတြဘယ္ေလာက္ေပါမ်ားလိုက္မလဲဆိုတာ
ခုေခတ္ ပုဂံ၊ေညာငိဦး၊ေက်ာက္ပန္းေတာင္းနယ္က ထန္းပင္ေတြလိုလူခုန္ကူးႏိုင္တဲ့အဆင့္ ျဖစ္ခဲ့မွာေပါ့
ေပ႐ြက္ေတြနဲ႔ ေပစာေတြဟာ သာသနာမွာ တစ္ေထာင့္တစ္ေနရာကေနလြန္စြာမွ အက်ိဳးျပဳႏိုင္ခဲ့တယ္
ဒြတၱေဘာင္တို႔ ပန္ထြာတို႔ေခတ္မွာ ေပ႐ြက္ေပၚမွာတင္ စာတင္ႏိုင္ခဲ့ၾကတာ မဟုတ္ဘူး သမီးရဲ႕ ။
ေ႐ႊေပလႊာေပၚအထိ စာေရးႏိုင္ေနၾကပါၿပီျပည္ေမွာ္စာက ဦးခင္ဘရဲ႕ကုန္းကို တူးေဖာ္ရာကေနၿပီး
ေ႐ႊျပားစစ္စစ္ေပၚမွာ ဘုရားစာ ပ်ဴစာ ေတြကို ေရးထားတာကို ေတြ႕ရွိခဲ့ၿပီး တန္ဖိုးမျဖတ္ႏိုင္တဲ့
ပ်ဴေတြရဲ႕ ယဥ္ေက်းမႈအဆင့္အတန္း၊ဘာသာသာသနာ ကိုးကြယ္မႈအေနအထားကို ခန႔္မွန္းႏိုင္ခဲ့ၾကတယ္ …
ပန္ထြာဘုရင္မေလးလည္း ေ႐ႊခါးပတ္၊ေ႐ႊႀကိဳး၊ေ႐ႊသရဖူေတြ ဝတ္ဆင္ခဲ့မွာေပါ့ေနာ္ ေဖေဖ
ဘုရင္ေတြတင္မက မႉးမတ္ေတြပါဝတ္ဆင္ခဲ့ၾကတာမို႔ အနီးနားက ႐ြာေတြမွာ ေ႐ႊစလြယ္ေတြ၊ေ႐ႊနားေတာင္းေတြ၊
ေ႐ႊအိုးေလးေတြ မၾကာခဏတူးေဖာ္ရရွိတဲ့ သတင္းေတြ ၾကားေနရတာေပါ့ သမီးရယ္
ပန္ထြာမင္းသမီးက ဘီလူးအႏြယ္မို႔အရပ္ရွည္တယ္၊ သူ႔ဝိညဥ္ကို ျမင္ဖူးသူေတြေျပာစကားအရ အရပ္ ၇ ေပေလာက္ရွိတယ္တဲ့၊
မိန္းမျဖစ္ၿပီး အဲဒီေလာက္ ရွည္ပါ့မလား ေဖေဖ
အင္း … ဗိႆႏိုးၿမိဳ႕ေဟာင္းရဲ႕ တူးေဖာ္မႈ တစ္ခုမွာ အရပ္ ၇ ေပေလာက္ရွိတဲ့ ရွားပါးမိန္းမ အ႐ိုးစု တစ္ခုကိုတူးေဖာ္မိခဲ့ၾကတယ္၊
နယူးဂ်ာစီ အကူအညီနဲ႔ စမ္းသပ္ၾကည့္ရာမွာ ႏွစ္ေပါင္း ႏွစ္ေထာင္နီးပါး ရွိေနပီလို႔ အေျဖေပးတယ္
မီးသင့္ထားတဲ့ဘုရင္မအေဆာက္အဦးက မီးေသြးေတြကို အေမရိကန္ႏိုင္ငံသား မစၥတာပီးေကာ့ရဲ႕အကူအညီနဲ႔
စမ္းသပ္စစ္ေဆးရာမွာလဲ ႏွစ္ေပါင္း ၁၈ဝဝနဲ႔ ၂၃၀၀ ၾကားခန႔္မွန္းေပးတာကို သုံးသပ္ရင္ ပ်ဴဘုရင္မႀကီးရဲ႕အ႐ိုးစုမ်ားလားဆိုတာရယ္၊
ဘုရင္မရဲ႕ နန္းေတာ္အစစ္ပါလားဆိုတာရယ္ေတြးၿပီး … လြမ္းေမာစရာႀကီးေပါ့သမီးရယ္..
