အသည်းအဆီဖုံးနေသူတွေအတွက် စားသင့်/ရှောင်သင့် သော အစားအစာများ

အသည်းအဆီဖုံးနေသူတွေအတွက် စားသင့်/ရှောင်သင့် သော အစားအစာများ

ခန္ဓာကိုယ်ထဲက အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်တဲ့ အသည်းဟာ ကိုယ်ထဲက လုပ်ငန်းပေါင်း ၅၀၀ ခန့်ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ သူက တစ်မိနစ် အတွင်း သွေးပေါင်း ၁.၄ လီတာကိုစစ် ထုတ်ပေးနိုင်ပါတယ်။

အသည်းမှာ များသောအားဖြင့် အဆီ အနည်းငယ်ရှိပါတယ်။ အသည်းရဲ့ အလေးချိန် ၅ မှ ၁၅% မှာ အဆီတွေရှိနေရင် အသည်း အဆီဖုန်းတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။

အသည်းအဆီဖုံးတာကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ မဖြစ်နိုင်ပေမယ့် တစ်ချို့မှာတော့ အသည်းကြီးလာ၊ ရောင်ရမ်းလာနိုင်ပြီးအသည်းပျက်စီးနိုင်ပါတယ်။ဒါကြောင့် အသည်းမှာ အဆီဖုံးနေသူတွေက အောက်ဖော်ပြပါ အစားအစာတွေကို စားသုံးရပါမယ်။

၁။ကြက်သွန်ဖြူ

သူက ရောဂါ အတော်များများကို ကုသနိုင်တဲ့ အစွမ်းထက် ဆေးဖက်ဝင် အစားအစာပါ။ ပထမအချက်အနေနဲ့ သူမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒုတိယ အချက် ကတော့ သူရဲ့ အင်ဇိုင်းတွေက အသည်း အတွင်းမှာရှိတဲ့ အဆိပ်တွေကို ရှင်းထုတ်ပေးပါတယ်။

တတိယအနေနဲ့ အသည်းအဆီဖုံးနေသူတွေရဲ့ ခန္ဓာကိုယ်အလေးချိန် နဲ့ အဆီတွေကိုလျော့ချပေးနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။

၂။‌ကော်ဖီ

မနက်ခင်းမှာ ကော်ဖီကိုတော့ လူတိုင်းနီးပါး သောက်တတ်ကြပါတယ်။ သူက အသည်းအဆီဖုံးရောဂါ အတွက် အကောင်းဆုံးသော အစားအစာ တစ်မျိုးပါ။ သူက အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကော်ဖီမှာ ပါဝင်တဲ့ ကလိုရိုဂျီနစ်အက်စစ် ကရောင်ရမ်းမှုကို လျော့ချနိုင်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ နှစ်စဉ်ထုတ် အသည်းရောဂါဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကဖင်းက ကိုယ်တွင်းက ကိုလက်စတရောပမာဏကို လျော့ချပေးနိုင်ပြီး သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။

အသည်းမှာ အဆီဖုံးနေသူတွေက Black coffee သောက်ရပါမယ်။ သကြားထည့်သောက်ရင် ကယ်လိုရီအပိုရရှိသွားနိုင်ပြီး ပိုလျှံတဲ့ ကယ်လိုရီ အားလုံးက အသည်းမှာ အဆီအဖြစ် စုပုံ သွားနိုင်တာကြောင့်ပါ။

တစ်နေ့ကို ကော်ဖီအပါအဝင် ကဖင်းပါတဲ့ ဖျော်ရည်တွေကို ၂-၃ ခွက်ထက် တော့ ပိုမသောက်ပါနဲ့။ ရင်တုန်တာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

၃။အိုမီဂါ ၃ ဖက်တီးအက်စစ်

လေ့လာမှုတွေအရ သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများကြီးရှိတယ်လို့ သိရပါတယ်။ သူက ရောင်ရမ်းမှု၊ အဝလွန်တာ၊ အင်ဆူလင်ခံနိုင်အား၊ သွေးဖိအားမြင့်တက်တာတွေကို ထိန်းချုပ်နိုင်ပြီး ကိုယ်တွင်းက မကောင်းတဲ့ အဆီပမာဏကို လျော့ကျစေနိုင်တာမို့ အသည်းအဆီဖုံးရောဂါ အတွက် အကောင်းဆုံးသော အစားအစာပါ။

