သောကြာဂြိုဟ်ကို လဖုံးမယ့် ဖြစ်စဉ်နဲ့ မတ်လအတွင်း ထူးခြားမယ့် အာကာသ ဖြစ်စဉ်များ အကြောင်း

သောကြာဂြိုဟ်ကို လဖုံးမယ့် ဖြစ်စဉ်နဲ့ မတ်လအတွင်း ထူးခြားမယ့် အာကာသ ဖြစ်စဉ်များ အကြောင်း

ထူးခြားဖြစ်စဉ်များနှင့် မတ်လ ၂၀၂၃၊ လာမည့် ၂၀၂၃ ဖေဖော်ဝါရီ လကုန်ပိုင်းနဲ့ မတ်လတို့မှာတော့ ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များနှင့်အတူ ညဘက် ကောင်းကင်ယံမှာလည်း ထူးခြားမည့် ဖြစ်စဉ်များက စောင့်ကြိုလို့နေပါတယ်။

အထူးသဖြင့် တနင်္လာဂြိုဟ်လို့ သတ်မှတ်ကြတဲ့ လဟာ ၎င်းရဲ့ လမ်းကြောင်းတလျှောက်မှာ အင်္ဂါဂြိုဟ် (မားစ်)၊ သောကြာဂြိုဟ် (ဗီးနပ်စ်) တို့အပြင် Delta Scorpii လို့ခေါ်တဲ့ အနုရာဓ ကြယ်နက္ခတ်တို့ကိုပါ လိုက်လံဖုံးအုပ်တော့မှာ ဖြစ်ပါတယ်။

အသေးစိတ် ဆိုရလျှင် ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှာ လဟာ ပြိသရာသီအတွင်းမှ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ နေ့ဘက် (၁၁ နာရီခန့်) ဖြစ်နေတဲ့အတွက် မြင်တွေ့ရမည်တော့ မဟုတ်ပါ။ မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီခန့်မှာလည်း လဟာ ဗြိစ္ဆာရာသီထဲက နဂါးဦးခေါင်းကြယ်ဖြစ်တဲ့ အနုရာဓ ကြယ်နက္ခတ် (Delta Scorpii) ကို ဖုံးအုပ်မှာ ဖြစ်ပေမဲ့

လဆုတ်ရက်ဖြစ်နေတဲ့အတွက် အချိန်နောက်ကျပြီးမှ ထွက်မည့်လကြောင့် မြန်မာနိုင်ငံမှ မြင်ခွင့်ရဦးမည်မဟုတ်ပါ။ (လကို လဆန်းရက်များမှာ ညနေခင်းပိုင်း အနောက်ဘက်အရပ်မှာ မြင်တွေ့ရတတ်ပြီး လဆုတ်ရက်များမှာတော့ အရှေ့ဘက်အရပ်မှာ နံနက်ခင်းပိုင်း မြင်တွေ့ရတတ်ပါတယ်။)

ထူးခြားမည့် ဖြစ်ရပ်အနေနဲ့ မတ်လ ၂၄ ရက် ညနေ ၅ နာရီမှ ၇ နာရီခွဲ လောက်အထိ အနောက်ဘက်အရပ် မိုးကုတ်စက်ဝိုင်းအထက်က မိသရာသီထဲမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) အား လမှ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများနဲ့ အာရှတိုက် နဲ့ အာဖရိကတိုက် တောင်ပိုင်း ဒေသတို့မှာ မြင်တွေ့ရနိုင်ပါတယ် (မြေပုံ)။

ထို့အတူပဲ မတ်လ ၁ ရက် နှင့် ၂ ရက် ညဦးပိုင်းမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) တို့ မိန်ရာသီအတွင်း ဂြိုဟ်စစ်ထိုးခြင်း (နီးကပ်စွာ ဖြတ်သန်းသွားခြင်း) ကိုလည်း မြင်တွေ့ကြရမှာပါ။

