ဒီဇင်ဘာလက ကျင်းပခဲ့သည့် ကိုရီးယားစာမေးပွဲအောင်သူများအတွက် အလုပ်လျှောက်လွှာခေါ်ယူနေ

ဒီဇင်ဘာလက ကျင်းပခဲ့သည့် ကိုရီးယားစာမေးပွဲအောင်သူများအတွက် အလုပ်လျှောက်လွှာခေါ်ယူနေ

ပြီးခဲ့တဲ့ဒီဇင်ဘာလကကျင်းပခဲ့တဲ့ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ(ကုန်ထုတ်လုပ်ငန်း) ပထမအသုတ်အောင်မြင်ပြီးတဲ့သူတွေအတွက်အလုပ်လျှောက်လွှာတွေကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကနေသိရပါတယ်။

အဲဒီအလုပ်လျှောက်လွှာတွေကိုခုံနံပါတ်အလိုက် ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ထုတ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ကျန်းမာရေးဆေးစစ်အောင်မြင်ပြီးသူတွေရဲ့ အလုပ်လျှောက်လွှာ ပြန်လည်တင်သွင်းတာကိုလည်း

ဖေဖော်ဝါရီ ၃ ရက်ကနေ၁၁ ရက်အထိခုံနံပါတ်အလိုက်လက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ လျှောက်လွှာထုတ်ယူရာမှာကာယကံရှင်ကိုယ်တိုင်နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့်ဖြတ်ပိုင်းတွေနဲ့အတူပြသထုတ်ယူရမှာဖြစ်ပြီး

ဓာတ်ပုံကလည်းစာမေးပွဲဖြေစဉ်ကပြသတဲ့ပုံ၊နိုင်ငံကူးလက်မှတ်မှာပါတဲ့ဓာတ်ပုံနဲ့အခုလျှောက်လွှာထုတ်ရာမှာတင်ပြတဲ့ဓာတ်ပုံတွေအတူတူဖြစ်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။အလုပ်လျှောက်လွှာတင်သူတိုင်း ကိုရီးယားကိုသွားပြီးအလုပ်လုပ်ရဖို့အာမမခံဘူးလို့လည်း ဖော်ပြထားပါတယ်။

ကုန်ထုတ်လုပ်ငန်းပထမအသုတ်မှာတော့အောင်မြင်သူစုစုပေါင်း ၆၃၈၆ ယောက်ရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကနေ သိရပါတယ်။

Zawgyi

ဒီဇင္ဘာလက က်င္းပခဲ့သည့္ ကိုရီးယားစာေမးပြဲေအာင္သူမ်ားအတြက္ အလုပ္ေလွ်ာက္လႊာေခၚယူေန

ၿပီးခဲ့တဲ့ဒီဇင္ဘာလကက်င္းပခဲ့တဲ့ကိုရီးယားဘာသာအရည္အခ်င္းစစ္စာေမးပြဲ(ကုန္ထုတ္လုပ္ငန္း) ပထမအသုတ္ေအာင္ျမင္ၿပီးတဲ့သူေတြအတြက္အလုပ္ေလွ်ာက္လႊာေတြကို စတင္ေခၚယူေနၿပီျဖစ္တယ္လို႔ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီကေနသိရပါတယ္။

အဲဒီအလုပ္ေလွ်ာက္လႊာေတြကိုခုံနံပါတ္အလိုက္ ဇန္နဝါရီ ၃၀ ရက္ကေန ေဖေဖာ္ဝါရီ ၂ ရက္အထိ ထုတ္ေပးမွာျဖစ္တယ္လို႔ဆိုပါတယ္။က်န္းမာေရးေဆးစစ္ေအာင္ျမင္ၿပီးသူေတြရဲ႕ အလုပ္ေလွ်ာက္လႊာ ျပန္လည္တင္သြင္းတာကိုလည္း

ေဖေဖာ္ဝါရီ ၃ ရက္ကေန၁၁ ရက္အထိခုံနံပါတ္အလိုက္လက္ခံသြားမွာျဖစ္တယ္လို႔သိရပါတယ္။ ေလွ်ာက္လႊာထုတ္ယူရာမွာကာယကံရွင္ကိုယ္တိုင္ႏိုင္ငံကူးလက္မွတ္၊ စာေမးပြဲေျဖဆိုခြင့္ျဖတ္ပိုင္းေတြနဲ႔အတူျပသထုတ္ယူရမွာျဖစ္ၿပီး

ဓာတ္ပုံကလည္းစာေမးပြဲေျဖစဥ္ကျပသတဲ့ပုံ၊ႏိုင္ငံကူးလက္မွတ္မွာပါတဲ့ဓာတ္ပုံနဲ႔အခုေလွ်ာက္လႊာထုတ္ရာမွာတင္ျပတဲ့ဓာတ္ပုံေတြအတူတူျဖစ္ရမွာျဖစ္တယ္လို႔လည္းသိရပါတယ္။အလုပ္ေလွ်ာက္လႊာတင္သူတိုင္း ကိုရီးယားကိုသြားၿပီးအလုပ္လုပ္ရဖို႔အာမမခံဘူးလို႔လည္း ေဖာ္ျပထားပါတယ္။

ကုန္ထုတ္လုပ္ငန္းပထမအသုတ္မွာေတာ့ေအာင္ျမင္သူစုစုေပါင္း ၆၃၈၆ ေယာက္ရွိတယ္လို႔ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီကေန သိရပါတယ္။

Leave a Comment