ဆရာလင်းညှို့တာရာ ပြန်လည်ဖော်ထုတ်တဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ကပ်ကျော် စမ တံဆိပ်

လယ်တီဆရာတော်ဘုရားကြီး၏ ကပ်ကျော် “ပထရမ စမ” တံဆိပ်၊ “ပထရမ” ၏အဓိပ္ပါယ်မှာ ရှေ့ဦးစွာ သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား၊ ရှေးဦးစွာ တရားထူးတရားမြတ်ကို သိတော်မူသော မြတ်စွာဘုရား လို့ အနက်ရပါ၏။

ပဉ္စ ဗုဒ္ဓါ အရံသီဟိ ထ တွာ နိစ္စံ ဇယံ ဒေန္တု ။ ရ ဝံ သုတွာန မံ သီသေ မ မံ ဇနာဘိ မာ နေ န္တု ။ ပ ထ မ နရ၊ အရဟံ ဘဂဝါ ။

ရှေ့ဆရာများ လွန်စွာအားထားသော ဤ “ပထရမ” စမ သည် အသုံးလွန်စွာ ကျယ်၏။ ဤပထရမ စမပုံအား လက်ကိုင်ဖုန်းများတွင်၎င်း အိမ်အဝင်တံခါးဝများ ကားရှေ့မှန်များ တွင် Print ထုတ်ပြီး ပူဇော်နိုင်သည်။ အန္တရာယ်ကင်းသည် လာဒ်ရွှင်သည်ဟု ရှေးအခါက သဒ္ဓါတရားထက်သန်စွာဖြင့် ယုံကြည်ကြသည်။ ဤစမကို ရေးဆွဲရာမှာ လယ်တီဆရာတော်ကြီးနဲ့ တိုင်ပင်ခဲ့တယ်လို့ ဆိုထားပြီး မြန်မာပြည်အနှံ့ ကပ်ရောဂါဘေးတွေ ကြုံတုန်းက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ပထရမ စမ တံဆိပ်တော် ဖြစ်ပေါ်လာခြင်းအကြောင်း၊ လယ်တီဆရာတော်ဘုရားကြီးသည် ရောဂန္တရဒီပနီကျမ်းကို ရေးသားနေတော်မူစဉ် အလွန် ထူးခြားသော တစ်ကြောင်းဆွဲ အန္တရာယ်ကင်း ပထရမ အက္ခရာ တံဆိပ် ကို ပလိပ်ရောဂါ ကာကွယ်ရာ၌ အသုံးပြုရန် ဆရာရသေ့တစ်ဦးက ညအခါ တိတ်တဆိတ် လာရောက်၍ ကပ်လှူခဲ့ပါသည်။ ဤသို့ ပထရမ တံဆိပ် ထူးကို လယ်တီဆရာတော်ဘုရားကြီး လက်ခံရရှိတော်မူပုံတို့ကို အကြောင်းနှင့် စပ်၍ လယ်တီ ဦးဝဏ္ဏိတ ကိုယ်တော်က အောက်ပါအတိုင်း မှတ်တမ်းတင် ရေးသားထားပါသည်။

ထိုင်းနယ်စပ်တွင်နေထိုင်သော ရသေ့ဆရာသည် ဆရာတော်ဘုရားကြီး ခြေတော်ရင်းသို့ အဖူးအမြော် အကန်တော့ ရောက်ရှိ လာ၏။ ရသေ့ဆရာသည် ဆရာတော်ဘုရားကြီး အား ဤသို့ လျှောက်ထား၏။ ဆရာတော်ဘုရားကြီးသည် ပလိပ်ကပ် ရောဂါကို ကာကွယ်ရန် ရောဂန္တရဒီပနီကျမ်းစာအုပ် စီရင်တော်မူသည်ဟု ကြားသိရပါသည်။ ဆရာတော်ဘုရားကြီး အက္ခရာ (စ-မ) တံဆိပ် လှူဒါန်းပါရစေ ဟုလျှောက်၏။

