သူမရဲ့အပိုင်ဖြစ်ကြောင်း သေချာရှင်းလင်းနေစေဖို့ ချစ်သူအား သူမရဲ့မျက်နှာပုံတွေနဲ့ပြည့်နေတဲ့ အတွင်းခံဘောင်းဘီကို လက်ဆောင်ပေးခဲ့တဲ့ အမျိုးသမီး..See more. ..

အမေရိကန် ရက်ပ်အဆိုတော် G Herbo ဟာ ၎င်း၏ ချစ်သူ Tania Williams က လက်ဆောင်ပေးခဲ့တဲ့ ထူးခြားတဲ့အတွင်းခံဘောင်းဘီတစ်ထည်ကို လူမှုကွန်ရက်ပေါ်မှာ ပြသလာခဲ့ပါတယ်။

နာမည်ကြီး stylist Emily B နှင့် rapper Fabulous တို့ရဲ့ သမီးဖြစ်သူ မော်ဒယ် Tania ဟာ ၎င်းအတွင်းခံဘောင်းဘီတစ်ခုလုံးမှာ သူမရဲ့မျက်နှာပုံများဖြင့် ဖုံးလွှမ်းထား

တာကြောင့် သူမဟာ သူမရဲ့ပိုင်နက်ကို ဘယ်လို အမှတ်အသားပြု ဖော်ပြရမှာကို သေချာစွာ သိနေခဲ့ပါတယ်။

G Herbo ဟာ ၎င်းရဲ့ Instagram story မှာ ပို့စ်တစ်ခု၌ ရယ်မောငိုယိုသည့် အီမိုဂျီများစွာဖြင့် ၊ အတွင်းခံဘောင်းဘီပုံကို မျှဝေခဲ့ပြီး ချစ်သူဆီကရတဲ့လက်ဆောင်နှင့်ပတ်သက်ပြီး ၎င်းရဲ့ခံစားချက်ကို ရောထွေးစွာ ဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် G Herbo နှင့် အသက် ၂၃ နှစ်အရွယ် Tania တို့ဟာ လက်ရှိမှာ ၎င်းတို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို အတူတကွ မျှော်လင့်နေကြပြီး

၎င်းက သမီးလေးဖြစ်ကြောင်း ကြေညာထားပါတယ်။ ၎င်းတို့စုံတွဲဟာ 2021 ခုနှစ် မေလမှာ Essex Wright လို့ခေါ်တဲ့ ၎င်းတို့ရဲ့သားဦးလေးကို ကြိုဆိုခဲ့ကြပါတယ်။

Mia (KB Chimmy one)
Reference : yabaleftonline

Zawgyi







Mia (KB Chimmy one)

Leave a Comment