နှလုံးရောဂါအတွက်ပါ ဆိုးကျိုးမရှိကောင်းမွန်တဲ့ ဆေးဖက်ဝင် ခရေ

နှလုံးရောဂါအတွက်ပါ ဆိုးကျိုးမရှိကောင်းမွန်တဲ့ ဆေးဖက်ဝင် ခရေ

လယ်တောကအပြန် ပန်ချင်တယ်ခရေဖူးဆိုလို့ မောင်ခူးကာပေး။ မနက်တုန်းဆီက ကြော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး၊၊

ခေတ်စမ်းစာဆို ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးကို နှုတ်မှရွတ်ဆိုမိရင်း ခရေအကြောင်းကို စဉ်းစားမိသည်၊၊ ခရေပင်အောက်မှာ လျှောက်လှမ်းရင်း ကြွေကျလာသော ခရေပွင့်လေး များကို ကောက်ယူနမ်းကြူခဲ့ဘူးသည်မှာ အခါခါပင်ဖြစ်သည်။ ငယ်ရွယ်စဉ်ကသာမန် အကြွေပန်းလေးများဟု ပင် စိတ်ဝယ်ထင်မှတ်မှားမိသည်။ တိုင်းရင်းဆေးပညာ ကို လေ့လာသင်ယူသောအခါ ခရေအကြောင်း ကို တွေ့ထိရင်းနှီးလေ့လာ စိတ်ဝင်စားမိခဲ့သည်၊၊

ခရေသည် ရက္ခဗေဒပညာအရ Sapotaceaae မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Mimusops elengi Roob ဖြစ်သည်။ ရှေးခေတ်ဆေးကျမ်းများတွင် ခရေ ကို ချယားဟုခေါ်ကြောင်း တွေ့ရသည်၊၊ အင်္ဂလိပ် အခေါ်မှာ Star Faower ဖြစ်သည်၊၊

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ပေါက်ရောက်ပြီး မြေပြန့်ဒေသများတွင် အထူးများပြား စွာ ပေါက်ရောက်ကြောင်း တွေ့ရသည်။ ပင်ကြီးသစ်ပင်မျိုးဖြစ်သည်။ ခရေပင်သည် အဖိုပင် အမပင် ဟူှု၍ရှိပြီး အမပင်သာ အသီးသီးနိုင်ကြောင်း တွေ့ရသည်။ အဖိုပင်မှ အပွင့်ဖြူပြီးပို၍ ကြီးကြောင်းတွေ့ ရသည်။ အမပွင့်မှာမူ အပွင့်သေးပြီး အနည်းငယ်နီကြောင်းတွေ့ရသည်။

နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ဟူသော ဆိုရိုးစကားအတိုင်း ခရေပင်သည် ဆေးဖက်ဝင်သော အပင်တပင် ဖြစ်သည်၊၊ ဆေးအဖြစ် အခေါက်၊ အပွင့်၊ အသီး၊ အစေ့ တို့ကို အသုံးပြုနိုင်ကြောင်း တွေ့ ရသည်။ ရှေးဟောင်းမြန်မာဆေးကျမ်းများတွင် ခရေပင်ကို အစိတ်အပိုင်းအလိုက် ဆေးဖက်ဝင်ပုံနှင့် အာနိသင်တို့ကို စနစ်တကျခွဲခြားပြညွန်းထားကြောင်း တွေ့ရသည်၊၊

အခေါက်သည် ချို၊ခါး၊အေး၏။ နှလုံးကို အားရှိစေသည်။ ဝမ်းမီးကို ပွားစေသည်။ ရောဂါပိုးကို နိုင်သည်။ သွားဖုံးရောဂါကို ကျေးဇူးပြုပြီး သက်သာပျောက်ကင်းစေသည်။ သည်းခြေဖောက်ပြန်ခြင်း ကို ပျောက်ကင်းစေသည်။ စသည်ဖြစ် အခေါက်၏ အာနိသင် ကိုတွေ့ရသည်။

