မြန်မာနိုင်ငံထဲမှာ ရောင်းနေတဲ့ ထိုင်းထုတ်ကုန်တွေ က ထိုင်းနိုင်ငံထဲမှာ ရောင်းတဲ့ဈေးတွေထက် သက်သာနေရတဲ့အကြောင်းအရင်း…..

မြန်မာနိုင်ငံထဲမှာ ရောင်းနေတဲ့ ထိုင်းထုတ်ကုန်တွေ က ထိုင်းနိုင်ငံထဲမှာ ရောင်းတဲ့ဈေးတွေထက် ဘာလို့ သက်သာနေတာလဲ . . .⁉️

ဆိုပြီး ဘန်ကောက်ရောက် မြန်မာတွေ တော်တော်များများ မေးကြတာ မကြာခဏ ကြုံဖူးပါတယ် . . . ကိုယ်တိုင်လည်း ရန်ကုန်မှာ ခဏ ပြန်နေစဉ် ကာလအတွင်း ထိုင်းမှာ သုံးနေကျ တံဆိပ်တွေက ရန်ကုန်မှာ ပိုဈေးသက်သာနေတာ လက်တွေ့မြင်ခဲ့ရဖူးပါတယ်

အဲဒီ အဖြေက ဘာလို့လဲ ဆိုရင် ထိုင်းပြည်တွင်းထုတ်ကုန်တွေက Thailand Industrial Standard (TIS) ဆိုတဲ့ အရည်အသွေးစံနှုန်း သတ်မှတ်ချက်အတိုင်း ထုတ်ရပါတယ်၊ ထုတ်ချင်သလို ထုတ်လို့မရပါ။ စားသောက်ကုန်တွေ၊ အလှကုန်တွေ ဆိုရင်လည်း FDA သတ်မှတ်ချက် စံညွှန်းတွေ အတိုင်းထုတ်ရပါတယ်။

Thai Industrial Standard သတ်မှတ်ချက်တွေက Japan and US ရဲ့ industrial standard ကို မှီငြမ်းပြီး ထိုင်းနိုင်ငံနဲ့ကိုက်ညီမယ့် စံနှုန်းအဖြစ်သတ်မှတ်ထားတာမို့ ထိုင်းပြည်တွင်း ထုတ်ကုန်တွေရဲ့ အရည်အသွေးက မြင့်ကြပါတယ်။

မြန်မာဖက်မှာကျတော့ Myanmar Industrial Standard ဆိုပြီး သတ်မှတ်ထားတာ မရှိပါ (ရှိခဲ့ရင်လည်းစာရွက်ပေါ်မှာပဲ ရှိမယ်ထင်ပါတယ်) … အဲဒါကြောင့် မြန်မာဖက်ပို့မယ့် ထုတ်ကုန်တွေကို တံဆိပ်ချင်းတူပေမယ့် အရည်အသွေးလျော့ချပြီး သပ်သပ်ထုတ်ကြပါတယ်၊ အဲ့ product တွေကို ထိုင်းနိုင်ငံတွင်း ရောင်းခွင့်မရှိပါ။

မြန်မာပြည်ဖက်ဝင်တဲ့ တချို့ထုတ်ကုန်တွေမှာ export only တံဆိပ်ကပ်ပြီး ဝင်လာတဲ့ ထိုင်းထုတ်ကုန်တွေ တွေ့ဖူးမှာပါ။ အဲဒါတွေက ထိုင်းပြည်တွင်း quality ထက်လျော့ချပြီးထုတ်တာပါ။ မြန်မာဖက်မှာက Industrial Standard သတ်မှတ်ချက် ဆိုတာကလဲ မရှိ၊ Import Quality Control ဆိုတာကလည်း မရှိ၊

ရှိခဲ့ရင်တောင် တရားဥပဒေအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်တဲ့ ဥပဒေစိုးမိုးမှုဆိုတာကလည်း မရှိလေတော့ မြန်မာဖက်ကို အိမ်နီးချင်းနိုင်ငံတွေက ဝင်သမျှတွေဟာ တံဆိပ်ချင်းတူရင်တောင် quality နိမ့်နိမ့် ဈေးပါလျော့ပြီး ဝင်လာကြပါတယ်။ ထိုင်းမှာရှိတဲ့ နာမည်ကြီး product တွေထုတ်တဲ့ စက်ရုံတွေမှာ မြန်မာဖက်ပို့ချင်လို့ quality လျော့ပြီးထုတ်ပေးပါဆိုပြီး မှာလို့ပါ ရပါတယ်၊ ထိုင်းနိုင်ငံထဲတော့ ရောင်းခွင့်မရှိပေါ့။

