အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ

အင်းဝမှာရေ – အင်းဝမှာ ရေ ၊ မြေမှာ ပဲခူး ဟူသော စကားကို ရှေးလူကြီးများမှ တစ်ဆင့် ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။

ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊မိုးခေါင်ခြင်း စသည့် ရေနှင့် ပတ်သတ်သော ဒုက္ခများကြောင့် မြို့ပါ ပျက်ခဲ့ရသည်ဟု ဆိုလို့ရသော ကြောင့် ပင်။

သက္ကရာဇ် ၁၇၄၁ ခုနှစ် မဟာဓမ္မရာဇာဓိပတိ လက် ထက်တွင် ဖြစ်ခဲ့သည့် အဖြစ်များဖြစ်သည်။

ထိုမင်းသည် မင်းဆိုးဟု မဆိုထိုက်သော်လည်း မင်းကောင်း မင်းမြတ်ဟု လည်း မဆိုထိုက်ပြန်။ တိုင်းပြည်ရေးကို သိပ်စိတ်မဝင်စားခဲ့။

နန်းတက်သည့် နှစ်အ တွင်း၌ပင် အင်းဝအား ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်ခဲ့ပြီး လနှင့်ချီ၍ ပြန်မကျခဲ့တာကြောင့်“ရေရူးကြီး” ဟုပင် နာမည် တွင်သွားသည်။

ရေကိုတားဖို့ ဆ ည်ဖို့ကြသော်လည်း ရေအားကို မလှန်နိုင်ခဲ့ပဲ မြစ်ရေသည် မြို့တွင်းသာမက ဘုရင့်နန်းတော် ကြမ်းပြင်အထိ တက်ခဲ့သည်။

ရှိသမျှ စိုက်ခင်း အားလုံးနီးပါး ပျက်စီးသဖြင့် ရေကျသည်နှင့် အလျှင် အမြန် စိုက်ပျိုး ကြရသည်။နောက်တစ်နှစ် ၁၇၄၂ ခုနှစ်တွင်ကား ရေမကြီးတော့ပဲ မိုးခေါင်ပြန်သည်။

လယ်ယာကိုင်းကျွန်း စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးရပြန်သည်။နှစ်နှစ် ဆက်တိုက် ရေကြီးခြင်း ၊မိုးခေါင်ခြင်းကိုခံရသောအခါ ဆန်ဈေးလည်း အ ဆမတန် တက်လာတော့သည်။

မူလက ၁တင်း ၃မူးဈေး ရှိခဲ့ရာမှာ ၅ကျပ် ၃မူးကျော် အထိ အဆမတန် ကြီးမြင့်သွားခဲ့သည်။

အစာရေစာ ခေါင်းပါးလွန်းသဖြင့် ပြည်သူများ ပျက်စီးကြရသည်။ မြို့ရွာအနှံ့၌လည်း ခိုးဆိုး လုယက်သူများ ပေါများလာခဲ့သည်။

နောက် ၂ နှစ်အကြာ ၁၇၄၄ ခုနှစ်တွင် ၁၂နာရီကြာသော မီးကြီးလောင်ရာ တစ်မြို့လုံးနီးပါး ပျက်စီးရပြန်သည်။

လူဆိုး ၊ သူခိုးများ မှာ နယ်စားမြို့စားများနှင့် ပေါ င်းကာ ဝေမျှစားသဖြင့် တရားဥပဒေလည်းမရှိတော့။

ဘုရင်ကလည်း ဖိဖိစီးစီး မနှိမ်နှင်းနိုင်သဖြင့် အဓိ က ဒုက္ခဆင်းရဲ ခံရသူများမှာ ဆင်းရဲသား ပြည်သူများသာ ဖြစ်သည်။

နောက်ဆုံး လူဆိုး သူခိုးဒဏ်ကို မခံနိုင်သော ပြည်သူများမှာ ဘုရင့် ဆွေတော်မျိုးတော် များ ထံတွင် အသီးသီးကပ်မှီ၍ ကျွန်ဘဝနှင့် နေကြတော့သည်။

