လာမည့်ရက်ပိုင်းအတွင်း မိုးသက်လေပြင်း အထူးသတိပြုရမည့် ဒေသများ…

လာမည့်ရက်ပိုင်းအတွင်း မိုးသက်လေပြင်း အထူးသတိပြုရမည့် ဒေသများ…

လာမည့်တနင်္လာနေ့၌ အရှေ့ဘက်မှဝင်ရောက်လာမည့် လေပွေလှိုင်းကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းနှင့်ရုတ်တရက်စောင့်တိုက်သည့် လေပြင်းများဒဏ်ကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကြုံတွေ့ နိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက အသီးသီးသတိပေးထားကြသည်။

ကာလတိုရာသီဥတုခန့်မှန်းချက်များကို ဖော်ပြပေးနေသည့် ECMWF Model ၏ ကြိုတင်ခန့်မှန်းချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ (၁၃) မြို့တွင် မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများကို လာမည့်တနင်္လာနေ့ မတ်လ (၁၃) ရက်နေ့ညနေပိုင်းတွင် ကြုံတွေ့ရမည်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ကောင်းကင်တွင် မိုးတိမ်တောင်ကြီးများဖြစ်ပေါ်လာမည့် အခြေအနေကိုလည်း သတိထားစောင့်ကြည့်သင့်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က သတိပေးထားသည်။

ရုတ်တရက်ဆောင့်တိုက်သည့် လေပြင်းများကို ကြုံတွေ့ရနိုင်သည့် မြို့နယ်များမှာ ရွှေဘို၊ ဝက်လက်၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ကျောက်ဆည်၊ နွားထိုးကြီး၊ မြင်းခြံ၊ မြင်းမူ၊ မလှိုင်၊ ဝမ်းတွင်း၊ တောင်သာနှင့် ရေစကြိုမြို့နယ်တို့တွင်ဖြစ်သည်ဟု ၎င်းဆိုသည်။

မိုးသက်လေပြင်းကျရောက်စဉ် တစ်နာရီ (၁၅) မိုင်နှုန်းဖြင့်တိုက်ခတ်နေသည့် လေပြင်းက ရုတ်တရက် တစ်နာရီ မိုင် (၅၀) အထိတိုက်သွားနိုင်ကြောင်းလည်း ဦးဝင်းနိုင်က သတိပေးထားသည်။

အရှေ့မြောက်ဘက်ရှိ လေဖိအားများရပ်ဝန်းကြီးနှင့် လေပွေလှိုင်းများ ရွေ့လျားဝင်ရောက်လာမည့် အခြေအနေကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့၌ မတ်လ (၁၂) ရက်မှ (၁၄) ရက်အထိ အချိန်အခါမဟုတ် မိုး ရွာသွန်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက ခန့်မှန်းထားကြသည်။

အရှေ့မြောက်ဘက်ရှိ မိုးတိမ်တိုက်များသည် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့အရှေ့တောင်ဒေသမှ ဝင်ရောက်လာမည်ဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို မတ်လ (၁၂) ရက်၊ ညနေ (၆) နာရီအချိန်တွင် တိမ်အမြင့်များ စတင်ဝင်ရောက်လာနိုင်ပြီး အဆိုပါတိမ်များသည် မတ်လ (၁၃) ရက်၊ နံနက် (၃) နာရီအချိန်တွင် တိမ်အနိမ့် အဖြစ်ပြောင်းလဲကာ နံနက် (၆) နာရီအချိန်တွင် ငွေ့ရည်ဖွဲ့၍ မိုးစတင်ရွာသွန်းမည်ဖြစ်ကြောင်းလည်း မိုးလေဝသခန့်မှန်းသူများက ရေးသားထားကြသည်။ Crd-

Zawgyi

လာမည့္ရက္ပိုင္းအတြင္း မိုးသက္ေလျပင္း အထူးသတိျပဳရမည့္ ေဒသမ်ား…

လာမည့္တနလၤာေန႔၌ အေရွ႕ဘက္မွဝင္ေရာက္လာမည့္ ေလေပြလႈိင္းေၾကာင့္ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းျခင္းႏွင့္႐ုတ္တရက္ေစာင့္တိုက္သည့္ ေလျပင္းမ်ားဒဏ္ကို မႏၲေလးတိုင္းႏွင့္ စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ႀကဳံေတြ႕ ႏိုင္ေၾကာင္း မိုးေလဝသခန႔္မွန္းသူမ်ားက အသီးသီးသတိေပးထားၾကသည္။