အဲထက်ဆိုးတာ ရှိပါသေးတယ် … အဲဒါကတော့ expire နီးတဲ့ ပစ္စည်းတွေ၊ expire ကုန်ပြီး ကောင်းနေသေးတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေက defect ဖြစ်လို့ ပယ်တဲ့ ပစ္စည်းတွေကို refurbish ပြန်လုပ်၊ တံဆိပ်တွေ ပြန်ပြင်ကပ်၊ ဘူးတွေပြန်ပြောင်း၊ စတာတွေ လုပ်ပြီး မြန်မာဖက် ပြန်ပို့တာပါပဲ။

အဲလိုတွေလုပ်နေတာ အခုမှ မဟုတ်ပါဘူး အရင် စ စ်အစိုးရသက်တမ်း အဆက်ဆက် ဆယ်စုနှစ် ၃ ခုကျော်မက ကထဲက လုပ်နေတာကြာပါပြီ။ တရားဥပဒေ စိုးမိုးမှုကလည်းမရှိ၊ ကုန်သွယ်ရေး လမ်းကြောင်းတလျောက်မှာလဲ အခွန်မဟုတ်တဲ့ Under-table Cost တွေက အရမ်းများနေတော့

ကုန်သည်တွေကလည်း ဈေးနိမ့်ပြီး အမြတ်များမယ့် လမ်းပဲရွေးမှာပါ၊ မြန်မာနိုင်ငံမှာ Industrial Standard တွေ Consumer Protection ဥပဒေတွေ သေချာထုတ်ပြီး စားသုံးသူပြည်သူကို (ဥပဒေလက်တလုံးခြားမလုပ်ပဲ) မကာကွယ်နိုင်သေး သ၍ ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အမှိုက်ပစ်တာကို ခံနေရဦးမှာပါ။

ပြည်သူကို စနစ်တကျ ကာကွယ်ပေးမယ့် အစိုးရနဲ့ တရားဥပဒေ စိုးမိုးမှု မရှိသ၍ နောက်ဆုံး ခံရမှာကတော့ ပြည်သူပါပဲ 🥴

Credit

Zawgyi

ျမန္မာႏိုင္ငံထဲမွာ ေရာင္းေနတဲ့ ထိုင္းထုတ္ကုန္ေတြ က ထိုင္းႏိုင္ငံထဲမွာ ေရာင္းတဲ့ေဈးေတြထက္ ဘာလို႔ သက္သာေနတာလဲ . . .⁉️

ဆိုၿပီး ဘန္ေကာက္ေရာက္ ျမန္မာေတြ ေတာ္ေတာ္မ်ားမ်ား ေမးၾကတာ မၾကာခဏ ႀကဳံဖူးပါတယ္ . . . ကိုယ္တိုင္လည္း ရန္ကုန္မွာ ခဏ ျပန္ေနစဥ္ ကာလအတြင္း ထိုင္းမွာ သုံးေနက် တံဆိပ္ေတြက ရန္ကုန္မွာ ပိုေဈးသက္သာေနတာ လက္ေတြ႕ျမင္ခဲ့ရဖူးပါတယ္

အဲဒီ အေျဖက ဘာလို႔လဲ ဆိုရင္ ထိုင္းျပည္တြင္းထုတ္ကုန္ေတြက Thailand Industrial Standard (TIS) ဆိုတဲ့ အရည္အေသြးစံႏႈန္း သတ္မွတ္ခ်က္အတိုင္း ထုတ္ရပါတယ္၊ ထုတ္ခ်င္သလို ထုတ္လို႔မရပါ။ စားေသာက္ကုန္ေတြ၊ အလွကုန္ေတြ ဆိုရင္လည္း FDA သတ္မွတ္ခ်က္ စံၫႊန္းေတြ အတိုင္းထုတ္ရပါတယ္။

Thai Industrial Standard သတ္မွတ္ခ်က္ေတြက Japan and US ရဲ႕ industrial standard ကို မွီျငမ္းၿပီး ထိုင္းႏိုင္ငံနဲ႔ကိုက္ညီမယ့္ စံႏႈန္းအျဖစ္သတ္မွတ္ထားတာမို႔ ထိုင္းျပည္တြင္း ထုတ္ကုန္ေတြရဲ႕ အရည္အေသြးက ျမင့္ၾကပါတယ္။

