လက်ရှိပြေးဆွဲနေသည့် မြန်မာ့မီးရထားလက်မှတ်ခနှုန်းထားများနှင့် ထွက်ခွါချိန်များ

လက်ရှိပြေးဆွဲနေသည့် မြန်မာ့မီးရထားလက်မှတ်ခနှုန်းထားများနှင့် ထွက်ခွါချိန်များ

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လေအိတ်အမြန်ရထားကိုလည်းအပတ်စဉ် သောကြာနေ့နှင့်တနင်္ဂနွေနေ့တိုင်းပြေးဆွဲပေးလျက်ရှိရာခရီးသွားပြည်သူတွေရဲ့တောင်းဆိုချက်အရရန်ကုန်-မန္တလေးလမ်းပိုင်းမှာနိုဝင်ဘာ ၂ရက်မှစတင်ကာအမှတ် ၅ အဆန်၊အမှတ် ၆ အစုန်လေအိတ်ရထားတွေကို တစ်ပတ်သုံးရက်တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။

ရန်ကုန်-မန္တလေး အမှတ် ၅ အဆန်လေအိတ်ရထားကို ရန်ကုန်ဘူတာကြီးမှ ညနေ ၃နာရီ ၄၅ မိနစ်မှာစတင်ထွက်ခွာပြီးမန္တလေးဘူတာကြီးကိုနောက်နေ့နံနက် ၉နာရီ ၁၅ မိနစ်မှာရောက်ရှိကာအမှတ် ၆ အစုန်လေအိတ်ရထားကမန္တလေးဘူတာကြီးမှ ညနေ ၃နာရီစတင်ထွက်ခွာပြီးရန်ကုန်ဘူတာကြီးကို နောက်နေ့နံနက် ၈နာရီ ၄၅ မိနစ်မှာရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

ရထားလက်မှတ်ခနှုန်းထားတွေအနေနဲ့ ရန်ကုန်-မန္တလေးရထားခရိုးရိုးတန်းအတွက်ငွေကျပ် ၇၇၅၀၊ အထက်တန်းအတွက် ငွေကျပ် ၁၅၄၅၀၊ အိတ်စင်အတွက် ငွေကျပ် ၂၁၂၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။လေအိတ်ရထားခရီးစဉ်တစ်လျှောက်ကျောက်ဆည်၊ သာစည်၊ နေပြည်တော်(ပျဉ်းမနား)၊ တောင်ငူ၊

ပဲခူးဘူတာတို့မှာရပ်နားပြီး စားသောက်တွဲပါရှိကာ ဈေးသည်တွေတက်ရောက်ရောင်းချခွင့်မပြုထားဘူးလို့ သိရပါတယ်။မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လေအိတ်အမြန်ရထားအပြင်ရန်ကုန်-မန္တလေးအမြန်ရထားများကိုလည်းနေ့စဉ်ပြေးဆွဲပေးလျက်ရှိကာလက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၇၅၀ ကျပ်၊အထက်တန်း ၁၅၅၀၀ ကျပ်နှင့်အိပ်စင် ၂၁၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး လော်ကယ်ရထားကိုလည်းရက်ခြားပြေးဆွဲပေးလျက်ရှိကာလက်မှတ်ခမှာ ၅၇၀၀ ကျပ်ဖြစ်ပြီးရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီ ၄၅ မိနစ်၌ထွက်ခွာပြီး မန္တလေးဘူတာမှ ညနေ ၅ နာရီတွင် ထွက်ခွာကြောင်းသိရသည်။မြန်မာ့မီးရထားမှ ရန်ကုန်-ပြည် လေအိတ်အမြန်ရထား(နေ့စဉ်)၊ကြည့်မြင်တိုင်-ပြည် စာပို့ရထား (နေ့စဉ်)၊

