တရုတ်တွေရဲ့စီးပွားရေးဗျူဟာ ( နွားဖိုးပဲရင်းပြီး လယ်ထွန်စက်တွေပြန်ရောင်းတဲ့ စီးပွားရေး )

နွားဖိုးပဲရင်းလိုက်တဲ့ တရုတ်တို့ဗျူဟာကို မသိနားမလည်တဲ့ တောင်သူများသို့ ဝေမျှကြပါ။ ပြန်လည်ထူူထောင်ရေး ကာလမှာဖြစ်လာမဲ့ နောက်တစ်ချက် ကျနော်သတိပေးလိုပါတယ်။

ကမ္ဘာမီးလောင် သားကောင်ချနင်းမိမှာ ကျနော်စိုးရိမ်ပါတယ်။အခုတရုတ်တွေဟာ ရွာလေးတွေအထိ နွားတစ်ကောင်ကို ၁၀ သိန်းကျော်အထိပေးပြီး လိုက်ဝယ်နေပါတယ်။ ပုံမှန်ပေါက်ဈေး ၄ ၅ သိန်းပဲရှိတဲ့ နွားတစ်ကောင်ကို သူတို့ဟာ ဈေးကိုနှစ်ဆပေးပြီး ဝယ်တယ်။ တောင်သူတွေကလည်း ငွေရတာတစ်ခုတည်းကြည့်ပြီး ရောင်းကြတယ်။ အခု တောင်သူတွေတော်တော်များများမှာ နွားမရှိတော့ဘူး။

နွားမရှိတော့ လယ်ထွန်တဲ့အခါ ထွန်စက်နဲ့ထွန်ရတယ်။ ရုတ်တရတ်ကြည့်ရင် လက်မှုလယ်ယာကနေ စက်မှုလယ်ယာဖြစ်အောင် တရုတ်က လုပ်ပေးနေသလိုပဲ။ တကယ်တမ်းကျ ထွန်စက်က ကိုယ့်နွားလိုမဟုတ်တော့ ငှားရမ်းခပေးရတယ်။ အဲဒီတော့ တောင်သူကငွေပေါ်မှပဲ စက်ရေးထွန်နိုင်တော့တယ်။ လက်ထဲငွေမရှိရင် မထွန်နိုင်တော့ဘူး။

တောင်သူတွေက နွားမရှိတော့ နွားချီးလည်းမရှိတော့ဘူး။ အဲဒီတော့ အရင်ကနွားချီးနဲ့ ဓာတ်မြေသြဇာ ရောသုံးရာကနေ အခုက ဓာတ်မြေသြဇာကိုပဲ လုံးလုံးမှီခိုကြရတယ်။ အဲဒီ ဓာတ်မြေဩဇာကိုလဲ တရုတ်က ပြန်သွင်းတာပဲ။

အချို့ငွေခေါင်းကွဲသွားတဲ့ တောင်သူတွေခမျာမှာတော့ ရှိသမျှ လယ်တွေ၊ယာတွေ ရောင်းချရှာရတယ်။ အဲဒီလို မြေရောင်းရင်လည်း တရုတ်ကဝယ်ဖို့အသင့်ပဲ။ လက်ထဲမှာ ငွေထုပ်တွေနဲ့ သူတို့က စောင့်ဝယ်တယ်။

တရုတ်က နွားဖိုးပဲရင်းလိုက်ရတယ်။ အဲဒီနွားကနေ အဆင့်သင့်စားနိုင်တဲ့ အမဲသားဗူးတွေ ထုတ်ရောုင်းတယ်။ မြန်မာပြည်တွင်းကို ထွန်စက်တွေပြန်သွင်းတယ်၊ ဓာတ်မြေသြဇာတွေ ပြန်သွင်းတယ်။ ယာမြေတွေ ပြန်ဝယ်တယ်။ တရုတ်က နွားဖိုးပဲ ရင်းလိုက်ရတာပါ။