ဆရာတော်ဘုရားကြီးသည် ဆရာရသေ့ ၏ အက္ခရာ (စ-မ) တံဆိပ် ၏ အကျိုးအသွားနှင့် အကြောင်းအရာ စုံလင်စွာ ပြောပြ စေလိုကြောင်း အမိန့်တော်ရှိရာ ရသေ့ဆရာက – တစ်နေ့သ၌ တပည့်တော် ဆွမ်းခံနေသော တောရွာကလေးမှာ ပလိပ်ကပ်ရောဂါဖြစ်ပါ သည်။ ညဉ့်အခါ အိပ်မက်မြင်မက်သည်မှာ တပည့်တော်၏ ကျောင်းသင်္ခမ်းသို့ ဝတ်ဖြူစင်ကြယ်နှင့် လူဆယ်ယောက်ခန့် တက်လာပါသည်။

အကြီးအမှူးပြုလုပ်သူက တပည့်တော်အားပြောဆိုသည်မှာ ဆရာရသေ့၏ အပေါ်၌ ကျေးဇူးများနေသော ရွာငယ်ကလေး၌ ပလိပ်ရောဂါ ဖြစ်နေသည်ကို အဘယ့်ကြောင့် လျစ်လျူရှုနေသနည်း ဟုပြောဆိုပါသည်။ ထိုအခါ တပည့်တော်က ထိုအန္တရာယ်ကို ဆရာရသေ့ ပျောက်ငြိမ်းအောင် မတတ်နိုင်ပါ ဟုပြန်ပြောပါသည်။ ဒါဖြင့် ထိုအန္တရာယ် ကို ပျောက်ငြိမ်းရန် နည်းကောင်းပေးပါမည်။ ခဲတံ နှင့် စက္ကူပေးပါ ဟုတောင်းရာ တပည့်တော်က တောထဲ၌ ခဲတံ နှင့် စက္ကူ ဘယ်မှာရှိမ လဲ ဟုပြောပါသည်

ထိုအခါ အကြီးအမှူးပြုလုပ်သူက နောက်ပါ လူတစ်ယောက်အား သစ်ရွက်တစ်ခုကို အခူးခိုင်းလုက်ပါသည်။ ကျောင်း ၏ လှေခါးရင်းတွင်ရှိသော ငှက်ပျောရွက်တစ်ရွက်ကို ခူးယူခဲ့ပါသည်။ ၎င်း ငှက်ပျောရွက် ပေါ်တွင် တစ်ကြောင်းဆွဲ အက္ခရာ (ပထရမ စ-မ)တံဆိပ်ကို ရေးဆွဲပြီး အဲဒီ အက္ခရာတံဆိပ်သည် ပလိပ်ကပ်ရောဂါကိုပျောက်ငြိမ်းစေတတ်သည် ဟုပြောပြီး ပျောက်ကွယ် သွားကြပါသည်။

နံနက်မိုးလင်းသောအခါ အနားတွင်ချထားသော ငှက်ပျောရွက်ကိုကြည့်ရှုရာ အက္ခရာ(စ-မ)တံဆိပ် ကိုတွေ့မြင်ရ၍ ထန်းရွက် ပေရွက် စလူရွက် တို့တွင်ရေးပြီး ရေတွင်စိမ်၍ တိုက်ခြင်း ပက်ဖြန်းခြင်း လည်ပင်း၌ ဆွဲထားခြင်း စသည်တို့ကိုပြုလုပ်ရာ နေ့ချင်း ညချင်း ပျောက်ကင်းသွားပါကြောင်း သို့ပါ၍ ဆရာတော်ဘုရားကြီးသည် တစ်နိုင်ငံလုံး၏ ကျေးဇူးရှင်ကြီး ဖြစ်တော်မူသည့်အတိုင်း ဤ အက္ခရာ (စ-မ) တံဆိပ် ကို အသုံးပြုတော်မူပါဘုရား ဟုလျှောက်ကြားသွားပါသည်။

လယ်တီဆရာတော်ဘုရားကြီးသည် ၎င်းအက္ခရာ(စ-မ)တံဆိပ်ကို မီးခြစ်စည်သွပ်ပြားတွင် ရေး၍ လက်ဖွဲ့ပြုလုပ်ပြီးလျှင် ဘုရားရှေ့တော်တွင် ဂုဏ်တော်ကိုးပါး နှင့် ၂၄ ပစ္စည်းတို့ကို ရွတ်ဖတ် မန်းမှုတ်ပြီးလျှင် မိမိထံသို့လာ၍ဖြစ်စေ တရားပွဲများ၌ဖြစ်စေ နွားသား ကျွဲသား ရှောင်ရန် ကတိထားသူတို့ကို ဦးစွာပထမ တစ်လုံးစီချီးမြှင့် တော်မူခဲ့ပါသည်။

