ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ အဖြစ်အပျက်တခုကတော့ ရာသီလာနေချိန်မှာ ခေါင်းလျှော်လို့ အသက်ဆုံးရှုံးသွားရတဲ့ မိန်းကလေး တဦးအကြောင်းပဲ ဖြစ်ပါတယ်။ ပို့စ် အပြည့်အစုံကို ဆက်လက် ဖော်ပြလိုက်ပါတယ်-
မိန်းကလေးတွေသတိထားပါ။ မနက်ခင်းစောစောကြားလိုက်ရတဲ့ သတင်းမကောင်းလိုက်တာ။ period time လာနေတာကို ခေါင်းလျှော်မိလို့ သူငယ်ချင်း ဆုံးသွားပြီတဲ့။ မိန်းကလေးတွေ မပေါ့သင့်ပါဘူး တကယ်ဂရုစိုက်ရမယ့်အချိန်ပါ။
ကိုယ်လည်းအမြဲ တစ်ခါလေperiod time လာနေရင် ခေါင်းလျှော်မိတဲ့အခါရှိတယ်။ အခုကြားပြီး လန့်သွားပါပြီ။ နောက်လည်းမလုပ်တော့ဘူး။ နောက်လည်း မနောက်တော့ပါဘူး။ period time လာနေတဲ့ ချိန်ဆိုဘယ်လောက် ခေါင်းအနံ့ထွက်နေနေ မလျှော်ကြပါနဲ့။ တစ်ချက်လေးမှားလုပ်မိတာနဲ့ ဘာမှ မသိလိုက်ပဲ ဖြစ်သွားမှာ စိတ်တွေလည်းညစ်ရပါတယ်။
ဖုန်းဆက်လာလို့ သူငယ်ချင်း ထင်လိုက်တာ၊ သူအမေကငိုပြီး နင့်သူငယ်ချင်းဆုံးပြီ ပြောတော့ ဘာပြန်ပြောရမှန်း မသိ။ ယုံတောင် မယုံဘူး။ မုန့်ဆိုလည်းမုန့်၊ လက်ဆောင်ဆိုလည်း လက်ဆောင်အမြဲ ဝယ်ပေးတဲ့သူငယ်ချင်း ဆုံးတာ။
မနက်ခင်းအစောထဲကပါ။ ၅ ရက်နေ့ဆိုတာက ဒီဘက်ကဆုံးတာနဲ့ သဂြိုလ်မယ့်ရက်ကို ကြိုရေးကြတာပါ။ ၁.၅.၂၀၂၃ (၂)နာရီ သဂြိုလ်မှာပါ။ ကောင်းတဲ့နေရာမှာ အနားယူပါ။ ဂျူးဂျူးရေ နောက်ဘဝရေစက်ရှိရင်ထပ်ဆုံပြီး ဒီဘဝထက် အကြာကြီးနေရအောင်။
အဆိုပါ ပို့စ်ကို လူအများအပြား အထူးသဖြင့် မိန်းကလေး အတော်များများက စိုးရိမ်တကြီးနဲ့ မျှဝေနေကြတာကို တွေ့ရပါတယ်။ အမှန်တကယ်တော့ ရာသီလာချိန် ခေါင်းလျှော်လို့ အသက်ဆုံးရှုံးရတယ်ဆိုတာ ယုံတမ်းတခုပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေအထောက်အထား တခုမှ မရှိပါဘူး။
မျိုးရိုးစဉ်ဆက် အမေကနေ သမီးကိုလက်ဆင့်ကမ်းရင်ကမ်း၊ မဟုတ်ရင်လည်း မိန်းကလေး သူငယ်ချင်း အချင်းချင်း သတိပေးကြတဲ့ ကိစ္စဖြစ်နေပါတယ်။ ရာသီလာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ခေါင်းလျှော်လို့မရ၊ ခေါင်းလျှော်ရင် အအေးပိုမိနိုင်တယ်၊ ဗိုက်ပိုအောင့်နိုင်တယ်ဆိုတာတွေအားလုံးက အယူအဆ အမှားတွေပဲ ဖြစ်ပါတယ်။