ျမန္မာဖက္မွာက်ေတာ့ Myanmar Industrial Standard ဆိုၿပီး သတ္မွတ္ထားတာ မရွိပါ (ရွိခဲ့ရင္လည္းစာ႐ြက္ေပၚမွာပဲ ရွိမယ္ထင္ပါတယ္) … အဲဒါေၾကာင့္ ျမန္မာဖက္ပို႔မယ့္ ထုတ္ကုန္ေတြကို တံဆိပ္ခ်င္းတူေပမယ့္ အရည္အေသြးေလ်ာ့ခ်ၿပီး သပ္သပ္ထုတ္ၾကပါတယ္၊ အဲ့ product ေတြကို ထိုင္းႏိုင္ငံတြင္း ေရာင္းခြင့္မရွိပါ။

ျမန္မာျပည္ဖက္ဝင္တဲ့ တခ်ိဳ႕ထုတ္ကုန္ေတြမွာ export only တံဆိပ္ကပ္ၿပီး ဝင္လာတဲ့ ထိုင္းထုတ္ကုန္ေတြ ေတြ႕ဖူးမွာပါ။ အဲဒါေတြက ထိုင္းျပည္တြင္း quality ထက္ေလ်ာ့ခ်ၿပီးထုတ္တာပါ။ ျမန္မာဖက္မွာက Industrial Standard သတ္မွတ္ခ်က္ ဆိုတာကလဲ မရွိ၊ Import Quality Control ဆိုတာကလည္း မရွိ၊

ရွိခဲ့ရင္ေတာင္ တရားဥပေဒအတိုင္း တိက်စြာလိုက္နာ ေဆာင္႐ြက္တဲ့ ဥပေဒစိုးမိုးမႈဆိုတာကလည္း မရွိေလေတာ့ ျမန္မာဖက္ကို အိမ္နီးခ်င္းႏိုင္ငံေတြက ဝင္သမွ်ေတြဟာ တံဆိပ္ခ်င္းတူရင္ေတာင္ quality နိမ့္နိမ့္ ေဈးပါေလ်ာ့ၿပီး ဝင္လာၾကပါတယ္။ ထိုင္းမွာရွိတဲ့ နာမည္ႀကီး product ေတြထုတ္တဲ့ စက္႐ုံေတြမွာ ျမန္မာဖက္ပို႔ခ်င္လို႔ quality ေလ်ာ့ၿပီးထုတ္ေပးပါဆိုၿပီး မွာလို႔ပါ ရပါတယ္၊ ထိုင္းႏိုင္ငံထဲေတာ့ ေရာင္းခြင့္မရွိေပါ့။

အဲထက္ဆိုးတာ ရွိပါေသးတယ္ … အဲဒါကေတာ့ expire နီးတဲ့ ပစၥည္းေတြ၊ expire ကုန္ၿပီး ေကာင္းေနေသးတဲ့ ပစၥည္းေတြ၊ စက္႐ုံေတြက defect ျဖစ္လို႔ ပယ္တဲ့ ပစၥည္းေတြကို refurbish ျပန္လုပ္၊ တံဆိပ္ေတြ ျပန္ျပင္ကပ္၊ ဘူးေတြျပန္ေျပာင္း၊ စတာေတြ လုပ္ၿပီး ျမန္မာဖက္ ျပန္ပို႔တာပါပဲ။

အဲလိုေတြလုပ္ေနတာ အခုမွ မဟုတ္ပါဘူး အရင္ စ စ္အစိုးရသက္တမ္း အဆက္ဆက္ ဆယ္စုႏွစ္ ၃ ခုေက်ာ္မက ကထဲက လုပ္ေနတာၾကာပါၿပီ။ တရားဥပေဒ စိုးမိုးမႈကလည္းမရွိ၊ ကုန္သြယ္ေရး လမ္းေၾကာင္းတေလ်ာက္မွာလဲ အခြန္မဟုတ္တဲ့ Under-table Cost ေတြက အရမ္းမ်ားေနေတာ့

ကုန္သည္ေတြကလည္း ေဈးနိမ့္ၿပီး အျမတ္မ်ားမယ့္ လမ္းပဲေ႐ြးမွာပါ၊ ျမန္မာႏိုင္ငံမွာ Industrial Standard ေတြ Consumer Protection ဥပေဒေတြ ေသခ်ာထုတ္ၿပီး စားသုံးသူျပည္သူကို (ဥပေဒလက္တလုံးျခားမလုပ္ပဲ) မကာကြယ္ႏိုင္ေသး သ၍ ပတ္ဝန္းက်င္ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ အမႈိက္ပစ္တာကို ခံေနရဦးမွာပါ။

ျပည္သူကို စနစ္တက် ကာကြယ္ေပးမယ့္ အစိုးရနဲ႔ တရားဥပေဒ စိုးမိုးမႈ မရွိသ၍ ေနာက္ဆုံး ခံရမွာကေတာ့ ျပည္သူပါပဲ 🥴

Credit

Leave a Comment