ငါးသေတ္တာ၊ ဆလ်လမွန်၊ သစ်ကြားသီးနဲ့ ဂုဏ်လျှော်စေ့တွေမှာ အိုမီဂါ အဆီတွေ အများအပြားပါဝင် ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီကို အားဖြည့်ဆေး အနေနဲ့လည်း မှီဝဲနိုင်ပါတယ်။

လူတစ်ယောက်အတွက် နေ့စဉ် ၂၅၀- ၅၀၀ မီလီဂရမ်ကို ရရှိဖို့လိုအပ်ပါတယ်။

၄။အစိမ်းရောင် ပန်းဂေါ်ဖီ

ဘရိုကိုလီလိုမျိုး ကရူးစီဖီးရပ်စ် အမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက် တွေကလည်း အသည်းအဆီဖုံးနေသူတွေအတွက် အကောင်းဆုံး အစားအစာပါပဲ။ သူတို့မှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ဒီထဲမှာမှ ဘရိုကိုလီက ဓာတ်တိုးဆန့်ကျင်နိုင်ပြီးရအသည်းအင်ဇိုင်း ပမာဏကို များပြားစေနိုင်ပါတယ်။ ဒီအင်ဇိုင်းတွေက အသည်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်း မပျက်စီးအောင် ကာကွယ်ပေးပါတယ်။

၅။လက်ဖက်ရည်

သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်ပြီး အဆိပ်အတောက်ကို ပျက်ပြားစေတဲ့ ဂုဏ်သတ္တိတွေကြောင့် လက်ဖက်ရည် ကို နှစ်ပေါင်းများစွာ ကတည်းက ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး အတွက် အသုံးပြုခဲ့ကြပါတယ်။ အသည်းအဆီဖုံးနေသူတွေအတွက် လက်ဖက်ရည်ကြမ်းက အကောင်းဆုံး အစားအသောက်ပါ။ သူက ခန္ဓာကိုယ် အဆီနဲ့ သွေးအတွင်းက အဆီတွေကို လျော့ချ ဖို့ ကူညီနိုင်ပါတယ်။နေ့စဉ် လက်ဖက်ရည်ကြမ်း ၅-၁၀ ခွက် အထိသောက်ပေးပါ။

အသည်းအဆီဖုံးသူတွေ ရှောင်ကျဉ် သင့်သော အစားအသောက်များ

အသည်းမှာ အဆီဖုံးနေသူတွေ စားသင့်တဲ့ အစားအသောက်တွေရှိသလို သူတို့အတွက် မစားသင့်တဲ့ အစားအသောက်တွေလည်းရှိပါတယ်။ အောက်ဖော်ပြပါ ကိုယ်အလေးချိန် မြင့်တက်နိုင်တဲ့ အစားအစာနဲ့ သွေးတွင်း သကြားပမာဏ များလာနိုင်တဲ့ အစာမျိုးကို ရှောင်ကျဉ်ရပါမယ်။

၁။ဆား

ကိုယ်တွင်းမှာ ဆားပမာဏ များလွန်းရင် ကိုယ်ထဲမှာ အရည်စုဆောင်းမှု ပမာဏလည်းများပြားလာပြီး ဝိတ်တက်လာနိုင်ပါတယ်။ ဆားစားသုံးရမယ့် ပမာဥက တစ်နေ့ကို ၁၅၀၀ မီလီဂရမ် ထက် မပိုရပါဘူး။

၂။အနီရောင်အသား

အမဲသား၊ ဝက်သား၊ ဆိတ်သားလိုမျိုး အနီရောင်အသားတွေမှာ ပြည့်ဝဆီက အများအပြားပါဝင်တာမို့ အသည်းအဆီဖုံးဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပြီး အသည်းမှာ အလုပ်ဒဏ်ပိနိုင်ပါတယ်။

၃။ဆီကျော်အစားအစာများ

အားလူးချောင်းကြော်၊ ဘူးသီးကြော်၊ ဆမူဆာနဲ့ အီကြာကွေးလိုမျိုး ကျွတ်ရွနေအောင် ကြော်ထားတဲ့ အစားအစာတွေမှာ အဆီနဲ့ ကယ်လိုရီပါဝင်မှု များတဲ့ အတွက် အသည်းကို အလုပ်ဒဏ်ပိစေနိုင်ပါတယ်။

