တာ့ခ်မင်နစ္စတန်နိုင်ငံက “ငရဲတံခါးဝ” လို့ခေါ်တဲ့ ကမ္ဘာ့အံဖွယ်ရာ တွင်းနက်ကြီးကို အပြီးတိုင်ပိတ်သွားအောင် အာဏာပိုင်တွေက စီစဉ်

တာ့ခ်မင်နစ္စတန်နိုင်ငံက “ငရဲတံခါးဝ” လို့ခေါ်တဲ့ ကမ္ဘာ့အံဖွယ်ရာ တွင်းနက်ကြီးကို အပြီးတိုင်ပိတ်သွားအောင် အာဏာပိုင်တွေက စီစဉ်နေ

ာ့ခ်မင်နစ္စတန်နိုင်ငံကကမ္ဘာ့အံဖွယ်နေရာတွေထဲကတစ်ခုဖြစ်တဲ့DarvazaGasCraterခေါ်တစ်နည်းအားဖြင့်”ငရဲတံခါးဝ”ခေါ်ကြတဲ့သဘာဝဓာတ်ငွေ့မီးတွင်းကြီးကိုအပြီးတိုင်ရပ်တန့်သွားဖို့သမ္မတကကြိုးစားနေပြီဖြစ်ဖြစ်ပါတယ်။

မြို့တော်Ashgabatရဲ့မြောက်ဘက်မိုင်၁၆၀ခန့်အကွာတွင်ရှိတဲ့အဆိုပါကန္တာရမီးတွင်းကြီးဟာဆယ်စုနှစ်များစွာကြာမီးလောင်ကျွမ်းခဲ့ပြီးတာ့ခ်မင်နစ္စတန်သို့လာရောက်လည်ပတ်တဲ့ခရီးသွားတွေအတွက် ရေပန်းစားရာ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

၁၉၇၁ခုနှစ်ကဆိုဗီယက်ဘူမိဗေဒပညာရှင်များဟာအဆိုပါနေရာကိုရေနံတူးဖို့အတွက်ရောက်ရှိခဲ့ပြီးရေနံထွက်နိုင်တယ်လို့ထင်ရတဲ့နေရာကို စပြီးတူးတဲ့အခါမှာတော့မြေကြီးဟာကျွံဝင်ပြီး၂၂၆ပေကျယ်ပြီး၉၆ပေနက်တဲ့မီးတွင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။

ဘူမိဗေဒပညာရှင်များကအဆိုပါမီးတောက်လောင်နေတဲ့တွင်းကြီးကိုနှစ်ပတ်အကြာလောက်မှာမီးငြိမ်းသွားမယ်လို့ယူဆထားပေမယ့် ထင်ထားတဲ့အတိုင်း ဖြစ်မလာတော့ဘဲ မီးဟာ ယခုချိန်ထိ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

ထိုစဉ်တည်းကလောင်ကျွမ်းခဲ့တဲ့မီးဟာအံ့သြစရာကောင်းလောက်အောင်တောက်လောင်ခဲ့တာကြောင့်သမ္မတGurbangulyBerdymukhamedov ဟာ ၂၀၁၉ ခုနှစ်က ထရပ်ကားတစ်စီးကို မောင်းပြီး ပတ်ပတ်လည်ကို ကြည့်ရှုခဲ့ကြောင့် နိုင်ငံပိုင် ရုပ်သံလိုင်းများမှာဖော်ပြခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သမ္မတဟာ ဂေဟစနစ်ပျက်စီးပြီး ထိုဒေသမှာ နေထိုင်တဲ့ပြည်သူတွေအတွက် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့် မီးတွင်းကြီးကို အပြီးတိုင်ရပ်တန့်သွားအောင် နည်းလမ်းကောင်းများများရှာဖွေဖို့ သမ္မတကအမိန့်ပေးခဲ့ကြောင်းနိုင်ငံပိုင်သတင်းစာNeitralny Turkmenistan မှာ ဖော်ပြခဲပါတယ်။

Credit

Zawgyi








Credit

Leave a Comment