နေရာကွက်ကြားရွာအုံးမယ့်ဒေသတွေကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ🌨🌨

02/11/2022 ၂၄နာရီအတွင်း ဧရာဝတီတိုင်း လပွတ္တာ ငပုတော ပုသိမ် အိမ်မဲ မြောင်းမြ ဝါးခယ်မ ဒေသတွေမှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပါတယ် မိုးကြီးနိုင်ခြင်းမရှိသော်လည်း ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ အထူးသတိထားကြပါ ကျန်တစ်နိုင်ငံလုံးမှာတော့ သာသာယာယာ ရှိနိုင်ပါတယ် ISSUED TIME 02/11/2022

Hello November Good Weather 🌨🌨🌨🌨 ၂၀၂၂ နိုဝင်ဘာလ ၂ရက်နေ့မှ ၇ရက်နေ့အတွင်း တစ်နိုင်ငံလုံးမှာ သာသာယာယာရှိမှာဖြစ်တဲ့အတွက် ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေအတွက် အကောင်းဆုံးရာသီဥတု အခြေအနေဖြစ်ပါတယ်

ရိတ်ကြမယ် သိမ်းကြမယ် စပါးရိတ်သိမ်းချိန်ကိုရောက်ရှိနေတဲ့ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းဒေသကြီးတွေမှာ ၂၀၂၂ နိုဝင်ဘာလ ၂ရက်နေ့မှ ၃ရက်နေ့အထိ

ရာသီဥတုသာသာယာယာရှိနေမှာဖြစ်တဲ့အတွက် စပါးရိတ်သိမ်းအခြောက်လှမ်းနိုင်ကြပါတယ် အိန္ဒိယနိုင်ငံ ချန်းနိုင် တမီးနာဒု သိရိလင်္ကာနိုင်ငံတွေမှာသာ မိုးကြီးနိုင်ပါတယ်

အေးမြသာယာပြည်မြန်မာ ၂၀၂၂ နိုဝင်ဘာလ ၇ရက်တွေအတွင်းမြန်မာနိုင်ငံအတွင်းသို့ wind chill ဆောင်းလေညှင်းလေး ဝင်ရောက်လာပြီး အေးမြသာယာပါလိမ့်မယ်

ဆောင်းဦးရဲ့ နှင်းပွင့်တွေနှင့်အတူ ဆောင်းသီးနှံတွေစိုက်ကြမယ် စားနပ်ရိက္ခာတွေကို ထုတ်လုပ်ပေးတဲ့ တောင်သူလယ်သမားဦးကြီးများကို ကျေးဇူးအများကြီးတင်ပါတယ် တောင်သူလယ်သမားတွေအတွက်အများကြီးကြိုးစားပေးနေပါတယ် ပင်ပန်းလို့ နေသိပ်မကောင်းဘူး ဒီနေ့တော့ ၆နာရီလောက်အနားယူလိုက်ဦးမယ်

Zawgyi







Leave a Comment