ထိုအတွင်း က သည်းအရေး ၊ ဟံသာဝ တီ အ ရေး နှင့် ကွေ့အရေး တို့ပေါ်လာပြန်ရာ ဘုရင်အဖို့ အရူးမီးဝိုင်း သလို ဖြစ်ခဲ့ပြန်သည်။

ပြည်သူတို့မှာ စစ်ရေးစစ်ရာကိုလည်း မပြင်နိုင် ၊ စိုက်ပျိုးရေးလည်း ကောင်းစွာ မလုပ်နိုင်သဖြင့် အငတ်ဘေး ပိုမို ကြီးမားလာခဲ့သည်။

ဆန်ဈေးမှာလည်း ၁၆ ကျပ်အထိ မြင့်တက်သွားရာ မနေနိုင်သူများမှာ ဧရာဝတီမြစ်ကိုစုန်၍ အောက်ပြည်သို့ ပြေးကြလေသည်။

ဘုရင့်ခမျာမှာလည်း ၂နှစ်ကျော် ၃နှစ်ကြာ ကျီတော်ထဲမှ စပါးများကို ပြည်သူများထံ ဝေမျှ ပေးခဲ့သည်။

ကျီတော်ထဲမှ စပါးများ ကုန်သွားသော် ရွှေငွေတို့အား ထုတ် ပေး ကာ ဝ ယ်စားစေခဲ့ပြန်သည်။ ဆန်ဈေးမှာ ၈၀ ကျပ် အထိ ရှိသွားခဲ့သည်။

သို့သော် ဈေးသာ ရှိသော်လည်း ဝယ်စားရန် ဆန်ကားလုံး၀ မရှိတော့။ အင်းဝ ပြည်သူ ပြည်သားတို့ မှာ ဘာကိုမျှ မတွေးတော့ မဆင်ခြင်နိုင်တော့။
ရှိသမျှ ကျွဲ နွား မြင်း တို့ကို သတ် စား ကြလေသည်။ ကျွဲ နွား မရှိသူတို့ကား လူသေကောင်များကို စားကြသည် အထိ အငတ်ဘေး ကြီးထွားခဲ့သည်။

ကြာသော်လူအချင်းချင်းပင် သတ်ဖြတ် ခုတ်ထစ်တော့မည် အထိ ဖြစ်လာမည်မှာ မလွဲတော့ပေ။ထိုအချိန်တွင် ဟံသာဝတီ စစ်သည်တို့က အင်းဝပြည်အား

ပိတ်ဆို့ ဝန်းရံလိုက်သည့်အခါ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် ၁၇၅၂ နှစ်တွ င် တိုင်းပြ ည် ကို လက်လွှတ်ကာ ဟံသာဝတီသို့ ပါသွားရတော့သည်။

အင်းဝပြည်ကြီးလည်း ပျက်စီး သွားခဲ့ရသည်။ မိုးခေါင်ခြင်း ၊ ရေ ကြီးခြင်းမှ အစပြု ၍ အင်းဝပြည်ကြီး ပျက်စီးခဲ့ရသောကြောင့် “အင်းဝမှာ ရေ” ဟူသော စကားလည်း ပေါ်ပေါက်လာတော့သည်။

မြေမှာ..ပဲခူး – အင်း၀ မှာ..ရေ ၊ မြေမှာ..ပဲခူး ဟူသော ဆိုရိုးစကားအရ အင်း၀ သည် ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင့် မြို့ပျက်မတတ် ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ် အခံရဆုံး နေရာကို ပြပါဆိုလျှင်ပဲခူးကိုပင် ပြရမှာပါ။ ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာ မဟာသ မလမင်းက စတင် တည်ထောင်ခဲ့ပါတယ်။

အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိ မင်း ၅ ဆက် စိုးစံ ပြီးချိန် မှာ ငလျှင်နဲ့ စတင် ကြုံရပါတယ်။

သမိုင်းမှတ်တမ်းများ အရ မဟိ့သရာဇာမင်း လက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာ ကြားရခြင်း၊ ဥက္ကာပျံများကျခြင်း ၊

