” မင်း တွဲလိုက်တဲ့ လက်တွေက မင်းကို ဘယ်သူမှ
ကြာကြာ မဆုပ်ကိုင်ထားနိုင်ကြတာ ဘာလို့လဲ သိလား . . . . ”
” ဟင့်အင်း….ကျွန်တော်….မသိဘူး ။
အဲ့ဒါဘာလို့လဲ? ကျွန်တော် သိချင်တယ် ”
”ဘာလို့လဲ ဆိုတော့….မင်း ချစ်တဲ့ဒဏ်ကို
မခံနိုင်ကြလို့ပဲ ”
” ဟင်!….ဘယ်လို…ကျွန်တော် နားမလည်ဘူး ”
” ဒီလိုကွ . . . မင်းရဲ့ type ကလူတစ်ယောက်ကို
တစ်ကယ်ချစ်သွားရင် လိုတာထက်ပိုပြီး sensitive
ဖြစ်သွားတတ်တဲ့ type မျိုး ။
မင်းကလည်း မင်းရဲ့အချိန်တွေ၊ စိတ်ရောလူပါ
မင်း ချစ်တဲ့သူအတွက် ပုံအောပေးမယ်။
အဲ့လိုပဲ မင်းချစ်တဲ့လူကလည်း မင်း ဆီကို
တန်ပြန်လာတာမျိုးကို လိုချင်တာ မင်းက ”
” အဲ့ဒါတော့ ဟုတ်တယ်။ ကျွန်တော် အမြဲတမ်း အဲ့ဒီ့ ခံစားချက်ကြီးရှိတယ်။ ကျွန်တော် ချစ်သလိုပြန်ချစ်စေချင်တာ”
” အဲ့ဒီ့စိတ်ကပဲ လူတစ်ယောက်ကို မင်းအရမ်းချစ်မိသွားတဲ့ အချိန် တစ်ဖက်ကနဲနဲလောက် အရေးမလုပ်လိုက်မိတာနဲ့ မင်းတစ်ယောက်ထဲခံစားလာရပြီ။
စိတ်မှာ အတွေးတွေနဲ့ ပြဿနာ တက်ရပြီ။
.သူ ဘာတွေလုပ်နေလဲ ?
.ဘယ်တွေ သွားနေလဲ ?
.ဘယ်သူနဲ့ စကားပြောနေလဲ ?
အဲ့လိုမေးခွန်းတွေနဲ့ မင်းတစ်ယောက်ထဲစိတ္တဇတွေ ဖြစ်ရင်း မပြောပလောက်တဲ့ ကိစ္စတွေနဲ့လည်းရန်တွေ ထ,ထ ဖြစ်ရော . . .”
” ဟာ …အမှန်ပဲ.. အဲ့ဒါ တစ်ကယ်မှန်တယ်။ သူ ပစ်ထားတယ်လို့ ကျွန်တေိာခံစားရတဲ့ အချိန် …၊သူ အရင်လိုဂရုမစိုက်တော့ဘူးလို့ ကျွန်တော် ထင်တဲ့အချိန် …သံသယစိတ်တွေ ဖြစ်လာရော။
ကျွန်တော့်ကို မချစ်တော့မှာ နောက်တစ်ယောက်ထပ် ရသွားမှာ ကြောက်တာမျိုးပေါ့။ ဒါကလည်း သူ့ကို သိပ်ချစ်လွန်းလို့လေ ”
” မင်းဘက်က ချစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မင်းချစ်တာကြီးကတစ်ဖက်သူ အတွက် မွန်းကြပ်သွားတတ်တယ်။ ဥပမာကွာ ချုပ်ခြယ်ခံနေရသလိုကြီး ခံစားနေရတာမျိုး ။
မင်း ပြောလိုက်တဲ့ စကားလုံးတွေနဲ့ စွပ်စွဲချက်တွေက
တစ်ဖက်သူကိုနာကျင်စေပြီး မင်းနဲ့ ချစ်နေရတာ သူ့အတွက် မပျော်တော့တာမျိုးပေါ့။
”ကျွန်တော် အချစ်ကြီးမိတာက အဲ့လိုမျိုး ဖြစ်သွားတာလား ဟင် . . .”
