ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့်ကျောင်းသား/သူများအတွက် ပထမနှစ်တက္ကသိုလ်ဝင်ခွင့်ရသူများစာရင်း ထုတ်ပြန်မည့်ရက်သတ်မှတ်ကြေညာ

ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့်ကျောင်းသား/သူများအတွက် ပထမနှစ်တက္ကသိုလ်ဝင်ခွင့်ရသူများစာရင်း ထုတ်ပြန်မည့်ရက်သတ်မှတ်ကြေညာ

၂၀၂၂ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပထမနှစ်တက္ကသိုလ်နေ့သင်တန်းဝင်ခွင့်ရသူများစာရင်းကိုနိုဝင်ဘာလ ၃ ရက်တွင်ကြေညာသွားမှာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနကထုတ်ပြန်အသိပေးထားပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများရဲ့တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်)ဝင်ခွင့်ရသူများစာရင်းအားသက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊

ပညာရေးဝန်ကြီးဌာန ဝက်ဆိုက် များတွင်ကြေညာထားမည်ဟုလည်းဆိုပါတယ်။အဆင့်မြင့်ပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို ပထမနှစ်(ပထမနှစ်ဝက်)နေ့သင်တန်းများကိုနိုဝင်ဘာလ ၂၁ ရက်မှာစတင်ဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။

တက္ကသိုလ်နေ့သင်တန်းများရဲ့ပထမနှစ်(ဒုတိယနှစ်ဝက်)နဲ့ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကိုတော့ နိုဝင်ဘာလ ၁၀ ရက်မှာစတင်ဖွင့်လှစ်ပြီးကျောင်းအပ်လက်ခံခြင်းကို အောက်တိုဘာလ ၂၇ ရက်မှနိုဝင်ဘာလ ၁၈ ရက်အထိလက်ခံဆောင်ရွက်ပေးသွားမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကအသိပေးကြေညာထားပါတယ်။

Zawgyi

ယခုႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ခဲ့ၾကသည့္ေက်ာင္းသား/သူမ်ားအတြက္ ပထမႏွစ္တကၠသိုလ္ဝင္ခြင့္ရသူမ်ားစာရင္း ထုတ္ျပန္မည့္ရက္သတ္မွတ္ေၾကညာ

၂၀၂၂ခုႏွစ္မွာ ဆယ္တန္းေအာင္ျမင္ခဲ့ၾကတဲ့ေက်ာင္းသားေက်ာင္းသူေတြအတြက္ပထမႏွစ္တကၠသိုလ္ေန႔သင္တန္းဝင္ခြင့္ရသူမ်ားစာရင္းကိုႏိုဝင္ဘာလ ၃ ရက္တြင္ေၾကညာသြားမွာျဖစ္ေၾကာင္းပညာေရးဝန္ႀကီးဌာန၊အဆင့္ျမင့္ပညာဦးစီးဌာနကထုတ္ျပန္အသိေပးထားပါတယ္။

တကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ားတြင္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားရဲ႕တကၠသိုလ္ေန႔သင္တန္း ပထမႏွစ္(ပထမႏွစ္ဝက္)ဝင္ခြင့္ရသူမ်ားစာရင္းအားသက္ဆိုင္ရာတကၠသိုလ္၊ ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ား၊

ပညာေရးဝန္ႀကီးဌာန ဝက္ဆိုက္ မ်ားတြင္ေၾကညာထားမည္ဟုလည္းဆိုပါတယ္။အဆင့္ျမင့္ပညာဦးစီးဌာနမွ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ားကို ပထမႏွစ္(ပထမႏွစ္ဝက္)ေန႔သင္တန္းမ်ားကိုႏိုဝင္ဘာလ ၂၁ ရက္မွာစတင္ဖြင့္လွစ္ေပးသြားမယ္လို႔သိရပါတယ္။

တကၠသိုလ္ေန႔သင္တန္းမ်ားရဲ႕ပထမႏွစ္(ဒုတိယႏွစ္ဝက္)နဲ႔ဒုတိယႏွစ္မွ မဟာဘြဲ႕သင္တန္းမ်ားအထိ ေန႔သင္တန္းမ်ားအားလုံးကိုေတာ့ ႏိုဝင္ဘာလ ၁၀ ရက္မွာစတင္ဖြင့္လွစ္ၿပီးေက်ာင္းအပ္လက္ခံျခင္းကို ေအာက္တိုဘာလ ၂၇ ရက္မွႏိုဝင္ဘာလ ၁၈ ရက္အထိလက္ခံေဆာင္႐ြက္ေပးသြားမယ္လို႔ အဆင့္ျမင့္ပညာဦးစီးဌာနကအသိေပးေၾကညာထားပါတယ္။

Leave a Comment