မည်သည့်ကပ်ဘေးမှ မဆို လွတ်ကင်းအောင် မေတ္တာဓါတ်ကိုဆောင် သရဏဂုံတည်လို့ ဂုဏ်တော်ပွါး၍ ပဋ္ဌာန်းဒေသနာတော်ပူဇော်ကြပါ နတ်မင်းကြီးများ အထက်ဝိဇ္ဇာဆရာများ သူတော်ကောင်းတို့၏မေတ္တာဓါတ်ကို နေ့စဉ်ခံယူပါ အစားတွေလုစားကြခြင်းထက် လူတိုင်းစိတ်ရင်းနဲ့ မိမိကိုယ်ကိုယ် မေတ္တာပို့ရာကစလို့ တကမ္ဘာလုံး စကြာဝဠာချီ၍ မေတ္တာပို့ခြင်းဖြင့် မြန်မာပြည်အေးချမ်းစွာအောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေ၊ လယ်တီဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်းစမ တံဆိပ်တော်ကိုယုံကြည်စွာဆောင်နိုင်ကြပါစေ၊ ကိုယ်တွင်းတရားတွေကိန်းအောင်းနိုင်ကြပါစေ။ (လင်းညှို့တာရာ)

Credit

Zawgyi

လယ္တီဆရာေတာ္ဘုရားႀကီး၏ ကပ္ေက်ာ္ “ပထရမ စမ” တံဆိပ္၊ “ပထရမ” ၏အဓိပၸါယ္မွာ ေရွ႕ဦးစြာ သစၥာေလးပါးကို သိေတာ္မူေသာ ျမတ္စြာဘုရား၊ ေရွးဦးစြာ တရားထူးတရားျမတ္ကို သိေတာ္မူေသာ ျမတ္စြာဘုရား လို႔ အနက္ရပါ၏။

ပၪၥ ဗုဒၶါ အရံသီဟိ ထ တြာ နိစၥံ ဇယံ ေဒႏၲဳ ။ ရ ဝံ သုတြာန မံ သီေသ မ မံ ဇနာဘိ မာ ေန ႏၲဳ ။ ပ ထ မ နရ၊ အရဟံ ဘဂဝါ ။

ေရွ႕ဆရာမ်ား လြန္စြာအားထားေသာ ဤ “ပထရမ” စမ သည္ အသုံးလြန္စြာ က်ယ္၏။ ဤပထရမ စမပုံအား လက္ကိုင္ဖုန္းမ်ားတြင္၄င္း အိမ္အဝင္တံခါးဝမ်ား ကားေရွ႕မွန္မ်ား တြင္ Print ထုတ္ၿပီး ပူေဇာ္ႏိုင္သည္။ အႏၲရာယ္ကင္းသည္ လာဒ္႐ႊင္သည္ဟု ေရွးအခါက သဒၶါတရားထက္သန္စြာျဖင့္ ယုံၾကည္ၾကသည္။ ဤစမကို ေရးဆြဲရာမွာ လယ္တီဆရာေတာ္ႀကီးနဲ႔ တိုင္ပင္ခဲ့တယ္လို႔ ဆိုထားၿပီး ျမန္မာျပည္အႏွံ႔ ကပ္ေရာဂါေဘးေတြ ႀကဳံတုန္းက အသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။

ပထရမ စမ တံဆိပ္ေတာ္ ျဖစ္ေပၚလာျခင္းအေၾကာင္း၊ လယ္တီဆရာေတာ္ဘုရားႀကီးသည္ ေရာဂႏၲရဒီပနီက်မ္းကို ေရးသားေနေတာ္မူစဥ္ အလြန္ ထူးျခားေသာ တစ္ေၾကာင္းဆြဲ အႏၲရာယ္ကင္း ပထရမ အကၡရာ တံဆိပ္ ကို ပလိပ္ေရာဂါ ကာကြယ္ရာ၌ အသုံးျပဳရန္ ဆရာရေသ့တစ္ဦးက ညအခါ တိတ္တဆိတ္ လာေရာက္၍ ကပ္လႉခဲ့ပါသည္။ ဤသို႔ ပထရမ တံဆိပ္ ထူးကို လယ္တီဆရာေတာ္ဘုရားႀကီး လက္ခံရရွိေတာ္မူပုံတို႔ကို အေၾကာင္းႏွင့္ စပ္၍ လယ္တီ ဦးဝဏၰိတ ကိုယ္ေတာ္က ေအာက္ပါအတိုင္း မွတ္တမ္းတင္ ေရးသားထားပါသည္။