လေမု န်တိုင်း ပြင်းထ န် စွာ တိုက်ခြင်း နှင့် မြေငလျှင် ကြီးစွာလှုပ်ခြင်း စသည်တို့နှင့် ရင်ဆိုင် တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုးဆုံးမှာ မင်းအဆက်ဆက် ကိုးကွယ် လာခဲ့တဲ့ ရွှေမော်ဓော စေတီကြီး ထီးတော် မြေခခဲ့သည့် အပြင် ရွဲလုံးတော်အထိ ပြိုကျခဲ့ တာပါ ပဲ။

ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ် ခံ စားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင် အဆိုအရ သိရပါတယ်။

အကြီးဆုံးငလျှင် ၅ ကြိမ် ကြုံတွေ့ခဲ့ပါတ ယ်။သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာ လှုပ်ခဲ့တဲ့ ငလျှင်တွေပါပဲ။

နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ် ခဲ့တဲ့ ငလျှင်က တော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။

ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီး စတုရန်းမိုင် ၂၂၀၀၀၀ ပတ်လည်ထိ လှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀၀ ကျေ ာ် သေဆုံးကာ ပဲခူး တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရပါတယ်။

ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀၀ကျော် သက်တမ်းရှိတဲ့ ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ် ပျက် စီး ပြီး မြေ ခခဲ့ရ ပြန်ပါတယ်။

ငလျှင်ကြောင့် တစ်မြို့လုံးပျက်စီး ခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။ထိုငလျှင်ကြေ ာင့် ပဲခူးသာမက ရန်ကုန်မြို့လည်း အတော်အတန် ပျက်စီးခဲ့ရပါတယ်။

ရွှေတိဂုံစေတီ စိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။အင်း၀ သည် ရေကြောင့် ပျက်စီးခဲ့ရသလို ပဲခူးသည်လည်း မြေကြောင့် အကြိမ်ကြိမ် ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ် ပြန်လည် ထူထော င်ခဲ့ရပါတ ယ်။

ဒါကြေ ာင့်လ ည်း ရှေး လူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

Credit:

Zawgyi

အင္းဝမွာေရ – အင္းဝမွာ ေရ ၊ ေျမမွာ ပဲခူး ဟူေသာ စကားကို ေရွးလူႀကီးမ်ားမွ တစ္ဆင့္ ၾကားဖူးေကာင္း ၾကားဖူးႏိုင္ပါတယ္။

ဒီလိုဆိုရျခင္းမွာ အင္းဝသည္ ေရႀကီးျခင္း ၊မိုးေခါင္ျခင္း စသည့္ ေရႏွင့္ ပတ္သတ္ေသာ ဒုကၡမ်ားေၾကာင့္ ၿမိဳ႕ပါ ပ်က္ခဲ့ရသည္ဟု ဆိုလို႔ရေသာ ေၾကာင့္ ပင္။

သကၠရာဇ္ ၁၇၄၁ ခုႏွစ္ မဟာဓမၼရာဇာဓိပတိ လက္ ထက္တြင္ ျဖစ္ခဲ့သည့္ အျဖစ္မ်ားျဖစ္သည္။

ထိုမင္းသည္ မင္းဆိုးဟု မဆိုထိုက္ေသာ္လည္း မင္းေကာင္း မင္းျမတ္ဟု လည္း မဆိုထိုက္ျပန္။ တိုင္းျပည္ေရးကို သိပ္စိတ္မဝင္စားခဲ့။

နန္းတက္သည့္ ႏွစ္အ တြင္း၌ပင္ အင္းဝအား ဧရာဝတီျမစ္ေရ အဆမတန္ ျမင့္တက္ခဲ့ၿပီး လႏွင့္ခ်ီ၍ ျပန္မက်ခဲ့တာေၾကာင့္“ေရ႐ူးႀကီး” ဟုပင္ နာမည္ တြင္သြားသည္။

ေရကိုတားဖို႔ ဆ ည္ဖို႔ၾကေသာ္လည္း ေရအားကို မလွန္ႏိုင္ခဲ့ပဲ ျမစ္ေရသည္ ၿမိဳ႕တြင္းသာမက ဘုရင့္နန္းေတာ္ ၾကမ္းျပင္အထိ တက္ခဲ့သည္။

