ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားဇနီးမောင်နှံ ၂ ဦး ထိုင်း ထီပထမဆု ဘတ်(၆)သန်းဆုကိုကံထူးသွားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ့ရွှေ့ ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေး နေသည့် (AAC) အဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။ထိုင်းထီပထမဆု ဘတ် ၆ သန်းဆုကို ဇန်နဝါရီ ၁၇ ရက်နေ့
ကဖွင့်လှစ်တဲ့ ထိုင်းနိုင်ငံရဲ့ ထီဖွင့်ပွဲမှာ ပထမဆုပေါက်မဲ နံပါတ် ၈၈၀၁၅၉ ဖြင့် ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်၊ ဝပ်နောင်စွန်းရှိ စက်ရုံမှ မြန်မာလုပ်သားဇနှီးမောင်နှံနှစ်ဦးက ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ ACC အဖွဲ့ဝင် ကိုရဲမင်းက ပြောပါတယ်။ထိုင်းထီကံထူးရှင်မှ AAC မဟာမိတ်အဖွဲ့ကို ဆုငွေထုတ်ပေးပါရန် အကူအညီတောင်းခံလာသဖြင့် AAC အဖွဲ့ မှ ဆုငွေထုတ်ယူနိုင်ရေးကိစ္စရပ်များကို လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး လုံခြုံစိတ်ချစွာဖြင့်
ဆုငွေများကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ယခင်တုန်းကလည်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေနဲ့ ထိုင်းထီပထမဆု ဘတ် (၆) သန်းကို မကြာခဏ ပေါက်လေ့ ရှိကြောင်း သိရပါတယ်။ပထမဆုပေါက်ခဲ့ပေမယ့်လည်း လုပ်ထုံးလုပ်နည်းကို နားမလည်တာကြောင့်
အလုပ်ရှင်များနဲ့ လူလိမ်များက ဆုငွေများကို လိမ်လည်မှုများ ဖြစ်ပွားခဲ့ပါတယ်။အဲဒါကြောင့် မြန်မာ့ရွှေ့ ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေး နေသည့် (AAC) အဖွဲ့က ထီပေါက်သည့် ဆုငွေများ ထုတ်ယူရာတွင် ဝင်ရောက်ကူညီပေးလေ့ ရှိကြောင်း သိရပါတယ်။
Credit
Zawgyii
ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားဇနီးေမာင္ႏွံ ၂ ဦး ထိုင္း ထီပထမဆု ဘတ္(၆)သန္းဆုကိုကံထူးသြားတယ္လို႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာ့ေ႐ႊ႕ ေျပာင္းအလုပ္သမားအေရးကူညီေဆာင္႐ြက္ေပး ေနသည့္ (AAC) အဖြဲ႕ က သတင္းထုတ္ျပန္လိုက္ပါတယ္။ထိုင္းထီပထမဆု ဘတ္ ၆ သန္းဆုကို ဇန္နဝါရီ ၁၇ ရက္ေန႔
ကဖြင့္လွစ္တဲ့ ထိုင္းႏိုင္ငံရဲ႕ ထီဖြင့္ပြဲမွာ ပထမဆုေပါက္မဲ နံပါတ္ ၈၈၀၁၅၉ ျဖင့္ ထိုင္းႏိုင္ငံ၊ ဖစ္ဘူရီခ႐ိုင္၊ ဝပ္ေနာင္စြန္းရွိ စက္႐ုံမွ ျမန္မာလုပ္သားဇႏွီးေမာင္ႏွံႏွစ္ဦးက ဆြတ္ခူးရရွိခဲ့တာျဖစ္တယ္လို႔ ACC အဖြဲ႕ဝင္ ကိုရဲမင္းက ေျပာပါတယ္။ထိုင္းထီကံထူးရွင္မွ AAC မဟာမိတ္အဖြဲ႕ကို ဆုေငြထုတ္ေပးပါရန္ အကူအညီေတာင္းခံလာသျဖင့္ AAC အဖြဲ႕ မွ ဆုေငြထုတ္ယူႏိုင္ေရးကိစၥရပ္မ်ားကို လိုက္ပါေဆာင္႐ြက္ေပးခဲ့ၿပီး လုံၿခဳံစိတ္ခ်စြာျဖင့္
ဆုေငြမ်ားကိုေအာင္ျမင္စြာထုတ္ယူႏိုင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ယခင္တုန္းကလည္း ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနနဲ႔ ထိုင္းထီပထမဆု ဘတ္ (၆) သန္းကို မၾကာခဏ ေပါက္ေလ့ ရွိေၾကာင္း သိရပါတယ္။ပထမဆုေပါက္ခဲ့ေပမယ့္လည္း လုပ္ထုံးလုပ္နည္းကို နားမလည္တာေၾကာင့္
အလုပ္ရွင္မ်ားနဲ႔ လူလိမ္မ်ားက ဆုေငြမ်ားကို လိမ္လည္မႈမ်ား ျဖစ္ပြားခဲ့ပါတယ္။အဲဒါေၾကာင့္ ျမန္မာ့ေ႐ႊ႕ ေျပာင္းအလုပ္သမားအေရးကူညီေဆာင္႐ြက္ေပး ေနသည့္ (AAC) အဖြဲ႕က ထီေပါက္သည့္ ဆုေငြမ်ား ထုတ္ယူရာတြင္ ဝင္ေရာက္ကူညီေပးေလ့ ရွိေၾကာင္း သိရပါတယ္။
Credit