အပွင့်သည် ချို၏။ ဖန်၏။ အေး၏။ အဆီအစေးရှိသော ဂုဏ်နှင့် ပြည့်စုံ၏။ အူကိုတွန့်ရှုံစေတတ်၏။ သည်းခြေနာ၊ မြင်းသရိုက်နာ၊ သွေးသည်းခြေမညီမျှသော အနာ၊ နှလုံးတုန်လှုပ်၍ အိပ်မပျော်သော အနာ၊ အပူအအေး မညီမျှသော အနာ၊ ယားယံသော အနာ စသော ရောဂါဝေဒနာ တို့ကို သက်သာပျောက်ကင်းစေတတ်ကြောင်း တွေ့ရသည်။

အသီးမှည့်သည် ချို၏၊ စဉ်းငယ်ဖန်၏၊ အေး၏၊ အဆီသြဇာရှိ၏၊။ ဝမ်းကို နိုင်၏၊ လေချုပ်၏၊ သလိပ်သည်းခြေကိုနိုင်စေ၏၊ သွားကိုခိုင်မြဲစေ၏၊ အူကို ရှုံတွန့်စေ၏၊ နှုတ်ကို မြိန်စေ၏။

အစေ့သည် လှုပ်သောသွားကို ခိုင်ခံ့စေ၏၊ ရှူသော် ခေါင်းကိုက်ပျောက်၏၊ စသည့်ဖြစ် ရှေးဟောင်းမြန်မာ ဆေးကျမ်းများတွင် ခရေ၏ ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံကို ခွဲခြားပြညွန်း ထားကြောင်းတွေရပါသည်။ ဆေးဖက်ဝင်ခရေ၏ ဆေးအသုံးပြုပုံအချို့ကို အစိတ်အပိုင်းအလိုက် ရောဂါဝေဒနာအလိုက် ခွဲခြားပြညွန်း ပါမည်။

ခရေခေါက်ကို သုံးခွက်တခွက်တင်ပြုတ်၍ သောက်ခြင်း။ အပွင့်ကို ရှူခြင်း၊ အသီးကို စားခြင်း ဖြစ် နှလုံးရောဂါကို သက်သာပျောက်ကင်းစေသည်။ ထိုပြုတ်ရည်ကို သောက်သုံးပါက ဆီးအတွင်း အနည်အနှစ်ပါခြင်းကို သက်သာပျောက်ကင်းစေတတ်သည်။

အနာများကို ဖန်ရည်ဆေးရာတွင် ခရေခေါက်ပြုတ်ရည်ကို အသုံးပြုနိုင်သည်။ ခရေခေါက်ကို ရေစိမ်၍ သောက်သုံးပေးပါက ဆီးအိမ်ကို သန့်ရှင်းစေပြီး ဆီးလမ်းကြောင်းတွင် ညောင်းကျသောရောဂါကို ပျောက်ကင်းစေတတ်ပါသည်။

ပါးစပ်၌ပေါက်သော မက်ခရုရောဂါကို ခရေခေါက်၊ ဆီးဖြူခေါက်၊ ရှားခေါက် တို့ကို အလေးချိန် ဆတူရော၍ ရေနှင့်ပြုတ်ပါ။ နေ့အခါတွင် သုံးလေးခါ ငုံ၍ အာလုပ်ကျင်းပေးပါက ပျောက်ကင်းစေပါသည်။ ထို့ပြင် ပါးစပ်၌ဖြစ်သော အပူလောင်ခြင်း၊ သွားဖုံးရောင်ခြင်းတို့ကို ပျောက်ကင်းစေပါသည်။ သွားများကိုလဲခိုင်မာစေသည်။

မွေးကြိုင်သင်းပျံ့သော ခရေပွင့်လေးများ၏ ရနံသည် ရှူရှိုက်ရုံ ပန်ဆင်ရုံမျှဖြင့် နှလုံးရောဂါကို သက်သာစေသည်။ ခရေပွင့်ခြောက်များကို ခေါင်းအုံးလုပ်၍အိပ်ပါက နှလုံးရောဂါကို နုလျှင် ပျောက်ကင်းပြီး ရင့်လျှင်သက်သာစေပါသည်။