ရန်ကုန်-မော်လမြိုင်လေအိတ် အမြန်ရ ထား(နေ့စဉ်)၊ရန်ကုန်-ပဲခူး(နေ့စဉ်)၊ပျဉ်းမနား- တောင်တွင်းကြီးစာပို့ရထား(နေ့စဉ်)၊ပုသိမ်-ကြံခင်း စာပို့ရထား(နေ့စဉ်)၊မန္တလေး-ပြင်ဦးလွင် (စနေ)၊ပြင်ဦးလွင်-ဂုတ်ထိပ်(တနင်္ဂနွေ)၊သာစည်- ရွှေညောင်(တနင်္လာ)၊ပြည်တော်သာ-ရေချမ်းပြင် (နေ့စဉ်)၊တောင်ကြီး-ဘန်းယဉ်(နေ့စဉ်)ရထားလမ်းပိုင်းများကိုလည်းပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

ရန်ကုန်ဘူတာကြီးမှတဆင့် အနယ်နယ်အရပ်ရပ်သို့ပြေးဆွဲပေးလျက်ရှိသည့် မြန်မာ့မီးရထားမှ ရထားလက်မှတ်များအား Online စနစ်ဖြင့်ရောင်း ချရန်စီစဉ်လျက်ရှိကြောင်းလည်း မြန်မာ့မီးရထားမှသိရသည်။”မီးရထားရုံးချုပ်ကတော့ အွန်လိုင်းစနစ်နဲ့ရောင်းဖို့စီစဉ်နေပါတယ်။အခုမှအစပျိုးစီစဉ်နေတာပဲရှိပါတယ်”ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မြန်မာ့မီးရထားမှရထားလက်မှတ်များအားရိုးရိုးတန်းလက်မှတ်ဖြစ်ပါက ၁ ရက်ကြိုတင်နှင့်အထက်တန်းလက်မှတ်ဖြစ်ပါက ၃ ရက်ကြိုတင်၍သက်ဆိုင်ရာဘူတာများ၏လက်မှတ်အရောင်းဌာနများ၌ မှတ်ပုံတင်ပြသဝယ်ယူနိုင်ပြီးယာဉ်မောင်းလိုင်စင်၊ထောက်ခံစာများဖြင့်ဝယ်ယူ၍မရကြောင်း သိရသည်။

“လောလောဆယ် ရန်ကုန်ဘူတာကြီးကဆာဗေးလုပ်နေတာကအွန်လိုင်းစနစ်တော့မဟုတ်ဘူးပေါ့နော်ခရီးသည်တွေကို ကွန်ပလိန်းစင်တာဖွင့်ပြီးလိုအပ်လို့ရှိရင်လက်မှတ်ကြိုပြီးမှာတယ်ဆိုရင်ကျွန်တော်တို့ကရက်ကြိုဆိုရင်ညွှန်ပေးမယ်”ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မီးရထားမှပြေးဆွဲပေးနေသည့်နယ်ဝေးမီးရထားလက်မှတ်များအား “လေအိတ်ရထားလက်မှတ်အရောင်းဌာန”အမည်ဖြင့် လူမှုကွန်ယက်စာ မျက်နှာတွင်အကောင့်တုဖွင့်၍လိမ်လည်ရောင်းချမှုများရှိနေကြောင်းသိရသည်။

Zawgyi

လက္ရွိေျပးဆြဲေနသည့္ ျမန္မာ့မီးရထားလက္မွတ္ခႏႈန္းထားမ်ားႏွင့္ ထြက္ခြါခ်ိန္မ်ား

ျမန္မာ့မီးရထားမွ ရန္ကုန္-မႏၲေလး ေလအိတ္အျမန္ရထားကိုလည္းအပတ္စဥ္ ေသာၾကာေန႔ႏွင့္တနဂၤေႏြေန႔တိုင္းေျပးဆြဲေပးလ်က္ရွိရာခရီးသြားျပည္သူေတြရဲ႕ေတာင္းဆိုခ်က္အရရန္ကုန္-မႏၲေလးလမ္းပိုင္းမွာႏိုဝင္ဘာ ၂ရက္မွစတင္ကာအမွတ္ ၅ အဆန္၊အမွတ္ ၆ အစုန္ေလအိတ္ရထားေတြကို တစ္ပတ္သုံးရက္တိုးခ်ဲ႕ေျပးဆြဲေပးေနၿပီျဖစ္တယ္လို႔ ျမန္မာ့မီးရထားမွသိရပါတယ္။

