” လူတစ်ယောက်၏ တန်ဖိုး “

” လူတစ်ယောက်၏ တန်ဖိုး ”

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည်

ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက်လည်ပတ်ခဲ့သည်။

ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက်လည်ပတ်ခဲ့သည်။

လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား…

” ခင်ဗျား သင်္ချာဗေဒတတ်သလား ”

” ကျွန်တော် မတတ်ပါဘူး ” ” ရူပဗေဒ တတ်သလား ”

” အဲဒါလဲ မတတ်ပါဘူး ”

” ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ သုံးတတ်လား ”

” စိတ်မကောင်းပါဘူး… အဲဒါလဲ ကျွန်တော်မတတ်ပါဘူး ” ဆရာမှာ ခေါင်းခါပြီး

” သင်္ချာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၂ပုံကိုခင်ဗျား ဆုံးရှုံးမယ် ”

” ရူပဗေဒမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံကို ဆုံးရှုံးမယ် ”

” ကွန်ပြူတာမတတ်ရင် လူ့ဘဝရဲ့ ၆ပုံ ၁ပုံ ဆုံးရှုံးမယ် “..

” ခင်ဗျားရဲ့ ဘဝ၆ပုံ ၄ပုံ ဆုံးရှုံးသွားပြီ ”

ထိုခဏအတွင်း ရာသီဥတုပြောင်းပြီး ကောင်ကင်းတွင်

တိမ်ညိုများ တတ်လာသည်။

မကြာပြီ မိုးသက်လေပြင်း ကျရောက်တော့မည်။

ထိုအခါ လှေသမားက ဆရာအား

” ခင်ဗျား ရေကူးတတ်သလား ” ဟုမေးလိုက်သည်။ ဆရာက ခဏမျှဆွံ့အပြီး

” ကျွန်တော် မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး ” ဟုဖြေလေသည်။

လှေသမားမှာ ခေါင်းကိုအသွင်သွင်ရမ်းပြီး….

” ဒါဆိုရင် ခင်ဗျားရဲ့ ဘဝ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ် ” ဟု ပြန်ဖြေခဲ့သည်။

လူတစ်ယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း

ကိုယ့်ရဲ့စံချိန်နဲ့ အခြားလူတစ်ယောက်သွားတိုင်းတာလို့မရပါဘူး။ ပုံပြင်ထဲက

ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘဝမှာ သင်္ချာ၊ ရူပ၊ ကွန်ပြူတာပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။

ဒီပညာတွေမတတ်ရင် လူ့ဘဝဟာအဓိပ္ပါယ်မဲ့ ပြီလို့ ထင်နေသူပါ။

ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာမတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် ” ရှင်သန် ” ဖို့ အားအင်တွေရှိ နေဖို့ပါပဲ။ ဒါပေမယ့် အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှအသုံးမဝင်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။ ” ငါ ” ဆိုတဲ့ ကိုယ့်စံနှုန်းနဲ့

အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ တီထွင်ဉာဏ်မရှိဘူး… ဒါပေမယ့် သူဟာရိုးသားတယ်… မကောင်းတာကို မကြံစည် တတ်ဘူး။

ဒီလူဟာ အပြောအဆိုမတတ်ဘူး။ ဒါပေမယ့် သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။

ငါ့ရဲ့ ” အရည်အချင်း ” သူ့မှာမရှိသလို သူ့ရဲ့ ” အရည်အချင်း ” လဲ ငါ့မှာမရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့…

အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ

သင့်မြတ်အောင်နေထိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မကြိုးစားပါနဲ့တဲ့…

ဘဝတစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ

တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။

( သီတဂူဆရာတော်ကြီး၏ တရားတော်မှ )

Zawgyi

” လူတစ္ေယာက္၏ တန္ဖိုး ”

တစ္ခါက နာမည္ႀကီး တကၠသိုလ္မွ ဆရာတစ္ဦးသည္

ေခ်ာင္က်ေသာ ရြာတစ္ရြာသို႔ သြားေရာက္လည္ပတ္ခဲ႔သည္။

ရြာသို႔ေရာက္ေသာ္ ေလွတစီးငွားျပီး ျမစ္တစ္ေလ်ွာက္လည္ပတ္ခဲ႔သည္။

ေလွစတင္ထြက္ေသာအခါ ဆရာက ေလွသမားအား…

” ခင္ဗ်ား သခ်ၤာေဗဒတတ္သလား ”

” က်ြန္ေတာ္ မတတ္ပါဘူး ” ” ရူပေဗဒ တတ္သလား ”

” အဲဒါလဲ မတတ္ပါဘူး ”

” ဒါဆိုရင္ ခင္ဗ်ား ကြန္ျပဴတာ သံုးတတ္လား ”

” စိတ္မေကာင္းပါဘူး… အဲဒါလဲ က်ြန္ေတာ္မတတ္ပါဘူး ” ဆရာမွာ ေခါင္းခါျပီး

” သခ်ၤာမတတ္ရင္ လူ႔ဘဝရဲ႕ ၆ပံု ၂ပံုကိုခင္ဗ်ား ဆံုးရွဳံးမယ္ ”

” ရူပေဗဒမတတ္ရင္ လူ႕ဘဝရဲ႕ ၆ပံု ၁ပံုကို ဆံုးရွဳံးမယ္ ”

” ကြန္ျပဴတာမတတ္ရင္ လူ႔ဘဝရဲ႕ ၆ပံု ၁ပံု ဆံုးရွဳံးမယ္ “..