မတ်လ ၂၁ ရက် နံနက် ၃နာရီ ၅၀ မိနစ်မှာတော့ ၂၃.၅ ဒီဂရီ အစဉ် တိမ်းစောင်းနေတဲ့ ကမ္ဘာရဲ့ အီကွေတာမျဉ်းကြောင်းပေါ်သို့ နေရောင်ခြည်ဟာ တည့်မတ်စွာကျရောက်ခြင်းဖြင့် နေ့ နှင့် ည တို့ အချိန်တူညီစွာ ရှိမည့် ”နွေကူးနေ့ညညီချိန်” သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နေရောင်ခြည်ဟာ မြန်မာနိုင်ငံရှိတဲ့ အီကွေတာ မြောက်ဘက်ခြမ်းကို ဆက်လက် ကျရောက်မှာဖြစ်ပြီး ပူပြင်းခြောက်သွေ့တဲ့ နွေဦးရာသီကို ဖြတ်သန်းရတော့မှာ ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ အပူချိန် တိုက်ရိုက် ကျရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့မှာ အပူပိုင်း လေဖိအားနည်းရပ်ဝန်းမှသည် ဆိုင်ကလုံးမုန်တိုင်းများအထိ ကျရောက်လာနိုင်သောကြောင့် အသိ၊ သတိတို့ဖြင့် ကြိုတင်ပြင်ဆင် ကြနိုင်ရန် ရေးသားလိုက်ပါသည်။ အနာဂတ်ပညာရေးအတွက် အစဉ်တစိုက် ကြိုးစားလျက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Credit to Blacker

Zawgyi

ေသာၾကာၿဂိဳဟ္ကို လဖုံးမယ့္ ျဖစ္စဥ္နဲ႔ မတ္လအတြင္း ထူးျခားမယ့္ အာကာသ ျဖစ္စဥ္မ်ား အေၾကာင္း

ထူးျခားျဖစ္စဥ္မ်ားႏွင့္ မတ္လ ၂၀၂၃၊ လာမည့္ ၂၀၂၃ ​ေဖ​ေဖာ္ဝါရီ လကုန္ပိုင္းနဲ႔ မတ္လတို႔မွာ​ေတာ့ ရာသီဥတု​ေျပာင္းလဲျခင္း ျဖစ္စဥ္မ်ားႏွင့္အတူ ညဘက္ ​ေကာင္းကင္ယံမွာလည္း ထူးျခားမည့္ ျဖစ္စဥ္မ်ားက ​ေစာင့္ႀကိဳလို႔​ေနပါတယ္။

အထူးသျဖင့္ တနလၤာၿဂိဳဟ္လို႔ သတ္မွတ္ၾကတဲ့ လဟာ ၄င္းရဲ႕ လမ္း​ေၾကာင္းတ​ေလွ်ာက္မွာ အဂၤါၿဂိဳဟ္ (မားစ္)၊ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) တို႔အျပင္ Delta Scorpii လို႔​ေခၚတဲ့ အႏုရာဓ ၾကယ္နကၡတ္တို႔ကိုပါ လိုက္လံဖုံးအုပ္​ေတာ့မွာ ျဖစ္ပါတယ္။

အ​ေသးစိတ္ ​ဆိုရလွ်င္ ​ေဖ​ေဖာ္ဝါရီလ ၂၈ ရက္ ​ေန႔မွာ လဟာ ၿပိသရာသီအတြင္းမွ အဂၤါၿဂိဳဟ္ကို ဖုံးကြယ္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ​ေတာ့ ​ေန႔ဘက္ (၁၁ နာရီခန္႔) ျဖစ္​ေနတဲ့အတြက္ ျမင္​ေတြ႕ရမည္​ေတာ့ မဟုတ္ပါ။ မတ္လ ၁၃ ရက္​ေန႔ ျမန္မာစံ​ေတာ္ခ်ိန္ ည​ ၇ နာရီခန္႔မွာလည္း လဟာ ၿဗိစာၦရာသီထဲက နဂါးဦး​ေခါင္းၾကယ္ျဖစ္တဲ့ အႏုရာဓ ၾကယ္နကၡတ္ (Delta Scorpii) ကို ဖုံးအုပ္မွာ ျဖစ္​ေပမဲ့