ေပပင္ေတြကို ဘာလို႔ႀကိမ္စာတိုက္ခဲ့တာလဲ ေဖေဖ၊ေနာက္မွ လြမ္းပါ၊အဲ့တာေလး အရင္ ေျဖပါဦး …
လြမ္းဖို႔ျပင္ေနဆဲမွာပဲ သမီးငယ္ရဲ႕ စိတ္မရွည္သံေၾကာင့္ အေတြးေတြရပ္ၿပီး အတိုခ်ဳပ္ေျဖလိုက္ရပါတယ္
ဒီလို သမီးရဲ႕ ဗိႆႏိုးဇာတ္လမ္းကေတာ့ သမီးတို႔သိၿပီးသားပဲေလ ၊ သေရေခတၱရာဘုရင္ ဒြတၱေဘာင္ဟာ
ညီမဝမ္းကြဲေလးမို႔ေရာအတိတ္က မိန္းမေတာ္ခဲ့ဖူးတဲ့ ပဌာန္းဆက္ေၾကာင့္ေကာဗိႆႏိုးဘုရင္မ ပန္ထြာမင္းသမီးကို
အရမ္းကို ခ်စ္ျမတ္ႏိုးေတာ္မူသတဲ့ပန္ထြာမင္းသမီးေလးကေတာ့ ဒြတၱေဘာင္ဆိုတဲ့ ဘုရင္အကိုေတာ္ကို
အသံၾကားတာနဲ႔တင္ ခါးခါးသည္းသည္း မုန္းတယ္တဲ့ဒါကလည္း
သူ႔ရဲ႕ အတိတ္ဘဝ ေပြးမေလးဘဝ က ဆုေတာင္းေၾကာင့္ ခါးခါးသည္းသည္း မုန္းေနခဲ့ရတာပါ ။
ဆု’ဆိုတာ လြယ္လြယ္မေတာင္းမိၾကဖို႔ အေရးႀကီးတယ္ သမီးေရ
ေပြးမေလးက ဘယ္လိုဆုေတာင္းခဲ့လို႔ ဒီဘဝမွာ ခါးခါးသည္းသည္းမုန္းရတာေလး ေျပာျပဦးေနာ္ ဒီလိုပါ သမီးရယ္
ခုပဲေျပာျပပါ့မယ္ ဇာတ္လမ္းေတြကိုဆက္စပ္မိေအာင္ပါ၊ အခ်ိဳ႕ေတြက ဇာတ္လမ္းတစ္ခုခ်င္းစီေတာ့ သိၾကပါတယ္၊
ဒါေပမယ့္ ဇာတ္လမ္းတစ္ပုဒ္ထဲ ဆိုတာေတာ့ မသိခဲ့ၾကတာ မ်ားတယ္ဒြတၱေဘာင္နဲ႔ ပန္ထြာတို႔ဟာ
ဒီေဂါတမဘုရားလက္ထက္မွာပဲ ျပည္ၿမိဳ႕ရဲ႕တစ္ဖက္ကမ္းက ‘ ဖိုးဦးေတာင္’မွာ ေပြးဖိုနဲ႔ေပြးမအျဖစ္ ခ်စ္ခင္စြာ ေနခဲ့ၾကဖူးတယ္
ဘုရားရွင္ဟာ ၁၀၃ ခုႏွစ္မွာ ဖိုးဦးေတာင္ကို ႂကြလာတယ္ ဘုရားရွင္ႂကြလာမွာ ႀကိဳသိေနၾကတဲ့
သူတို႔ေမာင္ႏွံဟာ ကတိတစ္ခု ထားခဲ့ၾကသတဲ့ ဘုရားရွင္ႂကြလာရင္ ဘယ္သူအရင္ေတြ႕ေတြ႕ တစ္ေယာက္ကို တစ္ေယာက္ လာေခၚၾကဖို႔ေပါ့
ဒါေပမယ့္ ဘုရားရွင္ တကယ္ႂကြလာတဲ့အခါမွာေတာ့ ေပြးဖိုက အရင္ဘုရားကို ဖူးေမွ်ာ္ရၿပီး