ရာသီလာတဲ့ မိန်းကလေးတစ်ယောက်ဟာ ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်တယ်။ ရေချိုးနိုင်တယ်။ ဦးခေါင်းနှင့် မျိုးပွားအင်္ဂါဟာ ဆက်စပ်မှုမရှိပါဘူး။ ခေါင်းလျှော်လိုက်ရင် အပူအပုတ်တွေတောင် ကင်းစင်ပြီး သန့်ရှင်းသွားပါတယ်။
အထက်ပါ ပို့စ်ထဲမှာ ပါတဲ့ မိန်းကလေးက တခြားအကြောင်းတခုကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်နိုင်ပါတယ်။ေ-သဆုံးကြောင်း လက်မှတ်ထုတ်ပေးတဲ့ ဆရာဝန်က ကွယ်လွန်ရတဲ့ အကြောင်းရင်းကို အသိဆုံး ဖြစ်ပါလိမ့်မယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်ဖြစ်စဉ်တခုကို အပြင်က အပူချိန်အပြောင်းအလဲက မည်သို့မျှ သက်ရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။ ယခုခေတ်လို့ ဆေးသိပ္ပံပညာတွေ ထွန်းကားလာချိန်မှာ အစဉ်အဆက် ကမ်းလှမ်းခဲ့တဲ့ အယူအဆ မှားတွေကို စွန့်လွှတ်သင့်ပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။
Zawgyi
ယေန႕ အြန္လိုင္းေပၚမွာ ပ်ံ့ႏွံ႕လာတဲ့ အျဖစ္အပ်က္တခုကေတာ့ ရာသီလာေနခ်ိန္မွာ ေခါင္းေလွ်ာ္လို႔ အသက္ဆုံးရႈံးသြားရတဲ့ မိန္းကေလး တဦးအေၾကာင္းပဲ ျဖစ္ပါတယ္။ ပို႔စ္ အျပည့္အစုံကို ဆက္လက္ ေဖာ္ျပလိုက္ပါတယ္-
မိန္းကေလးေတြသတိထားပါ။ မနက္ခင္းေစာေစာၾကားလိုက္ရတဲ့ သတင္းမေကာင္းလိုက္တာ။ period time လာေနတာကို ေခါင္းေလွ်ာ္မိလို႔ သူငယ္ခ်င္း ဆုံးသြားၿပီတဲ့။ မိန္းကေလးေတြ မေပါ့သင့္ပါဘူး တကယ္ဂ႐ုစိုက္ရမယ့္အခ်ိန္ပါ။
ကိုယ္လည္းအၿမဲ တစ္ခါေလperiod time လာေနရင္ ေခါင္းေလွ်ာ္မိတဲ့အခါရွိတယ္။ အခုၾကားၿပီး လန့္သြားပါၿပီ။ ေနာက္လည္းမလုပ္ေတာ့ဘူး။ ေနာက္လည္း မေနာက္ေတာ့ပါဘူး။ period time လာေနတဲ့ ခ်ိန္ဆိုဘယ္ေလာက္ ေခါင္းအနံ႕ထြက္ေနေန မေလွ်ာ္ၾကပါနဲ႕။ တစ္ခ်က္ေလးမွားလုပ္မိတာနဲ႕ ဘာမွ မသိလိုက္ပဲ ျဖစ္သြားမွာ စိတ္ေတြလည္းညစ္ရပါတယ္။