ထိုင္းနယ္စပ္တြင္ေနထိုင္ေသာ ရေသ့ဆရာသည္ ဆရာေတာ္ဘုရားႀကီး ေျခေတာ္ရင္းသို႔ အဖူးအေျမာ္ အကန္ေတာ့ ေရာက္ရွိ လာ၏။ ရေသ့ဆရာသည္ ဆရာေတာ္ဘုရားႀကီး အား ဤသို႔ ေလွ်ာက္ထား၏။ ဆရာေတာ္ဘုရားႀကီးသည္ ပလိပ္ကပ္ ေရာဂါကို ကာကြယ္ရန္ ေရာဂႏၲရဒီပနီက်မ္းစာအုပ္ စီရင္ေတာ္မူသည္ဟု ၾကားသိရပါသည္။ ဆရာေတာ္ဘုရားႀကီး အကၡရာ (စ-မ) တံဆိပ္ လႉဒါန္းပါရေစ ဟုေလွ်ာက္၏။

ဆရာေတာ္ဘုရားႀကီးသည္ ဆရာရေသ့ ၏ အကၡရာ (စ-မ) တံဆိပ္ ၏ အက်ိဳးအသြားႏွင့္ အေၾကာင္းအရာ စုံလင္စြာ ေျပာျပ ေစလိုေၾကာင္း အမိန႔္ေတာ္ရွိရာ ရေသ့ဆရာက – တစ္ေန႔သ၌ တပည့္ေတာ္ ဆြမ္းခံေနေသာ ေတာ႐ြာကေလးမွာ ပလိပ္ကပ္ေရာဂါျဖစ္ပါ သည္။ ညဥ့္အခါ အိပ္မက္ျမင္မက္သည္မွာ တပည့္ေတာ္၏ ေက်ာင္းသခၤမ္းသို႔ ဝတ္ျဖဴစင္ၾကယ္ႏွင့္ လူဆယ္ေယာက္ခန႔္ တက္လာပါသည္။

အႀကီးအမႉးျပဳလုပ္သူက တပည့္ေတာ္အားေျပာဆိုသည္မွာ ဆရာရေသ့၏ အေပၚ၌ ေက်းဇူးမ်ားေနေသာ ႐ြာငယ္ကေလး၌ ပလိပ္ေရာဂါ ျဖစ္ေနသည္ကို အဘယ့္ေၾကာင့္ လ်စ္လ်ဴရႈေနသနည္း ဟုေျပာဆိုပါသည္။ ထိုအခါ တပည့္ေတာ္က ထိုအႏၲရာယ္ကို ဆရာရေသ့ ေပ်ာက္ၿငိမ္းေအာင္ မတတ္ႏိုင္ပါ ဟုျပန္ေျပာပါသည္။ ဒါျဖင့္ ထိုအႏၲရာယ္ ကို ေပ်ာက္ၿငိမ္းရန္ နည္းေကာင္းေပးပါမည္။ ခဲတံ ႏွင့္ စကၠဴေပးပါ ဟုေတာင္းရာ တပည့္ေတာ္က ေတာထဲ၌ ခဲတံ ႏွင့္ စကၠဴ ဘယ္မွာရွိမ လဲ ဟုေျပာပါသည္