ေပြးမေလးကအစာရွာလြန္ေနလို႔ ရွာလို႔မေတြ႕ခဲ့ဘူးတဲ့ သမီးရယ္၊သူတကယ္ ရွာေလာက္ပါတယ္
ေပြးမေလး ျပန္ေရာက္ခ်ိန္မွာ ဘုရားရွင္ကို ေျမက်စ္ဆုပ္ၿပီး လႉဌာန္းခဲ့ေၾကာင္း သာဓုေခၚဖို႔ ေျပာေပမယ့္
မိန္းမဆိုတာ မိန္းမပဲေပါ့ သမီးရယ္ ၊ေဖေဖလည္း ရွင္းမျပတတ္ပါဘူးေပါက္ကြဲတယ္ေပါ့ ယုတ္မာတယ္ေပါ့၊ ႐ိုင္းတယ္ေပါ့ ။
တစ္ကိုယ္ေကာင္း ဆန္တယ္ေပါ့ ။လုံးဝ လုံးဝ မေၾကနပ္ဘူးေပါ့သူမလည္း အားက်မခံ ေျမက်စ္ဆုပ္ေလးကိုင္ၿပီး
ဘုရားရွင္ဆီ အမွီလိုက္ ေဟာဟဲဆိုက္စြာနဲ႔ ဆုေတာင္းတယ္ေပါ့ျဖစ္ေလရာဘဝမွာ ေဟာဒီေပြးဖိုနဲ႔လုံးဝ မေတြ႕ဆုံရပါေစနဲ႔ အရွင္ဘုရား ေပါ့
ေပြးဖိုကလည္း အားက်မခံျပန္ဆုေတာင္းတယ္၊ သူျပဳသမွ် ကုသိုလ္ကံေၾကာင့္ ေပြးမေလးနဲ႔ ဘဝဆက္တိုင္း ေပါင္းဆုံပါရေစ ဘုရား ေပါ့
ဒီဆုေတာင္းေတြေၾကာင့္ပဲ ခ်စ္သူ၊မုန္းသူ ၊ အခဲမေၾကသူေတြ အျဖစ္လူ႔ဘဝမွာ ျပန္လည္ဆုံေတြ႕ၾကေပမယ့္
တစ္ေယာက္က အခ်စ္ႀကီး ခ်စ္သူ၊တစိေယာက္က အမုန္းႀကီးမုန္းသူ ျဖစ္ေနရတာပါ သမီးေရ …
ထားပါေတာ့ သမီးရယ္ … ေပပင္ေတြအေၾကာင္း ဆက္ေျပာပါ့မယ္…၊ဒြတၱေဘာင္မင္းက ဘုန္းအာဏာ ႀကီးမားေတာ့
အနီးၿမိဳ႕ေတြက အခြန္ဆက္သရတယ္ပန္ထြာဘုရင္မက မဆက္သဘူး၊ အရမ္းမုန္းတာေရာ၊
ရန္ပါယ္ေခ်ာင္းက ေရတံခါးေတြနဲ႔ သူ႔တပ္အင္အားကို ယုံၾကည္တာေရာ ပါမွာေပါ့
အဲေတာ့ ဒြတၱေဘာင္မင္းက လာတိုက္တယ္၊ပန္ထြာဘုရင္မက ရန္သူတပ္ေတြလာတာျမင္ရင္ စည္တီးတယ္စည္တီးေတာ့ ေရႀကီးတယ္ေပါ့
ရန္ပါယ္ေခ်ာင္းက ေရလုံးႀကီးေတြဟာ ေၾကာက္မက္ဖြယ္ရာ ေအာ္သံႀကီးေတြေပးၿပီး ရန္သူတပ္ေတြကိုဝါးၿမိဳသြားတယ္၊
ဒြတၱေဘာင္တပ္ေတြဟာ တပ္ပ်က္ၿပီး ျပန္ေျပးရတယ္ေရတံခါးေတြဟာ အတုလစည္ေတာ္အေပၚ တည္မွီေနေၾကာင္း
