နှစ်ပေါင်း(၅)သောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာမြေပေါ်ဖြတ်သန်းသွားမည့် ရှားပါးအစိမ်းရောင်ကြယ်တံခွန်တစ်ခု

နှစ်ပေါင်း(၅)သောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာမြေပေါ်ဖြတ်သန်းသွားမည့် ရှားပါးအစိမ်းရောင်ကြယ်တံခွန်တစ်ခု

နှစ်ပေါင်းငါးသောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှားပါးအစိမ်းရောင်ကြယ်တံခွန်တစ်ခု ကမ္ဘာမြေနားချဉ်းကပ်လာမည်ဟုသိရှိရပါသည်။လွန်ခဲ့သည့်နှစ်ပေါင်းသောင်းချီကကမ္ဘာမြေအနားသို့တစ်ကြိမ်ဖြတ်သန်းခဲ့ဖူးသောရှားပါးအစိမ်းရောင်ကြယ်တံခွန်အား မကြာသေးမီကရှာဖွေတွေ့ရှိခဲ့ပြီး

လာမည့်သီတင်းပတ်များအတွင်းကမ္ဘာမြေကိုထပ်မံဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။ကယ်လီဖိုးနီးယားတောင်ပိုင်းရှိနက္ခတ္တဗေဒပညာရှင်များက မနှစ်ကရှာဖွေတွေ့ရှိခဲ့သော C/2022 E3 အမည်ရှိအဆိုပါကြယ်တံခွန်သည်ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တွင်ကမ္ဘာမြေနှင့်အနီးဆုံးနေရာသို့ရောက်ရှိမည်ဖြစ်ကြောင်းယော့ခ်တက္ကသိုလ်မှ သုတေသီများကပြောကြားခဲ့သည်။

၎င်း၏စိမ်းပြာရောင်ကြောင့်ထင်ရှားသည့်အဆိုပါရှားပါးကြယ်တံခွန်သည်ကမ္ဘာမြေမှကီလိုမီတာပေါင်း ၄၂ သန်းခန့်အကွာအဝေးတွင်ရှိနေမည်ဖြစ်ကာ ၎င်းအားမြင်နိုင်ရန် မှန်ဘီလူး(သို့မဟုတ်)သေးငယ်သောတယ်လီစကုပ်လိုအပ်သည်ဟုယော့ခ်တက္ကသိုလ်သုတေသီများကဆိုသည်။

သို့သော်လကုန်ပိုင်းလောက်တွင်မူ အဆိုပါကြယ်တံခွန်အား သာမန်မျက်စိဖြင့်မြင်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။၎င်းသည်ကမ္ဘာမြေနားတစ်ဝိုက်၌ တစ်လနီးပါးအထိရှိနေမည်ဖြစ်ကာ ယခုလကုန်ပိုင်းတွင်သာမန်မျက်စိဖြင့်မြင်ရမည်ဟုလည်းဆိုသည်။

အဆိုပါကြယ်တံခွန် ကမ္ဘာမြေအားနောက်ဆုံးအကြိမ်ဖြတ်သန်းချိန်သည်လွန်ခဲ့သောနှစ်ပေါင်းငါးသောင်းခန့်ကဖြစ်ပြီးယင်းနောက်လုံးဝပြန်မပေါ်လာတော့ရာမှယခုတစ်ကြိမ်မှသာထပ်မံဖြတ်သန်းခြင်းဖြစ်သည်ဟုလည်းဆိုသည်။

Source :CTV News

Zawgyi

ႏွစ္ေပါင္း(၅)ေသာင္းအတြင္း ပထမဆုံးအႀကိမ္အျဖစ္ကမာၻေျမေပၚျဖတ္သန္းသြားမည့္ ရွားပါးအစိမ္းေရာင္ၾကယ္တံခြန္တစ္ခု

ႏွစ္ေပါင္းငါးေသာင္းအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ရွားပါးအစိမ္းေရာင္ၾကယ္တံခြန္တစ္ခု ကမာၻေျမနားခ်ဥ္းကပ္လာမည္ဟုသိရွိရပါသည္။လြန္ခဲ့သည့္ႏွစ္ေပါင္းေသာင္းခ်ီကကမာၻေျမအနားသို႔တစ္ႀကိမ္ျဖတ္သန္းခဲ့ဖူးေသာရွားပါးအစိမ္းေရာင္ၾကယ္တံခြန္အား မၾကာေသးမီကရွာေဖြေတြ႕ရွိခဲ့ၿပီး

လာမည့္သီတင္းပတ္မ်ားအတြင္းကမာၻေျမကိုထပ္မံျဖတ္သန္းသြားမည္ျဖစ္ေၾကာင္းသိရွိရသည္။ကယ္လီဖိုးနီးယားေတာင္ပိုင္းရွိနကၡတၱေဗဒပညာရွင္မ်ားက မႏွစ္ကရွာေဖြေတြ႕ရွိခဲ့ေသာ C/2022 E3 အမည္ရွိအဆိုပါၾကယ္တံခြန္သည္ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၁၁ မိနစ္တြင္ကမာၻေျမႏွင့္အနီးဆုံးေနရာသို႔ေရာက္ရွိမည္ျဖစ္ေၾကာင္းေယာ့ခ္တကၠသိုလ္မွ သုေတသီမ်ားကေျပာၾကားခဲ့သည္။

၎၏စိမ္းျပာေရာင္ေၾကာင့္ထင္ရွားသည့္အဆိုပါရွားပါးၾကယ္တံခြန္သည္ကမာၻေျမမွကီလိုမီတာေပါင္း ၄၂ သန္းခန႔္အကြာအေဝးတြင္ရွိေနမည္ျဖစ္ကာ ၎အားျမင္ႏိုင္ရန္ မွန္ဘီလူး(သို႔မဟုတ္)ေသးငယ္ေသာတယ္လီစကုပ္လိုအပ္သည္ဟုေယာ့ခ္တကၠသိုလ္သုေတသီမ်ားကဆိုသည္။

သို႔ေသာ္လကုန္ပိုင္းေလာက္တြင္မူ အဆိုပါၾကယ္တံခြန္အား သာမန္မ်က္စိျဖင့္ျမင္ႏိုင္မည္ဟုလည္း ေျပာၾကားခဲ့သည္။၎သည္ကမာၻေျမနားတစ္ဝိုက္၌ တစ္လနီးပါးအထိရွိေနမည္ျဖစ္ကာ ယခုလကုန္ပိုင္းတြင္သာမန္မ်က္စိျဖင့္ျမင္ရမည္ဟုလည္းဆိုသည္။

အဆိုပါၾကယ္တံခြန္ ကမာၻေျမအားေနာက္ဆုံးအႀကိမ္ျဖတ္သန္းခ်ိန္သည္လြန္ခဲ့ေသာႏွစ္ေပါင္းငါးေသာင္းခန႔္ကျဖစ္ၿပီးယင္းေနာက္လုံးဝျပန္မေပၚလာေတာ့ရာမွယခုတစ္ႀကိမ္မွသာထပ္မံျဖတ္သန္းျခင္းျဖစ္သည္ဟုလည္းဆိုသည္။

Source :CTV News

Leave a Comment