၄။အချိုစာများ

သကြားလုံး၊ ကွတ်ကီး ၊ကိတ်မုန့် နဲ့ ဆိုဒါဖျော်ရည်၊ သစ်သီးဖျော်ရည်တွေမှာ သကြားများစွာပါဝင်တဲ့ အတွက် ခန္ဓာကိုယ်က ကယ်လိုရီ အပိုတွေရရှိနိုင်ပြီး ပိုလျှံနေတဲ့ ကယ်လိုရီအားလုံးက အသည်းမှာ အဆီအနေနဲ့ စုပုံ နိုင်ပါတယ်။

၅။အရက်

အသည်းအဆီဖုံးတာရဲ့ အဓိက အကြောင်းရင်း ဖြစ်တာမို့ အယ်ကိုဟောကို လုံးဝ ရှောင်ကျဉ်ရပါမယ်။

Zawgyi

အသည္းအဆီဖုံးေနသူေတြအတြက္ စားသင့္/ေရွာင္သင့္ ေသာ အစားအစာမ်ား

ခႏၶာကိုယ္ထဲက အႀကီးဆုံး ကိုယ္တြင္းအဂၤါျဖစ္တဲ့ အသည္းဟာ ကိုယ္ထဲက လုပ္ငန္းေပါင္း ၅၀၀ ခန႔္ကို ျပဳလုပ္ေပးလ်က္ရွိပါတယ္။ သူက တစ္မိနစ္ အတြင္း ေသြးေပါင္း ၁.၄ လီတာကိုစစ္ ထုတ္ေပးႏိုင္ပါတယ္။

အသည္းမွာ မ်ားေသာအားျဖင့္ အဆီ အနည္းငယ္ရွိပါတယ္။ အသည္းရဲ႕ အေလးခ်ိန္ ၅ မွ ၁၅% မွာ အဆီေတြရွိေနရင္ အသည္း အဆီဖုန္းတယ္လို႔ ေခၚဆိုႏိုင္ပါတယ္။

အသည္းအဆီဖုံးတာေၾကာင့္ ဆိုး႐ြားတဲ့ က်န္းမာေရးျပႆနာ မျဖစ္ႏိုင္ေပမယ့္ တစ္ခ်ိဳ႕မွာေတာ့ အသည္းႀကီးလာ၊ ေရာင္ရမ္းလာႏိုင္ၿပီးအသည္းပ်က္စီးႏိုင္ပါတယ္။ဒါေၾကာင့္ အသည္းမွာ အဆီဖုံးေနသူေတြက ေအာက္ေဖာ္ျပပါ အစားအစာေတြကို စားသုံးရပါမယ္။

၁။ၾကက္သြန္ျဖဴ

သူက ေရာဂါ အေတာ္မ်ားမ်ားကို ကုသႏိုင္တဲ့ အစြမ္းထက္ ေဆးဖက္ဝင္ အစားအစာပါ။ ပထမအခ်က္အေနနဲ႔ သူမွာ ပါဝင္တဲ့ ဆီလီနီယမ္ေတြက အသည္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ ဒုတိယ အခ်က္ ကေတာ့ သူရဲ႕ အင္ဇိုင္းေတြက အသည္း အတြင္းမွာရွိတဲ့ အဆိပ္ေတြကို ရွင္းထုတ္ေပးပါတယ္။

တတိယအေနနဲ႔ အသည္းအဆီဖုံးေနသူေတြရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ နဲ႔ အဆီေတြကိုေလ်ာ့ခ်ေပးႏိုင္တယ္လို႔ ေလ့လာမႈအရသိရပါတယ္။