သိတဲ့အခါသာသနာျပဳမင္းသမီးမွန္း သိတဲ့အတြက္
ဘုန္းႀကီးအတုလႊတ္ၿပီး စည္း႐ုံးလို႔ စည္ႀကီးကို ေဖာက္ေစခဲ့တယ္။သေရေခတၱရာတပ္ေတြ ခ်ီလာခ်ိန္မွာ
စည္အေပါက္ႀကီးၾကည့္လို႔ပန္ထြာဘုရင္မဟာ အရႈံးႀကီး ရႈံးလို႔အမုန္းႀကီးမုန္းခဲ့ရၿပီေလ…ထီးက်ိဳးစည္ေပါက္၊
မီးေလာင္ဖ်က္ဆီးခံရတဲ့ၿမိဳ႕ပ်က္ႀကီးကို ၾကည့္ၿပီး ပန္ထြာရဲ႕ရင္မွာ ဘယ္ေလာက္နာက်ည္းမုန္းတီးလိုက္မလဲဆိုတာ ခန႔္မွန္းႏိုင္ပါတယ္သမီးရယ္
ႀကီးက်ယ္ခန္းနားတဲ့ ေနျပည္ေတာ္ႀကီးဆီကို ေျပာင္းေ႐ြ႕စံျမန္းေစလိုတဲ့ေစတနာ၊ေမတၱာအျပည့္နဲ႔ ပင္ပမ္းခက္ခဲစြာ ႂကြခ်ီလာခဲ့ရတာပါ
အမေတာ္ ဆိုၿပီး လက္ကမ္းေပမယ့္ အံ့ႀကိတ္လို႔သာ လိုက္ပါသြားခဲ့ရပါတယ္
စည္တီးလို႔ ေရႀကီးတယ္ဆိုတာက နတ္ေတြက လုပ္ေပးတာမဟုတ္ပါဘူးသမီးရဲ႕ ခုေခတ္သေဘာ ေျပာရရင္
တယ္လီဖုန္းေပါ့ပင္မစည္ေတာ္ႀကီးကို တီးခတ္ လိုက္ခ်ိန္မွာ စည္သံၾကားႏိုင္မယ့္ အကြာအေဝး အဆက္ဆက္မွာရွိတဲ့
ေရတံခါးေတြ အဆက္ဆက္က ၾကားၿပီး ေရတံခါးေတြ ဖြင့္ခ်ႏိုင္ခဲ့တာပါ
ေရတံခါးတိုင္းမွာ စည္ေတာ္ေတြတပ္ထားလို႔ စည္သံၾကားႏိုင္မယ့္ အကြာအေဝးတိုင္းမွာ စည္သံၾကားတာနဲ႔
ေရတံခါးဖြင့္ေနာက္တံခါးတစ္ခု ၾကားေအာင္ စည္ဆက္တီးနဲ႔ အခ်က္ေပးခဲ့ၾကတာပါ မ်က္စိထဲ ျမင္တယ္မို႔လား သမီးရယ္
အဲဒီေခတ္ တယ္လီဖုန္းေပါ့..ေတာ္လိုက္တာအဲဒီေခတ္ ကတည္းက ဆည္ေရကိုသိုေလွာင္ထိန္းသိမ္း အသုံးခ်တတ္ခဲ့တာေပါ့ေနာ္
ေဖေဖ မွန္တယ္ သမီးေဖေဖေပးခ်င္တဲ့ မက္ေဆ့က အဲတာပါ သမီးရယ္
ေဒါသေတြနဲ႔အခဲမေၾကတဲ့ မင္းသမီးဟာ မင္းႀကီးကိုလုပ္ႀကံဖို႔ပဲအၿမဲ ႀကိဳးစားေနခဲ့တယ္ ၊
အခြင့္သာခ်ိန္မွာ မသန႔္ရွင္းတဲ့ တဘက္ကို ဆက္ကပ္ၿပီး ဘုန္းတံခိုးက်ဆင္းေအာင္ လုပ္ခဲ့တယ္