မူးရင်းရေးသူကို လေးစားစွာ credit ပေးပါတယ်။

Zawgyi

ႏြားဖိုးပဲရင္းလိုက္တဲ့ တ႐ုတ္တို႔ဗ်ဴဟာကို မသိနားမလည္တဲ့ ေတာင္သူမ်ားသို႔ ေဝမွ်ၾကပါ။ ျပန္လည္ထူူေထာင္ေရး ကာလမွာျဖစ္လာမဲ့ ေနာက္တစ္ခ်က္ က်ေနာ္သတိေပးလိုပါတယ္။

ကမာၻမီးေလာင္ သားေကာင္ခ်နင္းမိမွာ က်ေနာ္စိုးရိမ္ပါတယ္။အခုတ႐ုတ္ေတြဟာ ႐ြာေလးေတြအထိ ႏြားတစ္ေကာင္ကို ၁၀ သိန္းေက်ာ္အထိေပးၿပီး လိုက္ဝယ္ေနပါတယ္။ ပုံမွန္ေပါက္ေဈး ၄ ၅ သိန္းပဲရွိတဲ့ ႏြားတစ္ေကာင္ကို သူတို႔ဟာ ေဈးကိုႏွစ္ဆေပးၿပီး ဝယ္တယ္။ ေတာင္သူေတြကလည္း ေငြရတာတစ္ခုတည္းၾကည့္ၿပီး ေရာင္းၾကတယ္။ အခု ေတာင္သူေတြေတာ္ေတာ္မ်ားမ်ားမွာ ႏြားမရွိေတာ့ဘူး။

ႏြားမရွိေတာ့ လယ္ထြန္တဲ့အခါ ထြန္စက္နဲ႔ထြန္ရတယ္။ ႐ုတ္တရတ္ၾကည့္ရင္ လက္မႈလယ္ယာကေန စက္မႈလယ္ယာျဖစ္ေအာင္ တ႐ုတ္က လုပ္ေပးေနသလိုပဲ။ တကယ္တမ္းက် ထြန္စက္က ကိုယ့္ႏြားလိုမဟုတ္ေတာ့ ငွားရမ္းခေပးရတယ္။ အဲဒီေတာ့ ေတာင္သူကေငြေပၚမွပဲ စက္ေရးထြန္ႏိုင္ေတာ့တယ္။ လက္ထဲေငြမရွိရင္ မထြန္ႏိုင္ေတာ့ဘူး။

ေတာင္သူေတြက ႏြားမရွိေတာ့ ႏြားခ်ီးလည္းမရွိေတာ့ဘူး။ အဲဒီေတာ့ အရင္ကႏြားခ်ီးနဲ႔ ဓာတ္ေျမၾသဇာ ေရာသုံးရာကေန အခုက ဓာတ္ေျမၾသဇာကိုပဲ လုံးလုံးမွီခိုၾကရတယ္။ အဲဒီ ဓာတ္ေျမဩဇာကိုလဲ တ႐ုတ္က ျပန္သြင္းတာပဲ။

အခ်ိဳ႕ေငြေခါင္းကြဲသြားတဲ့ ေတာင္သူေတြခမ်ာမွာေတာ့ ရွိသမွ် လယ္ေတြ၊ယာေတြ ေရာင္းခ်ရွာရတယ္။ အဲဒီလို ေျမေရာင္းရင္လည္း တ႐ုတ္ကဝယ္ဖို႔အသင့္ပဲ။ လက္ထဲမွာ ေငြထုပ္ေတြနဲ႔ သူတို႔က ေစာင့္ဝယ္တယ္။

တ႐ုတ္က ႏြားဖိုးပဲရင္းလိုက္ရတယ္။ အဲဒီႏြားကေန အဆင့္သင့္စားႏိုင္တဲ့ အမဲသားဗူးေတြ ထုတ္ေရာုင္းတယ္။ ျမန္မာျပည္တြင္းကို ထြန္စက္ေတြျပန္သြင္းတယ္၊ ဓာတ္ေျမၾသဇာေတြ ျပန္သြင္းတယ္။ ယာေျမေတြ ျပန္ဝယ္တယ္။ တ႐ုတ္က ႏြားဖိုးပဲ ရင္းလိုက္ရတာပါ။

မူးရင္းေရးသူကို ေလးစားစြာ credit ေပးပါတယ္။

Leave a Comment