ဖုန္းဆက္လာလို႔ သူငယ္ခ်င္း ထင္လိုက္တာ၊ သူအေမကငိုၿပီး နင့္သူငယ္ခ်င္းဆုံးၿပီ ေျပာေတာ့ ဘာျပန္ေျပာရမွန္း မသိ။ ယုံေတာင္ မယုံဘူး။ မုန့္ဆိုလည္းမုန့္၊ လက္ေဆာင္ဆိုလည္း လက္ေဆာင္အၿမဲ ဝယ္ေပးတဲ့သူငယ္ခ်င္း ဆုံးတာ။
မနက္ခင္းအေစာထဲကပါ။ ၅ ရက္ေန႕ဆိုတာက ဒီဘက္ကဆုံးတာနဲ႕ သၿဂိဳလ္မယ့္ရက္ကို ႀကိဳေရးၾကတာပါ။ ၁.၅.၂၀၂၃ (၂)နာရီ သၿဂိဳလ္မွာပါ။ ေကာင္းတဲ့ေနရာမွာ အနားယူပါ။ ဂ်ဴးဂ်ဴးေရ ေနာက္ဘဝေရစက္ရွိရင္ထပ္ဆုံၿပီး ဒီဘဝထက္ အၾကာႀကီးေနရေအာင္။
အဆိုပါ ပို႔စ္ကို လူအမ်ားအျပား အထူးသျဖင့္ မိန္းကေလး အေတာ္မ်ားမ်ားက စိုးရိမ္တႀကီးနဲ႕ မွ်ေဝေနၾကတာကို ေတြ႕ရပါတယ္။ အမွန္တကယ္ေတာ့ ရာသီလာခ်ိန္ ေခါင္းေလွ်ာ္လို႔ အသက္ဆုံးရႈံးရတယ္ဆိုတာ ယုံတမ္းတခုပဲ ျဖစ္ပါတယ္။ ဒီလို ျဖစ္နိုင္တယ္ဆိုတာ သိပၸံနည္းက် သက္ေသအေထာက္အထား တခုမွ မရွိပါဘူး။
မ်ိဳးရိုးစဥ္ဆက္ အေမကေန သမီးကိုလက္ဆင့္ကမ္းရင္ကမ္း၊ မဟုတ္ရင္လည္း မိန္းကေလး သူငယ္ခ်င္း အခ်င္းခ်င္း သတိေပးၾကတဲ့ ကိစၥျဖစ္ေနပါတယ္။ ရာသီလာေနတဲ့ မိန္းကေလးတစ္ေယာက္ဟာ ေခါင္းေလွ်ာ္လို႔မရ၊ ေခါင္းေလွ်ာ္ရင္ အေအးပိုမိနိုင္တယ္၊ ဗိုက္ပိုေအာင့္နိုင္တယ္ဆိုတာေတြအားလုံးက အယူအဆ အမွားေတြပဲ ျဖစ္ပါတယ္။
ရာသီလာတဲ့ မိန္းကေလးတစ္ေယာက္ဟာ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္နိုင္တယ္။ ေရခ်ိဳးနိုင္တယ္။ ဦးေခါင္းႏွင့္ မ်ိဳးပြားအဂၤါဟာ ဆက္စပ္မႈမရွိပါဘူး။ ေခါင္းေလွ်ာ္လိုက္ရင္ အပူအပုတ္ေတြေတာင္ ကင္းစင္ၿပီး သန႔္ရွင္းသြားပါတယ္။
အထက္ပါ ပို႔စ္ထဲမွာ ပါတဲ့ မိန္းကေလးက တျခားအေၾကာင္းတခုေၾကာင့္ ကြယ္လြန္ခဲ့တာ ျဖစ္နိုင္ပါတယ္။ေ-သဆုံးေၾကာင္း လက္မွတ္ထုတ္ေပးတဲ့ ဆရာဝန္က ကြယ္လြန္ရတဲ့ အေၾကာင္းရင္းကို အသိဆုံး ျဖစ္ပါလိမ့္မယ္။ ခႏၶာကိုယ္တြင္း ပုံမွန္ျဖစ္စဥ္တခုကို အျပင္က အပူခ်ိန္အေျပာင္းအလဲက မည္သို႔မွ် သက္ေရာက္မႈ ရွိနိုင္မွာ မဟုတ္ပါဘူး။ ယခုေခတ္လို႔ ေဆးသိပၸံပညာေတြ ထြန္းကားလာခ်ိန္မွာ အစဥ္အဆက္ ကမ္းလွမ္းခဲ့တဲ့ အယူအဆ မွားေတြကို စြန႔္လႊတ္သင့္ၿပီ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္ ခင္ဗ်ာ။