ကာလတိုရာသီဥတုခန႔္မွန္းခ်က္မ်ားကို ေဖာ္ျပေပးေနသည့္ ECMWF Model ၏ ႀကိဳတင္ခန႔္မွန္းခ်က္အရ မႏၲေလးတိုင္းႏွင့္ စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕ (၁၃) ၿမိဳ႕တြင္ မိုးႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ားကို လာမည့္တနလၤာေန႔ မတ္လ (၁၃) ရက္ေန႔ညေနပိုင္းတြင္ ႀကဳံေတြ႕ရမည္ျဖစ္သည္ဟု ဆိုသည္။

ထို႔ေၾကာင့္ ေကာင္းကင္တြင္ မိုးတိမ္ေတာင္ႀကီးမ်ားျဖစ္ေပၚလာမည့္ အေျခအေနကိုလည္း သတိထားေစာင့္ၾကည့္သင့္ေၾကာင္း မိုးေလဝသခန႔္မွန္းသူ ဦးဝင္းႏိုင္က သတိေပးထားသည္။

႐ုတ္တရက္ေဆာင့္တိုက္သည့္ ေလျပင္းမ်ားကို ႀကဳံေတြ႕ရႏိုင္သည့္ ၿမိဳ႕နယ္မ်ားမွာ ေ႐ႊဘို၊ ဝက္လက္၊ မႏၲေလး၊ တံတားဦး၊ ျမစ္သား၊ ေက်ာက္ဆည္၊ ႏြားထိုးႀကီး၊ ျမင္းၿခံ၊ ျမင္းမူ၊ မလႈိင္၊ ဝမ္းတြင္း၊ ေတာင္သာႏွင့္ ေရစႀကိဳၿမိဳ႕နယ္တို႔တြင္ျဖစ္သည္ဟု ၎ဆိုသည္။

မိုးသက္ေလျပင္းက်ေရာက္စဥ္ တစ္နာရီ (၁၅) မိုင္ႏႈန္းျဖင့္တိုက္ခတ္ေနသည့္ ေလျပင္းက ႐ုတ္တရက္ တစ္နာရီ မိုင္ (၅၀) အထိတိုက္သြားႏိုင္ေၾကာင္းလည္း ဦးဝင္းႏိုင္က သတိေပးထားသည္။

အေရွ႕ေျမာက္ဘက္ရွိ ေလဖိအားမ်ားရပ္ဝန္းႀကီးႏွင့္ ေလေပြလႈိင္းမ်ား ေ႐ြ႕လ်ားဝင္ေရာက္လာမည့္ အေျခအေနေၾကာင့္လည္း ျမန္မာႏိုင္ငံအတြင္းရွိ ေဒသအခ်ိဳ႕၌ မတ္လ (၁၂) ရက္မွ (၁၄) ရက္အထိ အခ်ိန္အခါမဟုတ္ မိုး ႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသခန္႔မွန္းသူမ်ားက ခန႔္မွန္းထားၾကသည္။

အေရွ႕ေျမာက္ဘက္ရွိ မိုးတိမ္တိုက္မ်ားသည္ လာအိုႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ကို ျဖတ္ေက်ာ္ကာ ျမန္မာႏိုင္ငံအတြင္းသို႔အေရွ႕ေတာင္ေဒသမွ ဝင္ေရာက္လာမည္ျဖစ္ၿပီး တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္ မႏၲေလးတိုင္းေဒသအခ်ိဳ႕တြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းသို မတ္လ (၁၂) ရက္၊ ညေန (၆) နာရီအခ်ိန္တြင္ တိမ္အျမင့္မ်ား စတင္ဝင္ေရာက္လာႏိုင္ၿပီး အဆိုပါတိမ္မ်ားသည္ မတ္လ (၁၃) ရက္၊ နံနက္ (၃) နာရီအခ်ိန္တြင္ တိမ္အနိမ့္ အျဖစ္ေျပာင္းလဲကာ နံနက္ (၆) နာရီအခ်ိန္တြင္ ေငြ႕ရည္ဖြဲ႕၍ မိုးစတင္႐ြာသြန္းမည္ျဖစ္ေၾကာင္းလည္း မိုးေလဝသခန႔္မွန္းသူမ်ားက ေရးသားထားၾကသည္။ Crd-

Leave a Comment