” ခင္ဗ်ားရဲ႕ ဘဝ၆ပံု ၄ပံု ဆံုးရွဳံးသြားျပီ ”

ထိုခဏအတြင္း ရာသီဥတုေျပာင္းျပီး ေကာင္ကင္းတြင္

တိမ္ညိဳမ်ား တတ္လာသည္။

မၾကာျပီ မိုးသက္ေလျပင္း က်ေရာက္ေတာ့မည္။

ထိုအခါ ေလွသမားက ဆရာအား

” ခင္ဗ်ား ေရကူးတတ္သလား ” ဟုေမးလိုက္သည္။ ဆရာက ခဏမ်ွဆြံ႕အျပီး

” က်ြန္ေတာ္ မကူးတတ္ဘူး တစ္ခါမွ မသင္ဖူးဘူး ” ဟုေျဖေလသည္။

ေလွသမားမွာ ေခါင္းကိုအသြင္သြင္ရမ္းျပီး….

” ဒါဆိုရင္ ခင္ဗ်ားရဲ႕ ဘဝ၆ပံုစလံုးဟာ ဆံုးရွဳံးရေတာ့မယ္ ” ဟု ျပန္ေျဖခဲ႔သည္။

လူတစ္ေယာက္ဟာ ကိုယ့္ရဲ႕အဆင့္အတန္း

ကိုယ့္ရဲ႕စံခ်ိန္နဲ႔ အျခားလူတစ္ေယာက္သြားတိုင္းတာလို႕မရပါဘူး။ ပံုျပင္ထဲက

ဆရာဟာ ပညာရွင္တစ္ဦးပါ။ သူ႕ဘဝမွာ သခ်ၤာ၊ ရူပ၊ ကြန္ျပဴတာပညာေတြသာ အေရးႀကီးတယ္လို႔ ထင္ေနသူပါ။

ဒီပညာေတြမတတ္ရင္ လူ႕ဘဝဟာအဓိပၸါယ္မဲ႔ ျပီလို႔ ထင္ေနသူပါ။

ဒါဟာ ပညာရွင္ေတြရဲ႕ အယူအဆပါ။ ေလွသမားအတြက္ကေတာ့ သူ႔အတြက္ ဒီပညာမတတ္လဲ ဘာမွမျဖစ္ဘူး။ အေရးႀကီးတာက သူ႔အတြက္ ” ရွင္သန္ ” ဖို႔ အားအင္ေတြရွိ ေနဖို႔ပါပဲ။ ဒါေပမယ့္ အေရးႀကံဳလာတဲ႔ အခ်ိန္မွာ ဆရာတတ္ထားတဲ႔ ပညာဟာ ဘာမွအသံုးမဝင္ခဲ႔ဘူး။ ေလွေမွာက္သြားရင္ ေရကူးတတ္တဲ႔ လူသာ အသက္ရွင္ခြင့္ရမွာပါ။

တပါးသူကို အထင္မေသးပါနဲ႔။ ” ငါ ” ဆိုတဲ႔ ကိုယ့္စံႏွုန္းနဲ႔

အမွားအမွန္ကို မခြဲျခားပါနဲ႕။

ဟိုလူမွာ တီထြင္ဥာဏ္မရွိဘူး… ဒါေပမယ့္ သူဟာရိုးသားတယ္… မေကာင္းတာကို မႀကံစည္ တတ္ဘူး။

ဒီလူဟာ အေျပာအဆိုမတတ္ဘူး။ ဒါေပမယ့္ သူဟာ အလုပ္ကိုႀကိဳးစားတယ္။ ေျဖာင့္မတ္တယ္။ မခိုမကပ္ဘူး။

ငါ့ရဲ႕ ” အရည္အခ်င္း ” သူ႕မွာမရွိသလို သူ႕ရဲ႕ ” အရည္အခ်င္း ” လဲ ငါ့မွာမရွိဘူး ဆိုတာကို ဘယ္ေတာ့မွမေမ့ပါနဲ႔…

အဓိက ကေတာ့ကိုယ္ယံုၾကည္ရတဲ႔ သူငယ္ခ်င္းနဲ႔ ဆံုတဲ႔အခါ

သင့္ျမတ္ေအာင္ေနထိုင္ဖို႔ ႀကိဳးစားပါ။ ကိုယ့္စံႏွုန္းနဲ႔ သူမ်ားကို တိုင္းတာဖို႔ မႀကိဳးစားပါနဲ႔တဲ႔…

ဘဝတစ္ေလ်ွာက္မွာ ကိုယ္နဲ႔ သေဘာထားခ်င္း တိုက္ဆိုင္သူနဲ႔ ဆံုဖို႔ဆိုတာ

တကယ္တမ္းေတာ့ ေတာ္ေတာ္မလြယ္လွပါဘူး။

( သီတဂူဆရာေတာ္ႀကီး၏ တရားေတာ္မွ )

Leave a Comment