ရန္ကုန္-မႏၲေလး အမွတ္ ၅ အဆန္ေလအိတ္ရထားကို ရန္ကုန္ဘူတာႀကီးမွ ညေန ၃နာရီ ၄၅ မိနစ္မွာစတင္ထြက္ခြာၿပီးမႏၲေလးဘူတာႀကီးကိုေနာက္ေန႔နံနက္ ၉နာရီ ၁၅ မိနစ္မွာေရာက္ရွိကာအမွတ္ ၆ အစုန္ေလအိတ္ရထားကမႏၲေလးဘူတာႀကီးမွ ညေန ၃နာရီစတင္ထြက္ခြာၿပီးရန္ကုန္ဘူတာႀကီးကို ေနာက္ေန႔နံနက္ ၈နာရီ ၄၅ မိနစ္မွာေရာက္ရွိမွာျဖစ္တယ္လို႔သိရပါတယ္။

ရထားလက္မွတ္ခႏႈန္းထားေတြအေနနဲ႔ ရန္ကုန္-မႏၲေလးရထားခ႐ိုး႐ိုးတန္းအတြက္ေငြက်ပ္ ၇၇၅၀၊ အထက္တန္းအတြက္ ေငြက်ပ္ ၁၅၄၅၀၊ အိတ္စင္အတြက္ ေငြက်ပ္ ၂၁၂၅၀ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ေလအိတ္ရထားခရီးစဥ္တစ္ေလွ်ာက္ေက်ာက္ဆည္၊ သာစည္၊ ေနျပည္ေတာ္(ပ်ဥ္းမနား)၊ ေတာင္ငူ၊

ပဲခူးဘူတာတို႔မွာရပ္နားၿပီး စားေသာက္တြဲပါရွိကာ ေဈးသည္ေတြတက္ေရာက္ေရာင္းခ်ခြင့္မျပဳထားဘူးလို႔ သိရပါတယ္။ျမန္မာ့မီးရထားမွ ရန္ကုန္-မႏၲေလး ေလအိတ္အျမန္ရထားအျပင္ရန္ကုန္-မႏၲေလးအျမန္ရထားမ်ားကိုလည္းေန႔စဥ္ေျပးဆြဲေပးလ်က္ရွိကာလက္မွတ္ခအေနျဖင့္ ႐ိုး႐ိုးတန္း ၇၇၅၀ က်ပ္၊အထက္တန္း ၁၅၅၀၀ က်ပ္ႏွင့္အိပ္စင္ ၂၁၀၀၀ က်ပ္ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ ရန္ကုန္-မႏၲေလး ေလာ္ကယ္ရထားကိုလည္းရက္ျခားေျပးဆြဲေပးလ်က္ရွိကာလက္မွတ္ခမွာ ၅၇၀၀ က်ပ္ျဖစ္ၿပီးရန္ကုန္ဘူတာႀကီးမွ နံနက္ ၇ နာရီ ၄၅ မိနစ္၌ထြက္ခြာၿပီး မႏၲေလးဘူတာမွ ညေန ၅ နာရီတြင္ ထြက္ခြာေၾကာင္းသိရသည္။ျမန္မာ့မီးရထားမွ ရန္ကုန္-ျပည္ ေလအိတ္အျမန္ရထား(ေန႔စဥ္)၊ၾကည့္ျမင္တိုင္-ျပည္ စာပို႔ရထား (ေန႔စဥ္)၊