” မင်းဘေးမှာ ဘယ်သူမှ အကြာကြီးမနေနိုင်တာမင်းချစ်တဲ့ ဒဏ်ကိုမခံနိုင်ကြလို့ပါ။ အချစ်ဆိုတာ မျိုးက တစ်အားကြီး ချုပ်နှောင်ထားရင်လည်း အဆင်မပြေဘူးလေ. . . ”
တစ်ခါတစ်ခါမှာ မင်းဘက်က ရာနှုန်းပြည့် ချစ်ပေးပါလျက်နဲ့ ဘာလို့ ဝေးသွားကြရလဲဆိုရင်…
မင်းဘက်က အချစ်စစ်ဖြစ်ပါလျက်နဲ့ မင်းလက်ကိုကြာကြာမတွဲထားနိုင်ကြဘူးဆိုရင်…
အဲ့ဒါ မင်း ချစ်တဲ့ဒဏ်ကို သူတို့မခံနိုင်ကြလို့ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ် ။
Credit from : ခဲတံ
Zawgyi
” မင္း တြဲလိုက္တဲ့ လက္ေတြက မင္းကို ဘယ္သူမွ
ၾကာၾကာ မဆုပ္ကိုင္ထားႏိုင္ၾကတာ ဘာလို႔လဲ သိလား . . . . ”
” ဟင့္အင္း….ကြၽန္ေတာ္….မသိဘူး ။
အဲ့ဒါဘာလို႔လဲ? ကြၽန္ေတာ္ သိခ်င္တယ္ ”
”ဘာလို႔လဲ ဆိုေတာ့….မင္း ခ်စ္တဲ့ဒဏ္ကို
မခံႏိုင္ၾကလို႔ပဲ ”
” ဟင္!….ဘယ္လို…ကြၽန္ေတာ္ နားမလည္ဘူး ”
” ဒီလိုကြ . . . မင္းရဲ႕ type ကလူတစ္ေယာက္ကို
တစ္ကယ္ခ်စ္သြားရင္ လိုတာထက္ပိုၿပီး sensitive
ျဖစ္သြားတတ္တဲ့ type မ်ိဳး ။
မင္းကလည္း မင္းရဲ႕အခ်ိန္ေတြ၊ စိတ္ေရာလူပါ
မင္း ခ်စ္တဲ့သူအတြက္ ပုံေအာေပးမယ္။
အဲ့လိုပဲ မင္းခ်စ္တဲ့လူကလည္း မင္း ဆီကို
တန္ျပန္လာတာမ်ိဳးကို လိုခ်င္တာ မင္းက ”
” အဲ့ဒါေတာ့ ဟုတ္တယ္။ ကြၽန္ေတာ္ အၿမဲတမ္း အဲ့ဒီ့ ခံစားခ်က္ႀကီးရွိတယ္။ ကြၽန္ေတာ္ ခ်စ္သလိုျပန္ခ်စ္ေစခ်င္တာ”
” အဲ့ဒီ့စိတ္ကပဲ လူတစ္ေယာက္ကို မင္းအရမ္းခ်စ္မိသြားတဲ့ အခ်ိန္ တစ္ဖက္ကနဲနဲေလာက္ အေရးမလုပ္လိုက္မိတာနဲ႔ မင္းတစ္ေယာက္ထဲခံစားလာရၿပီ။
စိတ္မွာ အေတြးေတြနဲ႔ ျပႆနာ တက္ရၿပီ။
.သူ ဘာေတြလုပ္ေနလဲ ?
.ဘယ္ေတြ သြားေနလဲ ?
.ဘယ္သူနဲ႔ စကားေျပာေနလဲ ?
အဲ့လိုေမးခြန္းေတြနဲ႔ မင္းတစ္ေယာက္ထဲစိတၱဇေတြ ျဖစ္ရင္း မေျပာပေလာက္တဲ့ ကိစၥေတြနဲ႔လည္းရန္ေတြ ထ,ထ ျဖစ္ေရာ . . .”
” ဟာ …အမွန္ပဲ.. အဲ့ဒါ တစ္ကယ္မွန္တယ္။ သူ ပစ္ထားတယ္လို႔ ကြၽန္ေတိာခံစားရတဲ့ အခ်ိန္ …၊သူ အရင္လိုဂ႐ုမစိုက္ေတာ့ဘူးလို႔ ကြၽန္ေတာ္ ထင္တဲ့အခ်ိန္ …သံသယစိတ္ေတြ ျဖစ္လာေရာ။
ကြၽန္ေတာ့္ကို မခ်စ္ေတာ့မွာ ေနာက္တစ္ေယာက္ထပ္ ရသြားမွာ ေၾကာက္တာမ်ိဳးေပါ့။ ဒါကလည္း သူ႔ကို သိပ္ခ်စ္လြန္းလို႔ေလ ”
” မင္းဘက္က ခ်စ္တာေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလမွာ မင္းခ်စ္တာႀကီးကတစ္ဖက္သူ အတြက္ မြန္းၾကပ္သြားတတ္တယ္။ ဥပမာကြာ ခ်ဳပ္ျခယ္ခံေနရသလိုႀကီး ခံစားေနရတာမ်ိဳး ။
မင္း ေျပာလိုက္တဲ့ စကားလုံးေတြနဲ႔ စြပ္စြဲခ်က္ေတြက
တစ္ဖက္သူကိုနာက်င္ေစၿပီး မင္းနဲ႔ ခ်စ္ေနရတာ သူ႔အတြက္ မေပ်ာ္ေတာ့တာမ်ိဳးေပါ့။
”ကြၽန္ေတာ္ အခ်စ္ႀကီးမိတာက အဲ့လိုမ်ိဳး ျဖစ္သြားတာလား ဟင္ . . .”
” မင္းေဘးမွာ ဘယ္သူမွ အၾကာႀကီးမေနႏိုင္တာမင္းခ်စ္တဲ့ ဒဏ္ကိုမခံႏိုင္ၾကလို႔ပါ။ အခ်စ္ဆိုတာ မ်ိဳးက တစ္အားႀကီး ခ်ဳပ္ေႏွာင္ထားရင္လည္း အဆင္မေျပဘူးေလ. . . ”
တစ္ခါတစ္ခါမွာ မင္းဘက္က ရာႏႈန္းျပည့္ ခ်စ္ေပးပါလ်က္နဲ႔ ဘာလို႔ ေဝးသြားၾကရလဲဆိုရင္…
မင္းဘက္က အခ်စ္စစ္ျဖစ္ပါလ်က္နဲ႔ မင္းလက္ကိုၾကာၾကာမတြဲထားႏိုင္ၾကဘူးဆိုရင္…
အဲ့ဒါ မင္း ခ်စ္တဲ့ဒဏ္ကို သူတို႔မခံႏိုင္ၾကလို႔ျဖစ္ေကာင္း ျဖစ္ႏိုင္ပါလိမ့္မယ္ ။
Credit from : ခဲတံ