ရွိသမွ် စိုက္ခင္း အားလုံးနီးပါး ပ်က္စီးသျဖင့္ ေရက်သည္ႏွင့္ အလွ်င္ အျမန္ စိုက္ပ်ိဳး ၾကရသည္။ေနာက္တစ္ႏွစ္ ၁၇၄၂ ခုႏွစ္တြင္ကား ေရမႀကီးေတာ့ပဲ မိုးေခါင္ျပန္သည္။

လယ္ယာကိုင္းကြၽန္း စိုက္ပ်ိဳးေရး လုပ္ငန္းမ်ား ပ်က္စီးရျပန္သည္။ႏွစ္ႏွစ္ ဆက္တိုက္ ေရႀကီးျခင္း ၊မိုးေခါင္ျခင္းကိုခံရေသာအခါ ဆန္ေဈးလည္း အ ဆမတန္ တက္လာေတာ့သည္။

မူလက ၁တင္း ၃မူးေဈး ရွိခဲ့ရာမွာ ၅က်ပ္ ၃မူးေက်ာ္ အထိ အဆမတန္ ႀကီးျမင့္သြားခဲ့သည္။

အစာေရစာ ေခါင္းပါးလြန္းသျဖင့္ ျပည္သူမ်ား ပ်က္စီးၾကရသည္။ ၿမိဳ႕႐ြာအႏွံ႔၌လည္း ခိုးဆိုး လုယက္သူမ်ား ေပါမ်ားလာခဲ့သည္။

ေနာက္ ၂ ႏွစ္အၾကာ ၁၇၄၄ ခုႏွစ္တြင္ ၁၂နာရီၾကာေသာ မီးႀကီးေလာင္ရာ တစ္ၿမိဳ႕လုံးနီးပါး ပ်က္စီးရျပန္သည္။

လူဆိုး ၊ သူခိုးမ်ား မွာ နယ္စားၿမိဳ႕စားမ်ားႏွင့္ ေပါ င္းကာ ေဝမွ်စားသျဖင့္ တရားဥပေဒလည္းမရွိေတာ့။

ဘုရင္ကလည္း ဖိဖိစီးစီး မႏွိမ္ႏွင္းႏိုင္သျဖင့္ အဓိ က ဒုကၡဆင္းရဲ ခံရသူမ်ားမွာ ဆင္းရဲသား ျပည္သူမ်ားသာ ျဖစ္သည္။

ေနာက္ဆုံး လူဆိုး သူခိုးဒဏ္ကို မခံႏိုင္ေသာ ျပည္သူမ်ားမွာ ဘုရင့္ ေဆြေတာ္မ်ိဳးေတာ္ မ်ား ထံတြင္ အသီးသီးကပ္မွီ၍ ကြၽန္ဘဝႏွင့္ ေနၾကေတာ့သည္။

ထိုအတြင္း က သည္းအေရး ၊ ဟံသာဝ တီ အ ေရး ႏွင့္ ေကြ႕အေရး တို႔ေပၚလာျပန္ရာ ဘုရင္အဖို႔ အ႐ူးမီးဝိုင္း သလို ျဖစ္ခဲ့ျပန္သည္။

ျပည္သူတို႔မွာ စစ္ေရးစစ္ရာကိုလည္း မျပင္ႏိုင္ ၊ စိုက္ပ်ိဳးေရးလည္း ေကာင္းစြာ မလုပ္ႏိုင္သျဖင့္ အငတ္ေဘး ပိုမို ႀကီးမားလာခဲ့သည္။

ဆန္ေဈးမွာလည္း ၁၆ က်ပ္အထိ ျမင့္တက္သြားရာ မေနႏိုင္သူမ်ားမွာ ဧရာဝတီျမစ္ကိုစုန္၍ ေအာက္ျပည္သို႔ ေျပးၾကေလသည္။

ဘုရင့္ခမ်ာမွာလည္း ၂ႏွစ္ေက်ာ္ ၃ႏွစ္ၾကာ က်ီေတာ္ထဲမွ စပါးမ်ားကို ျပည္သူမ်ားထံ ေဝမွ် ေပးခဲ့သည္။

