အိန္ဒိယကြိုးတံတားပြတ်ကျမှု လူ(၉)ဦးကို ဖမ်းဆီးထား

အိန္ဒိယကြိုးတံတားပြတ်ကျမှု လူ(၉)ဦးကို ဖမ်းဆီးထား

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ လူ ၁၄၁ ယောက်သေဆုံးခဲ့တဲ့ ကြိုးတံတားပြတ်ကျမှုနဲ့ပတ်သက်ပြီး လူ ၉ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဖမ်းခံရသူတွေထဲက ၄ ယောက်ဟာ မိုဘီမြို့က တံတားပြုပြင်ထိန်းသိမ်းရေးအတွက် စာချုပ်ချုပ်ဆိုခဲ့တဲ့ Oreva ကုမ္ပဏီက ဝန်ထမ်းတွေဖြစ်ပါတယ်။

မီတာ ၂၃၀ ရှည်တဲ့ ကိုလိုနီခေတ်လက်ကျန် ကြိုးတံတားကြီးကို ၁၉ ရာစုနှစ်မှာ ဗြိတိသျှတွေ အိန္ဒိယကို အုပ်ချုပ်ခဲ့စဉ်ကတည် ဆောက်ခဲ့တာဖြစ်ပါတယ်။

သက်တမ်း ၁၄၀ ရှိပြီဖြစ်တဲ့ အဲဒီကြိုးတံတားဟာ ဒေသတွင်းခရီးသွားတွေကို ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တံတားကို ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်က ပြန်ဖွင့်ပေးခဲ့ရာမှာ အောက်တိုဘာ ၃၀ ရက်က ပြတ်ကျခဲ့တာဖြစ်ပါတယ်။

ကြိုးတံတားပြတ်ကျချိန်မှာ တံတားပေါ်မှာ လူ ၄၀၀ လောက်ရှိနေပြီး လူပေါင်း ရာနဲ့ချီ မက်ချူး မြစ်ထဲကို ပြုတ်ကျခဲ့တာပါ။ သေဆုံးသူ အများစုဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ကတော့

အသက်ရှင်ကျန်ရစ်သူတွေကို ထပ်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ကြိုးတံတား ပြတ်ကျမှုကြောင့် လူအမြောက်အများ သေဆုံးခဲ့ရတဲ့အပေါ် တံတားကို ပြုပြင်ခဲ့တဲ့ ကုမ္ပဏီမှာ တာဝန်ရှိ/မရှိ ဆိုတာ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အကြီးတန်းရဲအရာရှိက ပြောပါတယ်။

Credit

Zawgyi

အိႏၵိယႀကိဳးတံတားျပတ္က်မႈ လူ(၉)ဦးကို ဖမ္းဆီးထား

အိႏၵိယႏိုင္ငံ ဂူဂ်ာရတ္ျပည္နယ္မွာ လူ ၁၄၁ ေယာက္ေသဆုံးခဲ့တဲ့ ႀကိဳးတံတားျပတ္က်မႈနဲ႔ပတ္သက္ၿပီး လူ ၉ ေယာက္ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလိုက္ပါတယ္။

အဖမ္းခံရသူေတြထဲက ၄ ေယာက္ဟာ မိုဘီၿမိဳ႕က တံတားျပဳျပင္ထိန္းသိမ္းေရးအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ Oreva ကုမၸဏီက ဝန္ထမ္းေတြျဖစ္ပါတယ္။

မီတာ ၂၃၀ ရွည္တဲ့ ကိုလိုနီေခတ္လက္က်န္ ႀကိဳးတံတားႀကီးကို ၁၉ ရာစုႏွစ္မွာ ၿဗိတိသွ်ေတြ အိႏၵိယကို အုပ္ခ်ဳပ္ခဲ့စဥ္ကတည္ ေဆာက္ခဲ့တာျဖစ္ပါတယ္။

သက္တမ္း ၁၄၀ ရွိၿပီျဖစ္တဲ့ အဲဒီႀကိဳးတံတားဟာ ေဒသတြင္းခရီးသြားေတြကို ဆြဲေဆာင္ရာ ေနရာတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ တံတားကို ျပဳျပင္ထိန္းသိမ္းမႈေတြ ျပဳလုပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ တစ္ပတ္က ျပန္ဖြင့္ေပးခဲ့ရာမွာ ေအာက္တိုဘာ ၃၀ ရက္က ျပတ္က်ခဲ့တာျဖစ္ပါတယ္။

ႀကိဳးတံတားျပတ္က်ခ်ိန္မွာ တံတားေပၚမွာ လူ ၄၀၀ ေလာက္ရွိေနၿပီး လူေပါင္း ရာနဲ႔ခ်ီ မက္ခ်ဴး ျမစ္ထဲကို ျပဳတ္က်ခဲ့တာပါ။ ေသဆုံးသူ အမ်ားစုဟာ ကေလးငယ္ေတြ၊ အမ်ိဳးသမီးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြျဖစ္ပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ေတြ ကေတာ့

အသက္ရွင္က်န္ရစ္သူေတြကို ထပ္ေတြ႕မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဆက္လက္ ရွာေဖြေနဆဲ ျဖစ္ပါတယ္။ ႀကိဳးတံတား ျပတ္က်မႈေၾကာင့္ လူအေျမာက္အမ်ား ေသဆုံးခဲ့ရတဲ့အေပၚ တံတားကို ျပဳျပင္ခဲ့တဲ့ ကုမၸဏီမွာ တာဝန္ရွိ/မရွိ ဆိုတာ နဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနတယ္လို႔ အႀကီးတန္းရဲအရာရွိက ေျပာပါတယ္။

Credit

Leave a Comment