နွေရာသီတွင် မိတ်ထွက်၍ ယားယံခြင်း၊ မိတ်ကြီးများထွက်၍အယားလွန်ခြင်း တို့ဖြစ်ပါက နွေရာသီတွင်ပွင့်သော ခရေပွင့်ကို ဆားနှင့်သွေး၍ လိမ်းပါက သက်သာပျောက် ကင်းစေနိုင်ပါသည်။ ရာသီတွင်ဖြစ်သောရောဂါကို ရာသီထွက်ဆေးပစ္စည်း အသုံးပြုကုသခြင်းသည် တိုင်းရင်းဆေးပညာ၏ နည်းစံနစ်တမျိုးဟု ဆိုနိုင်ပါသည်။

ကလေးများ အပူအကြောင်းခံ၍ ရာသီအကူးအပြောင်းတွင် ချောင်းဆိုးပါက ခရေပွင့် လတ်လတ် ၁ကျပ် ၈ပဲသားကို ရေတစ်ဖန်ခွတ်နှင့် တစ်ညစိမ်ထားပါ။ နံနက်တွင် စစ်ယူပြီး တိုက်ကျွေး ပါ။ ၇ – ရက်ဆက်၍ တိုက်ကျွေးပါက သက်သာပျောက်ကင်းစေပါသည်။

မီးယပ်ဖြူဆင်းရောဂါကို ခရေပွင့်လတ်လတ် ၃မတ်သား၊ ဗာဒံစေ့ ၃စေ့၊ သကြားခဲ ၃ပဲသား ရော၍ နံနက်တကြိမ် ညတကြိမ် ၄ ပဲသားခန့်ရောဂါနှင့် ချင့်ချိန်၍ တိုက်ကျွေးနိုင်ပါသည်။ ထိုဆေးကို ပင် ဓါတ်ပျက်ရောဂါ၊ သွားလှုပ်၊ သွားနဲ့ခြင်းတို့ကို သက်သာပျောက်ကင်းစေကြောင်း သိရပါသည်။ ဝမ်းလျောဝမ်းပျက် ရောဂါတွင် ခရေသီးကို အသုံးပြုနိုင်သည်။

ခရေသီးမှည့်၏ အသားကို အနှစ်တိုက်၍ စားပါက ကြာမြင့်သော အတိဿရဝမ်းရောဂါကို ပျောက်ကင်းစေတတ်ကြောင်းတွေ့ရ ပါသည်။

ခရေစေ့ကိုမူ ခေါင်းကိုက်ခဲသောဝေဒနာတွင်ရှူပေးစေခြင်းဖြင့် သက်သာပျောက်ကင်းစေ သည်။ အတိဿရဝမ်း ခေါ် ဝမ်းလျောဝမ်းပျက်ရောဂါတွင် ခရေစေ့ကိုရေအေးနှင့် ကြိတ်၍ သောက်ဆေးအဖြစ် ပေးနိုင်ပြန်ပါသည်။

ခရေ နှင့် ရေကျောက်ရောဂါတို့သည် ဓါတ်သဘောအရ ကက်ကင်း ခေါ် ဓါတ်ပြန် မိနေ ကြောင်း တွေ့ရသည်။ ထို့ကြောင့် ရေကျောက်ပေါက်နေသော ကာလရာသီတွင် ခရေသားကို သရဏဂုဏ်သုံးပါးနှင့် ရွတ်ဆို၍ ဆောင်ထားပါက ကာကွယ်ပျောက်ကင်းနိုင်ကြောင်း တွေ့ရသည်။ သို့သော် သောကြာသားသမီးများကိုမူ ပေး၍မရနိုင်ပါ။ အကြောင်းမှာ သောကြာနှင့်တနင်္လာသည် သောက ခေါ် ပဋ္ဋိပက္ခ ရန်ဓါြတ်ဖစ်နေသောကြောင့် ဖြစ်ပါသည်။

