“သားမက် (၃)ယောက်ရဲ့ အချစ်ကို စမ်းသပ်မိတဲ့ ယောက္ခမကြီးရဲ့ အဖြစ်”

တစ်ခါက… သူဌေးကတော်တွင် သမက်သုံးယောက်ရှိလေသည်။

သူဌေးကတော်ကြီးက စဉ်းစားသည်… မိမိအပေါ် သမက်တွေ ဘယ်လိုသဘောထားသနည်း ဆိုသည်ကို စမ်းသပ်ရန် သူဌေးကတော် ဆုံးဖြတ်လိုက်သည်။

တစ်နေ့မှာ… အကြီးဆုံးသမက်(သ္မီးကြီး၏ယောက်ျား)ဖြတ်သွားချိန်နှင့်ကိုက်လျှက် တံတားအောက်ရှိုမြစ်ထဲသို့ ခုန်ချလိုက်သည်။“ကယ်ကြပါဦး”ကယ်ကြပါဦး”ဟု အသံကုန်အော်သည်။ချက်ချင်းဆိုသလို သမက်ကြီး ရေထဲခုန်ဆင်းပြီး ယောက္ခမကို ကယ်တင်ခဲ့သည်။

နောက်တစ်နေ့မနက် အိပ်ယာကနိုး၍ ပြတင်းပေါက်က ကြည့်လိုက်သောအခါ အိမ်အောက်တွင် အိမ်စီးကာအသစ် တစ်စီးဆိုက်ထားသည်ကို သမက်ဖြစ်သူ တွေ့လိုက်ရသည်။ကားရှေ့မှန်ပေါ်တွင် စာတိုလေးတစ်စောင်ကိုလည်း တွေ့ရသည်။

ဤကာ…“အချစ်ဆုံး သမက်အတွက် ကျေးဇူးတင်ပါသော ယောက္ခမ(အမေ)၏ လက်ဆောင်”

နောက်တစ်ရက်တွင် ယခင်နည်းလမ်းအတိုင်း သမက် အလတ်ကို စမ်းသပ်ပြန်သည် သမက်အလတ်လဲ ရေထဲခုန်ဆင်းပြီး ယောက္ခမကို ကယ်သည်။နောက်နေ့မနက်တွင် မော်တော်ဆိုင်ကယ် အသစ်တစ်စီးနှင့် စာတိုတစ်စောင်ကို တွေ့ရသည်။

“ချစ်ရပါသော သမက်အလတ်တွက် ကျေးဇူးတင်ပါသော ယောက္ခမ(အမေ)၏ လက်ဆောင်”ဟု ရေးထားသည်။

အငယ်ဆုံး သမက်ပဲ ကျန်တော့သည် သူကိုလည်း ယ္ခင်နည်းအတိုင်း စမ်းသပ်ရန် သူဌေးကတော် ဆုံးဖြတ်လိုက်သည်။သမက်ငယ်ဖြစ်သူ ဖြတ်သွားချိန်တွင် မြစ်ထဲခုန်ချလိုက်သည်။“ကယ်ပါဦး”ကယ်ကြပါဦး”ဟု အော်သည်။

ယောက္ခမ၏ အော်သံကိုကြားသောအခါ အငယ်ဆုံးသမက် စဉ်းစားသည်။အကြီးဆုံးသမက်ကို ကားအသစ်တစ်စီးနဲ့ သူမ ကျေးဇူးဆပ်တယ်…သမက်အလတ်ကို မော်တော်ဆိုင်ကယ် ပေးတယ်…

ငါ့ကို စက်ဘီးပဲ ပေးလိုက်လိမ့်မယ် ဒီစက်ဘီးအတွက်နဲ့ ဆောင်းတွင်းကြီး ရေခဲရေထဲကို ငါ… ဘာလို့ခုန်ဆင်းရမှာလဲ… အဆုတ်အအေးမိသွားရင် ဒုက္ခ…ဟုတွေးကာ…အငယ်ဆုံးသမက် ဆင်းမကယ်ချေ ယောက္ခမလည်း ရေနစ်ပြီးသေသွား၏။

နောက်တစ်နေ့မနက် အိပ်ရာကနိုး၍ ကြည့်လိုက်သောအခါ…အိမ်ရှေ့တွင် မာစီးဒီး ကားသစ်တစ်စီး ဆိုက်ထားသည်ကို အငယ်ဆုံးသမက် တွေ့လိုက်ရသည်။ကားပေါ်မှာ ရေးထားသော စာတိုမှာ အောက်ပါအတိုင်း ဖြစ်တော့လေသတည်း…..