၂။‌ေကာ္ဖီ

မနက္ခင္းမွာ ေကာ္ဖီကိုေတာ့ လူတိုင္းနီးပါး ေသာက္တတ္ၾကပါတယ္။ သူက အသည္းအဆီဖုံးေရာဂါ အတြက္ အေကာင္းဆုံးေသာ အစားအစာ တစ္မ်ိဳးပါ။ သူက အရက္ေၾကာင့္ မဟုတ္တဲ့ အသည္းအဆီဖုံးေရာဂါ မျဖစ္ ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ေကာ္ဖီမွာ ပါဝင္တဲ့ ကလို႐ိုဂ်ီနစ္အက္စစ္ ကေရာင္ရမ္းမႈကို ေလ်ာ့ခ်ႏိုင္ၿပီး ဓာတ္တိုးဆန႔္က်င္ႏိုင္တဲ့ ဂုဏ္သတၱိရွိတယ္လို႔ ႏွစ္စဥ္ထုတ္ အသည္းေရာဂါဆိုင္ရာ ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ကဖင္းက ကိုယ္တြင္းက ကိုလက္စတေရာပမာဏကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ေသြးဖိအားကို က်ဆင္းေစႏိုင္ပါတယ္။

အသည္းမွာ အဆီဖုံးေနသူေတြက Black coffee ေသာက္ရပါမယ္။ သၾကားထည့္ေသာက္ရင္ ကယ္လိုရီအပိုရရွိသြားႏိုင္ၿပီး ပိုလွ်ံတဲ့ ကယ္လိုရီ အားလုံးက အသည္းမွာ အဆီအျဖစ္ စုပုံ သြားႏိုင္တာေၾကာင့္ပါ။

တစ္ေန႔ကို ေကာ္ဖီအပါအဝင္ ကဖင္းပါတဲ့ ေဖ်ာ္ရည္ေတြကို ၂-၃ ခြက္ထက္ ေတာ့ ပိုမေသာက္ပါနဲ႔။ ရင္တုန္တာ၊ အိပ္မေပ်ာ္တာေတြ ျဖစ္တတ္ပါတယ္။

၃။အိုမီဂါ ၃ ဖက္တီးအက္စစ္

ေလ့လာမႈေတြအရ သူ႔ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြက အမ်ားႀကီးရွိတယ္လို႔ သိရပါတယ္။ သူက ေရာင္ရမ္းမႈ၊ အဝလြန္တာ၊ အင္ဆူလင္ခံႏိုင္အား၊ ေသြးဖိအားျမင့္တက္တာေတြကို ထိန္းခ်ဳပ္ႏိုင္ၿပီး ကိုယ္တြင္းက မေကာင္းတဲ့ အဆီပမာဏကို ေလ်ာ့က်ေစႏိုင္တာမို႔ အသည္းအဆီဖုံးေရာဂါ အတြက္ အေကာင္းဆုံးေသာ အစားအစာပါ။

ငါးေသတၱာ၊ ဆလ္လမြန္၊ သစ္ၾကားသီးနဲ႔ ဂုဏ္ေလွ်ာ္ေစ့ေတြမွာ အိုမီဂါ အဆီေတြ အမ်ားအျပားပါဝင္ ပါတယ္။ အိုမီဂါ ၃ ဖက္တီးအက္စစ္ အဆီကို အားျဖည့္ေဆး အေနနဲ႔လည္း မွီဝဲႏိုင္ပါတယ္။

လူတစ္ေယာက္အတြက္ ေန႔စဥ္ ၂၅၀- ၅၀၀ မီလီဂရမ္ကို ရရွိဖို႔လိုအပ္ပါတယ္။

၄။အစိမ္းေရာင္ ပန္းေဂၚဖီ

ဘ႐ိုကိုလီလိုမ်ိဳး က႐ူးစီဖီးရပ္စ္ အမ်ိဳးႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္ ေတြကလည္း အသည္းအဆီဖုံးေနသူေတြအတြက္ အေကာင္းဆုံး အစားအစာပါပဲ။ သူတို႔မွာ အမွ်င္ဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။ဒီထဲမွာမွ ဘ႐ိုကိုလီက ဓာတ္တိုးဆန႔္က်င္ႏိုင္ၿပီးရအသည္းအင္ဇိုင္း ပမာဏကို မ်ားျပားေစႏိုင္ပါတယ္။ ဒီအင္ဇိုင္းေတြက အသည္းမွ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အသည္း မပ်က္စီးေအာင္ ကာကြယ္ေပးပါတယ္။

