“လေယာဉ်မောင်းချင်လွန်းလို့ နှစ် (၃၀) ကြာ ငွေစုပြီး လေယာဉ်ပုံစံ အိမ်ဆောက်ခဲ့သူ အကြောင်း”

“လေယာဉ်မောင်းချင်လွန်းလို့ နှစ် (၃၀) ကြာ ငွေစုပြီး လေယာဉ်ပုံစံ အိမ်ဆောက်ခဲ့သူ အကြောင်း”

တသက်မှာ တစ်ခါလောက် လေယာဉ်မောင်းချင်တဲ့ အိပ်မက်ကြောင့် ကမ္ဘောဒီးယား နိုင်ငံသား တစ်ယောက်ဟာနှစ်ပေါင်း ၃၀ကြာ ငွေစုပြီး လေယာဉ်ကိုယ်ထည်ပုံစံ အိမ်တစ်လုံး ဆောက်လုပ်နေထိုင် လျက်ရှိပါတယ်။

မြေပြင်ကနေ ပေ၂၀လောက် အမြင့်မှာ ကွန်ကရစ်နဲ့ ဆောက်လုပ်ထားတဲ့ အဲ့ဒီလေယာဉ်ပုံစံအိမ်မှာ အိပ်ခန်း နှစ်ခန်း ရေချိုးခန်း အိမ်သာတွေလည်း ပါဝင်ပါတယ်။

နှစ်ပေါင်း ၃၀ ကြာ ငွေစုပြီးနောက် ကန်ဒေါ်လာ ၂၀၀၀၀ သုံးစွဲ တည်ဆောက်ထားတယ်ဆိုတဲ့ လေယာဉ်အိမ်ဟာ ရာနှုန်းပြည့် မပြီးသေးတာတောင်အခုအချိန်မှာ မိမိရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပြီဖြစ်လို့

အရမ်း စိတ်လှုပ်ရှားနေမိတယ်လို့ ချရတ် ပို့ချ် ၄၃ နှစ်က ပြောကြားပါတယ်။ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက် ဖြစ်တဲ့ ပို့ချ်ဟာ သူနေထိုင်ရာ ဆီယမ် ရီအပ် ပြည်နယ်မှာ လေယာဉ်အိမ် တည်ဆောက်ထားတာ ဖြစ်ပြီးဧည့်သည်တွေ

အများကြီး လာရောက်ဖို့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ လေယာဉ်အိမ်ဘေးနားမှာ ကော်ဖီဆိုင်တည်ဖို့ ရည်မှန်းထားပါတယ်။တကယ်တမ်းတော့ လေယာဉ်မောင်းရမှာကို စိုးရိမ်နေတုန်းပဲ ဖြစ်ပေမယ့်

တနေ့နေ့မှာ လေယာဉ် အစစ်တစ်စီး မောင်းရဖို့ မျှော်လင့်ထားတုန်းပဲလို့ သူက ပြောကြားပါတယ်။ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာတောင် ဆောက်လုပ်ရေး အလုပ်သမားတဦးဟာ ဒေါ်လာ ၂၀၀၀၀ (မြန်မာငွေ သိန်း ၅၆၀ နီးပါး)

တန်ဖိုးရှိ အိမ်တလုံး ဆောက်နိုင်ပေမယ့်မြန်မာပြည်က အခြေခံလူတန်းစားတွေကတော့ ထမင်းနပ်မှန်အောင် စားဖို့ ရုန်းကန်နေရဆဲပဲ ရှိနေပါသေးတယ်။

crd

Zawgyi

“ေလယာဥ္ေမာင္းခ်င္လြန္းလို႔ ႏွစ္ (၃၀) ၾကာ ေငြစုၿပီး ေလယာဥ္ပုံစံ အိမ္ေဆာက္ခဲ့သူ အေၾကာင္း”

တသက္မွာ တစ္ခါေလာက္ ေလယာဥ္ေမာင္းခ်င္တဲ့ အိပ္မက္ေၾကာင့္ ကေမာၻဒီးယား ႏိုင္ငံသား တစ္ေယာက္ဟာႏွစ္ေပါင္း ၃၀ၾကာ ေငြစုၿပီး ေလယာဥ္ကိုယ္ထည္ပုံစံ အိမ္တစ္လုံး ေဆာက္လုပ္ေနထိုင္ လ်က္ရွိပါတယ္။

ေျမျပင္ကေန ေပ၂၀ေလာက္ အျမင့္မွာ ကြန္ကရစ္နဲ႔ ေဆာက္လုပ္ထားတဲ့ အဲ့ဒီေလယာဥ္ပုံစံအိမ္မွာ အိပ္ခန္း ႏွစ္ခန္း ေရခ်ိဳးခန္း အိမ္သာေတြလည္း ပါဝင္ပါတယ္။

ႏွစ္ေပါင္း ၃၀ ၾကာ ေငြစုၿပီးေနာက္ ကန္ေဒၚလာ ၂၀၀၀၀ သုံးစြဲ တည္ေဆာက္ထားတယ္ဆိုတဲ့ ေလယာဥ္အိမ္ဟာ ရာႏႈန္းျပည့္ မၿပီးေသးတာေတာင္အခုအခ်ိန္မွာ မိမိရဲ႕ အိပ္မက္ကို အေကာင္အထည္ ေဖာ္ႏိုင္ၿပီျဖစ္လို႔

အရမ္း စိတ္လႈပ္ရွားေနမိတယ္လို႔ ခ်ရတ္ ပို႔ခ်္ ၄၃ ႏွစ္က ေျပာၾကားပါတယ္။ေဆာက္လုပ္ေရး အလုပ္သမားတစ္ေယာက္ ျဖစ္တဲ့ ပို႔ခ်္ဟာ သူေနထိုင္ရာ ဆီယမ္ ရီအပ္ ျပည္နယ္မွာ ေလယာဥ္အိမ္ တည္ေဆာက္ထားတာ ျဖစ္ၿပီးဧည့္သည္ေတြ

အမ်ားႀကီး လာေရာက္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ သူ႔ရဲ႕ ေလယာဥ္အိမ္ေဘးနားမွာ ေကာ္ဖီဆိုင္တည္ဖို႔ ရည္မွန္းထားပါတယ္။တကယ္တမ္းေတာ့ ေလယာဥ္ေမာင္းရမွာကို စိုးရိမ္ေနတုန္းပဲ ျဖစ္ေပမယ့္

တေန႔ေန႔မွာ ေလယာဥ္ အစစ္တစ္စီး ေမာင္းရဖို႔ ေမွ်ာ္လင့္ထားတုန္းပဲလို႔ သူက ေျပာၾကားပါတယ္။ကေမာၻဒီးယားလို ႏိုင္ငံမ်ိဳးမွာေတာင္ ေဆာက္လုပ္ေရး အလုပ္သမားတဦးဟာ ေဒၚလာ ၂၀၀၀၀ (ျမန္မာေငြ သိန္း ၅၆၀ နီးပါး)

တန္ဖိုးရွိ အိမ္တလုံး ေဆာက္ႏိုင္ေပမယ့္ျမန္မာျပည္က အေျခခံလူတန္းစားေတြကေတာ့ ထမင္းနပ္မွန္ေအာင္ စားဖို႔ ႐ုန္းကန္ေနရဆဲပဲ ရွိေနပါေသးတယ္။

crd

Leave a Comment