ခရေပင်၏ အသုံးဝင်ပုံ ဆေးဖက်ဝင်ပုံ တို့မှာ များပြားစွာ ကျန်ရှိနေပါသေးသည်။ ယခုဆောင်းပါးတွင် လက်လှမ်းမှီသမျှကို သာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်

ပန်ချင်တယ် ခရေဖူးဆိုလို့ ဝင်းသူရညွန့် ကိုးကားသောကျမ်းများ

၁။ ပုံပြဆေးအဘိဓာန် (ပထမတွဲ) – ရှင်နဂသိန်

၂။မြန်မာ့လှို့ဝှက်ဆေးဝါးနှင့် အသုံးဝင်နွယ်မြက်သစ်ပင် – မောင်ယဉ်နွယ်

၃။ သမားလက်စွဲ ခေါ် ဆေးအဘိဓာန် အဖွင့်ကျမ်း – အရှင်သုတဓရ

၄။ ဆေးပင်သိမှု ရုက္ခဗေဒ – တိုင်းရင်းဆေးသိပံ ပထမနှစ်သင်ခန်းစာ

မေတ္တာဖြင့်…

Credit: TKW

Zawgyi

ႏွလုံးေရာဂါအတြက္ပါ ဆိုးက်ိဳးမရွိေကာင္းမြန္တဲ့ ေဆးဖက္ဝင္ ခေရ

လယ္ေတာကအျပန္ ပန္ခ်င္တယ္ခေရဖူးဆိုလို႔ ေမာင္ခူးကာေပး။ မနက္တုန္းဆီက ေၾကာ့ဆုံးကိုေမာင္ျမင္ေတာ့ သူ႔ဆံပင္ႏွင္းဆီပြင့္ေတြနဲ႔ ဂုဏ္တင့္တယ္ေလး၊၊

ေခတ္စမ္းစာဆို ဆရာႀကီးမင္းသုဝဏ္၏ ကဗ်ာေလးကို ႏႈတ္မွ႐ြတ္ဆိုမိရင္း ခေရအေၾကာင္းကို စဥ္းစားမိသည္၊၊ ခေရပင္ေအာက္မွာ ေလွ်ာက္လွမ္းရင္း ေႂကြက်လာေသာ ခေရပြင့္ေလး မ်ားကို ေကာက္ယူနမ္းၾကဴခဲ့ဘူးသည္မွာ အခါခါပင္ျဖစ္သည္။ ငယ္႐ြယ္စဥ္ကသာမန္ အေႂကြပန္းေလးမ်ားဟု ပင္ စိတ္ဝယ္ထင္မွတ္မွားမိသည္။ တိုင္းရင္းေဆးပညာ ကို ေလ့လာသင္ယူေသာအခါ ခေရအေၾကာင္း ကို ေတြ႕ထိရင္းႏွီးေလ့လာ စိတ္ဝင္စားမိခဲ့သည္၊၊

ခေရသည္ ရကၡေဗဒပညာအရ Sapotaceaae မ်ိဳးရင္းဝင္ျဖစ္ၿပီး ႐ုကၡေဗဒအမည္မွာ Mimusops elengi Roob ျဖစ္သည္။ ေရွးေခတ္ေဆးက်မ္းမ်ားတြင္ ခေရ ကို ခ်ယားဟုေခၚေၾကာင္း ေတြ႕ရသည္၊၊ အဂၤလိပ္ အေခၚမွာ Star Faower ျဖစ္သည္၊၊

ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ ေပါက္ေရာက္ၿပီး ေျမျပန႔္ေဒသမ်ားတြင္ အထူးမ်ားျပား စြာ ေပါက္ေရာက္ေၾကာင္း ေတြ႕ရသည္။ ပင္ႀကီးသစ္ပင္မ်ိဳးျဖစ္သည္။ ခေရပင္သည္ အဖိုပင္ အမပင္ ဟူႈ၍ရွိၿပီး အမပင္သာ အသီးသီးႏိုင္ေၾကာင္း ေတြ႕ရသည္။ အဖိုပင္မွ အပြင့္ျဖဴၿပီးပို၍ ႀကီးေၾကာင္းေတြ႕ ရသည္။ အမပြင့္မွာမူ အပြင့္ေသးၿပီး အနည္းငယ္နီေၾကာင္းေတြ႕ရသည္။

ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္ ဟူေသာ ဆို႐ိုးစကားအတိုင္း ခေရပင္သည္ ေဆးဖက္ဝင္ေသာ အပင္တပင္ ျဖစ္သည္၊၊ ေဆးအျဖစ္ အေခါက္၊ အပြင့္၊ အသီး၊ အေစ့ တို႔ကို အသုံးျပဳႏိုင္ေၾကာင္း ေတြ႕ ရသည္။ ေရွးေဟာင္းျမန္မာေဆးက်မ္းမ်ားတြင္ ခေရပင္ကို အစိတ္အပိုင္းအလိုက္ ေဆးဖက္ဝင္ပုံႏွင့္ အာနိသင္တို႔ကို စနစ္တက်ခြဲျခားျပၫြန္းထားေၾကာင္း ေတြ႕ရသည္၊၊

အေခါက္သည္ ခ်ိဳ၊ခါး၊ေအး၏။ ႏွလုံးကို အားရွိေစသည္။ ဝမ္းမီးကို ပြားေစသည္။ ေရာဂါပိုးကို ႏိုင္သည္။ သြားဖုံးေရာဂါကို ေက်းဇူးျပဳၿပီး သက္သာေပ်ာက္ကင္းေစသည္။ သည္းေျခေဖာက္ျပန္ျခင္း ကို ေပ်ာက္ကင္းေစသည္။ စသည္ျဖစ္ အေခါက္၏ အာနိသင္ ကိုေတြ႕ရသည္။

အပြင့္သည္ ခ်ိဳ၏။ ဖန္၏။ ေအး၏။ အဆီအေစးရွိေသာ ဂုဏ္ႏွင့္ ျပည့္စုံ၏။ အူကိုတြန႔္ရႈံေစတတ္၏။ သည္းေျခနာ၊ ျမင္းသ႐ိုက္နာ၊ ေသြးသည္းေျခမညီမွ်ေသာ အနာ၊ ႏွလုံးတုန္လႈပ္၍ အိပ္မေပ်ာ္ေသာ အနာ၊ အပူအေအး မညီမွ်ေသာ အနာ၊ ယားယံေသာ အနာ စေသာ ေရာဂါေဝဒနာ တို႔ကို သက္သာေပ်ာက္ကင္းေစတတ္ေၾကာင္း ေတြ႕ရသည္။

အသီးမွည့္သည္ ခ်ိဳ၏၊ စဥ္းငယ္ဖန္၏၊ ေအး၏၊ အဆီၾသဇာရွိ၏၊။ ဝမ္းကို ႏိုင္၏၊ ေလခ်ဳပ္၏၊ သလိပ္သည္းေျခကိုႏိုင္ေစ၏၊ သြားကိုခိုင္ၿမဲေစ၏၊ အူကို ရႈံတြန႔္ေစ၏၊ ႏႈတ္ကို ၿမိန္ေစ၏။

အေစ့သည္ လႈပ္ေသာသြားကို ခိုင္ခံ့ေစ၏၊ ရႉေသာ္ ေခါင္းကိုက္ေပ်ာက္၏၊ စသည့္ျဖစ္ ေရွးေဟာင္းျမန္မာ ေဆးက်မ္းမ်ားတြင္ ခေရ၏ ဂုဏ္သတၱိႏွင့္ အသုံးဝင္ပုံကို ခြဲျခားျပၫြန္း ထားေၾကာင္းေတြရပါသည္။ ေဆးဖက္ဝင္ခေရ၏ ေဆးအသုံးျပဳပုံအခ်ိဳ႕ကို အစိတ္အပိုင္းအလိုက္ ေရာဂါေဝဒနာအလိုက္ ခြဲျခားျပၫြန္း ပါမည္။