ဒါေပမယ့္ အတိတ္ဘဝကစလို႔ ခုခ်ိန္ထိခ်စ္ခဲ့ရသူပီပီ စိတ္မနာပဲ ဆက္ခ်စ္ေနခဲ့တယ္ တတိယမ်က္လုံးေခၚတဲ့ မ်က္ရွင္ေတာ္ကြယ္ၿပီး
ဘုန္းကံလည္း နိမ့္က်သြားခဲ့တယ္ ပတ္ဝန္းက်င္ၿမိဳ႕ေတြက အခြန္မဆက္ၾကေတာ့ဘူး
ဘုရင္ႀကီး ကိုယ္တိုင္လည္း အခြန္မဆက္သတဲ့ ၿမိဳ႕ေတြကို လွည့္လည္ရင္း ပုသိမ္ျမစ္ဝမွာ ေဖာင္ေတာ္ေမွာက္ၿပီး နတ္႐ြာ စံခဲ့ရတယ္ သမီးေရ …
တေန႔ေပါ့ ခ်ဳပ္ပီးေျပာရရင္ အေအးထဲမွာ အဆိပ္ခတ္ထားတာကို မင္းႀကီး သိသြားၿပီး ႏွမေတာ္ အရင္ ေသာက္ျပပါလို႔ ေတာင္းဆိုသတဲ့
ပန္ထြာရဲ႕ ေနာက္ဆုံးအခ်ိန္ ေရာက္သြားခဲ့ၿပီ သမီးေရ၊ သူေသရေတာ့မယ္ ဆိုတာ သိသြားပီ၊ အဆိပ္ခြက္ကိုင္ၿပီး ဆုေတာင္းၿပီေပါ့
အဲဒီကာလမ တိုင္ခင္တုန္းက..ပန္ထြာမင္းသမီးရဲ႕ ဗိႆႏိုးၿမိဳ႕က ေပပင္ေတြကို ေပစာအ တြက္ေရာ၊
သာသနာအတြက္ပါ ဒြတၱေဘာင္မင္းႀကီးက အသုံးခ်ေနခဲ့တာကို ပန္ထြာက မေၾကနပ္ဖူး သမီးရယ္
ဗိႆႏိုးဟာ သေရေခတၱရာရဲ႕ စာအုပ္စက္႐ုံႀကီးေပါ့ တားဆီးလို႔ မတတ္သာလို႔သာ ရင္နာနာနဲ႔
သူ႔ေပပင္ ေတာအုပ္ႀကီးကိုအသုံးခ်ခံခဲ့ရတာပါ ေပသီးေတြနဲ႔ ပုတီးေတြ၊ နားေတာင္းေတြ ၊
ဆြဲႀကိဳးေတြ လုပ္ေနတာကို ရင္နာနာနဲ႔ ၾကည့္ေနခဲ့ရတာပါ ေပပင္ဟာ သာသနာရဲ႕ အသက္၊
သာသနာရဲ႕ ပုံရိပ္ ၊နိမိတ္အပင္အျဖစ္ အဲဒီအခ်ိန္က ေ႐ႊနဲ႔ထပ္တူ တန္ဖိုးထားခဲ့ၾကတာပါ
ေတာင္တြင္းႀကီးမွာ ေပပင္ေလးပင္တ ၿပိဳင္နက္ေပါက္လာတာကို ေပေလးပင္ ရွင္ေလးပါး ေပၚလိမ့္မယ္လို႔ အတိတ္နိမိတ္ေကာက္ခဲ့ၾကတာ ဖတ္ဖူးတယ္မို႔လား
သမီးရယ္ သူ႔ဘုန္းကံေၾကာင့္ ေပၚေပါက္လာတဲ့ ေပပင္ေတြနဲ႔ ေပသီးေတြကို သူအလြန္မုန္းတီးတဲ့ ဘုရင္က အဆင္သင့္သုံးစြဲေနတာကို သူမေၾကနပ္ဘူး