လဆုတ္ရက္ျဖစ္​ေနတဲ့အတြက္ ​အခ်ိန္​ေနာက္က်ၿပီးမွ ထြက္မည့္လ​ေၾကာင့္ ျမန္မာႏိုင္ငံမွ ျမင္ခြင့္ရဦးမည္မဟုတ္ပါ။ (လကို လဆန္းရက္မ်ားမွာ ည​​ေနခင္းပိုင္း အ​ေနာက္ဘက္အရပ္မွာ ျမင္​ေတြ႕ရတတ္ၿပီး လဆုတ္ရက္မ်ားမွာ​ေတာ့ အ​ေရွ႕ဘက္အရပ္မွာ နံနက္ခင္းပိုင္း ျမင္​ေတြ႕ရတတ္ပါတယ္။)

ထူးျခားမည့္ ျဖစ္ရပ္အ​ေနနဲ႔ မတ္လ ၂၄ ရက္ ည​ေန ၅ နာရီမွ ၇ နာရီခြဲ ​ေလာက္အထိ အ​ေနာက္ဘက္အရပ္ မိုးကုတ္စက္ဝိုင္းအထက္က မိသရာသီထဲမွာ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) အား လမွ ဖုံးကြယ္ျခင္းျဖစ္စဥ္ကို ျမန္မာႏိုင္ငံအပါအဝင္ အ​ေရွ႕​ေတာင္အာရွ ႏိုင္ငံမ်ားနဲ႔ အာရွတိုက္ နဲ႔ အာဖရိကတိုက္ ​ေတာင္ပိုင္း ​ေဒသတို႔မွာ ျမင္​ေတြ႕ရႏိုင္ပါတယ္ (​ေျမပုံ)။

ထို႔အတူပဲ မတ္လ ၁ ရက္ ႏွင့္ ၂ ရက္ ညဦးပိုင္းမွာ ​ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) နဲ႔ ၾကာသပ​ေတးၿဂိဳဟ္ (ဂ်ဴပီတာ) တို႔ မိန္ရာသီအတြင္း ၿဂိဳဟ္စစ္ထိုးျခင္း (နီးကပ္စြာ ျဖတ္သန္းသြားျခင္း) ကိုလည္း ျမင္​ေတြ႕ၾကရမွာပါ။

မတ္လ ၂၁ ရက္ နံနက္ ၃နာရီ ၅၀ မိနစ္မွာ​ေတာ့ ၂၃.၅ ဒီဂရီ အစဥ္ တိမ္း​ေစာင္း​ေနတဲ့ ကမာၻရဲ႕ အီ​ေကြတာမ်ဥ္း​ေၾကာင္း​ေပၚသို႔ ​ေန​ေရာင္ျခည္ဟာ တည့္မတ္စြာက်​ေရာက္ျခင္းျဖင့္ ​ေန႔ ႏွင့္ ည တို႔ အခ်ိန္တူညီစြာ ရွိမည့္ ​”ေႏြကူး​ေန႔ညညီခ်ိန္” သို႔ ​ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ ​ေန​ေရာင္ျခည္ဟာ ျမန္မာႏိုင္ငံရွိတဲ့ အီ​ေကြတာ ​​ေျမာက္ဘက္ျခမ္းကို ဆက္လက္ က်​ေရာက္မွာျဖစ္ၿပီး ပူျပင္း​ေျခာက္​ေသြ႕တဲ့ ​ေႏြဦးရာသီကို ျဖတ္သန္းရ​ေတာ့မွာ ပဲျဖစ္ပါတယ္။

ထိုကဲ့သို႔ အပူခ်ိန္​ တိုက္႐ိုက္ က်​ေရာက္မႈေၾကာင့္ ဘဂၤလားပင္လယ္​ေအာ္နဲ႔ ကပၸလီပင္လယ္တို႔မွာ အပူပိုင္း ​ေလဖိအားနည္းရပ္ဝန္းမွသည္ ဆိုင္ကလုံးမုန္တိုင္းမ်ားအထိ က်​ေရာက္လာႏိုင္​ေသာ​ေၾကာင့္ အသိ၊ သတိတို႔ျဖင့္ ႀကိဳတင္ျပင္ဆင္ ၾကႏိုင္ရန္ ​ေရးသားလိုက္ပါသည္။ အနာဂတ္ပညာ​ေရးအတြက္ အစဥ္တစိုက္ ႀကိဳးစားလ်က္ သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Credit to Blacker

Leave a Comment