၅။လက္ဖက္ရည္

သူ႔ရဲ႕ ဓာတ္တိုးဆန႔္က်င္ႏိုင္ၿပီး အဆိပ္အေတာက္ကို ပ်က္ျပားေစတဲ့ ဂုဏ္သတၱိေတြေၾကာင့္ လက္ဖက္ရည္ ကို ႏွစ္ေပါင္းမ်ားစြာ ကတည္းက ေရာဂါ ကာကြယ္ေရးနဲ႔ ကုသေရး အတြက္ အသုံးျပဳခဲ့ၾကပါတယ္။ အသည္းအဆီဖုံးေနသူေတြအတြက္ လက္ဖက္ရည္ၾကမ္းက အေကာင္းဆုံး အစားအေသာက္ပါ။ သူက ခႏၶာကိုယ္ အဆီနဲ႔ ေသြးအတြင္းက အဆီေတြကို ေလ်ာ့ခ် ဖို႔ ကူညီႏိုင္ပါတယ္။ေန႔စဥ္ လက္ဖက္ရည္ၾကမ္း ၅-၁၀ ခြက္ အထိေသာက္ေပးပါ။

အသည္းအဆီဖုံးသူေတြ ေရွာင္က်ဥ္ သင့္ေသာ အစားအေသာက္မ်ား

အသည္းမွာ အဆီဖုံးေနသူေတြ စားသင့္တဲ့ အစားအေသာက္ေတြရွိသလို သူတို႔အတြက္ မစားသင့္တဲ့ အစားအေသာက္ေတြလည္းရွိပါတယ္။ ေအာက္ေဖာ္ျပပါ ကိုယ္အေလးခ်ိန္ ျမင့္တက္ႏိုင္တဲ့ အစားအစာနဲ႔ ေသြးတြင္း သၾကားပမာဏ မ်ားလာႏိုင္တဲ့ အစာမ်ိဳးကို ေရွာင္က်ဥ္ရပါမယ္။

၁။ဆား

ကိုယ္တြင္းမွာ ဆားပမာဏ မ်ားလြန္းရင္ ကိုယ္ထဲမွာ အရည္စုေဆာင္းမႈ ပမာဏလည္းမ်ားျပားလာၿပီး ဝိတ္တက္လာႏိုင္ပါတယ္။ ဆားစားသုံးရမယ့္ ပမာဥက တစ္ေန႔ကို ၁၅၀၀ မီလီဂရမ္ ထက္ မပိုရပါဘူး။

၂။အနီေရာင္အသား

အမဲသား၊ ဝက္သား၊ ဆိတ္သားလိုမ်ိဳး အနီေရာင္အသားေတြမွာ ျပည့္ဝဆီက အမ်ားအျပားပါဝင္တာမို႔ အသည္းအဆီဖုံးျဖစ္ေအာင္ လႈံ႕ေဆာ္ေပးႏိုင္ၿပီး အသည္းမွာ အလုပ္ဒဏ္ပိႏိုင္ပါတယ္။

၃။ဆီေက်ာ္အစားအစာမ်ား

အားလူးေခ်ာင္းေၾကာ္၊ ဘူးသီးေၾကာ္၊ ဆမူဆာနဲ႔ အီၾကာေကြးလိုမ်ိဳး ကြၽတ္႐ြေနေအာင္ ေၾကာ္ထားတဲ့ အစားအစာေတြမွာ အဆီနဲ႔ ကယ္လိုရီပါဝင္မႈ မ်ားတဲ့ အတြက္ အသည္းကို အလုပ္ဒဏ္ပိေစႏိုင္ပါတယ္။

၄။အခ်ိဳစာမ်ား

သၾကားလုံး၊ ကြတ္ကီး ၊ကိတ္မုန႔္ နဲ႔ ဆိုဒါေဖ်ာ္ရည္၊ သစ္သီးေဖ်ာ္ရည္ေတြမွာ သၾကားမ်ားစြာပါဝင္တဲ့ အတြက္ ခႏၶာကိုယ္က ကယ္လိုရီ အပိုေတြရရွိႏိုင္ၿပီး ပိုလွ်ံေနတဲ့ ကယ္လိုရီအားလုံးက အသည္းမွာ အဆီအေနနဲ႔ စုပုံ ႏိုင္ပါတယ္။

၅။အရက္

အသည္းအဆီဖုံးတာရဲ႕ အဓိက အေၾကာင္းရင္း ျဖစ္တာမို႔ အယ္ကိုေဟာကို လုံးဝ ေရွာင္က်ဥ္ရပါမယ္။

Leave a Comment