မင်းတုန်းမင်းကြီး ကာမဂုဏ်ခံစားရာ သော်မော်ဆောင်နန်းဆောင်အကြောင်း

မြန်မာ့သမိုင်းမှာ မိဖုရားအများဆုံး မင်းတုန်းမင်းကြီး ကာမဂုဏ်ခံစားရာ သော်မော်ဆောင် အကြောင်း

မင်းတုန်းဘုရင်ကြီး နှင့် သော်မော်ဆောင်၊ မြနန်းစံကျော်ရွှေနန်းတော်ကြီး အတွင်းရှိ မြောက်ပန်းခုံတော်အလယ် တွင် လှပခမ်းနားစွာဆောက်လုပ်ထားသော နန်းဆောင်တော်တခုရှိသည်။

ထိုနန်းဆောင်တော်၏ အတွင်း၌ ပိုးဖဲသော်မော်ကတ္တီပါ တို့ဖြင့် လှပစွာ စီရင်ခင်းကျင်းပြင်ဆင်ထားသည်ဖြစ်ရာ “သော်မော်ဆောင်” ဟုခေါ်လေသည်။

ထိုသော်မော်ဆောင်အတွင်း၌ ကျောက်စီရွှေသားသလွန်တော်ထားရှိပြီး၊ အိပ်ရာတော်၊ ကြာခြည်တော်၊ ခြုံစောင်တော်၊ ဝတ်လဲတော်များကို ရေမွှေးနံ့သာထုံကြိုင်စေလျက် ရွှေကလပ်နှင့်တင်ကာ ထားရပြီး ၎င်းတို့ကို အမြဲမပြတ်သစ်လွင်တောက်ပနေအောင် အပျိုတော်တို့က ဆင်ယင်ခင်းကျင်းပြင်ဆင်ရလေသည်။

ထိုနန်းဆောင်တော်သို့ မင်းတြားကြီးကြွချီပါက အလှည့်ကျမိဖုရားအပေါင်းတို့မလိုက်ရပဲ မင်းတြားကြီးအလိုတော်ရှိသော မိဖုရားတပါးပါးသာ လိုက်ပါခစားရလေသည်။

မင်းတြားကြီးက သူအလိုရှိသော မိဖုရားတပါးပါးကိုရွေးချယ်သည်ဆိုရာ၌ သူ၏အရှေ့တွင် ဝပ်တွားခစားနေသော မိဖုရားအပေါင်းတို့မှ နှစ်သက်သူ မိဖုရားတပါးပါးဆီသို့ သွားကာ ဦးခေါင်းဆံထုံးကို လက်ဖြင့်ထိတို့ လိုက်ခြင်းပင်ဖြစ်သည်။

ထိုသို့ဆံကေသာကို လက်နှင့်ထိတို့ အပွတ်သတ်ခံလိုက်ရသူ မိဖုရားသည် မင်းတြားကြီးနဲ့အတူ မြောက်ပန်းခုံတော်အလယ်ရှိ သော်မော်ဆောင်သို့ လိုက်ပါခစား ပြုစုရလေတော့သည်။

သီပေါဘုရင်လက်ထက် မိဖုရားခေါင်ကြီးစုဖုရားလတ် သားဦးကိုယ်ဝန်သန္ဓေဆောင်ရခိုက်၌ သီပေါဘုရင်နှင့်ဒိုင်းခင်ခင်တို့ ခိုးဝှက်ပျော်ပါးတွေ့ဆုံသည်ဆိုရာ ဤမြောက်ပန်းခုံတော်အလယ်ရှိ သော်မော်ဆောင်နန်း၌ပင်ဖြစ်လေသည်။

ဤသည်မှာ မြန်မာ့ထီးနန်းဓလေ့တခုဖြစ်သော “သော်မော်ဆောင်” နှင့် မြန်မာဘုရင်တို့၏ ထုံးတမ်းတစ်ရပ်ပင်ဖြစ်ပေသည်။

ထိုအဆောင်ကိုအစွဲပြု၍ ဤနေရာမှကြွင်းသော အခါများတွင်လည်း ထိုအရာ၌ မင်းတြားကြီးဘုရားနှင့်အဘယ်မိဖုရား ယနေ့သော်မော်ဆောင်ဝင်သည်ဟူ၍ စွဲမှတ်သညာ ခေါ်ဝေါ်ကြလေသည်။ ကိုးကား အမျိုးသမီးအနုပညာရှင်များ ဒဂုန်ခင်ခင်လေး (မင်းနန်သူ)

Zawgyi

ျမန္မာ့သမိုင္းမွာ မိဖုရားအမ်ားဆုံး မင္းတုန္းမင္းႀကီး ကာမဂုဏ္ခံစားရာ ေသာ္ေမာ္ေဆာင္ အေၾကာင္း