ရန္ကုန္-ေမာ္လၿမိဳင္ေလအိတ္ အျမန္ရ ထား(ေန႔စဥ္)၊ရန္ကုန္-ပဲခူး(ေန႔စဥ္)၊ပ်ဥ္းမနား- ေတာင္တြင္းႀကီးစာပို႔ရထား(ေန႔စဥ္)၊ပုသိမ္-ႀကံခင္း စာပို႔ရထား(ေန႔စဥ္)၊မႏၲေလး-ျပင္ဦးလြင္ (စေန)၊ျပင္ဦးလြင္-ဂုတ္ထိပ္(တနဂၤေႏြ)၊သာစည္- ေ႐ႊေညာင္(တနလၤာ)၊ျပည္ေတာ္သာ-ေရခ်မ္းျပင္ (ေန႔စဥ္)၊ေတာင္ႀကီး-ဘန္းယဥ္(ေန႔စဥ္)ရထားလမ္းပိုင္းမ်ားကိုလည္းျပန္လည္ေျပးဆြဲေပးလ်က္ရွိေၾကာင္းသိရသည္။

ရန္ကုန္ဘူတာႀကီးမွတဆင့္ အနယ္နယ္အရပ္ရပ္သို႔ေျပးဆြဲေပးလ်က္ရွိသည့္ ျမန္မာ့မီးရထားမွ ရထားလက္မွတ္မ်ားအား Online စနစ္ျဖင့္ေရာင္း ခ်ရန္စီစဥ္လ်က္ရွိေၾကာင္းလည္း ျမန္မာ့မီးရထားမွသိရသည္။”မီးရထား႐ုံးခ်ဳပ္ကေတာ့ အြန္လိုင္းစနစ္နဲ႔ေရာင္းဖို႔စီစဥ္ေနပါတယ္။အခုမွအစပ်ိဳးစီစဥ္ေနတာပဲရွိပါတယ္”ဟု ျမန္မာ့မီးရထားမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

လက္ရွိအခ်ိန္၌ ျမန္မာ့မီးရထားမွရထားလက္မွတ္မ်ားအား႐ိုး႐ိုးတန္းလက္မွတ္ျဖစ္ပါက ၁ ရက္ႀကိဳတင္ႏွင့္အထက္တန္းလက္မွတ္ျဖစ္ပါက ၃ ရက္ႀကိဳတင္၍သက္ဆိုင္ရာဘူတာမ်ား၏လက္မွတ္အေရာင္းဌာနမ်ား၌ မွတ္ပုံတင္ျပသဝယ္ယူႏိုင္ၿပီးယာဥ္ေမာင္းလိုင္စင္၊ေထာက္ခံစာမ်ားျဖင့္ဝယ္ယူ၍မရေၾကာင္း သိရသည္။

“ေလာေလာဆယ္ ရန္ကုန္ဘူတာႀကီးကဆာေဗးလုပ္ေနတာကအြန္လိုင္းစနစ္ေတာ့မဟုတ္ဘူးေပါ့ေနာ္ခရီးသည္ေတြကို ကြန္ပလိန္းစင္တာဖြင့္ၿပီးလိုအပ္လို႔ရွိရင္လက္မွတ္ႀကိဳၿပီးမွာတယ္ဆိုရင္ကြၽန္ေတာ္တို႔ကရက္ႀကိဳဆိုရင္ၫႊန္ေပးမယ္”ဟု ျမန္မာ့မီးရထားမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

မီးရထားမွေျပးဆြဲေပးေနသည့္နယ္ေဝးမီးရထားလက္မွတ္မ်ားအား “ေလအိတ္ရထားလက္မွတ္အေရာင္းဌာန”အမည္ျဖင့္ လူမႈကြန္ယက္စာ မ်က္ႏွာတြင္အေကာင့္တုဖြင့္၍လိမ္လည္ေရာင္းခ်မႈမ်ားရွိေနေၾကာင္းသိရသည္။

Leave a Comment