(၁)နှစ်မှာ (၄)ကြိမ်သာလျှင် တိုက်တိုက်ဆိုင်ဆိုင်တွေ့မြင်ရမယ့် ဘူရီရမ်မြို့နယ်က ရှေးဟောင်းခမာကျောင်းတော်ရဲ့ တံခါးပေါက် (၁၅) ခုတိတိမှ နေဝင်ချိန်
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံမှာလ ည်း ယဉ်ကျေးမှုအငွေ့အသက်တွေလွှမ်းခြုံနေတာဖြစ်လို့သမိုင်းဝင်နေရာတွေလည်းများစွာရှိပါတယ်။
ထိုင်းနိုင်ငံရဲ့ Buri Ram မြို့နယ်ကတော့ ကမ္ဘော ဒီးယားနယ်စပ်နဲ့ ထိစပ်နေတာဖြစ်ပြီး ရှေးဟောင်းခမာကျောင်းတော်များလည်း သမိုင်းဝင်ကျန်ရစ်နေဆဲဖြစ်ပါတယ်။
Prasat Hin Phanom Rung လို့ခေါ်ဝေါ်ကြပြီး (၁ ဝ)ရာစုမှ (၁၃)ရာစုအတွင်း Shiva နတ်ကွန်းအဖြစ်တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းခမာအထိမ် းအမှ တ်တစ်ခုဖြစ်ပါတယ်။
သုခုမဌာနရဲ့အဆိုအရ Phanom Rung ဆိုတဲ့အမ ည်ကိုခမာစကားလုံး “wanang rung” မှရယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကားလုံးကတော့ “ကြီးမ ားသောတောင်ကိုဆိုလိုတာဖြစ်တယ်လို့ ကမ္ပည်းစာမှာရေးသားထားတာဖြစ်ပါတယ်။
ရှေးဟောင်းခမာကျောင်းတော်တွေကတော့ Buri Ram ရှိ ထိပ်တန်းနေရာများထဲမှတစ်ခုပဲဖြစ်ပါတယ်။ယခုနှစ်အောက်တိုဘာလ (၅)ရက်၊ (၇)ရ က်နေ့များတွင် Prasat Hin Phanom Rung ရဲ့တံခါး ၁၅ ပေါက်မှ ထူးခြားတဲ့နေဝင်ချိန်အလှကို ရှု့စားရမှာပဲဖြစ်ပါတယ်။
အဲ့ဒီလိုဖြစ်စဉ်ကတော့ တစ်နှစ်မှာလေးကြိမ်သာ လျှင်ဖြစ်ပွါးပြီး ဧပြီလ( ၃-၅ )မှ စက်တင်ဘာလ (၈-၁၀) ကြားတွင်ဖြစ်ပြီး မတ်လ (၅-၆) မှအော က်တိုဘာ (၅-၇) အကြားပဲဖြစ်ပါတယ်။ဒီလိုမျိုး နေဝင်ချိန်အလှကို ခရီးသွားဧည့်သည်တွေက
လည်း ညနေ (၅:၃၀) မတိုင်မီ အရောက်သွားပြီး စောင့်ကြည့်ကြပါတယ်။ထိုင်းနိုင်ငံရဲ့ အလှအပတစ်ခုဖြစ်တဲ့ သမိုင်းဝင်နေရာကို သွားရောက်ရင်း အောက်တိုဘာလမှာ နေဝင်ချိန်အလှကိုကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit
Zawgyi
(၁)ႏွစ္မွာ (၄)ႀကိမ္သာလွ်င္ တိုက္တိုက္ဆိုင္ဆိုင္ေတြ႕ျမင္ရမယ့္ ဘူရီရမ္ၿမိဳ႕နယ္က ေရွးေဟာင္းခမာေက်ာင္းေတာ္ရဲ႕ တံခါးေပါက္ (၁၅) ခုတိတိမွ ေနဝင္ခ်ိန္
ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းျဖစ္တဲ့ထိုင္းႏိုင္ငံမွာလ ည္း ယဥ္ေက်းမႈအေငြ႕အသက္ေတြလႊမ္းၿခဳံေနတာျဖစ္လို႔သမိုင္းဝင္ေနရာေတြလည္းမ်ားစြာရွိပါတယ္။
ထိုင္းႏိုင္ငံရဲ႕ Buri Ram ၿမိဳ႕နယ္ကေတာ့ ကေမာၻ ဒီးယားနယ္စပ္နဲ႔ ထိစပ္ေနတာျဖစ္ၿပီး ေရွးေဟာင္းခမာေက်ာင္းေတာ္မ်ားလည္း သမိုင္းဝင္က်န္ရစ္ေနဆဲျဖစ္ပါတယ္။
Prasat Hin Phanom Rung လို႔ေခၚေဝၚၾကၿပီး (၁ ၀)ရာစုမွ (၁၃)ရာစုအတြင္း Shiva နတ္ကြန္းအျဖစ္တည္ေဆာက္ခဲ့တဲ့ ေရွးေဟာင္းခမာအထိမ္ းအမွ တ္တစ္ခုျဖစ္ပါတယ္။
သုခုမဌာနရဲ႕အဆိုအရ Phanom Rung ဆိုတဲ့အမ ည္ကိုခမာစကားလုံး “wanang rung” မွရယူခဲ့တာျဖစ္ပါတယ္။အဲ့ဒီစကားလုံးကေတာ့ “ႀကီးမ ားေသာေတာင္ကိုဆိုလိုတာျဖစ္တယ္လို႔ ကမၸည္းစာမွာေရးသားထားတာျဖစ္ပါတယ္။
ေရွးေဟာင္းခမာေက်ာင္းေတာ္ေတြကေတာ့ Buri Ram ရွိ ထိပ္တန္းေနရာမ်ားထဲမွတစ္ခုပဲျဖစ္ပါတယ္။ယခုႏွစ္ေအာက္တိုဘာလ (၅)ရက္၊ (၇)ရ က္ေန႔မ်ားတြင္ Prasat Hin Phanom Rung ရဲ႕တံခါး ၁၅ ေပါက္မွ ထူးျခားတဲ့ေနဝင္ခ်ိန္အလွကို ရႈ႕စားရမွာပဲျဖစ္ပါတယ္။
အဲ့ဒီလိုျဖစ္စဥ္ကေတာ့ တစ္ႏွစ္မွာေလးႀကိမ္သာ လွ်င္ျဖစ္ပြါးၿပီး ဧၿပီလ( ၃-၅ )မွ စက္တင္ဘာလ (၈-၁၀) ၾကားတြင္ျဖစ္ၿပီး မတ္လ (၅-၆) မွေအာ က္တိုဘာ (၅-၇) အၾကားပဲျဖစ္ပါတယ္။ဒီလိုမ်ိဳး ေနဝင္ခ်ိန္အလွကို ခရီးသြားဧည့္သည္ေတြက
လည္း ညေန (၅:၃၀) မတိုင္မီ အေရာက္သြားၿပီး ေစာင့္ၾကည့္ၾကပါတယ္။ထိုင္းႏိုင္ငံရဲ႕ အလွအပတစ္ခုျဖစ္တဲ့ သမိုင္းဝင္ေနရာကို သြားေရာက္ရင္း ေအာက္တိုဘာလမွာ ေနဝင္ခ်ိန္အလွကိုၾကည့္ရႈႏိုင္ဖို႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
credit