မင္းတုန္းဘုရင္ႀကီး ႏွင့္ ေသာ္ေမာ္ေဆာင္၊ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ႀကီး အတြင္းရွိ ေျမာက္ပန္းခုံေတာ္အလယ္ တြင္ လွပခမ္းနားစြာေဆာက္လုပ္ထားေသာ နန္းေဆာင္ေတာ္တခုရွိသည္။

ထိုနန္းေဆာင္ေတာ္၏ အတြင္း၌ ပိုးဖဲေသာ္ေမာ္ကတၱီပါ တို႔ျဖင့္ လွပစြာ စီရင္ခင္းက်င္းျပင္ဆင္ထားသည္ျဖစ္ရာ “ေသာ္ေမာ္ေဆာင္” ဟုေခၚေလသည္။

ထိုေသာ္ေမာ္ေဆာင္အတြင္း၌ ေက်ာက္စီေ႐ႊသားသလြန္ေတာ္ထားရွိၿပီး၊ အိပ္ရာေတာ္၊ ၾကာျခည္ေတာ္၊ ၿခဳံေစာင္ေတာ္၊ ဝတ္လဲေတာ္မ်ားကို ေရေမႊးနံ႔သာထုံႀကိဳင္ေစလ်က္ ေ႐ႊကလပ္ႏွင့္တင္ကာ ထားရၿပီး ၄င္းတို႔ကို အၿမဲမျပတ္သစ္လြင္ေတာက္ပေနေအာင္ အပ်ိဳေတာ္တို႔က ဆင္ယင္ခင္းက်င္းျပင္ဆင္ရေလသည္။

ထိုနန္းေဆာင္ေတာ္သို႔ မင္းၾတားႀကီးႂကြခ်ီပါက အလွည့္က်မိဖုရားအေပါင္းတို႔မလိုက္ရပဲ မင္းၾတားႀကီးအလိုေတာ္ရွိေသာ မိဖုရားတပါးပါးသာ လိုက္ပါခစားရေလသည္။

မင္းၾတားႀကီးက သူအလိုရွိေသာ မိဖုရားတပါးပါးကိုေ႐ြးခ်ယ္သည္ဆိုရာ၌ သူ၏အေရွ႕တြင္ ဝပ္တြားခစားေနေသာ မိဖုရားအေပါင္းတို႔မွ ႏွစ္သက္သူ မိဖုရားတပါးပါးဆီသို႔ သြားကာ ဦးေခါင္းဆံထုံးကို လက္ျဖင့္ထိတို႔ လိုက္ျခင္းပင္ျဖစ္သည္။

ထိုသို႔ဆံေကသာကို လက္ႏွင့္ထိတို႔ အပြတ္သတ္ခံလိုက္ရသူ မိဖုရားသည္ မင္းၾတားႀကီးနဲ႔အတူ ေျမာက္ပန္းခုံေတာ္အလယ္ရွိ ေသာ္ေမာ္ေဆာင္သို႔ လိုက္ပါခစား ျပဳစုရေလေတာ့သည္။

သီေပါဘုရင္လက္ထက္ မိဖုရားေခါင္ႀကီးစုဖုရားလတ္ သားဦးကိုယ္ဝန္သေႏၶေဆာင္ရခိုက္၌ သီေပါဘုရင္ႏွင့္ဒိုင္းခင္ခင္တို႔ ခိုးဝွက္ေပ်ာ္ပါးေတြ႕ဆုံသည္ဆိုရာ ဤေျမာက္ပန္းခုံေတာ္အလယ္ရွိ ေသာ္ေမာ္ေဆာင္နန္း၌ပင္ျဖစ္ေလသည္။

ဤသည္မွာ ျမန္မာ့ထီးနန္းဓေလ့တခုျဖစ္ေသာ “ေသာ္ေမာ္ေဆာင္” ႏွင့္ ျမန္မာဘုရင္တို႔၏ ထုံးတမ္းတစ္ရပ္ပင္ျဖစ္ေပသည္။

ထိုအေဆာင္ကိုအစြဲျပဳ၍ ဤေနရာမွႂကြင္းေသာ အခါမ်ားတြင္လည္း ထိုအရာ၌ မင္းၾတားႀကီးဘုရားႏွင့္အဘယ္မိဖုရား ယေန႔ေသာ္ေမာ္ေဆာင္ဝင္သည္ဟူ၍ စြဲမွတ္သညာ ေခၚေဝၚၾကေလသည္။ ကိုးကား အမ်ိဳးသမီးအႏုပညာရွင္မ်ား ဒဂုန္ခင္ခင္ေလး (မင္းနန္သူ)

Leave a Comment