ထိုအခါ အႀကီးအမႉးျပဳလုပ္သူက ေနာက္ပါ လူတစ္ေယာက္အား သစ္႐ြက္တစ္ခုကို အခူးခိုင္းလုက္ပါသည္။ ေက်ာင္း ၏ ေလွခါးရင္းတြင္ရွိေသာ ငွက္ေပ်ာ႐ြက္တစ္႐ြက္ကို ခူးယူခဲ့ပါသည္။ ၎ ငွက္ေပ်ာ႐ြက္ ေပၚတြင္ တစ္ေၾကာင္းဆြဲ အကၡရာ (ပထရမ စ-မ)တံဆိပ္ကို ေရးဆြဲၿပီး အဲဒီ အကၡရာတံဆိပ္သည္ ပလိပ္ကပ္ေရာဂါကိုေပ်ာက္ၿငိမ္းေစတတ္သည္ ဟုေျပာၿပီး ေပ်ာက္ကြယ္ သြားၾကပါသည္။

နံနက္မိုးလင္းေသာအခါ အနားတြင္ခ်ထားေသာ ငွက္ေပ်ာ႐ြက္ကိုၾကည့္ရႈရာ အကၡရာ(စ-မ)တံဆိပ္ ကိုေတြ႕ျမင္ရ၍ ထန္း႐ြက္ ေပ႐ြက္ စလူ႐ြက္ တို႔တြင္ေရးၿပီး ေရတြင္စိမ္၍ တိုက္ျခင္း ပက္ျဖန္းျခင္း လည္ပင္း၌ ဆြဲထားျခင္း စသည္တို႔ကိုျပဳလုပ္ရာ ေန႔ခ်င္း ညခ်င္း ေပ်ာက္ကင္းသြားပါေၾကာင္း သို႔ပါ၍ ဆရာေတာ္ဘုရားႀကီးသည္ တစ္ႏိုင္ငံလုံး၏ ေက်းဇူးရွင္ႀကီး ျဖစ္ေတာ္မူသည့္အတိုင္း ဤ အကၡရာ (စ-မ) တံဆိပ္ ကို အသုံးျပဳေတာ္မူပါဘုရား ဟုေလွ်ာက္ၾကားသြားပါသည္။

လယ္တီဆရာေတာ္ဘုရားႀကီးသည္ ၎အကၡရာ(စ-မ)တံဆိပ္ကို မီးျခစ္စည္သြပ္ျပားတြင္ ေရး၍ လက္ဖြဲ႕ျပဳလုပ္ၿပီးလွ်င္ ဘုရားေရွ႕ေတာ္တြင္ ဂုဏ္ေတာ္ကိုးပါး ႏွင့္ ၂၄ ပစၥည္းတို႔ကို ႐ြတ္ဖတ္ မန္းမႈတ္ၿပီးလွ်င္ မိမိထံသို႔လာ၍ျဖစ္ေစ တရားပြဲမ်ား၌ျဖစ္ေစ ႏြားသား ကြၽဲသား ေရွာင္ရန္ ကတိထားသူတို႔ကို ဦးစြာပထမ တစ္လုံးစီခ်ီးျမႇင့္ ေတာ္မူခဲ့ပါသည္။

မည္သည့္ကပ္ေဘးမွ မဆို လြတ္ကင္းေအာင္ ေမတၱာဓါတ္ကိုေဆာင္ သရဏဂုံတည္လို႔ ဂုဏ္ေတာ္ပြါး၍ ပ႒ာန္းေဒသနာေတာ္ပူေဇာ္ၾကပါ နတ္မင္းႀကီးမ်ား အထက္ဝိဇၨာဆရာမ်ား သူေတာ္ေကာင္းတို႔၏ေမတၱာဓါတ္ကို ေန႔စဥ္ခံယူပါ အစားေတြလုစားၾကျခင္းထက္ လူတိုင္းစိတ္ရင္းနဲ႔ မိမိကိုယ္ကိုယ္ ေမတၱာပို႔ရာကစလို႔ တကမာၻလုံး စၾကာဝဠာခ်ီ၍ ေမတၱာပို႔ျခင္းျဖင့္ ျမန္မာျပည္ေအးခ်မ္းစြာေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ၾကပါေစ၊ လယ္တီဆရာေတာ္ဘုရားႀကီး၏ အႏၲရာယ္ကင္းစမ တံဆိပ္ေတာ္ကိုယုံၾကည္စြာေဆာင္ႏိုင္ၾကပါေစ၊ ကိုယ္တြင္းတရားေတြကိန္းေအာင္းႏိုင္ၾကပါေစ။ (လင္းညႇိဳ႕တာရာ)

Credit

Leave a Comment