“ချစ်ရပါသော သမက်အတွက် ကျေးဇူးအထူး တင်ရှိသော ယောက္ခမ(အဖေ)၏ လက်ဆောင်တဲ့…

(ဉာဏ်ကောင်းးးဖို့ လိုတယ်ယေ)#𝐂𝐫e𝐝𝐢t

လေးစားစွာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်။

Zawgyi

တစ္ခါက… သူေဌးကေတာ္တြင္ သမက္သုံးေယာက္ရွိေလသည္။

သူေဌးကေတာ္ႀကီးက စဥ္းစားသည္… မိမိအေပၚ သမက္ေတြ ဘယ္လိုသေဘာထားသနည္း ဆိုသည္ကို စမ္းသပ္ရန္ သူေဌးကေတာ္ ဆုံးျဖတ္လိုက္သည္။

တစ္ေန႔မွာ… အႀကီးဆုံးသမက္(သၼီးႀကီး၏ေယာက္်ား)ျဖတ္သြားခ်ိန္ႏွင့္ကိုက္လွ်က္ တံတားေအာက္ရႈိျမစ္ထဲသို႔ ခုန္ခ်လိုက္သည္။“ကယ္ၾကပါဦး”ကယ္ၾကပါဦး”ဟု အသံကုန္ေအာ္သည္။ခ်က္ခ်င္းဆိုသလို သမက္ႀကီး ေရထဲခုန္ဆင္းၿပီး ေယာကၡမကို ကယ္တင္ခဲ့သည္။

ေနာက္တစ္ေန႔မနက္ အိပ္ယာကႏိုး၍ ျပတင္းေပါက္က ၾကည့္လိုက္ေသာအခါ အိမ္ေအာက္တြင္ အိမ္စီးကာအသစ္ တစ္စီးဆိုက္ထားသည္ကို သမက္ျဖစ္သူ ေတြ႕လိုက္ရသည္။ကားေရွ႕မွန္ေပၚတြင္ စာတိုေလးတစ္ေစာင္ကိုလည္း ေတြ႕ရသည္။

ဤကာ…“အခ်စ္ဆုံး သမက္အတြက္ ေက်းဇူးတင္ပါေသာ ေယာကၡမ(အေမ)၏ လက္ေဆာင္”

ေနာက္တစ္ရက္တြင္ ယခင္နည္းလမ္းအတိုင္း သမက္ အလတ္ကို စမ္းသပ္ျပန္သည္ သမက္အလတ္လဲ ေရထဲခုန္ဆင္းၿပီး ေယာကၡမကို ကယ္သည္။ေနာက္ေန႔မနက္တြင္ ေမာ္ေတာ္ဆိုင္ကယ္ အသစ္တစ္စီးႏွင့္ စာတိုတစ္ေစာင္ကို ေတြ႕ရသည္။

“ခ်စ္ရပါေသာ သမက္အလတ္တြက္ ေက်းဇူးတင္ပါေသာ ေယာကၡမ(အေမ)၏ လက္ေဆာင္”ဟု ေရးထားသည္။

အငယ္ဆုံး သမက္ပဲ က်န္ေတာ့သည္ သူကိုလည္း ယၡင္နည္းအတိုင္း စမ္းသပ္ရန္ သူေဌးကေတာ္ ဆုံးျဖတ္လိုက္သည္။သမက္ငယ္ျဖစ္သူ ျဖတ္သြားခ်ိန္တြင္ ျမစ္ထဲခုန္ခ်လိုက္သည္။“ကယ္ပါဦး”ကယ္ၾကပါဦး”ဟု ေအာ္သည္။

ေယာကၡမ၏ ေအာ္သံကိုၾကားေသာအခါ အငယ္ဆုံးသမက္ စဥ္းစားသည္။အႀကီးဆုံးသမက္ကို ကားအသစ္တစ္စီးနဲ႔ သူမ ေက်းဇူးဆပ္တယ္…သမက္အလတ္ကို ေမာ္ေတာ္ဆိုင္ကယ္ ေပးတယ္…

ငါ့ကို စက္ဘီးပဲ ေပးလိုက္လိမ့္မယ္ ဒီစက္ဘီးအတြက္နဲ႔ ေဆာင္းတြင္းႀကီး ေရခဲေရထဲကို ငါ… ဘာလို႔ခုန္ဆင္းရမွာလဲ… အဆုတ္အေအးမိသြားရင္ ဒုကၡ…ဟုေတြးကာ…အငယ္ဆုံးသမက္ ဆင္းမကယ္ေခ် ေယာကၡမလည္း ေရနစ္ၿပီးေသသြား၏။

ေနာက္တစ္ေန႔မနက္ အိပ္ရာကႏိုး၍ ၾကည့္လိုက္ေသာအခါ…အိမ္ေရွ႕တြင္ မာစီးဒီး ကားသစ္တစ္စီး ဆိုက္ထားသည္ကို အငယ္ဆုံးသမက္ ေတြ႕လိုက္ရသည္။ကားေပၚမွာ ေရးထားေသာ စာတိုမွာ ေအာက္ပါအတိုင္း ျဖစ္ေတာ့ေလသတည္း…..

“ခ်စ္ရပါေသာ သမက္အတြက္ ေက်းဇူးအထူး တင္ရွိေသာ ေယာကၡမ(အေဖ)၏ လက္ေဆာင္တဲ့…

(ဥာဏ္ေကာင္းးးဖို႔ လိုတယ္ေယ)#𝐂𝐫e𝐝𝐢t

ေလးစားစြာျဖင့္တဆင့္ျပန္လည္ မွ်ေဝေပးပါသည္။

Leave a Comment