ခေရေခါက္ကို သုံးခြက္တခြက္တင္ျပဳတ္၍ ေသာက္ျခင္း။ အပြင့္ကို ရႉျခင္း၊ အသီးကို စားျခင္း ျဖစ္ ႏွလုံးေရာဂါကို သက္သာေပ်ာက္ကင္းေစသည္။ ထိုျပဳတ္ရည္ကို ေသာက္သုံးပါက ဆီးအတြင္း အနည္အႏွစ္ပါျခင္းကို သက္သာေပ်ာက္ကင္းေစတတ္သည္။

အနာမ်ားကို ဖန္ရည္ေဆးရာတြင္ ခေရေခါက္ျပဳတ္ရည္ကို အသုံးျပဳႏိုင္သည္။ ခေရေခါက္ကို ေရစိမ္၍ ေသာက္သုံးေပးပါက ဆီးအိမ္ကို သန႔္ရွင္းေစၿပီး ဆီးလမ္းေၾကာင္းတြင္ ေညာင္းက်ေသာေရာဂါကို ေပ်ာက္ကင္းေစတတ္ပါသည္။

ပါးစပ္၌ေပါက္ေသာ မက္ခ႐ုေရာဂါကို ခေရေခါက္၊ ဆီးျဖဴေခါက္၊ ရွားေခါက္ တို႔ကို အေလးခ်ိန္ ဆတူေရာ၍ ေရႏွင့္ျပဳတ္ပါ။ ေန႔အခါတြင္ သုံးေလးခါ ငုံ၍ အာလုပ္က်င္းေပးပါက ေပ်ာက္ကင္းေစပါသည္။ ထို႔ျပင္ ပါးစပ္၌ျဖစ္ေသာ အပူေလာင္ျခင္း၊ သြားဖုံးေရာင္ျခင္းတို႔ကို ေပ်ာက္ကင္းေစပါသည္။ သြားမ်ားကိုလဲခိုင္မာေစသည္။

ေမြးႀကိဳင္သင္းပ်ံ႕ေသာ ခေရပြင့္ေလးမ်ား၏ ရနံသည္ ရႉရႈိက္႐ုံ ပန္ဆင္႐ုံမွ်ျဖင့္ ႏွလုံးေရာဂါကို သက္သာေစသည္။ ခေရပြင့္ေျခာက္မ်ားကို ေခါင္းအုံးလုပ္၍အိပ္ပါက ႏွလုံးေရာဂါကို ႏုလွ်င္ ေပ်ာက္ကင္းၿပီး ရင့္လွ်င္သက္သာေစပါသည္။

ေႏြရာသီတြင္ မိတ္ထြက္၍ ယားယံျခင္း၊ မိတ္ႀကီးမ်ားထြက္၍အယားလြန္ျခင္း တို႔ျဖစ္ပါက ေႏြရာသီတြင္ပြင့္ေသာ ခေရပြင့္ကို ဆားႏွင့္ေသြး၍ လိမ္းပါက သက္သာေပ်ာက္ ကင္းေစႏိုင္ပါသည္။ ရာသီတြင္ျဖစ္ေသာေရာဂါကို ရာသီထြက္ေဆးပစၥည္း အသုံးျပဳကုသျခင္းသည္ တိုင္းရင္းေဆးပညာ၏ နည္းစံနစ္တမ်ိဳးဟု ဆိုႏိုင္ပါသည္။

ကေလးမ်ား အပူအေၾကာင္းခံ၍ ရာသီအကူးအေျပာင္းတြင္ ေခ်ာင္းဆိုးပါက ခေရပြင့္ လတ္လတ္ ၁က်ပ္ ၈ပဲသားကို ေရတစ္ဖန္ခြတ္ႏွင့္ တစ္ညစိမ္ထားပါ။ နံနက္တြင္ စစ္ယူၿပီး တိုက္ေကြၽး ပါ။ ၇ – ရက္ဆက္၍ တိုက္ေကြၽးပါက သက္သာေပ်ာက္ကင္းေစပါသည္။