က်ီေတာ္ထဲမွ စပါးမ်ား ကုန္သြားေသာ္ ေ႐ႊေငြတို႔အား ထုတ္ ေပး ကာ ဝ ယ္စားေစခဲ့ျပန္သည္။ ဆန္ေဈးမွာ ၈၀ က်ပ္ အထိ ရွိသြားခဲ့သည္။

သို႔ေသာ္ ေဈးသာ ရွိေသာ္လည္း ဝယ္စားရန္ ဆန္ကားလုံး၀ မရွိေတာ့။ အင္းဝ ျပည္သူ ျပည္သားတို႔ မွာ ဘာကိုမွ် မေတြးေတာ့ မဆင္ျခင္ႏိုင္ေတာ့။
ရွိသမွ် ကြၽဲ ႏြား ျမင္း တို႔ကို သတ္ စား ၾကေလသည္။ ကြၽဲ ႏြား မရွိသူတို႔ကား လူေသေကာင္မ်ားကို စားၾကသည္ အထိ အငတ္ေဘး ႀကီးထြားခဲ့သည္။

ၾကာေသာ္လူအခ်င္းခ်င္းပင္ သတ္ျဖတ္ ခုတ္ထစ္ေတာ့မည္ အထိ ျဖစ္လာမည္မွာ မလြဲေတာ့ေပ။ထိုအခ်ိန္တြင္ ဟံသာဝတီ စစ္သည္တို႔က အင္းဝျပည္အား

ပိတ္ဆို႔ ဝန္းရံလိုက္သည့္အခါ အင္းဝဘုရင္ မဟာဓမၼရာဇာဓိပတိသည္ ၁၇၅၂ ႏွစ္တြ င္ တိုင္းျပ ည္ ကို လက္လႊတ္ကာ ဟံသာဝတီသို႔ ပါသြားရေတာ့သည္။

အင္းဝျပည္ႀကီးလည္း ပ်က္စီး သြားခဲ့ရသည္။ မိုးေခါင္ျခင္း ၊ ေရ ႀကီးျခင္းမွ အစျပဳ ၍ အင္းဝျပည္ႀကီး ပ်က္စီးခဲ့ရေသာေၾကာင့္ “အင္းဝမွာ ေရ” ဟူေသာ စကားလည္း ေပၚေပါက္လာေတာ့သည္။

ေျမမွာ..ပဲခူး – အင္း၀ မွာ..ေရ ၊ ေျမမွာ..ပဲခူး ဟူေသာ ဆို႐ိုးစကားအရ အင္း၀ သည္ ေရဖ်က္၍ ပ်က္ခဲ့ရသလို ပဲခူးသည္လည္း ငလွ်င္ဒါဏ္ေၾကာင့္ ၿမိဳ႕ပ်က္မတတ္ ႀကဳံေတြ႕ခဲ့ရပါတယ္။

ျမန္မာႏိုင္ငံတြင္ ငလွ်င္ဒါဏ္ အခံရဆုံး ေနရာကို ျပပါဆိုလွ်င္ပဲခူးကိုပင္ ျပရမွာပါ။ ပဲခူးၿမိဳ႕ကို သကၠရာဇ္ ၁၈၇ ခုႏွစ္မွာ မဟာသ မလမင္းက စတင္ တည္ေထာင္ခဲ့ပါတယ္။

အဲဒီေနာက္ ညီေတာ္ဝိမလမင္း ၊ အသားမင္းသားေခၚ အႆကုမၼာတင္း ၊ အရိႏၵမမင္း ႏွင့္ မဟႎသရာဇာမင္းထိ မင္း ၅ ဆက္ စိုးစံ ၿပီးခ်ိန္ မွာ ငလွ်င္နဲ႔ စတင္ ႀကဳံရပါတယ္။

သမိုင္းမွတ္တမ္းမ်ား အရ မဟိ့သရာဇာမင္း လက္ထက္မွာ ေတာ္လဲသံႀကီး ျမည္ဟီးစြာ ၾကားရျခင္း၊ ဥကၠာပ်ံမ်ားက်ျခင္း ၊

