လွယ်ကူပြီး အရသာရှိတဲ့ရေခဲချောင်းလုပ်နည်း 🍨🧁🍦
ပူပြင်းတဲ့ နွေရာသီဥတု တဖြည်းဖြည်း ရောက်လာပြီဆိုတော့ အိမ်မှာ ကိုယ်ကြိုက်နှစ်သက်သောရေခဲချောင်းလုပ်နည်းတွေကို မျှဝေပေးမယ်။ မိမိအားလပ်ရက်မှာတွင် လုပ်စားနိုင်ပါတယ်။
1, သီးစုံ ရေခဲချောင်းလုပ်နည်း
အရင်ဆုံး မိမိကြိုက်နှစ်သက်သော သစ်သီးကို အခွန်ခွာပြီး အတုံးတုံးလေးလုပ်ပါ။
ရေသန့် တစ်ပန်းကန်ထည့်ပြီး အထဲကို သကြားဖြူရော ထည့်လိုက်ပါ။ (အချိုကတော့ ကိုယ်နှစ်သက် သလိုထည့်နိုင်ပါတယ်။)
သစ်သီးကို ကြိတ်ဖို့ သက်သက်တစ်ခုလုပ်ပြီး ကြိတ်ပါ။
ပြီးတော့ သစ်သီးကို အတုံးလုပ်ထားတာကို သစ်သီးအရည်နှင့် ရောပြီး ရေခဲချောင်းလုပ်တဲ့ Mold ထဲထည့်လိုက်ပါ။
နောက်ဆုံးမှာ ရောခဲသေတ္တာထဲသို့ ခဲသွားအောင် ထည့်လိုက်ပါ။
2, နွားနို့ ရေခဲချောင်း
နွားနို့ကို အိုးထဲထည့်ပြီး ကောက်ညှင်းမှုန့်နှင့် သကြားထဲပြီး ချက်လိုက်ပါ။
ချက်သည့် အခါလည်း ကောက်ညှင်းမှုန့်ကို လုံံးမသွားအောင် မွှေပေးပါ။
နွားနို့ဆူလာရင်လည်း မီးကိုချက်ချင်း မပိတ်လိုက်ပါနဲ့။ ၂မှ၃မိနစ်အတွင်း မွေပြီးမှသာပိတ်ပါ။
နွားနို့ကို ရေခဲချောင်း မှိုထဲသို့ထည့်ပြီး ရေခဲသေတ္တာသို့ ၄နာရီခန့် အအေးခံပေးပါ။
ရေခဲချောင်းကို ရေခဲသေတ္တာမှ ထုပ်ပြီး ရေခဲချောင်း Mold ကနေခနထားပြီး ရေခဲချောင်းကိုထုပ်ပါ။ (နွားနို့ထဲကို ကောက်ညှင်းမှုန့် ထည့်ရောလိုက်ရင် အရမ်းကို စားကောင်းပါတယ်။)
3,သရက်သီး ရေခဲချောင်း
(လုပ်နည်းနှစ်နည်းရှိတယ်) သရက်သီးကို အခွန်ခွာပြီး အတုံတုံး လုပ်ပြီးတော့မှ ဘာမှမရောထားသော ဒိန်ချဉ်ထဲသို့ ထည့်ရောပြီး ရေခဲချောင်း မှိုထဲသို့ထည့်ပြီး ရေခဲသေတ္တာထဲသို့ အအေးခံလိုက်ပါ။
နောက်တစ်နည်းကတော့ သရက်သီးကို အခွန်ခွာပြီး ကြိတ်စက်နှင့် ကြိတ်ပြီး ဒိန်ချဉ်ထဲသို့ ထည့်ရောလိုက်ပြီး ရေခဲချောင်း မှိုထဲသို့ပြီး ရေခဲ သေတ္တာထဲ ထည့်လိုက်ပါ။
အားလုံးပဲ အားလပ်ချိန် စမ်းလုပ်နိုင်ပါတယ်။
Credit DIY
