မြန်မာနိုင်ငံအတွင်းက ရာဇဝတ်မှု လုံးဝမရှိတဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ ကရင်ရွာကလေး…

မြန်မာနိုင်ငံအတွင်းက ရာဇဝတ်မှု လုံးဝမရှိတဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ ကရင်ရွာကလေး…

လူတိုင်း ခရီးသွားကြပါတယ်။ ဒါပေမယ့် …ဒီနေရာကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိ / ရပ်ကွက် အုပ်ချုပ်ရေးမှူး မရှိ၊ တည်ငြိမ် အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ။

ပိုပြီး ထူးခြားတဲ့ အချက်တွေက အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ, မခတ်ထားတာပါပဲ။

သူခိုး /ဓားပြလည်း မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင်ဆိုပြီး ခံယူထားကြပါတယ်။

နောက်ပြီး ရွာအတွင်း စီးပွားရေးလုပ်ခွင့် မရှိတာပါပဲ။ ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ၊

စီးပွားရေးကိုတော့ ရွာအပြင်မှာပဲ ထွက်ပြီး စီးပွားရှာကြပါတယ်။

မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့။

ဒီရွာရဲ့ အထူးနာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်းပါပဲ။

ကရင်လူမျိုးတွေ၊ မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့ ရွာလေး တစ်ရွာလည်း ဖြစ်ပါတယ်။

ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့ တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ်။

ရွာအတွင်းက လူတွေဟာလည်း ရိုးသား ဖြူ စင်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် ကူညီရိုင်းပင်းရင်း မိမိရွာကို ထိန်းသိမ်း စောက်ရှောက်နေကြတာပဲ ဖြစ်ပါတယ်။

အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧကအနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့

ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင် တောင်ခြေမှာ တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။

Credit ‘ peter SutNau

Zawgyi

ျမန္မာႏိုင္ငံအတြင္းက ရာဇဝတ္မႈ လုံးဝမရွိတဲ့ ေပ်ာက္ဆုံးေနတဲ့ နိဗၺာန္ဘုံ ကရင္႐ြာကေလး…

လူတိုင္း ခရီးသြားၾကပါတယ္။ ဒါေပမယ့္ …ဒီေနရာကိုေတာ့ ေရာက္ဖူးသူ နည္းၾကမွာပါ။

ျမန္မာႏိုင္ငံမွာ ရာဇဝတ္မႈ မရွိ / ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး မရွိ၊ တည္ၿငိမ္ ေအးခ်မ္းတဲ့ ႐ြာေလးတစ္႐ြာ ရွိတယ္ဆိုရင္ အံဩမိၾကမွာပါ။

ပိုၿပီး ထူးျခားတဲ့ အခ်က္ေတြက အိမ္တိုင္းမွာ ၿခံစည္း႐ိုး မရွိ, မခတ္ထားတာပါပဲ။

သူခိုး /ဓားျပလည္း မရွိပါဘူး။ ကိုယ္ကိုယ္တိုင္က ကိုယ့္႐ြာရဲ႕ ေခါင္းေဆာင္ဆိုၿပီး ခံယူထားၾကပါတယ္။

ေနာက္ၿပီး ႐ြာအတြင္း စီးပြားေရးလုပ္ခြင့္ မရွိတာပါပဲ။ ဘာကုန္ပစၥည္းဆိုင္မွ မရွိတာပါ၊

စီးပြားေရးကိုေတာ့ ႐ြာအျပင္မွာပဲ ထြက္ၿပီး စီးပြားရွာၾကပါတယ္။

ၿမိဳ႕နဲ႔လည္း သိပ္မေဝးေတာ့ အဆင္ေျပတာေပါ့။

ဒီ႐ြာရဲ႕ အထူးနာမည္ႀကီးတာကေတာ့ တိတ္ဆိတ္ ေအးခ်မ္းျခင္းပါပဲ။

ကရင္လူမ်ိဳးေတြ၊ မ်ိဳးႏြယ္ေပါင္းစုံ စုေဝးေနထိုင္တဲ့ ႐ြာေလး တစ္႐ြာလည္း ျဖစ္ပါတယ္။

ဒီ႐ြာကို တည္စက ထမင္းမစား ေရမေသာက္ဘဲ ပင္ပင္ပန္းပန္းနဲ႔ တည္ခဲ့ရတယ္လို႔ အိမ္ရွင္ အဘိုးတစ္ေယာက္ ေျပာျပလို႔ သိခဲ့ရပါတယ္။

႐ြာအတြင္းက လူေတြဟာလည္း ႐ိုးသား ျဖဴ စင္ၾကပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ ကူညီ႐ိုင္းပင္းရင္း မိမိ႐ြာကို ထိန္းသိမ္း ေစာက္ေရွာက္ေနၾကတာပဲ ျဖစ္ပါတယ္။

အိမ္ေျခအားျဖင့္ ၅၀ ေက်ာ္ခန္႔ ဧကအနည္းငယ္သာ က်ယ္ဝန္းတဲ့ ဒီ႐ြာကေလးကေတာ့

ကရင္ျပည္နယ္ ဘားအံၿမိဳ႕အနီး ဇြဲကပင္ ေတာင္ေျခမွာ တည္ရွိတဲ့ မြန္႔စရီး ဆိုတဲ့ ေက်း႐ြာေလးပဲ ျဖစ္ပါတယ္။

Credit ‘ peter SutNau

Leave a Comment