မီးယပ္ျဖဴဆင္းေရာဂါကို ခေရပြင့္လတ္လတ္ ၃မတ္သား၊ ဗာဒံေစ့ ၃ေစ့၊ သၾကားခဲ ၃ပဲသား ေရာ၍ နံနက္တႀကိမ္ ညတႀကိမ္ ၄ ပဲသားခန႔္ေရာဂါႏွင့္ ခ်င့္ခ်ိန္၍ တိုက္ေကြၽးႏိုင္ပါသည္။ ထိုေဆးကို ပင္ ဓါတ္ပ်က္ေရာဂါ၊ သြားလႈပ္၊ သြားနဲ႔ျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစေၾကာင္း သိရပါသည္။ ဝမ္းေလ်ာဝမ္းပ်က္ ေရာဂါတြင္ ခေရသီးကို အသုံးျပဳႏိုင္သည္။

ခေရသီးမွည့္၏ အသားကို အႏွစ္တိုက္၍ စားပါက ၾကာျမင့္ေသာ အတိႆရဝမ္းေရာဂါကို ေပ်ာက္ကင္းေစတတ္ေၾကာင္းေတြ႕ရ ပါသည္။

ခေရေစ့ကိုမူ ေခါင္းကိုက္ခဲေသာေဝဒနာတြင္ရႉေပးေစျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစ သည္။ အတိႆရဝမ္း ေခၚ ဝမ္းေလ်ာဝမ္းပ်က္ေရာဂါတြင္ ခေရေစ့ကိုေရေအးႏွင့္ ႀကိတ္၍ ေသာက္ေဆးအျဖစ္ ေပးႏိုင္ျပန္ပါသည္။

ခေရ ႏွင့္ ေရေက်ာက္ေရာဂါတို႔သည္ ဓါတ္သေဘာအရ ကက္ကင္း ေခၚ ဓါတ္ျပန္ မိေန ေၾကာင္း ေတြ႕ရသည္။ ထို႔ေၾကာင့္ ေရေက်ာက္ေပါက္ေနေသာ ကာလရာသီတြင္ ခေရသားကို သရဏဂုဏ္သုံးပါးႏွင့္ ႐ြတ္ဆို၍ ေဆာင္ထားပါက ကာကြယ္ေပ်ာက္ကင္းႏိုင္ေၾကာင္း ေတြ႕ရသည္။ သို႔ေသာ္ ေသာၾကာသားသမီးမ်ားကိုမူ ေပး၍မရႏိုင္ပါ။ အေၾကာင္းမွာ ေသာၾကာႏွင့္တနလၤာသည္ ေသာက ေခၚ ပဋၬိပကၡ ရန္ဓါၾတ္ဖစ္ေနေသာေၾကာင့္ ျဖစ္ပါသည္။

ခေရပင္၏ အသုံးဝင္ပုံ ေဆးဖက္ဝင္ပုံ တို႔မွာ မ်ားျပားစြာ က်န္ရွိေနပါေသးသည္။ ယခုေဆာင္းပါးတြင္ လက္လွမ္းမွီသမွ်ကို သာ ေဖာ္ျပလိုက္ျခင္း ျဖစ္ပါသည္

ပန္ခ်င္တယ္ ခေရဖူးဆိုလို႔ ဝင္းသူရၫြန႔္ ကိုးကားေသာက်မ္းမ်ား

၁။ ပုံျပေဆးအဘိဓာန္ (ပထမတြဲ) – ရွင္နဂသိန္

၂။ျမန္မာ့လႈိ႕ဝွက္ေဆးဝါးႏွင့္ အသုံးဝင္ႏြယ္ျမက္သစ္ပင္ – ေမာင္ယဥ္ႏြယ္

၃။ သမားလက္စြဲ ေခၚ ေဆးအဘိဓာန္ အဖြင့္က်မ္း – အရွင္သုတဓရ

၄။ ေဆးပင္သိမႈ ႐ုကၡေဗဒ – တိုင္းရင္းေဆးသိပံ ပထမႏွစ္သင္ခန္းစာ

ေမတၱာျဖင့္…

Credit: TKW

Leave a Comment