ကြၽန္မသည္ ဒြတၱေဘာင္ဘုရင္အားဒီဘဝမွာျဖင့္ မသတ္ႏိုင္ေတာ့ၿပီ ေနာင္ဘဝ အဆက္ဆက္ လက္စားေခ်ခြင့္ ရရွိရပါလို၏ ဘုရား၊
ကြၽန္ေတာ္မ်ိဳးမ၏ ကိုယ္ပြားမ်ားျဖစ္ၾကေသာ ေပပင္မ်ားအားလုံးသည္လည္း
ကြၽန္ေတာ္မ်ိဳးမ လူျပန္ျဖစ္ခ်ိန္ေရာက္မွသာ အပင္မ်ားႀကီးပါေစ၊ အသီးမ်ားလည္း သီးပါ ေစသတည္းလို႔
ဘုရားေရွ႕မွာ ဆုေတာင္းတယ္သူ႔ရဲ႕ၿမိဳ႕ဖက္ကို လက္ညႇိဳးထို႔လို႔ မာန္ပါပါနဲ႔ ငါလာမွသီး ၊ငါလာမွႀကီး လို႔ေအာ္ဟစ္ဆုေတာင္းတယ္၊
ေနာက္ အဆိပ္ေရအေအးခြက္ကို ေသာက္ၿပီး သူခ်စ္တဲ့ ဗိႆႏိုးၿမိဳ႕ေလးကို ခြဲခြာသြားလိုက္တာ ဒီေန႔အထိပါပဲ …
ေပပင္ေတြ မႀကီးေသးသလို သူလည္း လူ႔ဘဝကို ျပန္ေရာက္ မလာေသးဘူးေပါ့ သမီးရယ္
အမုန္းဆိုတာ မေကာင္းပါဘူး သမီးရယ္ ၊ကိုယ့္အတြက္ေရာ တပါးသူအတြက္ပါ ပူေလာင္ၾကရပါတယ္ ။
ဆုေတာင္းဆိုတာကလည္း လြဲမွားရင္ေၾကာက္စရာႀကီးမို႔ လြယ္လြယ္ ဆုေတာင္းတာေတြ မလုပ္မိပါေစနဲ႔ သမီးေရ
ေစတနာအမွားဆိုတာလည္း ရွိတတ္တာမို႔ အဆုံးစြန္မတိုင္ခင္ထိ စိတ္ရွည္သည္းခံၾကရမယ္။
အထင္လြဲမွားမႈေတြနဲ႔ တည္ေဆာက္ခဲ့ၾကတဲ့သူတို႔ႏွစ္ဦးရဲ႕ ဘဝဟာ ၾကည္ႏူးေပ်ာ္႐ႊင္စြာ ဇာတ္သိမ္းၾကေလသတည္း လို႔ နိဂုံးခ်ဳပ္သင့္ေပမယ္လည္း
ဆုေတာင္းမွားခဲ့ၾကလို႔ နိဂုံးမလွျဖစ္ခဲ့ၾကရတာပါ သမီးေရ …
ကြၽန္ေတာ္တို႔ ဗိႆႏိုးၿမိဳ႕ေဟာင္းႀကီးက ထြက္လာေတာ့ ညေန ေမွာင္ရီရီျဖစ္ေနပါၿပီ
မုဒ္ဦးႀကီးအထြက္မွာ လြမ္းဆြတ္စြာနဲ႔ေနာက္လွည့္ၾကည့္လိုက္မိတယ္
ဝတ္႐ုံျဖဳနဲ႔ ပန္ထြာမင္းသမီးေလးကကြၽန္ေတာ္တို႔ကို မ်က္ႏွာငယ္ေလးနဲ႔ထြက္ၿပီး ႏႈတ္ဆက္ေနသေယာင္ …၊
ေလအသင့္မွာ ဝတ္႐ုံျဖဴေလးနဲ႔ ဆံစေလးေတြက တလြင့္လြင့္ ေနခဲ့ေပဦးေတာ့ ဗိႆႏိုးေရ
Credit