Zawgyi
လြယ္ကူၿပီး အရသာရွိတဲ့ေရခဲေခ်ာင္းလုပ္နည္း 🍨🧁🍦
ပူျပင္းတဲ့ ေႏြရာသီဥတု တျဖည္းျဖည္း ေရာက္လာၿပီဆိုေတာ့ အိမ္မွာ ကိုယ္ႀကိဳက္ႏွစ္သက္ေသာေရခဲေခ်ာင္းလုပ္နည္းေတြကို မွ်ေဝေပးမယ္။ မိမိအားလပ္ရက္မွာတြင္ လုပ္စားႏိုင္ပါတယ္။
1, သီးစုံ ေရခဲေခ်ာင္းလုပ္နည္း
အရင္ဆုံး မိမိႀကိဳက္ႏွစ္သက္ေသာ သစ္သီးကို အခြန္ခြာၿပီး အတုံးတုံးေလးလုပ္ပါ။
ေရသန္႔ တစ္ပန္းကန္ထည့္ၿပီး အထဲကို သၾကားျဖဴေရာ ထည့္လိုက္ပါ။ (အခ်ိဳကေတာ့ ကိုယ္ႏွစ္သက္ သလိုထည့္ႏိုင္ပါတယ္။)
သစ္သီးကို ႀကိတ္ဖို႔ သက္သက္တစ္ခုလုပ္ၿပီး ႀကိတ္ပါ။
ၿပီးေတာ့ သစ္သီးကို အတုံးလုပ္ထားတာကို သစ္သီးအရည္ႏွင့္ ေရာၿပီး ေရခဲေခ်ာင္းလုပ္တဲ့ Mold ထဲထည့္လိုက္ပါ။
ေနာက္ဆုံးမွာ ေရာခဲေသတၱာထဲသို႔ ခဲသြားေအာင္ ထည့္လိုက္ပါ။
2, ႏြားႏို႔ ေရခဲေခ်ာင္း
ႏြားႏို႔ကို အိုးထဲထည့္ၿပီး ေကာက္ညႇင္းမႈန္႔ႏွင့္ သၾကားထဲၿပီး ခ်က္လိုက္ပါ။
ခ်က္သည့္ အခါလည္း ေကာက္ညႇင္းမႈန္႔ကို လုံံးမသြားေအာင္ ေမႊေပးပါ။
ႏြားႏို႔ဆူလာရင္လည္း မီးကိုခ်က္ခ်င္း မပိတ္လိုက္ပါနဲ႔။ ၂မွ၃မိနစ္အတြင္း ေမြၿပီးမွသာပိတ္ပါ။
ႏြားႏို႔ကို ေရခဲေခ်ာင္း မႈိထဲသို႔ထည့္ၿပီး ေရခဲေသတၱာသို႔ ၄နာရီခန္႔ အေအးခံေပးပါ။
ေရခဲေခ်ာင္းကို ေရခဲေသတၱာမွ ထုပ္ၿပီး ေရခဲေခ်ာင္း Mold ကေနခနထားၿပီး ေရခဲေခ်ာင္းကိုထုပ္ပါ။ (ႏြားႏို႔ထဲကို ေကာက္ညႇင္းမႈန္႔ ထည့္ေရာလိုက္ရင္ အရမ္းကို စားေကာင္းပါတယ္။)
3,သရက္သီး ေရခဲေခ်ာင္း
(လုပ္နည္းႏွစ္နည္းရွိတယ္) သရက္သီးကို အခြန္ခြာၿပီး အတုံတုံး လုပ္ၿပီးေတာ့မွ ဘာမွမေရာထားေသာ ဒိန္ခ်ဥ္ထဲသို႔ ထည့္ေရာၿပီး ေရခဲေခ်ာင္း မႈိထဲသို႔ထည့္ၿပီး ေရခဲေသတၱာထဲသို႔ အေအးခံလိုက္ပါ။
ေနာက္တစ္နည္းကေတာ့ သရက္သီးကို အခြန္ခြာၿပီး ႀကိတ္စက္ႏွင့္ ႀကိတ္ၿပီး ဒိန္ခ်ဥ္ထဲသို႔ ထည့္ေရာလိုက္ၿပီး ေရခဲေခ်ာင္း မႈိထဲသို႔ၿပီး ေရခဲ ေသတၱာထဲ ထည့္လိုက္ပါ။
အားလုံးပဲ အားလပ္ခ်ိန္ စမ္းလုပ္ႏိုင္ပါတယ္။
Credit DIY