ေလမု န္တိုင္း ျပင္းထ န္ စြာ တိုက္ျခင္း ႏွင့္ ေျမငလွ်င္ ႀကီးစြာလႈပ္ျခင္း စသည္တို႔ႏွင့္ ရင္ဆိုင္ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

အဆိုးဆုံးမွာ မင္းအဆက္ဆက္ ကိုးကြယ္ လာခဲ့တဲ့ ေ႐ႊေမာ္ေဓာ ေစတီႀကီး ထီးေတာ္ ေျမခခဲ့သည့္ အျပင္ ႐ြဲလုံးေတာ္အထိ ၿပိဳက်ခဲ့ တာပါ ပဲ။

ပဲခူးဟာ ငလွ်င္ႀကီးငယ္ဒါဏ္ကို ၃၂ႀကိမ္ခန႔္ အႀကိမ္ႀကိမ္ ခံ စားခဲ့ရေၾကာင္း ေ႐ႊေမာ္ေဓာသမိုင္း ႏွင့္ သထုံရာဇဝင္ အဆိုအရ သိရပါတယ္။

အႀကီးဆုံးငလွ်င္ ၅ ႀကိမ္ ႀကဳံေတြ႕ခဲ့ပါတ ယ္။သကၠရာဇ္ ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုႏွစ္ေတြမွာ လႈပ္ခဲ့တဲ့ ငလွ်င္ေတြပါပဲ။

ေနာက္ဆုံး ၁၂၉၂ (ေအဒီ ၁၉၃၀) မွာ လႈပ္ ခဲ့တဲ့ ငလွ်င္က ေတာ့ ျမန္မာ့သမိုင္းမွာ အႀကီးမားဆုံးလို႔ ဆိုရမယ့္ ငလွ်င္ပါပဲ။

ငလွ်င္ျပင္းအား အဆင့္ ၁၀ ရွိၿပီး စတုရန္းမိုင္ ၂၂၀၀၀၀ ပတ္လည္ထိ လႈပ္ခတ္ေစခဲ့ၿပီး လူေပါင္း ၅၀၀ ေက် ာ္ ေသဆုံးကာ ပဲခူး တစ္ၿမိဳ႕လုံးနီးပါး ပ်က္စီးခဲ့ရပါတယ္။

ထိုငလွ်င္ႀကီးေၾကာင့္ ႏွစ္ေပါင္း ၂၅၀၀ေက်ာ္ သက္တမ္းရွိတဲ့ ေ႐ႊေမာ္ေဓာေစတီႀကီးမွာ ေအာက္ပထမ ပစၥယံအထိ အႀကီးအက်ယ္ ပ်က္ စီး ၿပီး ေျမ ခခဲ့ရ ျပန္ပါတယ္။

ငလွ်င္ေၾကာင့္ တစ္ၿမိဳ႕လုံးပ်က္စီး ခဲ့႐ုံသာမက ငလွ်င္ၿပီးတဲ့ေနာက္မွာလည္း မီေလာင္မႈမ်ား ဆက္လက္ ျဖစ္ပြားခဲ့ပါေသးတယ္။ထိုငလွ်င္ေၾက ာင့္ ပဲခူးသာမက ရန္ကုန္ၿမိဳ႕လည္း အေတာ္အတန္ ပ်က္စီးခဲ့ရပါတယ္။

ေ႐ႊတိဂုံေစတီ စိန္ဖူးေတာ္ပင္ ေျမခေစခဲ့ရတဲ့ ငလွ်င္ပါ။အင္း၀ သည္ ေရေၾကာင့္ ပ်က္စီးခဲ့ရသလို ပဲခူးသည္လည္း ေျမေၾကာင့္ အႀကိမ္ႀကိမ္ ပ်က္စီးခဲ့ရၿပီး အႀကိမ္ႀကိမ္ ျပန္လည္ ထူေထာ င္ခဲ့ရပါတ ယ္။

ဒါေၾက ာင့္လ ည္း ေရွး လူႀကီးေတြက “အင္းဝမွာေရ ၊ ေျမမွာပဲခူး” ဆိုေသာ စကားကို ဆို႐ိုးျပဳသြားၾကျခင္း ျဖစ္ပါေတာ့တယ္။

Credit:

Leave a Comment